Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြင်းခြံမြို့ရန်သူအောင်ဆန်ဆိုင်သို့သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ဆန်ရောင်းချမှုရှိ/မရှိကွင်းဆင်းခြင်း

            စားသုံးသူရေးရာဦးစီးဌာန၊ ‌မြင်းခြံခရိုင်၊ ခရိုင်ဦးစီးမှူး ဦးသန်းစိုးဦးဆောင်၍ ဝန်ထမ်းများသည် အမှတ်(၁၃-ရပ်ကွက်) ကားကြီးဝင်းအတွင်းရှိ ဆန်လက်လီလက်ကား ရောင်းချသော ရန်သူအောင် ဆန်ဆိုင်သို့ ၂၁-၁၁-၂၀၂၅ ရက်နေ့နံနက် (၀၉:၀၀)နာရီအချိန်တွင် ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။  ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာ၌ ရန်သူအောင်ဆန် လက်လီလက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ် အိတ်လျှင် (၁၉၅၀၀၀) ကျပ်၊ မနောသုခဆန်(၂၄)ပြည်တစ်အိတ်လျှင် (၇၇၀၀၀)ကျပ်နှင့် ဖန်သီးသုခ (၂၄) ပြည်တစ်အိတ်လျှင်  (၇၈၀၀၀) ကျပ်နှင့်   သီးထပ် (၂၄) ပြည်တစ်အိတ်လျှင် (၆၈၀၀၀) ကျပ် ဈေးနှုန်းများဖြင့် သင့်တင့်မျှတသောနှုန်းထားများအတိုင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ရန်သူအောင်ဆန်ဆိုင်အား ဈေးကွက်အတွင်းဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့် မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း များမပြုလုပ်ရန်၊ ဈေးကစား ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းများ မပြုလုပ်ရန်နှင့် ဆန်သိုလှောင်ရုံ မှတ်ပုံတင် သက်တမ်းပြည့်ပါက My RO တွင်ဆက်လက် မှတ်ပုံတင်သက်တမ်း တိုးလုပ်ငန်းများ ဆက်လက်ဆောင် ရွက်သွားရန် စသည်တို့ကိုဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းဖွင့်ပွဲ အခမ်းအနား 

        စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဦးဆောင်ပြီး အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ကြွေပြားကပ်လုပ်သားအဆင့်(၁)သင်တန်းနှင့် ပိုက်ဆက်လုပ်သားအဆင့်(၁)သင်းတန်းဖွင့်ပွဲကို ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ(၂၄)ရက်နေ့ နေ့လယ် (၁၄း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့ မြို့တော်ခန်းမ၌ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းမှ အဖွင့်အမှာစကားပြောကြားပြီး ဆောက်လုပ်ရေးဦးစီးဌာနမှ ကျောင်းအုပ်ကြီးနှင့် ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့ တက်ရောက်ခဲ့ပြီး အဆိုပါသင်တန်းတွင် ကြွေပြားကပ် လုပ်သားအဆင့်(၁) သင်တန်းသား (၂၀)ဦးနှင့် ပိုက်ဆက်လုပ်သားအဆင့်(၁) သင်းတန်းသား (၂၀)ဦး စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Telenor ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအား စစ်ဆေးအသိပညာပေးခြင်းဆောင်ရွက်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲများအပြင် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၂၁.၁၁.၂၀၂၅)ရက်နေ့၊ (၁၀:၀၀)နာရီ အချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက် ရှိ Telenor ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူများအား စစ်ဆေးအသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍသည် စားသုံးသူပြည်သူများ၏ နေ့စဉ်ဆောင်ရွက်နေရသော လုပ်ငန်းဆောင်တာများ အားလုံးအတွက် အလွန်အရေးပါသောကဏ္ဍမှပါဝင်နေကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်တွင် သတင်းအချက်အလက်များပြည့်စုံမှန်ကန်စွာသိရှိခွင့်ရှိ၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များကို စားသုံးသူများသိရှိနိုင်အောင် ကြေငြာပေရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းခြင်းအကြောင်းများ၊ ဆက်သွယ်ရေးကဏ္ဍစုံနှင့်စပ်လျဉ်း၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက်(၁၁)ချက်ပါအကြောင်းများအား လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိ  စစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့၊ သာစည်ရပ်ရှိ သိင်္ဂီစန်း ပိုးစစ်ချိတ်ထည်လက်ရက်ကန်းလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေး

           စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း(၂)ဦးတို့သည် ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ သာစည်ရပ်၊ သိင်္ဂီစန်း ပိုးစစ်ချိတ်ထည်ရက်ကန်းလုပ်ငန်းရှင်နှင့်တွေ့ဆုံမေးမြန်းခဲ့ရာ ကုန်ကြမ်းများကို မန္တလေး (အမရပူရ)မှ ဝယ်ယူရာ “ပိုး” တစ်ပိဿာလျှင် ကျပ်(၇)သိန်း(၅)သောင်း ဝယ်ယူရရှိကြောင်း၊ ပိုးချိတ်တစ်ထည် ရက်လုပ်ရန် တစ်စင်လျှင် ရက်ကန်းရက်သူ(၂)ဦးဖြင့် လက်ရက်ကန်းစင် (၁၀)စင်ရှိပြီး ရက်လုပ်ရာအချိန် (၂)လခန့်ကြာပြီး၊ ပိုးချိတ်တစ်ထည် လုပ်အားခ တစ်ဦးလျှင် ကျပ်(၄)သိန်း ပေးရကြောင်း၊ ပိုးစစ်ချိတ်တစ်ထည် စုစုပေါင်းကုန်ကျစရိတ်မှာ ကျပ်(၂၀) သိန်းခန့် ကုန်ကျကြောင်း၊  ပိုးစစ်ချိတ် တစ်ထည်ရောင်းဈေးနှုန်းများမှာ ကျပ်(၂၅)သိန်းမှ ကျပ်(၃၀)သိန်း ပေါက်ဈေးအသီးသီးရှိပါကြောင်း မန္တလေးမြို့၊ သိင်္ဂီရွှေဝါနှင့် သင်းညိုမြန်မာ့ပိုးထည်ဆိုင်ကြီးများသို့ တင်ပို့ရောင်းချသည့်အပြင် အမှာစာများရှိပါကလည်း ရက်လုပ်ကြောင်း သိင်္ဂီစန်းရက်ကန်း လုပ်ငန်းရှင်ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်းစစ်ဆေး

         စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်း (၃) ဦးတို့သည်‌ ဆေးနှင့်ဆေး ပစ္စည်းများအား လက်ကားဈေးပေါ်တွင် ဒေသပေါက်ဈေးထက် ဈေးနှုန်းပိုမိုအမြတ်တင်ပြီး လက်လီ ရောင်းချနေမှုအပေါ် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် ခရိုင်အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စစ်ကိုင်း မြို့ ရွှေမင်းဝံရပ်ကွက်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များဖြစ်သော JS နှင့် ပြည့်စုံဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် JS နှင့် ပြည့်စုံ ဆေးဆိုင်များအနေဖြင့် ကုမ္ပဏီများမှ ခွဲတမ်း ရရှိမှုအပေါ်မူတည်၍ ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းထိ အမြတ်တင် ရောင်းချခြင်းများရှိ သလို ဆေးကဒ်တစ်ကဒ်အား ၁၀ဝိ/- မှ ၂၀ဝိ/- ထိ အရေအတွက်ပေါ်မူတည်၍သာ အမြတ်ယူရောင်းချကြကြောင်း၊ ကုမ္ပဏီများထံမှဝယ်ယူရသည့် ဈေးနှုန်းအပေါ်အခြေပြု၍ ဈေးနှုန်းအပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ဆေးအရောင်းဆိုင် ပိုင်ရှင်များအနေဖြင့် တရားဝင်ဆေးဝါးမှတ်ပုံတင် လျှောက်ထားရရှိပြီးသော ဆေးဝါးများကို တင်သွင်းဖြန့်ဖြူးရောင်းချရန်နှင့် ဆေးနှင့်ဆေးပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင် ဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများမပြုလုပ်ရန် ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ATOM ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအား စစ်ဆေးအသိပညာပေးခြင်းဆောင်ရွက်

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲများအပြင် စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၂၀.၁၁.၂၀၂၅)ရက်နေ့၊ (၁၂:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၇)ရပ်ကွက် ရှိ ATOM ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူများအား စစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

         ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက ဆက်သွယ်ရေး ဝန်ဆောင်မှုကဏ္ဍသည် စားသုံးသူပြည်သူများ၏ နေ့စဉ်ဆောင်ရွက်နေရသော လုပ်ငန်းဆောင်တာများ အားလုံးအတွက် အလွန်အရေးပါသောကဏ္ဍမှပါဝင်နေကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်တွင် သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်ရှိ၍ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များကို စားသုံးသူများသိရှိနိုင်အောင် ကြေငြာပေရန်လိုအပ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်းခြင်းအကြောင်းများ၊ ဆက်သွယ်ရေးကဏ္ဍစုံနှင့်စပ်လျဉ်း၍ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့်လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများသို့ ညွှန်ကြားထားသည့် အချက်(၁၁)ချက်ပါအကြောင်းများအား လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိ  စစ်ဆေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဘိလပ်မြေအရောင်းဆိုင်များအား အပတ်စဉ်ကွင်းဆင်းစစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက် နံနက်(၀၉:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်း ရောင်းချသည့်ဆိုင်များသို့ အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်းအခြေအနေအားလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းများ၏ လက်ကျန်အခြေအနေများအားလည်းကောင်း၊ ကွင်းဆင်း စိစစ်ခဲ့ရာ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ယခုပတ်အတွင်း ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုမရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

မြိတ်မြို့အတွက် စားအုန်းဆီ ပေပါ များရောက်ရှိ

      တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ မြိတ်ဆီကိုယ်စားလှယ်သည် ရန်ကုန်မြို့ရှိ  Myanmar Oil Alliance ကုမ္ပဏီမှ (၁၂.၁၁.၂၀၂၅)ရက်နေ့တွင် စားအုန်းဆီထုတ်ယူ၍ ယာဉ် အမှတ် 6D-4521 ဖြင့် စားအုန်းဆီပေပါ (၆၀)နှင့် Yadanarbon Global Network Distribution ကုမ္ပဏီမှ ထုတ်ယူခဲ့သော စားအုန်းဆီပေပါ (၄၇)သည် ယာဉ်အမှတ် 1Q-4273 ဖြင့်လည်းကောင်း ၊ (၁၃.၁၁.၂၀၂၅)ရက်နေ့တွင် Global Good Pure Group ကုမ္ပဏီမှ ထုတ်ယူခဲ့သော စားအုန်းဆီ ပေပါ (၆၅) သည် ယာဉ်အမှတ် 6L-9521 ဖြင့်လည်းကောင်း ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့၊ မွှန်းလွဲ (၁၂း၃၀) အချိန်တွင် မြိတ်မြို့သို့ ရောက်ရှိလာခဲ့ကြောင်း သိရှိရပါသည်။

      အဆိုပါစားအုန်းဆီများကို မြိတ်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ သွားရောက်စစ်ဆေးခဲ့ပြီး ၎င်းတို့ကို ရည်ညွှန်း‌စျေး၊ သယ်ယူပို့ဆောင်ကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီဆိုင်များမှ ပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည် ရောင်းချမည်ဖြစ်ကြောင်း ဆီကိုယ်စားလှယ်ထံမှ သိရှိရပါ သည်။   

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့၊ နေ့လယ် (၁၄း၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ  ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် စည်ပင်သာယာရေးအဖွဲ့၊ ဗဟိုစာရင်းအင်းအဖွဲ့တို့နှင့်ပူးပေါင်း၍ စျေးနှုန်းများ ထားဝယ်မြို့ပေါ်ရှိ ဘိလပ်မြေဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ဘိလပ်မြေစျေးနှုန်းအခြေအနေများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ဘိလပ်မြေစျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိ၊ ဘိလပ်မြေများ ပြတ်လပ်မှုရှိ/မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများ ရှိ/မရှိ  စစ်ဆေးခြင်း များ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ထားဝယ်မြို့ပေါ်ရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

    ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့၊ နေ့လည် (၁း၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တနင်္သာရီတိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ  ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် စည်ပင်သာယာ ရေးအဖွဲ့၊ ဗဟိုစာရင်းအင်းအဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်တွင်းဆန် စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေးအတွက် ထားဝယ်မြို့ပေါ်ရှိဆန်ဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးရာတွင် ပြည်တွင်းစားဆန်စျေးနှုန်းများ သင့်တင့်မျှတစွာဖြင့် တည်ငြိမ်မှန်ကန်စေရေး အတွက် ဆန်စျေးနှုန်းများ စျေးနှုန်းမြှင့်တင်ရောင်းချမှုများ ရှိ/မရှိ၊ အလေး ချိန်မှန်ကန်စွာဖြင့် ချိန်တွယ်ရောင်းချမှုများ ရှိ/မရှိနှင့် ဝိသမလောဘဖြင့် သိုလှောင်မှုများ ရှိ/မရှိ၊ MyRO တွင် ရထုတ်ကျန်စာရင်းများ လစဉ်ဖြည့်သွင်းဆောင်ရွက်နိုင်ရေးများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ