Main menu

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းရှိ ဈေးဆိုင်များတွင်ဆရာဝန်ညွှန်ကြားချက်မရှိသော အိမ်သုံးဆေးဝါးသောက်ဆေး အမျိုးမျိုးတို့အား ကွင်းဆင်းစစ်ဆေး ”

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းရှိ ဈေးဆိုင်များတွင် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးသောက်ဆေးအမျိုုးမျိုးတို့အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိခြင်းရှိ/ မရှိကို ဇွန်လ (၁၁)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီ အချိန်တွင် မြို့နယ်စည်ပင်သာယာမြို့မဈေးကြီးအတွင်း/ အပြင်ရှိ ဈေးဆိုင်များသို့ ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံနှင့်ဝန်ထမ်းများ ပူးပေါင်းအဖွဲ့ဖြင့် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေး ကြီးအတွင်း/ အပြင်ရှိ ဆေးဆိုင်များတွင် ဖြန့်ဖြူးရောင်းချလျက်ရှိသော ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးသောက်ဆေးအမျိုးမျိုးတို့တွင် သက်ဆိုင်ရာဌာနများမှ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများဖြစ်သော အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်၊ တိုင်းရင်းဆေးဝါးမှတ်ပုံတင်အမှတ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များ ပြည့်စုံစွာဖော်ပြပါရှိခြင်းရှိ/ မရှိ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း သက်ဆိုင်ရာ အစိုးရဌာနများမှ သတ်မှတ်ထားသော အထောက်အထားမှတ် ပုံတင်အမှတ်၊ ခွင့်ပြုချက်များနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)