Main menu

အသိပညာပေးဟောပြောဆွေးနွေးပွဲ ကျင်းပဆောင်ရွက်ခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးတင်စိုးနိုင် (စစ်ဆေးရေးအရာရှိ) နှင့် ဝန်ထမ်းတို့သည် (..၂၀၂၆)ရက်နေ့ ၊ နံနက်(၁၀:၃၀)နာရီ အချိန်တွင် ဥတ္တရသီရိမြို့နယ်၊  အခြေခံပညာအထက်တန်းကျောင်း (မင်းကုန်း) တွင်  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲများ ပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ စုစုပေါင်း (၆၈)ဦး တက်ရောက်ခဲ့ကြပါသည်။

            စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေစတင် အာဏာတည်သည့်နေ့၊ စားသုံးသူအဓိပွါယ်၊ စားသုံးသူတာဝန်များ၊ စားသုံးသူအခွင့်အရေး(၈) ချက်၊ နေစဉ်စားသောက်နေသော အစားအသောက်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိသော စားသောက်ကုန်များအား ရွေးချယ်စားသောက်ရန်၊ ဆေးဝါးများဝယ်ယူရာတွင် စပ်ဆေးများမသုံး စွဲရန်နှင့် ဆရာဝန်ညွှန် ကြားသောဆေးဝါးများအား ဝယ်ယူသောက်သုံးစေရန်၊ အလှကုန်များသုံးစွဲရာ တွင်လည်း တစ်ခြားသူများသုံးစွဲသောအလှကုန်များအား စမ်းသပ်သုံးစွဲခြင်းမပြုစေရန်၊ တစ်ကိုယ် ရည်သန့်ရှင်းရေးအား အထူးဂရုပြုရန် ကျောင်းသား/ကျောင်းသူ များအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)