Main menu

သထုံမြို့မဈေးရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စည်သွပ်ဘူးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေး

Powered by Drupal

          ၉.၆.၂၀၂၆ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်၊ သထုံမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းမျာသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ သထုံမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များ တွင် ရောင်းချနေသော စည်သွပ်ဘူးအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းစေရန် ရည်ရွယ်ပြီး စည်သွပ်ဘူးအမျိုးမျိုးတို့အပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်ပစ္စည်းအမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့် ရက်စွဲ၊ ဓါတ်မတည့် ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် သတ်မှတ်ထားသော အချက်များ ဖော်ပြရန်နှင့် ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိဘေးအန္တရာယ်ဖြစ်စေနိုင်သော စည်သွပ်ဘူးများကို ဈေးကွက်အတွင်း ရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက် ပါ/မပါ တို့ကို စစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားမပြည့်စုံပါက ဖြန့်ဖြူးရောင်းချခြင်း မပြုရန် ဆိုင်ပိုင်ရှင်များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)