Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မောင်းဒီးကျေးရွာ အထကကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောဆွေးနွေး

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်း၍ (၁၂.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁;၃၀)နာရီနာရီ ဝါးခယ်မမြို့နယ်၊ မောင်းဒီးကျေးရွာ အထကကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသားသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ် သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန်အကျုးပါဝင်နေခြင်း၊ သက်တမ်းလွန် အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပြီး ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့် မုန့်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်၊ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/သူ စုစုပေါင်း (၄၆၉)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ဘဲချောင်းကျေးရွာ အထက(ခွဲ)ကျောင်းတွင် စားသုံးသူအသိပညာပေးဟောပြောဆွေးနွေး

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် မိတ်ဖက်အဖွဲ့များနှင့် ပူးပေါင်း၍ (၁၁.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၃း၃၀)နာရီအချိန်တွင် ဝါးခယ်မမြို့နယ်၊ ဘဲချောင်းကျေးရွာ အထက(ခွဲ)ကျောင်းတွင် ဆရာဆရာမ၊ ကျောင်းသားသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ် တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန်အကျုးပါဝင်နေခြင်း၊ သက်တမ်းလွန် အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောခဲ့ပြီး ကျောင်းမုန့်ဈေးတန်းအဖွဲ့ဖြင့် မုန့်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်၊ ဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း (၂၁၇)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊  အိမ်မဲမြို့နယ်၊ အထက်ပိုင်းရပ်ကွက်ရှိ  ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

        ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၂.၁၂.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃း၀၀)နာရီအချိန်တွင် အိမ်မဲမြို့အထက်ပိုင်းရပ်ကွက်ရှိ  ကုန်မျိုးစုံဆိုင်များတွင်ရောင်းချနေသော သူဌေးမင်း၊ စားသုံးမြေပဲရောနှောဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုရှိမရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဒေါ်ဇင်မာသန်းမှ အိမ်မဲမြို့၊ အထက်ပိုင်းရပ်ကွက်ရှိ  ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော သူဌေးမင်း၊ စာသုံးမြေပြရောနှောဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှု ရှိ/ မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့် အညီ လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှုရှိ/မရှိ၊ ဌာနမှဈေးကွက် စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ရွှေဘိုမြို့နယ်၌ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍  ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူ ရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၇.၁၂.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ စိန်စီအောင် ကလေးကစားစရာစတိုးဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ ကလေးကစာစရာအရုပ်နှင့်ပစ္စည်း အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံ နည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့် အကြောင်းများ  ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

          ဆက်လက်၍ စားသုံးဆီအမှတ်တံဆိပ်အမျိုးမျိုးရောင်းချနေသည့်ဆိုင်များ၌ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဒု-ခရိုင်ဦးစီးမှူးက ဌာနအနေဖြင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်ရောက်ပြီး ကုန်စည်များအပြင် ဈေးကွက်မရောက်မီကုန်စည်များကိုလည်း ဈေးကွက်စောင့်ကြည့် စစ်ဆေး လျက်ရှိကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါစီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ စားသုံးဆီနှင့် ပတ်သက်၍ ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)ပါအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535 လိုင်းခွဲ()()()သို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ပန်းတနော်မြို့နယ် ဆန်ဆိုင်လုပ်ငန်းရှင်နှင့် စပါးသိုလှောင်ရုံများအား MyRo မှတ်ပုံတင် သိုလှောင်မှုဆန် ရ/ ထုတ်/ ကျန်စာရင်းများ ဖြည့်သွင်းနိုင်ရေး အသိပညာပေး

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက်နှင့် ဝန်ထမ်းများသည် ၁၁.၁၂.၂၀၂၅ ရက်နေ့ နံနက်(၁၁း၀၀)နာရီအချိန်တွင် ပန်းတနော်ဆန်ဆိုင်လုပ်ငန်းရှင်(၁၅)ဦးနှင့် စပါးသိုလှောင်ရုံလုပ်ငန်းရှင်(၁၀)ဦး  သိုလှောင်ရုံပိုင်ရှင်များနှင့် တွေ့ဆုံ၍ မြို့နယ်ဦးစီးမှူးရုံးတွင် MyROတွင်မှန်ကန်စွာ စာရင်းသွင်းရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

          ဆွေးနွေးရာတွင် ပန်းတနော်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဦးအောင်ကျော်သက် က မိမိတို့ဌာနအနေဖြင့် ဒေသတွင်း စပါး/ဆန် တောင်သူ၊ ကုန်သည်၊ စက်ပိုင်လုပ်ငန်းရှင်တို့မှ မြေပြင် အမှန်တကယ်သိုလှောင်ထားရှိမှု အခြေအနေများကို စာရင်းကောက်ယူထိန်းကြောင်း ဆောင်ရွက်နေပြီး စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ်. စပါးတင်း ၂၅၀၀ နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro.com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ  မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ပြီး ပန်းတနော်မြို့နယ်အနေဖြင့် မှတ်ပုံတင်ဆောင်ရွက်ပြီး လုပ်ငန်း ၄၅ခုရှိပြီးဖြစ်သည်။

        နိုင်ငံတော်မှ စပါး/ဆန်နှင့် စပ်လျဉ်၍ စီမံခန့်ခွဲဆောင်ရွက်သည့်အခါ နယ်မြေစာရင်း အချက်အလက်မှန်ကန်စွာ တင်ပြနိုင်ရန်လိုအပ်သဖြင့် ပန်းတနော် ဆန်/စပါး သိုလှောင်သူလုပ်ငန်းရှင်များမှ ရ၊ ထုတ်၊ လက်ကျန်စာရင်းများကို လစဉ် လဆန်း(၇) ရက်နေ့တွင် မှန်ကန်စွာ မဖြစ်မနေ ဖြည့်သွင်းဆောင်ရွက်ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ လက်ကျန်စာရင်းများကို ဖြည့်သွင်းရန် အခက်အခဲရှိပါက လက်ကျန်ဖြည့်သွင်းဆောင်ရွက်နည်းလမ်းများကို သင်ကြားပြသဆောင်ရွက်သွားမည်ဖြစ်ကြောင်း လုပ်ငန်းရှင်ကိုယ်တိုင်ဆောင်ရွက်တက်စေရန် စားသုံးသူရေးရာဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လစဉ် ဖြည့်သွင်းမှုစာရင်းများကို မအူပင်ခရိုင်ဦးစီးမှူးရုံးသို့ ပေးပို့ဆောင်ရွက်ပေးနိုင်ရန် မှာကြားဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များက သိရှိလိုသည်များကိုမေးမြန်းပြီး တာဝန်ရှိသူက ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Top One အမှတ်တံဆိပ် မုန့်တိုက်လုပ်ငန်းအား စျေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပါရှိစေရေး ကွင်းဆင်းစစ်ဆေး

     တနင်္သာရီတိုင်း၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးမျိုးဝင်းနှင့် ဝန်ထမ်းများ သည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့၊ မွန်းလွဲ(၂း၀၀)နာရီအချိန်တွင် မြိတ်မြို့၊ ကလွင်ရပ်၊ စပါးရွှေဝါလမ်းရှိ Top One အမှတ်တံဆိပ် မုန့်တိုက်လုပ်ငန်းမှ ထုတ်လုပ်ရောင်းချလျက်ရှိသော အသင့်စားမုန့်အမျိုးမျိုးအား စျေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပါရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်းသိရှိရပါသည်။

ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် အမှတ်တံဆိပ်နှင့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များသာဖော်ပြ ထားပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိမှု မရှိသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် လုပ် ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့်စပ်လျဉ်း ထုတ်ကုန်များထုတ်လုပ်ရာတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည် ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပဒေအရ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန်အချက် အလက်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး ကုန်အညွှန်းအမှတ်အသားများပြည်စုံစွာဖော်ပြပြီးပါက ဌာနသို့ပြန်လည်တင်ပြရန်နှင့် အသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

အွန်လိုင်းမှတဆင့်စျေးဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောဆွေးနွေးခြင်း

      ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့၊ နံနက် ၉:၀၀ အချိန်တွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြသီတာ(ဦးစီးအရာရှိ)သည် ကော့သောင်းမြို့ ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌  စာဖတ်သူများ စုစုပေါင်း(၂၀)ဦးအား  အွန်လိုင်းမှတဆင့်စျေး ဝယ်ယူခြင်းနှင့်စပ်လျဉ်း၍ အွန်လိုင်းမှစျေး ဝယ်ယူရာတွင် မိမိဝယ်ယူမည့်Pageနှင့် Wesbite တို့သည် စားသုံးသူများအကြားနာမည် သတင်းကောင်း မွန်ခြင်း ရှိ/မရှိ၊ ဖုန်းနံပါတ်/နေရပ်လိပ်စာ မှန်ကန်မှု ရှိ/မရှိစိစစ်ရန်နှင့် ငွေပေးချေရာတွင် သတ်မှတ်ထားသော စနစ်ရှိ/မရှိ၊ သတ်မှတ်ထား သည့်ဌာန၊ အဖွဲ့အစည်းများ၏ အထောက်ခံချက် ရှိ/မရှိ စသည်တို့က်ို သေချာစွာသိရှိထားရမည် ဖြစ်ကြောင်းနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုကို ဝယ်ယူသုံးစွဲရာတွင် မိမိ၏ကိုယ်ရေးအချက်အလက် များပေးအပ်ရန် လိုအပ်လာပါက ကျိူးကြောင်း ခိုင်လုံမှုရှိ/မရှိ သတိထားရမည့် အကြောင်းအရာ များ စသည်တို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပါကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ အထက(၃)စာသင်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး‌ဟောပြောခြင်း

      ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ရက်နေ့၊ နံနက်(:)နာရီတွင် ကော့သောင်းခရိုင်စား သုံးသူရေးရာဦးစီးဌာနမှ ဒေါ်မြသီတာ(ဦးစီးအရာရှိ)သည်ကော့သောင်းမြို့ အထက(၃)စာသင် ကျောင်း၌ ကျောင်းဆရာ/ ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်း (၁၀၀)ဦးတို့အား  စားသုံး သူရေးရာဦးစီးဌာနအကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့်စားသုံးသူအခွင့်အရေးအပြည့် အဝရရှိ ရေးစေရေး၊ စားသုံးသူနစ်နာလျှင်တိုင်ကြားနိုင်သည့်နည်းလမ်းများစသည်တို့ကို ဆွေးနွေးပြော ကြားခဲ့ပြီး အထက(၃)စာသင် စာသင်ကျောင်းရှိ ကျောင်းမုန့်ဈေးတန်းများအား သက်တန်းလွန် စားသောက်ကုန်များနှင့် စားသုံးရန်မသင့်သောစားသောက်ကုန်များအားစစ်ဆေးခဲ့ပြီး၊ ကုန် အညွှန်းအမှတ်အသားဖော်ပြပါရှိသော စားသောက်ကုန်များရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းသောစားသောက်ကုန်များ ရောင်းချရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မအူပင်မြို့နယ်အတွင်း ဦးစားပေး ကုန်စည် ၁၀ မျိုးနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

         ဧရာဝတီဒေသကြီး၊ မအူပင်မြို့နယ်အတွင်း  စားသောက်ကုန်၊ အလှကုန်နှင့် လူသုံးကုန်ပစ္စည်းများရောင်းချနေသည့် အရောင်းဆိုင်များ၌ ဦးစားပေးကုန်စည် (၁၀)မျိုးနှင့် စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/ မရှိ အခြေအနေတို့ကို ၁၁.၁၂.၂၀၂၅ရက်နေ့ နံနက် (၈၀း၀၀)နာရီအချိန်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးကြသည်။

         ထိုသို့ကွင်းဆင်းရာတွင် မအူပင်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဒု-ခရိုင်ဦးစီးမှူး ဦးအောင်ဇော်ဦးနှင့် ဝန်ထမ်းများ၊ ခရိုင် FDA၊ ခရိုင် ပြည်သူကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက အခွန်လွတ်ဈေး၊ မြို့မဈေး၊ မင်္ဂလာဈေးကြီးအပါအဝင်၊ ရပ်ကွက်အတွင်းအရောင်းဆိုင်များတွင် အသင့်စားမုန့်အမျိုးမျိုးဖြစ်သည့် မုန့်မျိုးစုံ၊ ကိတ်၊ ကိတ်ခြောက်၊ ပူးတင်းပေါင်မုန့်၊ လေဖောင်းအကြော်မုန့်များ၊ သောက်ရေသန့်အမျိုးမျိုး၊ အချိုရည်နှင့်ယိုမျိုးစုံ၊ စည်သွပ်အစားအစာအမျိုးမျိုး၊ အသင့်ဖျော်ကော်ဖီနှင့် အသင့်စားခေ့က်ဆွဲခြောက်အမျိုးမျိုး၊  လက်ဖက်ရည်ထုပ်ကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းအမျိုးမျိုး၊ ဆပ်ပြာခဲအမျိုးမျိုး၊ စကင်းကဲလ်အမျိုးမျိုး၊  သွားတိုက်ဆေး၊ လိုးရှင်း၊ ရေမွေး၊ အလှဆီနှုတ်ခမ်းနီအမျိုးမျိုး၊ ဆေးအမျိုးမျိုး အစရှိသည့် ကုန်စည်အမျိုးအစား (၁၀)မျိုးနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိ၊ မရှိအခြေအနေများ၊ ရောင်းချနေသည့် ကုန်ပစ္စည်းအမျိုးအစားများအလိုက် ကုန်အညွှန်းအမှတ်အသားများပါရှိမှုရှိ၊ မရှိအခြေ အနေများကို ကွင်းဆင်းစစ်ဆေးကြပြီး ဈေးအတွင်းရှိ ဆိုင်ပိုင်များအား အသိပညာပေး ဆွေးနွေးခဲ့သည်။

          မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် အခြားဆက်စပ်ဌာနများနှင့် အတူ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းသည့် စားသောက်ကုန်များ ဝယ်ယူစားသုံးနိုင်စေရေးအတွက်ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ကုန်စုံဆိုင်များ၊ မုန့်တိုက်များ၊ သောက်ရေသန့်စက်ရုံများ၊ ခေါက်ဆွဲထုတ်လုပ်သည့် လုပ်ငန်းများ၊ အလှကုန်ပစ္စည်းအရောင်းဆိုင်များကို လစဉ် ပုံမှန်စစ်ဆေးပေးလျက်ရှိကြောင်း၊  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ (၃-၁၂-၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)တွင် ပါရှိရမည့်ကုန်စည် အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့်အချက်များ ပြည့်စုံစွာပါရှိရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်းချက်များနှင့် အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လိုက်နာမှုမရှိပါကအရေးယူဆောင်ရွက်မည့် အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး ဆက်လက်၍လည်း လအလိုက် စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကော့သောင်းမြို့သို့  စားအုန်းဆီပေပါ ရောက်ရှိမှုအားသွား‌ရောက်စစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊  ဒီဇင်ဘာလ ၁၃ ရက်နေ့ တွင် ကော့သောင်းမြို့ သီရိမြိုင်ရပ်ကွက် အဝေးပြေး ယာဉ်ရပ်နား စခန်းသို့ Myanmar Oil Alliance Co.,ltd ကုမ္မဏီမှ လက်လီ/လက်ကား ကိုယ်စားလှယ် တိုက်ရိုက်ဖြန့်ဖြူးရောင်းချသည့်စနစ်အရ ကော့သောင်းခရိုင်အတွက် ခန့်အပ်သော ဦးနိုင်လင်း (ကိုယ်စားလှယ်) မှထုတ်ယူခဲ့သော စားအုန်းဆီ(၇၈)ပေပါအား ယာဉ်အမှတ် 7K/3515

     ရွှေပြည်တိုးကားဖြင့် ဆီကန်မှထုတ်ယူပြီး ကော့သောင်းမြို့သို့ (၁၃.၁၂.၂၀၂၅) ရက်နေ့တွင် ရောက် ရှိလာမှုအား ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် တာဝန်ရှိသူများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ