Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

လပွတ္တာခရိုင် မော်ကျွန်းမြို့နယ်၊ (၅)ရပ်ကွက်ရှိ လက်လီ/ လက္ကား ဆန်အရောင်းဆိုင်များအား ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး

                ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင် မြို့နယ်တာဝန်ခံ ဦးမင်းဇော်လတ်သည် (၁၆.၁၂.၂၀၂၅)ရက်နေ့၊ နံနက်(၁၀;၃၀)နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ဗိုလ်ချုပ်ဈေးရှိ ဆန်လက်လီ လက္ကား အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ လက််လီ၊ လက္ကား ရောင်းချနေသော ဆိုင်ရှင်များအား ဆန်ဈေးနှုန်းကြီးမြင့်နေမှုကို ဆိုင်ရှင်များအနေဖြင့် စားသုံးသူပြည်သူများအား ဈေးနှုန်းမြှင့်တင်ရောင်း ချခြင်းမပြုကြရန် သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာ ရောင်းချပေးရန်၊ ဆန်ဈေးနှုန်းများကို အများ ပြည်သူမြင်သာသောနေရာတွင် မြင်သာသောအရွယ်အစားဖြင့် ရေးသားဖော်ပြ၍ ရောင်းချကြရန်၊ ဆန်စပါးသိုလှောင်မှု အနေဖြင့် မြန်မာ့ဆန်စပါး အွန်လိုင်း Myanmar Rice Online (My R O) တွင် မှတ်ပုံတင်ထားခြင်းမရှိပါက သက်ဆိုင်ရာ မြို့နယ်အလိုက် စားသုံးသူရေးရာဦးစီးဌာနရုံးများနှင့် ချိတ်ဆက်၍ မှတ်ပုံတင်ခြင်းဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပါသည်။

DOCA (ဧရာဝတီ)

မင်္ဂလာဒုံမြို့နယ်ရှိ Myint Mahar Trading Ltd ဆေးသိုလှောင်ရုံအား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

            (၁၆.၁၂.၂၀၂၅) ရက်နေ့ နံနက် (၁၁:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုးပါ (၄) ဦး၊ မြို့နယ်ကျန်းမာရေးအဖွဲ့မှ ဦးမင်းမာန်ဇာ (TMO)၊ ဆေးဝါးလုပ်ငန်းရှင်အသင်းမှ ဦးစိုးမိုးကျော်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးကျော်ကျော်ထွန်း တို့ပူးပေါင်းအဖွဲ့သည် အမှတ် (၃၂၄-၃၂၇) ၊ ဇေကမ္ဘာ (၉) လမ်း၊ မင်္ဂလာဒုံမြို့နယ်ရှိ Myint Mahar Trading Ltd ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

      ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ခရိုင်ဦးစီးမှူးက ဆေးဝယ်ယူရောင်းချမှု အခြေအနေများကိုမေးမြန်းခြင်း၊ ဈေးနှုန်းဈေးကွက်အခြေအနေများကို မေးမြန်းခြင်း၊ ဆေးသိုလှောင်ထားရှိမှု ရှိ/ မရှိနှင့် ဆေးဝါးပြတ်လပ်မှု ရှိ/ မရှိတို့ကို မေးမြန်းခဲ့ပြီး ဈေးကွက်အတွင်း စံမညီဆေးဝါးရောင်းချမှု ရှိ/ မရှိကို စစ်ဆေးခြင်း၊ ထောက်ခံချက်မရှိသောဆေးများ၊ သက်တမ်းလွန်ဆေးများ ရောနှော ရောင်းချမှု ရှိ/မရှိ ကုန်အညွှန်းအမှတ်အသားပြည်စုံစွာဖော်ပြချက်နှင့် ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းရှင်များကို ဆေးဝါးရောင်းချရာတွင် သိုလှောင်ထားခြင်း၊ ဈေးမြင့်တင်ရောင်းချခြင်းများ စစ်ဆေးတွေ့ရှိရပါက အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စားအုန်းဆီဈေးနှုန်းများကြီးမြှင့်မှုမရှိစေရေး ကွင်းဆင်းဆောင်ရွက်ခြင်း

                 ဖျာပုံမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြို့မဈေးကြီးအတွင်းရှိ စားသုံးဆီဆိုင် များသို့ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁၆)ရက်နေ့၊ နံနက် ( ၁၁ : ၃၀ ) အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စားသုံးဆီလက်လီ/လက်ကားအရောင်းဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ၊ ဆီများသန့်ရှင်းမှု ရှိစေရေး၊ ရည်ညွှန်းလက်ကားဈေးနှုန်း အပေါ်ကုန်သည်များ ညွှန်ကြားချက်နှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ရာ ဈေးနှုန်း မြှင့်တင်ခြင်းမရှိဘဲ ညွှန်ကြားချက်များနှင့်အညီ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အရေးယူဆောင်ရွက်မှုမရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြို့မဈေးကြီးအတွင်း ကုန်မျိုးစုံအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

            ဖျာပုံမြို့နယ်တွင် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် မြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံ အရောင်းဆိုင်များသို့ စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့၊ နံနက် ( ၁၀ : ၀၀ ) အချိန်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကုန်အညွှန်းဖော်ပြချက်တွင် မြန်မာဘာသာဖြင့် ဖော်ပြ ထား သော ကုန်ပစ္စည်းများအားရောင်းချရန်၊ ဆီဆိုင်များတွင် ဆိုင်းဘုတ်များချိတ်ဆွဲရောင်းချရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချကြရန်၊ အလေးချိန် အချိန်အတွယ်မှန်ကန်စွာဖြင့် ရောင်းချပေးရန် ဆွေးနွေးမှာကြား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

စာသုံးဆီဖြန့်ဖြူး ရောင်းချနိုင်ရေး အတွက် ဆွေးနွေးပြောကြား

            ဖျာပုံခရိုင်ဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာနတွင် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ခရိုင်ဦးစီးမှူးက ကျေးရွာရှိ စားအုန်းဆီကော်မတီ အဖွဲ့ဝင်များအား တွေ့ဆုံဆွေးနွေးမှာကြားခဲ့ပါသည်။

         အဆိုပါတွေ့ဆုံပြောကြားရာတွင် “အောက်ကွင်း” ကျေးရွာအုပ်စုရှိ ပြည်သူများ သက်သာ သော ဈေးနှုန်းဖြင့် စာအုန်းဆီ ဖြန့်ဖြူးရောင်းချနိုင်ရေးအတွက်   ကျေးရွာအတွင်း ရှိအိမ်ထောင်စု ဝင်အားလုံး စားသုံးဆီရရှိစေ‌ရေး၊  သတ်မှတ်ညွှန်ကြားပေးသော ဈေးနှုန်းအတိုင်း ရောင်းချစေရေး၊ အလေးချိန် အချိန်အတွယ် မှန်ကန်မှုရှိစေရေးနှင့် ပြည်သူများထံသို့ရောင်းချ နေမှုတို့အား ဓာတ်ပုံ မှတ်တမ်းများ ပေးပို့ရန်ပြောကြားခဲ့ပြီး ကျေးရွာရှိစားသုံးဆီ ကော်မတီအဖွဲ့ဝင်များအား လိုအပ်သည် များကို မှာကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA (ဧရာဝတီ)

ခရီသွားဝန်ဆောင်မှုအား စစ်ဆေး

              ဖျာပုံမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများနှင့် ပို့ဆောင်ဆက်သွယ်ရေး ဦးစီးဌာန၊ မစကတို့ ပူးပေါင်း၍ ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ(၁၆)ရက်နေ့၊ နံနက် (၁၀ : ၀၀) အချိန်တွင် ဖျာပုံမြို့နယ် ကားဝန်းအတွင်းရှိ ရာဇာအောင် ဂိတ်အား ကွင်းဆင်းစစ်ဆေး ခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ခရီးသွားပြည်သူများအား အခြေခံလိုအပ်ချက်များ အပေါ် စိတ်ကျေနပ်မှုရရှိစေရေး၊ သတ်မှတ်ထွက်ခွာမည့်အချိန် မှန်ကန်စွာထွက်ရှိစေရေး၊ ခရီးသည်နှင့် ကုန်ပစ္စည်းတန်ဆာများကို လုံခြုံစွာ ပို့ဆောင်ပေးရေး၊ သတ်မှတ်လူဦးရေထက် ပိုမိုတင်ဆောင်ခြင်း မရှိစေရေး၊ ယာဉ်အားမဆင်မခြင်မမောင်းနှင်စေရေး၊ ယာဉ်မောင်းသူအား အရက်သေစာသောက်စားပြီး မမောင်းနှင်စေရေးနှင့် လိုအပ်သည်များ ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအသိပညာပေးTalkShowပြုလုပ်

           ဖျာပုံခရိုင် ၊ ဒေးဒရဲမြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ဒေးဒရဲမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ၂၀၂၅ခုနှစ်၊ဒီဇင်ဘာလ(၁၆)ရက်နေ့၊‌ နံနက်(၁၀:၃၀) တွင် ဒေးဒရဲမြို့ လူထုအခြေပြု Community Center ခန်းမ၌ ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေ ရေးအသိပညာပေး Talk Show ဆွေးနွေးပွဲဆောင်ရွက်ခဲ့ပါသည်။

              အဆိုပါဆွေးနွေးပွဲတွင် ဒေးဒရဲမြို့၊ ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က အသိပညာပေး Talk Showကျင်းပရခြင်း၏ရည်ရွယ်ချက်များအားရှင်းလင်းပြောကြားခဲ့ပြီးစားသုံးသူရေးရာဦးစီးဌာန၊ဒေးဒရဲမြို့နယ်တာ၀န်ခံရုံးမှဒုတိယလက်ထောက်ကြီး ကြပ်ရေးမှူး ဦးခန့်စည်သူက ထုတ်ကုန်များ လုံခြုံစိတ်ချရမှုနှင့်ပတ်သက်၍ စားသုံးသူ ရေးရာဦးစီးဌာနရှိ ဝန်ထမ်းများမှာ ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိ စေရေးအတွက် ဈေးများ၊ ကျောင်းများ၊ ကျေးရွာများ၊ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့် တက္ကသိုလ်အသီးသီးအား စားသုံးသူကာကွယ် ရေးအတွက် အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များ ပါဝင်မှုရှိ/မရှိ စောင့်ကြည့် စစ်ဆေးခြင်း၊ လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားများကို မဖြစ်မနေထည့်သွင်း ဖော်ပြရမည့် အချက် များ၊ လိုက်နာရမည့် ဥပဒေများအကြောင်းနှင့် ကုန်စည် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ဈေးကွက် မရောက်မီ Pre Market ဈေးကွက်စောင့်ကြည့်ခြင်းများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ လုပ်ငန်းရှင်၏တာဝန်များနှင့် ကုန်အညွှန်းအမှတ် အသား ပြဌာန်းချက်များအား အလေးထား လိုက်နာဆောင်ရွက်မှုသာ လုံခြုံစိတ်ချရသော ကုန်ပစ္စည်း များအား ထုတ်လုပ်နိုင်မှာဖြစ်ပြီး စားသုံးသူများအား ဘေးအန္တရာယ်ကင်းရှင်းစေမှာဖြစ်ကြောင်းနှင့် နစ်နာဆုံးရှုံးမှုများဖြစ်ပါ်လာပါက တိုင်ကြားနိုင် မည့်နည်းလမ်းများကို အကျယ်တဝင့် ရှင်းလင်း ပြောကြားခဲ့ပါသည်။

DOCA (ဧရာဝတီ)

 

Agrastarဆန်စက်သို့MSME လုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်း

               ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်စားသုံးသူ‌ရေးရာဦးစီးဌာနမှ မြို့နယ်တာ၀န်ခံနှင့်ဝန်ထမ်းတို့သည် (၁၅.၁၂.၂၀၂၅) နေ့၊ နေ့လည်(၁၂:၀၀)အချိန်တွင်  ဒေးဒရဲမြို့နယ်‌ထောင်မှူးချောင်ကျေးရွာ  သို့သွားရောက်၍  Agrastarဆန်စက်တွင်ဆန်စပါး ဝယ်ယူကြိတ်ခွဲမှု၊  စပါးဆန်ဈေးကွက် အခြေအနေများ၊ သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှု ရှိ/မရှိ၊Gasifierများစနစ်တကျအသုံးပြုမှုရှိ/မရှိ၊MSMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရေးကိုကွင်းဆင်းလေ့လာဆောင်ရွက်ခဲ့ပါသည်။
            အဆိုပါ ဆောင်ရွက်ခြင်းကို မြို့နယ်စာသုံးသူရေးရာဦးစီးဌာနမှ ဆန်ထွက်ပစ္စည်းများ ဈေးကွက် အတွင်း ဖြန်ဖြူးရောင်းချရာတွင် ထုတ်ကုန် လုံခြုံစိတ်ချမှုရှိစေရေးအသိပညာပေးခြင်းနှင့်စပါး/ဆန်သိုလှောင်ရုံမှတ်ပုံတင်ထားရှိမှုကိုစစ်ဆေးခြင်း၊သက်တမ်းတိုးရန်ရှိပါကသက်တမ်းတိုးဆောင်ရွက်ရန်ကိုလည်းကောင်း၊ ဆန်စက်တွင် ဆန်လက်ကျန်၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်တင်ပိုမှု အခြေအနေများ၊ ရန်ကုန်ဆန်တင်ပို့မှုအခြေအ‌နေများ၊Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အထူးအလေးထားဆောင်ရွက်ရန်၊ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လည်ပတ်မောင်းနှင်ရန်၊ Gasifier စနစ်မှ ထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေးစစ်ဆေး၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရ သည်။

DOCA (ဧရာဝတီ)

စာဖတ်ပြည်သူများအားMSMEဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍အသိပညာပေးဟောပြော

             ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှမြို့နယ်တာ၀န်ခံနှင့်၀န်ထမ်းတို့သည် ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ၁၅ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌စာဖတ်ပြည်သူ(၁၃)ဦးအားSMEဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍အသိပညာပေးဟောပြောခြင်းကိုဆောင်ရွက်ခဲ့ပါသည်။
            အဆိုပါဟောပြောပွဲတွင်မြို့နယ်တာ၀န်ခံမှSMEလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက်စားသုံးသူရေးရာဦးစီးဌာနမှဆောင်ရွက်ပေးလျက်ရှိသောလုပ်ငန်းရှင်များနှင့်လစဉ်တွေ့ဆုံ၍ထုတ်လုပ်သောကုန်စည်များအရည်အသွေးကောင်းမွန်စေပြီး ပြည်တွင်း၊ ပြည်ပဈေးနှုန်းဈေးကွက်ရရှိမှုအခြေအနေ များ၊ ခေတ်မီစက်ကိရိယာများ တပ်ဆင်အသုံးပြုရေး၊ ထုတ်လုပ်မှုနည်းပညာ‌များရရှိစေရေးအတွက် မိမိဌာနနှင့်သက်ဆိုင်ရာဌာနများမှဖွင့်လှစ်သောသင်တန်းများတက်ရောက်နိုင်ရေးဆောင်ရွက်ပေးမှုအခြေအနေများကိုဆွေးနွေးဟောပြောခဲ့ပါသည်။
           ထို့ပြင်SMEလုပ်ငန်းများဆောင်ရွက်ရာတွင် ထုတ်လုပ်သောကုန်ပစ္စည်းများတွင် မိမိတို့ဌာနမှ သတ်မှတ်ထားသောကုန်အညွှန်းအမှတ်အသားများဖော်ပြနိုင်ရေးအတွက်ဆောင်ရွက်ပေးမှုအခြေနေ များနှင့် ယ‌နေ့နိုင်ငံတော်အကြီးအကဲအ‌နေဖြင့်လည်း “တိုင်းရင်သားများ၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ရန်နှင့်  ပြည်တွင်းစီးပွား ရေးလုပ်ငန်းများတွင် အဓိကအားဖြင့် SMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင်အားပေးကူညီဆောင်ရွက်သွားရန်”  လမ်းညွှန်မှုပြုထားသဖြင့်   MSME များ ဖွံ့ဖြိုးတိုးတက်စေရေး လုပ်ငန်းစဉ်များကို  အထူးအလေးထား ကြိုးစားဆောင် ရွက်ရမည်ဖြစ်ကြောင်းအသိပညာပေးဟောပြောခဲ့ကြောင်းသတင်းရရှိသည်။ 

DOCA (ဧရာဝတီ)

ဘိုကလေးမြို့နယ် “ဘုရားချောင်းကျေးရွာ”၊ “ကွင်းကြီး”ကျေးရွာရှိ အိမ်ထောင်စုများအား ဆီဝယ်ယူ ခွင့် လျှောက်လွှာ ပေးအပ်မှု အခြေအနေ

   စားသုံးသူရေးရာဦးစီးဌာန၊ ဘိုကလေးမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းတို့သည် ကျီစု၊ကျုံဖား ကျေးရွာရှိ မြို့နယ်တာဝန်ခံ ရုံး၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၁၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် “ဘုရားချောင်းကျေးရွာ”၊ “ကွင်းကြီး”ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအဝင် ကော်မတီ အဖွဲ့ဝင်များ လက်ဝယ်သို့ စားအုန်းဆီဝယ်ယူခွင့် လျှောက်လွှာပေးအပ်မှုနှင့် ပက်သက်၍ စားသုံးသူ ပြည်သူများ လည်း သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရေးအတွက် သတ်မှတ်ထားသော ရည်ညွှန်းဈေးအတိုင်း ပြန်လည် ဖြန့်ဖြူး ရောင်းချခြင်း အတွက် ဌာနမှ သတ်မှတ်ထားသော စည်းမျဉ်း၊စည်းကမ်းများနှင့် ရောင်းချမှုရှိစေရေး၊ ဆီရောင်းချ နေမှုများအား မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ပြန်လည်ပေးပို့ သွားရန် ပြောကြားခဲ့ပြီး ကော်မတီ အဖွဲ့ဝင်များ လက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ