Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ကော့မှူးမြို့နယ်၌ Drum Seeder နွေစပါးမျိုးစေ့နှင့် သွင်းအားစုဓာတ်မြေဩဇာနှင့် နွေစပါး Drum Seederဖြင့် စိုက်ပျိုးပွဲအခမ်းအနားကျင်းပ ” 

      ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ Drum Seeder နွေစပါးမျိုးစေ့၊ ဆိုလာ(၂)တွဲ ရေတင်စက်၊ သွင်းအားစု ဓာတ်မြေဩဇာအိတ်များပေးအပ်ခြင်းနှင့် နွေစပါး  Drum Seeder တိုက်ရိုက်မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းအခမ်းအနားအား ဒီဇင်ဘာလ(၁၇)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်၊ မကျီးတန်းရပ်ကွက်ရှိ စံပြလယ်ဧက (၁၀၀) စိုက်ကွင်းအတွင်းကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

       အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးဌာနဆိုင်ရာ အကြီးအကဲများ၊ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်၊ ဒလမြို့နယ်မှ တောင်သူများတက်ရောက်ခဲ့ကြပြီး တိုင်းစိုက်ပျိုးရေးဌာန တိုင်းဦးစီးမှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ လမ်းညွှန်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

         ထိုနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလမြို့နယ်များမှ တောင်သူများထံသို့ နွေစပါးမျိုးစေ့များ၊ Drum Seeder များ၊ ဆိုလာရေတင် စက်များနှင့် မျိုးစေ့ချကိရိယာ Drum Seeder ဖြင့် နွေစပါးသရုပ်ပြစိုက်ပျိုးမှုအား ကြည့်ရှု့စစ်ဆေး အားအခမ်းအနားသို့ တက်ရောက်လာသည့် တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေး Talk Show ပြုလုပ်

                ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့်ဝန်ထမ်းများသည် (၁၆.၁၂.၂၀၂၅)ရက်နေ့ ၊မွန်လွှဲ(၃:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍   စားသုံးသူပြည်သူများအား ဝါးခယ်မမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre  ခန်းမတွင် စားသုံးသူအသိပညာပေး  Talk  Show  ပြုလုပ်ခဲ့ပါသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ  စားသုံးသူအသိ ပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားပြီး၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်ဦးစီးမှူးမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ရှေ့ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်း ပြောကြားခဲ့ပြီး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါပြဌာန်းချက်များမှ အခန်း(၆)ပါ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်(၁၁)ချက်အား စားသုံးသူပြည်သူများသိရှိ နိုင်ရန်အတွက် အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ဥပဒေပါအချက်အလက်များ သိရှိလိုပါက စားသုံးသူရေးရာဦးစီး ဌာန၊ ခရိုင်ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးချုပ်၏ www.doca.gov. mm website တွင်လည်း ဝင်ရောက်လေ့လာကြည့်ရှုနိုင်ပါကြောင်းစားသုံးသူများ နစ်နာမှုရှိ လာပါကစားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ၊ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။

DOCA (ဧရာဝတီ)

လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တုံးလှဲရွာမ မူလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

                ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် တာဝန်ခံ ဦးမင်းဇော်လတ်သည်  (၁၆.၁၂.၂၀၂၅) ရက်နေ့ နံနက် (၁၀;၀၀) နာရီက မော်ကျွန်းမြို့နယ်၊ အမှတ်(၈) ရပ်ကွက် တုံးလှဲရွာမ မူလွန်ကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကား ပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ် ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့် အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ် သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်း ဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များတွင် ဓါတုဆိုးဆေးများအလွန်အကျုးပါဝင်နေခြင်း၊ သက်တမ်းလွန်အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူ စားသောက်ကြရန် ဟောပြောခဲ့ပါသည်၊ ထို့နောက်ကျောင်းမုန့်ဈေး တန်းအဖွဲ့ဖြင့် မုန့်ဆိုင်(၂)ဆိုင်အား စစ်ဆေးခဲ့ပြီး ဆိုင်ရှင်များအား ကျန်းမာရေးနှင့်ညီညွတ်သောအစား အသောက်များကိုသာ ရောင်းချရန်နှင့် သက်တမ်းလွန်မုန့်များ ရောင်းချခြင်းမပြုရန် အသိပေးဆောင်ရွက်ခဲ့ပါသည်၊ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသား ကျောင်းသူ စုစုပေါင်း(၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

 

တောင်ဒဂုံမြို့နယ်၌ အွန်လိုင်းမှတ်ပုံတင်မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိဦးသိန်းထွန်းနှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ /မရှိကို (၁၈.၁၂.၂၀၂၅) ရက်နေ့တွင် တောင်ဒဂုံမြို့နယ်ရှိ အွန်လိုင်းစနစ်ဖြင့် ရောင်းချလျက်ရှိသောလုပ်ငန်းများအား Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှု ရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နှင့်ရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဆေးဆိုင်များနှင့် ဆေးကုမ္ပဏီများအား အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း  (ဌာနခွဲစာရေး)နှင့် ဒေါ်လဲ့လဲ့ဌေး (ဒု-ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ၁၇.၁၂.၂၀၂၅ ရက်နေ့တွင် မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဆေးဆိုင်များနှင့် ဆေးကုမ္ပဏီများရှိ ဆေးဝါးများ၏ ဈေးနှုန်းတက်/ ကျအခြေအနေအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆေးဆိုင်များတွင် ရောင်းချလျက်ရှိသော လူသုံးများသည့် ဆေးဝါးများနှင့် ရောင်းချနေသောဆေးဝါးများ၏ ဈေးနှုန်းများအတက်အကျ ရှိ/ မရှိ၊ ယခင် လဈေးနှုန်း၊ ယခုလဈေးနှုန်းများ၏ဈေးနှုန်းကွာခြားမှုရှိ/ မရှိ၊  ဈေးကွက်များအတွင်းဆေးနှင့်ဆေးပစ္စည်းများပြတ်လပ်မှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး ဆေးဆိုင်ပိုင်ရှင်များအား မိမိတို့ဆိုင်တွင် ဆေးဝါးမှတ်ပုံတင်မရှိဘဲ FDA မှ တားမြစ်ထားသော ဆေးဝါးများအားရောင်းချခြင်းမပြုလုပ်ကြရန်၊ အမြတ်ရာခိုင်နှုန်းများစွာတင်၍ ရောင်းချခြင်းမပြုလုပ်ဘဲ ဈေးနှုန်းမှန်ကန်စွာရောင်းချကြရန် အသိ ပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြောင်းမြခရိုင်၊ လပွတ္တာမြို့နယ် အမှတ်(၆)ရပ်ကွက်၊ ရွေးနဒီဈေးအတွင်းရှိ ကုန်မျိုးစုံနှင့် စားသုံးဆီအရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိကွင်းဆင်းစစ်ဆေး

              ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊  လပွတ္တာမြို့နယ် တာဝန်ခံဦးမြင့်ဌေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍  (၁၆.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၄;၀၀)နာရီက လပွတ္တာမြို့၊ အမှတ်(၆) ရပ်ကွက်၊ ရွေးနဒီဈေးအတွင်းရှိ  ကုန်မျိုးစုံနှင့်စားသုံးဆီအရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ကွင််းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံဦးမြင့်ဌေးမှ လပွတ္တာမြို့၊ အမှတ်(၆)ရပ်ကွက်၊ ရွေးနဒီဈေးအတွင်းရှိ ကုန်မျိုးစုံနှင့် စားသုံးဆီအရောင်းဆိုင်များမှ ဈေးဆိုင်ပိုင်ရှင်များအား စားအုန်းဆီများသတ်မှတ်ထားသည့် ရည်ညွှန်းဈေးဖြင့် ပိုမို၍ရောင်းချခြင်းမပြုရန် ဈေးနှုန်းဆိုင်းဘုတ်များကို စားသုံးသူများသိသာထင်ရှားအောင်ချိတ်ဆွဲပြီး ရောင်းချကြရန်  ဆိုင်ရှင်များအား အသိပေးဆောင်ရွက်ခဲ့ပါသည်၊ စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်း ဈေးထက်ဈေးနှုန်းမြှင့်တင် ရောင်းချခြင်း စိစစ်တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန် အသိပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား online Sale နှင့် ပတ်သက်သည့် စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်း သည်(၁၆.၁၂.၂၀၂၅)ရက်နေ့၊ညနေ(၁၅;၀၀)အချိန်တွင် အိမ်မဲမြို့နယ်တာဝန်ခံရုံးတွင် ကုန်မျိုးစုံလုပ်ငန်းရှင်များအား online Sale နှင့် ပတ်သက်သည့်စားသုံးသူအသိပညာပေးဟောပြောခဲ့ပါသည်။

              ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော ကုန်မျိုးစုံလုပ်ငန်းရှင်များအား မိတ်ဆက် စကားပြောကြားပြီး   online Shopping မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္မဏီဖြစ်ပါက ကုမ္မဏီမှတ်ပုံတင် လက်မှတ်၊ SMEမှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုကြောင်း ရောင်းချမည့် ဆိုင်လိပ်စာ မှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓာတ်ပုံ၊ online sale owner၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ရပ်ကွက်ထောက်ခံစာ လျှောက်ထားရာတွင် email (သို့မဟုတ်)Mobile phone Number ဖြင့်Sing Up(Register)ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့်  www.ecomreg.gov.mmမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထား နိုင်ကြောင်း၊ online shopping မှတ်ပုံတင်လျှောက်ထားမှုမရှိပဲ online မှရောင်းဝယ်ခြင်း များစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅)အရ အရေးယူခံ ရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ထိုဟောပြောပွဲသို့ ကုန်မျိုးစုံလုပ်ငန်းရှင်(၇)ဦး တက်ရောက်ခဲ့ပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့ပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

                    စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ဧရာဝတီတိုင်း ဒေသကြီး ၊  မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည်  မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ၊ ပြည်သူ့ကျန်းမာ၊ တိုင်းရင်းဆေးအဖွဲ့နှင့် ပူးပေါင်း၍ (၁၆.၁၂.၂၀၂၅)ရက်နေ့ နံနက် (၁၃.၃၀)အချိန်တွင် မြို့ပေါ်ရှိ ဆေးဆိုင်များအား ဆေးဝါးပြတ်လပ်မှု ရှိ/မရှိနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

                    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မြို့ပေါ်ရှိဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်  ပိုင်ရှင်များအား မေးမြန်းခဲ့ရာ ဆေးများကို ရန်ကုန်ကုမ္ဗဏီများမှာ ဝယ်ယူရရှိပြီး ယခင်ထက် (၅)ရာခိုင်နှုန်း ခန့်သာ ဈေးနှုန်းများ အနည်းငယ် မြင့်တက်ကြောင်းနှင့် ဝယ်ယူသူများအနေဖြင့်  ဆေးဝါးပြတ်လပ်မှုမရှိဘဲ မိမိတို့လိုအပ်သောဆေးများကို အခက်အခဲ မရှိဝယ်ယူရရှိနေကြောင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ  စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးဆိုင်ပိုင်ရှင်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

 

လပွတ္တာခရိုင်၊ လပွတ္တာမြို့ပေါ်ရှိ ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

                    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ စားသုံးသူရေးရာဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ၊  လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည်  မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ၊ ပြည်သူ့ကျန်းမာ၊ တိုင်းရင်းဆေး အဖွဲ့နှင့် ပူးပေါင်း၍ (၁၆.၁၂.၂၀၂၅)ရက်နေ့ နံနက် (၁၂.၃၀)အချိန်တွင် မြို့ပေါ်ရှိ ဆေးဆိုင်များအား ဆေးဝါးပြတ်လပ်မှု ရှိ/မရှိနှင့် ဈေးနှုန်းအခြေအနေများအား ကွင်းဆင်း စစ်ဆေးခြင်းဆောင်ရွက်ခဲ့ပါသည်။

                    ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မြို့ပေါ်ရှိဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်  ပိုင်ရှင်များအား မေးမြန်းခဲ့ရာ ဆေးများကို ရန်ကုန်ကုမ္ဗဏီများမှာ ဝယ်ယူရရှိပြီး ယခင်ထက် (၅)ရာခိုင်နှုန်း ခန့်သာ ဈေးနှုန်းများ အနည်းငယ် မြင့်တက်ကြောင်းနှင့် ဝယ်ယူသူများအနေဖြင့်  ဆေးဝါးပြတ်လပ်မှုမရှိဘဲ မိမိတို့လိုအပ်သောဆေးများကို အခက်အခဲ မရှိဝယ်ယူရရှိနေကြောင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ  စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆေးဆိုင်ပိုင်ရှင်များအား ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရှိရပါသည်ဟုပြောကြားခဲ့ပါသည်။

DOCA (ဧရာဝတီ)

ဘူးသွပ်စားသုံးဆီများ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ခွဲတာဝန်ခံ ဦးဇော်မျိုးထွန်းပါ (၂) ဦးတို့သည် (၁၇.၁၂.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် မှော်ဘီမြို့မဈေးအတွင်းရှိ ဘူးသွပ်စားသုံးဆီများရောင်းချသည့် ကုန်စုံဆိုင်များသို့ ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံဦးဇော်မျိုးထွန်းမှ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်း ရောင်းချနေသော အမှတ်တံဆိပ်ပါ ဘူးသွပ်စားသုံးဆီများတွင် သက်ဆိုင်ရာဌာန၏ ထောက်ခံချက်နှင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် (၂/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ် ပြန်ထားသော ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်၊ သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ