Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စိုက်ပျိုးရေးပစ္စည်း ပိုးသတ်ဆေးနှင့် ဓာတ်မြေသြဇာ အရောင်းဆိုင်များ စည်းကမ်းချက်နှင့် ညီ၊ မညီ ကွင်းဆင်းကြည့်ရှု စစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး ၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ မျိုးစေ့နှင့် စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်၊  ပိုးသတ်ဆေးဆိုင်များနှင့်  ဓာတ်မြေသြဇာ အရောင်းဆိုင်တို့အား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ၊ မရှိကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မှ  တာဝန်ရှိသူများက ၂၀၂၆ခုနှစ် ဖေဖော်ဝါရီ ၄ ရက်တွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးကြကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်း စစ်ဆေးခြင်းကို စိုက်ပျိုးရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် စားသုံးသူရေးရာဦးစီးဌာနမှလိုက်ပါပူးပေါင်းဆောင်ရွက်ရာဓနုဖြူမြို့ပေါ်ရပ်ကွက်နှင့်   ကျေးရွာများအတွင်း ရောင်းချလျက်ရှိသော စိုက်ပျိုးရေးလုပ်ငန်းသုံးပစ္စည်းများ၊ ပိုးသတ်ဆေးများ၊ ဓာတ်မြေသြဇာ အရောင်းဆိုင်တို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခြင်းဆိုင်ရှင်များ အနေနဲ့ မိမိတို့အရောင်းဆိုင်များမှာ မှတ်ပုံမတင်ထားတဲ့ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေးများကို မရောင်းချရန်၊  မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသော အသုံးပြုပုံ သတင်းအချက်အလက်များရေး သားဖော်ပြ ထားသည့် သက်ဆိုင်ရာ’ ခွင့်ပြုချက်ပါဝင်သော တရားဝင်ကုန် ပစ္စည်းများကိုသာ  ရောင်းချရန်ကို လည်းကောင်း၊ မိမိတို့ရောင်းချသော ကုန်စည်များ အမှတ်တံဆိပ်မရှိပဲ ရောင်းချခြင်းမပြုရန်၊ ကုန်ဈေးနှုန်းမှန်ကန် တည်ငြိမ်စေရေးစစ်ဆေးခြင်း၊ ယခုကာလသည် စိုက်ပျိုးတောင်သူများ သီးနှံပေါ်ချိန်ဖြစ်၍ စိုက်ပျိုးရေးသုံးဆိုင်များမှ ရောင်းချသောကုန်စည်များ ငွေပြန်သိမ်းချိန်ကာလဖြစ်သဖြင့် တောင်သူများ စားသုံးသူအခွင့်အရေးမထိခိုက်စေရန်အတွက် အသိပညာပေး ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းကို အသိပညာပေး ဆွေးနွေးခဲ့ပြီး ယင်းသို့စစ်ဆေးရာတွင် စိုက်ပျိုးရေးလုပ်ငန်းသုံး အရောင်းဆိုင်များက တောင်သူအကျိုးကို ရှေးရှုကာ  တောင်သူများပိုးသတ်ဆေး လာရောက်ဝယ်ယူရာတွင် အသုံးပြုနည်းများကို တောင်သူများနားလည်၍ အသုံးပြုတတ်အောင် ရှင်းလင်းပြောကြားရန်လိုကြောင်း အရောင်းဆိုင်ရှင်များအား တာဝန်ရှိသူများက မှာကြားကြောင်း သိရှိရပါသည်။   

DOCA(ဧရာဝတီ)

သီရိရတနာ ဆန်စက်သိုလှောင်ရုံအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေး

          ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းရှိ ရေတွင်းကုန်းကျေးရွာရှိ သီရိရတနာ ဆန်စက်သို့  ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလ  ၄ ရက်နေ့က စက်မှုကြီးကြပ်ဌာန၊ ပတ်ဝန်ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာတို့ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ကွင်းဆင်းစစ်ဆေးမှုကို ဓနုဖြူမြို့နယ်မြို့နယ် မြို့နယ်တာဝန်ခံဦးစီးမှူး ဦးဝင်းမ်းစိုး ဦးစီးအရာရှိနှင့် စစ်ဆေးရေးအဖွဲ့  ပူးပေါင်း၍ ဓနုဖြူမြို့နယ်၊ ရေတွင်းကုန်းကျေးရွာရှိ သီရိရတနာ ဆန်စက်အား ကွင်းဆင်းစစ်ဆေးရာ ပိုင်ရှင်နှင့် တွေ့ဆုံ၍ စစ်ဆေးစဉ်ကာလအတွင်းတွင် စပါးတင်းရေ(၈၀၀၀)၊ ဆန် (၅၀၀)အိတ် သိုလှောင်ထားရှိကြောင်း၊ ဆန်ကြိတ်ခွဲမှုအနေဖြင့် ၁နာရီလျှင် ဆန်အိတ် (၃၀)ခန့် ကြိတ်ခွဲနိုင်ကြောင်း ဆန်စက်နှင့် သိုလှောင်ရုံမှ စပါးဈေးနှုန်းအခြေအနေများ၊ ရန်ကုန်တင်ပို့မှုအခြေအနေများ၊ သိုလှောင်ရုံ စပါးဆန် လက်ကျန်စာရင်များ Myro တွင် ဖြည့်သွင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များ၊ သက်တမ်းတိုးသတ်မှတ်ကာလပြည်မီပါက သက်တမ်းတိုးခြင်းကိုမဖြစ်မနေ ဆောင်ရွက်ရန် စစ်ဆေးခြင်း၊ ဆန်စက်သိုလှောင်ရုံပိုင်ရှင်မှ ရန်ကုန်သို့ ဆန်စက်မှဆန်နှင့် ဆန်ကွဲများကို အဓိကထား၍ လစဉ်တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့်  သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းပြသခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

  ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယပြည်နယ်ဦးစီးမှူး ဒေါ်လင်းမျိုးသာ (လက်ထောက် ညွှန်ကြားရေးမှူး)သည်  မြို့နယ်စည်ပင်သာယာရေးဌာန၊ ဗဟိုစာရင်းအင်းဦးစီးဌာနနှင့်ပူးပေါင်း၍ ကျိုင်းတုံမြို့၊ မြို့မဈေး အတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များအား ဈေးနှုန်းများမြှင့် တင်ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့၊ မြို့မဈေးအတွင်းရှိ အခြေခံစားသောက်ကုန်အရောင်းဆိုင်များမှ ကုန်ပစ္စည်းများမှာ ယခင်အပတ်နှင့်ဈေးနှုန်းနှိုင်းယှဉ် ပါက ကြက်သွန်နီ ဈေးနှုန်းအနည်းငယ် ကျဆင်းခဲ့ပါသည်။ ယင်းသို့ ဈေးနှုန်းကျဆင်းရခြင်းမှာ ပြည်မမှ အဝင်များသောကြောင့်ဖြစ်ပါသည်။ ဂျင်း ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပါသည်။ ယင်းသို့ ဈေးနှုန်းမြင့်တက်ရခြင်းမှာ ဒေသထွက် ဂျင်းလက်ကျန်များ လျော့နည်းလာသောကြောင့် ဖြစ်ပါသည်။ ကျန်အခြေခံစားသောက် ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ ဈေးနှုန်းတည်ငြိမ်လျက်ရှိပါသည်။

  ထို့နောက် ဒုတိယပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုကြရန်၊ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်သာ ရောင်းချကြရန် နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ” ကိုလိုက်နာ ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ဆန်အရောင်းဆိုင်များ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၀) ရက်နေ့၊ နံနက် (၁၁:၃၀) နာရီအချိန်တွင်  ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည်  မြို့နယ်စည်ပင် သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ လွိုင်လင်မြို့ပေါ်ရှိ ဆန်လက်လီလက်ကားရောင်းချနေသော ဆန်အရောင်းဆိုင်များသို့ သွားရောက်၍ ဆန်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လွိုင်လင်မြို့ပေါ်ရှိ ဆန်အရောင်းဆိုင်များအား ဈေးနှုန်း မြှင့်တင်ရောင်းချဖြန့်ဖြူးခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် ဆန်များကို သိုလှောင်ခြင်းမပြုရန်နှင့် အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု ရှိ/မရှိအား ကြပ်မတ်စစ်ဆေးလျက်ရှိရာ ဆန်ဆိုင်များမှ သက်ဆိုင်ရာဌာနတို့၏ လမ်းညွှန်ချက်များကိုလိုက်နာ ဆောင်ရွက်ရန်ဆွေးနွေးခဲ့ပါသည်။ ထို့ပြင် ဆန်ဈေးနှုန်း ယခင်အပတ်ဈေး၊ ယခုအပတ် ဈေးနှုန်းများကို မေးမြန်းခဲ့ပြီး ဆန်လက်ကျန် ဆန်အိတ်အရေအတွက်များစွာမရှိပဲ ဈေးနှုန်း တည်ငြိမ်ပြီး ပုံမှန်လည်ပတ်ဖြန့်ဖြူး ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း) 

မြောင်းမြခရိုင် မြောင်းမြမြို့နယ်၊ မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များအား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိမရှိ ကွင်းဆင်းစိစစ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် မြောင်းမြမြို့နယ် ဦးစီးမှူး ဦးလှထွဋ်ဦး သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ (၅.၂.၂၀၂၆)ရက်နေ့ နေ့လယ် (၁၂:၀၀)နာရီအချိန်တွင်  မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီဘူးများတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြချက်  ပြည့်စုံခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြောင်းမြမြို့နယ်ဦးစီးမှူးမှ မြို့မဈေးရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချနေသော Goody Meizan စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြမှုရှိ/ မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ဥပဒေအခန်း(၂၄)ပါ ပြစ်မှုပြစ်ဒါဏ်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက် ရန်ညွှန်ကြားချက် ၂/၂၀၁၉ ကိုလိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ဌာနမှထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် မိမိတို့ရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကိုလည်း ဌာနအနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ကောင်းမြတ်ဆန်စက်တွင် ဆန်စပါးလက်ကျန်စာရင်းနှင့်My Ro တွင် သက်တမ်းတိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာမြို့နယ်တာဝန်ခံဦးမြင့်ဌေးနှင့် ဝန်ထမ်းများသည် တာဝန်ရှိသူများနှင့် ပူးပေါင်း၍   လပွတ္တာမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ ကောင်းမြတ် ဆန်စက်သို့ (၄.၂. ၂၀၂) ရက်နေ့ ၊ နံနက်(၁၀:၃၀)နာရီတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လပွတ္တာမြို့နယ်တာဝန်ခံမှ ဆန်စက်လုပ်ငန်းရှင် ဦးလိုင်စိမ်းဆိုင်အား ဆန်စက်၏ ကြိတ်ခွဲထုတ်လုပ်မှုနှင့် ပြည်ပတင်ပို့နိုင်ရေး၊ အဆင့်အတန်းမီဆန်နှင့်ဆန်ထွက်ပစ္စည်းများ ကြိတ်ခွဲထုတ်လုပ်နိုင်ရေး၊ သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများအတိုင်း တင်ပို့ရောင်ချနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့်  ပိုးသတ်ဆေး၊ ဓါတ်ကြွင်း ဓါတ်ကျန်များမပါရှိစေရန်နှင့်  စက်ရုံအတွင်း သန့်ရှင်းမှုရှိစေရေး ဆောင်ရွက်ထားကြရန်နှင့် MyRoတွင်   မှတ်ပုံတင်ထားသည့် သတ်မှတ်ပမာဏထက်ပိုမို သိုလှောင်ခွင့်မရှိကြောင်း၊ မှတ်ပုံတင်ထားပြီးသည့် ဆန်စပါးသိုလှောင်ရုံများအနေဖြင့် ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများအားအချိန်မီUpdateဖြည့်သွင်းနိုင်ရေးနှင့်မှတ်ပုံတင်သက်တမ်းတစ်နှစ်ပြည့်မြောက် ပြီးသက်တမ်းတိုးနိုင်ရေးနှင့် ဆန်စပါးလက်ကျန်အခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များအား အခြေခံစားသောက်ကုန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိကွင်းဆင်းစစ်ဆေး

    ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းသည် (၅.၂.၂၀၂၆)ရက်နေ့ နေ့လယ်(၁၂း၀၀)နာရီအချန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ အိမ်မဲမြို့နယ် မြို့မဈေးအတွင်းရှိအခြေခံစားသောက်ကုန် ရောင်းချနေသောကုန်စုံဆိုင်များအား ဈေးနှုန်းမြှင့်တင်မှုမရှိစေရေး ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှမြို့မဈေးအတွင်းရှိကုန်စုံဆိုင်များတွင် ရောင်းချနေသော အခြေခံစားသောက်ကုန်များအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်၊ ထို့နောက်စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများတွေ့ရှိရပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ဆိုင်ရှင်များအား အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကျောက်ပန်းတောင်းမြို့တွင် ဈေးကွက်မရောက်မီကုန်စည်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများ သည်(၅.၂.၂၀၂၆) ရက်နေ့၊ နံနက်  ၁၀:၀၀ နာရီအချိန်တွင် ကျောက်ပန်းတောင်းမြို့၊ ဘူတာရပ်ကွက်ရှိ “သာထွန်းအောင်” အာလူးကြော်လုပ်ငန်းနှင့် ဈေးကွက်သစ်ရပ်ကွက်ရှိ“ထိုက်ဝေ” အာလူးကြော် လုပ် ငန်းများသို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများပြုလုပ်ခဲ့သည်။

          အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လုပ်ငန်းရှင်အနေဖြင့် နိုင်ငံတော်မှသင့်တင့် မျှတသောနှုန်းထားဖြင့် ရောင်းချပေးနေသော လုပ်ငန်းသုံးစားအုန်းဆီများကို လုပ်ငန်းခွင်များတွင် မှန်ကန်စွာသုံးစွဲမှုရှိစေရေး၊ လုပ်ငန်းခွင်များတွင် အမှန်တကယ်လိုအပ်သည့်ပမာဏများသာ လျှောက် ထားမှုရှိစေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေရေး၊ ကုန်စည်အမျိုးအစားအလိုက်ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် စီးပွားရေး ကျင့်ဝတ် စည်းကမ်းများနှင့်အညီ ဆောင်ရွက်စေရေး၊ မိမိရောင်းချလျက်ရှိသည့် ကုန်ပစ္စည်းနှင့် စပ်လျဉ်းပြီး အာမခံချက်၊ သတ်မှတ်ချက်များနှင့် ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့်တပြေးညီထုတ်ပြန်စေရေး၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသောအချက်များ ပါရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့သည်။

DOCA(မန္တလေး)

လပွတ္တာခရိုင် မော်ကျွန်းမြို့ပေါ်ရှိ  ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ရပ်ကွက်နေပြည်သူများ စားအုန်းဆီရောင်းချပေးမှု အခြေအနေအားကွင်းဆင်းစစ်ဆေး

             ဧရာဝတီတိုင်းဒေသကြီး၊  စားသုံးသူရေးရာဦးစီးဌာန၊လပွတ္တာခရိုင်၊  မော်ကျွန်းမြို့နယ် ဦးစီးမှူးရုံးမှမြို့နယ်တာဝန်ခံ  ဦးမင်းဇော်လတ်နှင့် ဝန်ထမ်းများသည် မြို့ပေါ်ရှိ ကုန်မျိုးစုံရောင်းချသောဆိုင်များသို့ (၅.၂.၂၀၂၆)ရက်နေ့ နေ့လယ်(၁၂း၀၀)နာရီအချိန်တွင်  ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံသည် ဌာနမှထုတ်ပေး ထားသောစားသုံးဆီဝယ်ယူခွင့်စာအုပ်များဖြင့်ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပြည်သူများအား သတ်မှတ်ဆီဆိုင်များတွင် သတ်မှတ်ထားသောနှုန်းထားဖြင့် အဆင်ပြေစွာဝယ်ယူနေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအနေဖြင့် ရောင်းချရာတွင် အလေးချိန်ပြည့်ဝမှန်ကန်စေရေး၊ သတ်မှတ်ဈေးနှုန်းထက်ပိုမိုရောင်းချခြင်းမရှိစေရေး၊ တစ်လလျှင် အိမ်ထောင်စုတစ်စုအား (၁ပိဿာ ၅၀ သား)အား သုံးကြိမ်ခွဲပြီး တစ်ကြိမ်လျှင်(၅၀)ကျပ်သားရောင်းချပေးနိုင်ရန် စားသုံးဆီဝယ်ယူရာတွင်လည်း မလိုလားအပ်သောပြသနာ တစ်စုံတစ်ရာမဖြစ်ပေါ်စေရေး အလေးထားဆောင်ရွက်ရန် လုပ်ငန်းရှင်များအနေဖြင့် အထက်ဌာနများ၏ ဥပဒေ၊ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်၊ စားအုန်းဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေးမှာကြားခဲ့ကြောင် သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်ဦးမြို့တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အသိပညာပေး Talk Show ဆောင်ရွက်

    စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး အများပြည်သူ သိသင့်သိထိုက်သည့် ဥပဒေပါအကြောင်းအရာများ၊ ညွှန်ကြားချက်များ၊ အမိန့်များ၊ သတ်မှတ် ချက်များအား နည်းလမ်း ပေါင်းစုံဖြင့် အသိပညာပေးဆောင်ရွက်လျက်ရှိရာ ညောင်ဦးခရိုင် ဦးစီးမှူးရုံးမှ ခရိုင်တာဝန်ခံ သည် (၅.၂.၂၀၂၆)ရက်နေ့၊ နေ့လယ် ၁၃:၃၀ နာရီအချိန်တွင် ခရိုင်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပူးပေါင်း၍ Online Sale လုပ်ငန်းများမှတ်ပုံ တင်လျှောက်ထားခြင်းဆိုင်ရာ သိကောင်းစရာ များနှင့်ပတ်သက်သောအသိပညာပေး Talk Show အစီအစဉ်အား ဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါ Talk Show အား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာရုံးရှိ လူထုအခြေပြု ဗဟိုဌာန(Community Center) ခန်းမ၌ ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦးခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်(ဦးစီးအရာရှိ)က အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆို သည်မှာ ကုန်စည်ကိုဖြစ်စေ၊ ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်း(Online)စနစ်မှတစ်ဆင့် ဝန်ဆောင်မှုပေး၍ ရောင်းချသည့် လုပ်ငန်းကို ဆိုလိုတာဖြစ်ကြောင်း၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းဆောင်ရွက်လိုသူသည် ဦးစီးဌာနက သတ်မှတ်ထားသော လျှောက်လွှာပုံစံတွင် ဖြည့်သွင်း၍ အွန်လိုင်း(Online)စနစ်ဖြင့် ဦးစီးဌာနသို့ မှတ်ပုံတင်လက်မှတ်လျှောက်ထားရမည်ဖြစ်ကြောင်းနှင့် လျှောက်ထားရာတွင် ပူးတွဲတင်ပြရမည့်အချက်များ၊ သတ်မှတ်ချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့်အခွင့်အရေးများ အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ