
မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်ချိုမီဇင်နှင့် ဝန်ထမ်းများသည် မြို့နယ်ဈေးကြီးများအတွင်း ဈေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၂.၆.၂၀၂၆)ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရပါသည်။
ထိုသို့ကုန်မျိုးစုံဆိုင်များသို့သွားရောက်၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ ရောင်းချသောဆိုင်ရှင်များအား ကုန်မျိုးစုံရောင်းချရာတွင် စာသုံးသူရေးရာဦးစီးဌာန၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကုန်စည်များကိုရောင်းချရန်ကိုလည်းကောင်း၊ ရောင်းချနေသော ကုန်စည်အမျိုးမျိုးတွင် စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ အခန်း(၁၈)၊ ပုဒ်မ (၄၁) အရ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချရန်၊ ကုန်စည်ထုတ်လုပ်သူလုပ်ငန်းရှင်များကိုလည်း ဦးစီးဌာနအနေဖြင့် ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်းများ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖော်ပြရမည့် ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်(သို့မဟုတ်) အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်း ဖော်ပြချက်တို့ကို မဖြစ်မနေထည့်သွင်းဖော်ပြရမည်ဖြစ်ပြီး ထုတ်လုပ်သည့် ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲများကိုလည်း ထည့်သွင်းဖော်ရမည်ဖြစ်ကြောင်း အသိပေးဆောင်ရွက်ခြင်းများ ပြုလုပ်လျက်ရှိပြီး ဈေးကွက်ရောက်ကုန်စည်များနှင့် စပ်လျဉ်း၍ ရောင်းချသူလုပ်ငန်းရှင်များ သိရှိလိုက်နာရန် ကွင်းဆင်းဆောင်ရွက်ပြီး အခြားသက်ဆိုင်ရာဌာနများ၏ ခွင့်ပြုချက်၊ ထုတ်လုပ်မှုအမှတ်စဉ်များပါရှိသော ကုန်စည်များကိုသာရောင်းချရန် စားသုံးသူများအား စိတ်ကျေနပ်မှုရှိစေရန်စသည်ဖြင့် ရောင်းချသောလုပ်ငန်းရှင်များကို လုပ်ငန်းရှင်တာဝန်များအကြောင်း ရှင်းလင်းပြောကြားခြင်းဖြင့် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရဝတီ)
