Main menu

သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

စားသုံးသူနှင့် လုပ်ငန်းရှင် Win Win ဖြစ်စေဖို့ ကွင်းဆင်းအသိပညာပေးကြစို့

          စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွယ်နွယ်အေးသည် (၈.၆.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၄:၃၀)အချိန်တွင် ပခုက္ကူမြို့၊ အမှတ်(၁၅) ရပ်ကွက်ရှိ “စည်သာ” နှင့် “ ဘုန်းပြည့်မာန် ” မြေပဲဆုံဆီ ထုတ်လုပ် ရောင်းချ သော လုပ်ငန်းရှင်များထံသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးခဲ့ပါသည်။

          စားသုံးသူရေးရာဌာနခွဲတာဝန်ခံကဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၀) စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များဖြစ်သော လုပ်ငန်းများ လုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ် စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ခြင်း၊ ကုန်စည်(သို့)ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ အစိုးရဌာန၊ အစိုးရအဖွဲ့အစည်းများက သတ်မှတ်ထားသည့် အရည်အသွေးစံသတ်မှတ် ချက်များ အပေါ်အခြေခံ၍ အာမခံချက်ပေးရမည်ဖြစ်ပြီး အခန်း(၁၂)ပြဌာန်းချက်ပါ ကုန်စည်နှင့်စပ်လျဉ်း ၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများရှိ၍ မိမိတို့ ဘက်မှ မိမိတို့ ထုတ်ကုန်များအား ဥပဒေပြဌာန်းချက်များ၊ သတ်မှတ်ချက်များ၊ အာမခံချက်များနှင့်အညီ တာဝန်ယူ မှု၊ တာဝန်ခံမှုရှိသော လုပ်ငန်းရှင်များဖြစ်စေလိုကြောင်း၊ စားသုံးသူများအတွက် လည်းလုံခြုံစိတ်ချ ရမှုရှိ သော ကုန်စည်များကို ပိုမိုရွေးချယ်ဝယ်ယူအသုံးပြုလာနိုင်မည်ဖြစ်၍ စားသုံးသူရောလုပ်ငန်းရှင်ပါ နှစ်ဦး နှစ်ဖက်အကျိုးရှိသော Win Win ဖြစ်စေရန် ဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေးဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ အ.ထ.က(၁) အိမ်မဲကြီးကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊မြောင်းမြခရိုင် အိမ်မဲမြို့နယ် တာဝန်ခံ ဒေါ်ဇင်မာသန်းသည် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍(၁၁.၆.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ အ.ထ.က(၁) အိမ်မဲကြီးကျောင်းတွင် ဆရာ/ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူ ကာကွယ်ရေးအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ပုဒ်မ ၄၁ ပုဒ်မခွဲ(ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့် ထုတ်လုပ်သည့်ရက်စွဲ၊  သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး၊ မိမိတို့စားသောက်နေသော အစားအသောက်များ တွင်ဓါတုဆိုးဆေးများ အလွန်အကျုးပါဝင်နေခြင်း၊သက်တမ်းလွန် အစားအသောက်များအား မိမိ၏အသိဖြင့် ဆင်ခြင်ဝယ်ယူစားသောက်ကြရန် ဟောပြောဆွေးနွေးပြီး၊ ကျောင်းမုန့်ဈေးတန်း စားသုံးသူရေးရာအဖွဲ့ဖြင့် မုန့်ဆိုင်များသို့ သွားရောက်စစ်ဆေးခဲ့ပြီးဆိုင်ပိုင်ရှင်များအားမိမိတို့ရောင်းချနေသောအစားအသောက်များတွင် သက်တမ်းလွန်မုန့်များ အား ရောင်းချခြင်းမပြုကြရန် အသိပေးပြောကြားခဲ့ပါသည်။ စားသုံးသူ အသိပညာပေးဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသားကျောင်းသူ(၈၀)ဦး၊ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံရုံးတွင် အလှကုန်ရောင်းချသည့်လုပ်ငန်းရှင်များအား online Sale နှင့် ပတ်သက်သည့် စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တာဝန်ခံ ဦးမြင့်ဌေးသည် (၁၁.၆.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင်လပွတ္တာမြို့နယ် တာဝန်ခံရုံးတွင်အလှကုန်ရောင်းချသည့် လုပ်ငန်းရှင်များအား online Saleနှင့် ပတ်သက်သည့် စားသုံးသူအသိပညာပေးဟောပြောခဲ့ကြောင်း သိရပါသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော အလှကုန်ရောင်းချသည့် လုပ်ငန်းရှင်များအား မိတ်ဆက်စကားပြောကြားပြီး   online Shopping မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္မဏီဖြစ်ပါက ကုမ္မဏီမှတ်ပုံတင်လက်မှတ်၊ SMEမှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုကြောင်း ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်းရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓာတ်ပုံ၊ online sale owner၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာ မှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ လျှောက်ထားရာတွင်email (သို့မဟုတ်)Mobile phone Number ဖြင့်Sing Up(Register)ပြုလုပ်၍ ဆောင်ရွက်ရမည် ဖြစ်ကြောင်းအွန်လိုင်း စနစ်ဖြင့်မှတ်ပုံတင်နိုင်ကြောင်းနှင့်  www.ecomreg.gov.mmမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း၊ online shopping မှတ်ပုံတင်လျှောက်ထားမှုမရှိပဲ online မှရောင်းဝယ်ခြင်းများ စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ ထိုဟောပြောပွဲသို့ အလှကုန်ရောင်းချသည့်လုပ်ငန်းရှင်(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

တောင်တွင်းကြီးမြို့နယ်၊ ဝါးခြမ်းကာ ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း 

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊  မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် တာဝန် ခံသည် (၁၁.၆.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဝါးခြမ်းကာ ကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း ခန်းမဆောင်၌ ဆရာ/ ဆရာမ(၈)ဦးနှင့် ကျောင်းသား/ ကျောင်းသူ (၁၄၀) ဦးတို့ အား အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ဌေးဌေးက ကုန် အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာများ အကြောင်းအားလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင် ရာစီမံခန့်ခွဲမှုဦးစီး ဌာနမှ ဒေါ်သန်းသန်းစိုး (လ/ထညွှန်ကြားရေးမှူး)က သဘာဝဘေး(၉)မျိုးအကြောင်း အားလည်းကောင်း၊ တိုင်းရင်းဆေးပညာစီးဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ‌ဒေါ်ခင်မေဦးက ရာသီ အအေးမိအဖျား၊ တုပ်ကွေးနှင့် အစားအသောက်စားပုံအကြောင်းအားလည်းကောင်း၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒေါ်ခင်မျိုးဆွေက လူငယ်နှင့်စိတ်ဓာတ်၊ အားကစားပြုလုပ်ခြင်း၏ အကျိုးကျေး ဇူးများ နှင့်ပတ်သက်သည့် အကြောင်းအရာများအားလည်းကောင်း အသိပညာပေး ဟောပြောဆောင် ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

ရေနံချောင်းမြို့၊ အခြေခံပညာမူလတန်း(လှည်းတန်း)ကျောင်း၌ အသိပညာပေးဟော‌ပြောခြင်း

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံ‌ချောင်းမြို့၊ အခြေခံပညာမူလတန်း(လှည်းတန်း) ကျောင်း၌ (၉.၆.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)အချိန်တွင် အသိပညာ၊ ဗဟုသုတနှင့် ပြည့်စုံစေရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပါသည်။

          အဆိုပါ ဟောပြောပွဲတွင် ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ချိုမီအောင်က ကလေးအလုပ်သမားအကြောင်းသိကောင်းစရာများကိုလည်းကောင်း၊ စားသုံသူရေးရာဦးစီးဌာန၊ ရေနံချောင်းမြို့နယ်တာဝန်ခံ ဒေါ်ချိုဝေလွင်မှ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း (၁၈) ပုဒ်မ (၄၁)အရ ကုန်စည်တစ်ခုတွင် ပါဝင်ရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း အကြောင်း ကိုလည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်မြင့်မြင့်ကြည်မှ ယားနာများ အကြောင်းနှင့် ဆေးနည်းများအကြောင်းကိုလည်းကောင်း ဟောပြော ခဲ့ပြီး ဟောပြောပွဲသို့ ဆရာ/ဆရာမ (၅)ဦး၊ ကျောင်းသား/ ကျောင်းသူ (၇၂)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ် မြို့ပေါ်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊မြောင်းမြမြို့နယ် တာဝန်ခံ ဦးလှထွဠ်ဦးနှင့် ဝန်ထမ်းများသည် (၁၁.၆.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၂း၀၀)နာရီအချိန်တွင်  မြောင်းမြမြို့ပေါ်ရှိ အိမ်သုံးလျှပ်စစ်ပစ္စည်း အရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

            ထိုသို့ကွင််းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ မြောင်းမြမြို့၊ မြို့ပေါ်တွင် ဈေးကွက်အတွင်း ရောင်းချနေသော အိမ်သုံးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်များရှိ LED BULB လျှပ်စစ်သုံးမီးသီးများနှင့် လျှပ်စစ်မီးသီးများတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ၂၀၁၉ပါပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေအခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့)တစ်ခုထက်ပို၍ တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များနှင့်အညီ  လိုက်နာဆောင်ရွက်ကြရန် ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များတွင်ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားမှု ရှိ/မရှိအား ဌာနမှ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုအား စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မကွေးမြို့နယ်အတွင်းရှိ အသင့်စားမုန့်အမျိုးမျိုးနှင့်စပ်လျဉ်း၍ စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မကွေး/ချောက်ခရိုင်တာဝန်ခံဦးဆောင်၍ ခရိုင်ဝန်ထမ်း(၃)ဦးတို့ဖြင့် (၁၅.၆.၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၃၀)အချိန်တွင်မကွေးမြို့နယ်အတွင်းရှိ အသင့်စားမုန့်အမျိုးမျိုးတို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော လုပ်ငန်းများသို့ စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင် ရွက်ခဲ့ပါသည်။

          ထိုသို့ စျေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အသင့်စားမုန့်အမျိုးမျိုး ထုတ်လုပ်ဖြန့်ဖြူးရောင်း ချလျက်ရှိသော လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အရ အခန်း(၁၈) ပုဒ်မ (၄၁) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်းတို့ ပါဝင်မှုရှိ/မရှိ၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုး (သို့) ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက် များ ပါဝင်မှုရှိ/မရှိနှင့် သက်တမ်းလွန်နေသော ကုန်စည်များ ရောင်းချခြင်းရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

မကွေးမြို့နယ်အတွင်းရှိ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေးအသိပညာပေးဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊မကွေးတိုင်းဒေသကြီး၊ မကွေး/ချောက်ခရိုင်တာဝန်ခံ ဦးဆောင်၍ ဝန်ထမ်းများသည် (၁၄.၆.၂၀၂၆)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် မကွေးမြို့နယ်အတွင်းရှိ စားသောက်ကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များထံသွားရောက်၍ ကုန်စည်ပေါ်တွင်ဖော်ပြထားသည့် ကုန်အညွှန်း အမှတ်အသားများ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ တို့အား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် မကွေး/ ချောက်ခရိုင်တာဝန်ခံ ဒေါ်တင်တင်လှသည် လုပ်ငန်းရှင်များ ထံမှ မိမိတို့ထုတ်လုပ်ရောင်းချသည့် ကုန်အမှတ်တံဆိပ်တစ်မျိုးချင်းစီအား စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း (၁၈)၊ ပုဒ်မ (၄၁) ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့် ကိုက်ညီမှုရှိ/မရှိ စိစစ်၍ ကုန်စည်များအား သတ်မှတ်ချက်နှင့်ကိုက်ညီမှုရှိသော ကုန်အမှတ်တံဆိပ်ဖြင့်သာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချစေရေး၊ ပြည့်စုံမှန်ကန်မှုမရှိသော ကုန်စည်များအားလည်း ကုန်စည်တစ်မျိုးချင်းအလိုက်  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းများအား ရှင်းလင်း၍ ဖော်ပြချက်များအတိုင်းပြည့်စုံစွာ ဆောင် ရွက်နိုင်စေရေး အသိပညာပေးဆောင်ရွက်ခဲ့ပြီးလက်ကမ်းစာ စောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရ ပါသည်။

DOCA(မကွေး)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် (ရုံးအုပ်) ဦးဆောင်၍ ဦးရဲရင့်ဖြိုး(အကြီးတန်းစာရေး)တို့သည် ၁၈-၆-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်၊ စည်ပင်သာယာဈေးအတွင်းရှိ လက်လီရောင်းချသော အောင်သိဒ္ဓိ(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူ များ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် SUNDAY အမှတ်တံဆိပ်ပါ လက်ဖက်ရည်တွင် မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေ အတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့် ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး  ကုန်စုံဆိုင်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ် ရန်နှင့် ဆင်တူရိုးမားအတုအပ အမှတ်တံဆိပ်များဝယ်ယူရောင်းချခြင်း မပြုလုပ်ကြရန်တို့ကို  အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် (ရုံးအုပ်) ဦးဆောင်၍ ဒေါ်ဆွမ်လွတ်ဇယ်လမ်း(အကြီးတန်းစာရေး)နှင့် ဒေါ်သီတာဖြိုး(အကြီးတန်းစာရေး)တို့သည် ၁၈-၆-၂၀၂၆ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်ရှိ  လက်လီရောင်းချလျက်ရှိသော ဒေါ်မီးမီး(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Carabao အမှတ်တံဆိပ် ခွန်အားဖြည့်အချိုရည် တွင် မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာ ဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက် နှင့် ကြိုတင်သတိပေးချက်တို့ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင် အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်း မပြု လုပ်ရန်နှင့် ဆင်တူရိုးမား အတုအပ အမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုလုပ်ကြရန်တို့ကို   အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ