Main menu

ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ အထက်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

          မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပိန္နဲကုန်းကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၌ (၁၁.၆.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၃၀) နာရီအချိန်တွင် လူငယ်များအတွက် ဥပဒေနှင့် လူမှုဘဝဆိုင်ရာ အသိပညာများတိုးပွားစေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါ ဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးနော်ခမ်းက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေရုံးမှ ဥပဒေအရာရှိက ကလေးသူငယ် အခွင့်အရေးများနှင့် ကာကွယ်စောင့်ရှောက်ရေးဥပဒေဆိုင်ရာ အချက် အလက်များကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံက စားသုံးသူများ သိရှိလိုက်နာသင့်သည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များ နှင့် နည်းလမ်းများ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာများ၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ်ထုတ်ပြန်ထားသော ကုန်စည်များအား ဝယ်ယူစားသုံးခြင်းမှ ရှောင်ကြဉ်ရန်၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေး ဟောပြောဆွေးနွေးခဲ့သည်။ ထို့အပြင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စာဖတ်အရှိန် မြှင့်တင်ရေးနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဌာနဆိုင်ရာဝန်ထမ်း (၁၀) ဦး၊ ဆရာ/ဆရာမ (၈) ဦးနှင့် ကျောင်းသား/ကျောင်းသူ (၂၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)