Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ ခရမ်းမြို့နယ်တွင် အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအား အသိပညာပေး Talk Show ပြုလုပ်ခြင်း  ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ လူထုအခြေပြု Community Center ခန်းမတွင် စားသုံးသူရေးရာဦးစီးဌာန၊ ခရမ်းမြို့နယ်တာဝန်ခံ ဒေါ်ကျော့ကေခိုင်သည် အွန်လိုင်းမှတစ်ဆင့်ဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအား အသိပညာပေး Talk Show ကို ဒီဇင်ဘာလ(၁၈)ရက်နေ့၊ နေ့လယ်(၁၂:၀၀)နာရီအချိန်တွင် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုအသိပညာပေး Talk Show တွင် ခရမ်းမြို့နယ်တာဝန်ခံက အွန်လိုင်းရောင်းချခြင်းလုပ်ငန်း၏ အဓိပ္ပါယ်၊ စားသုံးသူများသည် အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ယူခြင်းကြောင့် ကြုံတွေ့နေရသည့် လိမ်လည်မှုပုံစံများအကြောင်းအား ရှင်းလင်းခြင်း၊ အွန်လိုင်းမှတဆင့် ဈေးဝယ်ယူမည်ဆိုပါက စားသုံးသူများအနေဖြင့် ဈေးဝယ်ယူခြင်းမပြုမီစိစစ်သင့်သည့်အချက်များနှင့် မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် ရရှိနိုင်သော အကျိုးရလဒ်များအား ရှင်းလင်းအသိပညာပေးခြင်းနှင့် မှတ်ပုံတင်ထားသည့် အွန်လိုင်းရောင်းချမှုလုပ်ငန်းများမှ ဈေးဝယ်ယူခြင်းဖြင့် နစ်နာဆုံးရှုံးမှုများရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ တိုင်ကြားနိုင်သောနည်းလမ်းများရှိသည့်အနက်မှ အလွယ်တကူတိုင်ကြားနိုင်သော Consumer Call Center Hotline No.1535သို့ မည်သည့်ဖုန်းနံပါတ်ဖြင့်မဆို ရုံးချိန်အတွင်းဆက်သွယ်တိုင်ကြားနိုင်ကြောင်းနှင့် စားသုံးသူရေးရာဦးစီးဌာန၏ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးရုံးများက တိုင်ကြားမှုများအား ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်းတိုကို သတင်းစကားပါး၍ အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သာပေါင်းမြို့နယ်၊ ကံကော်သောက်ရေသန့်စက်ရုံအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

                ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းလတ် သည် ပိန္ဒဲကုန်းကျေးရွာရှိ ဦးထွန်းထွန်းဦး၏ ကံကော်သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ သောက်ရေသန့်ထုတ်လုပ်မှုအခြေအနေများ၊ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်းရှိ/မရှိ ရေသန့်များထုပ်ပိုးရာတွင် သန့်ရှင်းသပ်ရပ်စွာကိုင်တွယ်ရန်၊ ဘူးခွံများ စနစ်တကျဆေးကြောသန့်စင်ပြီးမှ သောက်ရေသန့်များ ပြန်လည်ထည့်သုံးရန်၊ ထုတ်လုပ်မှုလိုင်စင်အား ထင်သာမြင်သာနေရာများတွင် ချိတ်ဆွဲထားရန် စသည့်တို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

သာပေါင်းမြို့နယ်၊ အ.မ.က မြို့သစ်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

            ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူး ဒေါ်မြတ်မြတ်စိုးသည် (၁၄.၁၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၀:၀၀) အချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပူးပေါင်း၍ အ.မ.က မြို့သစ်ကျောင်းတွင် ဆရာ/ဆရာမ (၉) ဦး၊ ကျောင်းသား/ကျောင်းသူ ၂၅၄ ဦးတို့အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စားသုံးသူ၏ အဓိပ္ပယ်ဖွင့်ဆိုချက်၊ စားသုံးသူများရရှိနိုင်သည့် အခွင့်အရေး(၈) ချက်နှင့် လိုက်နာဆောင်ရွက်ရမည့် တာဝန်များနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ယခုလက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းဆောင်ရွက်ချက် များအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

“ ကော့မှူးမြို့နယ် ကြာကန်ကျေးရွာအုပ်စု၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ ”

          စားသုံးသူကျေးရွာနေ ပြည်သူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများအား ဝယ်ယူအသုံးပြုတတ်စေရန်ရည်ရွယ်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု ကျေးရွာအုပ်ချုပ်ရေးမှူး၏ နေအိမ်၌ ဒီဇင်ဘာလ(၂၂)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

        အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ကြာကန်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းစိုးက ယခုလို ဟောပြောပွဲကျင်းပရခြင်းကြောင့် မိမိတို့ကျေးရွာရှိ ရွာသူ၊ ရွာသားများ အသိပညာဗဟု သုတများတိုးပွားလာမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပေးခဲ့ပြီး မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းက စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲတတ်စေရန် ရည်ရွယ်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် (၉)အရ အတည်ပြုပြဌာန်းခဲ့ပြီး ဥပဒေ တွင်ပါရှိသော ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူပြည်သူများ၏ အကျိုး စီးပွားရေးကို ကာကွယ်ပေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အကြား မျှတမှုရှိသောကော်မရှင်နှင့် ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည် လုပ်ငန်းစဉ်များအကြောင်း၊ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များစသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အချက်များအား အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောပေးခဲ့ပြီး ကျေးရွာသူ ကျေးရွာသားများ၏ သိရှိလိုသည့် မေးမြန်းချက်များအား ပြန်လည်ဖြေရှင်းပြောကြားပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရေကြည်မြို့နယ်တွင် စားသောက်ထုတ်ကုန်များ ဈေးကွက်မရောက်မီ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            ရေကြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးကော်မတီနှင့် ပူးပေါင်း၍ (၁၅.၁၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၀း၁၅) အချိန်တွင် ရေကြည်မြို့၊ ဗထူးရပ်ကွက်၊ ဗိုလ်စိန်မှန်လမ်းရှိ “မ်ိုး” ငါးမုန့်ကြော်လုပ်ငန်းသို့ သွားရောက်၍ အစားအသောက်ကြောင့် ပြည်သူများထိခိုက်နစ်နာမှုမရှိစေရန်နှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိ စေရန်အတွက် ဈေးကွက်မရောက်မီဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ရေကြည်မြို့နယ်တွင် MSMEs လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်း

              ရေကြည်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ချယ်ရီမြင့်သည် (၁၅.၁၂.၂၀၂၅) ရက်နေ့၊ နံနက် (၁၀း၄၅) အချိန်တွင် ရေကြည်မြို့၊ ဗထူးရပ်ကွက်၊ ဗိုလ်စိန်မှန်လမ်းရှိ MSMEs လုပ်ငန်းဆောင်ရွက်လျက်ရှိသော “မိုး” ငါးမုန့်ကြော်လုပ်ငန်းရှင်နှင့် တွေ့ဆုံ၍ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိစေရေးနှင့် ကုန်ကြမ်းရမှု၊ ကုန်ချောဖြန့်ဖြူးရောင်းချမှု၊ ဈေးနှုန်းဈေးကွက်အခြေအနေများကို တွေ့ဆုံဆွေနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ဆေးဆိုင်များ ဆေးဝါးများ ပစ္စည်းပြတ်လပ်မှုရှိ/ မရှိနှင့် ဝယ်ဈေး၊ ရောင်းဈေးအခြေအနေ စာရင်းကောက်ယူကွင်းဆင်းစစ်ဆေး ”

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့် အညီ   တွံတေးခရိုင်၊ ကော့မှူးမြို့နယ် စည်ပင်သာယာမြို့မဈေးနှင့် ရပ်ကွက်များရှိ ဆေးဆိုင်များသို့ ဒီဇင်ဘာလ(၂၂)ရက်နေ့၊ နေ့လည်(၁၂:၃၀)နာရီအချိန်တွင် ဆေးဝါးများ၏ ပြန်လည်ဖြန့်ဖြူး ရောင်းချသည့် ဈေးနှုန်းအခြေအနေတို့အား စာရင်းကောက်ယူ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

       ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်မြတ်ပန်းဝတ်ရည်အေးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင်တို့ ပူးပေါင်းအဖွဲ့ဖြင့် ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်ရှိ အောင်သစ္စာဆေးဆိုင်၊ ဗိုလ်ချုပ်လမ်း မကျီးတန်းရပ်ကွက်ရှိ ဇာနည်ဆေးဆိုင်နှင့် စည်ပင်သာယာမြို့မဈေး အတွင်း/ အပြင်ရှိ ဆေးဆိုင်များဖြစ်သော မေခလာ၊ အေးမင်းစိုး၊ ဝင်းလဲ့ရည်စိုး ဆေးဆိုင်တို့တွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးများတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုထောက်ခံချက်ရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသောဆေးဝါးများ ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိသော ဆေးဝါးများ၊ သက်ဆိုင်ရာဌာနများ၏ ခွင့်ပြုထောက်ခံချက်ပါရှိသော ဆေးဝါးများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး ဆေးဝါးများ၏ ဈေးနှုန်းများအား စာရင်းကောက်ယူ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ရေကြည်မြို့နယ်တွင် ကျား၊ မ အခြေပြုအကြမ်းဖက်မှု အသိပညာပေး အခမ်းအနားကျင်းပခြင်း

                 ရေကြည်မြို့နယ်၊ အင်းယားကုန်းကျေးရွာတွင် (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ် ကျား၊ မ အခြေပြုအကြမ်းဖက်မှုအသိပညာ‌ပေးအခမ်းအနားကို (၁၅.၁၂.၂၅) ရက်နေ့တွင် ကျင်းပခဲ့ပါသည်။

          ထိုအခမ်းအနားကို ရေကြည်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောက်ရှောက်ရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်း၍ အမျိုးသမီးများအကြမ်းဖက်ခံရမှုမှကင်းဝေးစေရန်အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

ဟင်္သာတမြို့နယ် ‌သယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

                 စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် ဒီဇင် ဘာလ ၁၆ ရက်နေ့ နေ့လည် (၁၄:၀၀)နာရီအချိန်တွင် ဟင်္သာတမြို့၊ ဆေးရုံဟောင်းလမ်း၊ တာကလေး ရပ်ကွက်ရှိ  ဟင်္သာညီနောင် နှင့် မေတ္တာရှင် အဆင့်မြင့်ခရီးသည်ပို့ဆောင်ရးလုပ်ငန်းများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၌ အရည်အသွေးပြည့်မီသော ဝန် ဆောင်မှုများရရှိစေရန်၊ စားသုံးသူများစိတ်ကျေနပ်မှုရရှိအောင်ဆောင်ရွက်ပေးနိုင်ရန်၊သတင်းအချက် အလက်များ ပြည့်စုံမှန်ကန်စွာ ကြိုတင်အသိပေးချက်များရှိ/မရှိ၊ တိုင်ကြားမှုများအား ဖြေရှင်း ဆောင်ရွက်ပေးနိုင်ရန်နှင့် စားသုံးသူအခွင့်အရေး ပြည့်ဝစွာရရှိစေရန် ရည်ရွယ်၍ စစ်ဆေးခဲ့ကြောင်း၊ သယ်ယူပို့ဆောင်ရေးတာဝန်ခံများအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်တာဝန်များအား လိုက်နာဆောင် ရွက်ရန်လိုအပ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ယာဉ်လိုင်းအသုံးပြုသည့် စားသုံးသူများ အနေဖြင့် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေရန် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

မြန်အောင်မြို့နယ်ဦးစီးမှူးသည် ကန်ဇွန်းခုံအုပ်စု ရှမ်းကွင်း​ကျေးရွာရှိပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ရောင်းချပေးနေမှုအခြေအနေကွင်းဆင်းစိစစ်ခြင်း

             စားသုံးရေးရာဦးစီးဌာန မြန်အောင်ခရိုင် မြန်အောင်မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၅.၁၂.၂၀၂၅)ရက်နေ့ နေ့လည်(၁၄:၀၀)နာရီအချိန်တွင် မြန်အောင်မြို့ ကန်ဇွန်းခုံအုပ်စု၊ ရှမ်းကွင်း ကျေးရွာတွင် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် စားသုံးသူပြည်သူများထံသို့ဆီရောင်းချပေးမှုအခြေအနေများ ၊သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူး ရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံမှု အားကောင်းစေရေး ၊သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းများဖြင့်  အရည်အတွက်၊ အရည်အသွေး၊ အလေးချိန် ပြည့်ဝ စွာဖြင့်  ပြည်သူများသို့  ဖြန့်ဖြူးရောင်းချပေးစေလိုရေးတို့အား ဆွေးနွေးခဲ့ခြင်းနှင့် လုပ်ငန်းရှင်မှလည်း သိရှိလိုသည့်အချက်များအားပြန်လည်မေးမြန်းခြင်းများဆောင်ရွက်ခဲ့ကြောင်း၊ ဆက်လက်၍ မြို့နယ် ဦးစီးမှူး ဦးမြင့်အောင်မှ ဆီစာအုပ်ဖြင့် ဝယ်ယူနေသော အိမ်ထောင်စုများအားတစ်လအတွင်း ဆီရရှိမှုအကြိမ်အရေအတွက်နှင့် ဆီ(၅၀)ကျပ်သားလျှင် ဝယ်ယူရသည့်ဈေးများအား မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

(DOCA ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ