Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကုန်အညွှန်းအမှတ်အသားဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်ခြင်း

     ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့၊ နံနက်ပိုင်း (၁၀:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူပြည်သူများအား ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်ခဲ့ပါသည်။

    ထိုသို့ ဟောပြောဆွေးနွေးရာတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များ၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် ကုန်စည်များထုတ်လုပ်ရာတွင် မဖြစ်မနေဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားအကြောင်းများအား ဆွေးနွေးတင်ပြခဲ့ပြီး၊ စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

DOCA(ရှမ်း)

စားသုံးဆီရောင်းချနေမှုများအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

       ၁၉-၉-၂၀၂၅ရက်နေ့၊ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် တောင်ကြီးခရိုင်ဦးစီးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးခွန်ကျော်ဌေး ဦးဆောင်သောဝန်ထမ်းများသည် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာန ပူးပေါင်း အဖွဲ့ဖြင့် တောင်ကြီးမြို့ပေါ်ရှိ ရည်ညွှန်းဈေးဖြင့်ရောင်းချလျက်ရှိသော စားအုန်းဆီအရောင်းဆိုင် (၄)ဆိုင်တို့အား ရှောင်တခင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် တောင်ကြီးမြို့နယ်အတွင်းရှိ စားအုန်းဆီဖြန့်ဖြူး ရောင်းချမှုနှင့်ပတ်သက်၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/မရှိ၊ ပြည်သူများထံသို့ အမှန်တကယ် ရောင်းချမှုရှိ/မရှိ၊ စာရင်းဇယားများထားရှိမှုရှိ/မရှိ၊ ဗွီနိုင်းများချိတ်ဆွဲထားခြင်းရှိ/မရှိ စိစစ်ခဲ့ပြီး ထို့သို့ရောင်းချရာတွင်လည်း အလေးချိန်မှန်မှန်ကန်ကန် ရောင်းချပေးရန်နှင့် သတ်မှတ် ထားသော အမြတ်ရာခိုင်နှုန်းထက်ကျော်လွန်၍ ရောင်းချမှုမရှိစေရေး စသည်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

တိုင်းဒေသကြီးဦးစီးမှူးမှ MyROမှတ်ပုံတင်စနစ်လာရောက်လျှောက်ထားခြင်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခြင်း

      ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် စားသုံးသူ‌ရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ MyROမှတ်ပုံတင်စနစ် လာရောက်လျှောက်ထားခြင်းနှင့်ပတ်သက်၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          တွေ့ဆုံရာတွင် ဆန်စပါးသိုလှောင်ရုံမှတ်ပုံတင်စနစ် MyRO သိုလှောင်ရုံမှတ်ပုံတင် လျှောက်ထားရာတွင် လိုအပ်သည့်အချက်အလက်များနှင့် လျှောက်ထားပုံအဆင့်ဆင့်များ၊ သိုလှောင်ရုံမှတ်ပုံ တင်လျှောက်ထားဆောင်ရွက်ပြီးလျှင် သိုလှောင်ရုံလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး ခြင်း၊ လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်းများ ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ‌ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

     ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့၊ နံနက်(၁၀း၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာနမှ စစ်ဆေးရေးအရာရှိနှင့်ဝန်ထမ်းများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါ သည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ရောင်းချနေသော ဆေးနှင့်ဆေးပစ္စည်းများအား စျေးနှုန်းများ မှန်ကန်စွာရောင်းချနေမှုရှိ/မရှိ၊ စျေးကွက်အတွင်း ပြတ်လပ်နေသောဆေးဝါးများ ရှိ/မရှိ ၊ စျေးနှုူန်း များ မြင့်တက်နေမှုများ ရှိ/မရှိနှင့် လက်ကျန်အခြေအနေတို့အား စုံစမ်းမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ပေါ်ရှိ ဆန်နှင့်စားအုန်းဆီ ရောင်းချနေကုန်စုံဆိုင်များအား ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့် ကွင်းဆင်းစောင့်ကြည့်စစ်ဆေးခြင်း

      ကော့သောင်းခရိုင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဖြင့် ၂၀၂ခုနှစ်၊ နိုဝင်ဘာ၂၆ ရက်နေ့၊ နေ့လယ်(၁၃:၀၀)နာရီတွင် ကော့သောင်းမြို့ပေါ်ရှိ ဆန်နှင့် စားအုန်းဆီရောင်းချနေသည့် ကော့သောင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်အား ကွင်းဆင်းစစ်ဆေးကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါ ကွင်းဆင်းစစ်ဆေးခြင်းတွင် ကော့သောင်းခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေးဦးစီးဌာ၊ မြို့နယ်စည်ပင်သာ ယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ပြည်သူများ၏ နေ့စဉ်စားဝတ်နေရေး သက်သာချောင်ချိမှုရှိစေရေး ပြည်သူများအတွက် ရောင်းချလျက်ရှိသည့် ဆန်ဈေးနှုန်းများနှင့် စားအုန်းဆီစျေးနှုန်းများသည် ဒေသအတွင်းဖြစ်သင့်ဖြစ် ထိုက်သည့် ဈေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ကော့သောင်းမြို့ပေါ်ရှိ ဆေးဆိုင်များအားစျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့၊ နေ့လည်(၂:၀၀)နာရီအချိန်တွင် ကော့သောင်းမြို့ ပေါ်ရှိ ဆေးဆိုင် (၅) ဆိုင်အား ကော့သောင်းခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့ နှင့်ပူးပေါင်း၍ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေသည့်ဆေးဝါးများ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ၊ တရားမဝင်ဆေးဝါးများရောင်းချနေခြင်း ရှိ/မရှိ၊ သက်တမ်း လွန်ဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။     

          စစ်ဆေးရေးအဖွဲ့ဝင်များမှ အဆိုပါ ဆေးဆိုင်လုပ်ငန်းရှင်များအား တရားမဝင်မှတ်ပုံတင် ထားသည့် ဆေးဝါးများကိုသာ ရောင်းချစေရေး၊ တရားမဝင်ဆေးဝါးများကို ရောင်းချမှုမရှိစေရေး အသိပညာပေးဆွေး နွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)

အာဟာရဖြည့်စွက်စာများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍  ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၂၀.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ မြမိုးကျော် ဆေးနှင့်းဆေးပစ္စည်းအရောင်းဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဈေးကွက်မရောက်မီကုန်စည် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ အာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကြိုးနှင့် ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ  ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်မရောက်မီကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍  ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၂၀.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပြင်ဈေးတောင်ရှိ အောင်ဆုပန်မုန့်လုပ်ငန်းအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

    ထိုသို့ဈေးကွက်မရောက်မီကုန်စည် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရမည့် အကြောင်းများ  ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဈေးကွက်ရောက်ပြီးကုန်စည်များ ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ၊  စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက် ရှိသည့်အပြင် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍  ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၂၀.၁၁.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက်ရှိ ဦးအောင်မြင့်  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

     ထိုသို့ဈေးကွက်မရောက်မီကုန်စည် ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ ဟင်းလျာများတွင် အရောင်၊ အနံ့၊ အရသာအတွက်အသုံးပြုသောပစ္စည်းအမျိုးမျိုးတွင် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှု အညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေဖော်ပြရမည့် အကြောင်းများ  ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကော့သောင်းမြို့ ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစုံစမ်းခြင်း

     ကော့သောင်းခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်း များသည် ဘိလပ်မြေရောင်းချနေသည့်ဆိုင်များအား ပစ္စည်းပြတ်လပ်မှုရှိ/မရှိ ၊ စျေးနှုန်းကြီးမြှင့် မှုရှိ/မရှိ စျေးကွက် အခြေအနေအား  ၂၀၂၅ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက် (၁၀:၀၀) အချိန်တွင် ကော့သောင်းမြို့ပေါ်ရှိ ဘိလပ် မြေအရောင်းဆိုင်များအား  မြေပြင်တွင်ပစ္စည်းပြတ် လပ် မှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစုံစမ်းရာတွင် ဘိလပ်မြေစျေးနှုန်းမှာ ယခင်လတွင် ဘိလပ်မြေအမှတ်တံဆိပ် ထိုင်းဆင် (SCG)  ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၉၈၀၀ ကျပ်ရှိပြီး ယခုလတွင် ထိုင်းဆင် (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၈၁၂၅ ကျပ် ဖြစ်ပေါ်လျက်ရှိပြီး၊ ဘိလပ်မြေ အမှတ်တံဆိပ် ထိုင်းကျား (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၇၁၀၀ ကျပ်ရှိပြီး ယခုလတွင် ထိုင်းကျား (SCG) ၅၀ ကီလိုဂရမ် တစ်အိတ်လျှင် ၁၅၆၅၀ကျပ် ဖြစ်ပေါ်လျက်ရှိရာ ယခင်လနှင့်ယခုလ နှိုင်းယှဉ်ပါက အနည်းငယ်ကျဆင်းလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ