Main menu

HighLight News

Powered by Drupal

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်  ချောင်းဝရပ်ကွက် မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအဖွဲ့များနှင့် ပူးပေါင်း၍ (၄.၂.၂၀၂၆)ရက်နေ့ နံနက်(၁၁း၃၀)နာရီအချိန်တွင် အိမ်မဲမြို့နယ်၊ ချောင်းဝရပ်ကွက် မူလတန်းကျောင်း၌ ဆရာ/ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ဌာနမှလက်ရှိဆောင်ရွက်နေသော လုပ်ငန်းတာဝန်များ ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များအား ဦးစွာရှင်းလင်းပြောကြားခဲ့ပါသည်။ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် စားသုံးရန်မသင့်သောအစားအစာများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်အညွှန်းပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက်အသုံးပြုတတ်ရန်၊ အသင့်စားမုန့်ထုတ်များတွင် မြန်မာစာဖြင့်ရေးသားဖော်ပြထားသော မုန့်ထုတ်များအားရွေးချယ်ဝယ်ယူတတ်စေရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုရှိလျှင် နည်းလမ်းများအား အသေးစိတ်ဟောပြောဆွေးနွေးခဲ့ပါသည်၊ ထို့နောက်ကျောင်း မုန့်ဈေးတန်းတွင် ရောင်းချနေသော ဆိုင်ရှင်များအား စားသုံးရန်မသင့်သောအစားအသောက်များ၊ သက်တမ်းလွန်မုန့်များ၊ ကုန်အညွှန်းအမှတ်အသားမပြည့်စုံသော အစားအသောက်များ ဝယ်ယူရောင်းချခြင်းမပြုရန် ဆွေးနွေးမှာကြားခဲ့ပါသည်၊ စားသုံးသူအသိပညာပေးဟောပြောပွဲသို့ ဆရာ/ ဆရာမ၊ ကျောင်းသားကျောင်းသူ (၈၅)ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ်မှ ထုတ်လုပ်သော နီလာပေါင်မုန့်လုပ်ငန်း

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ လ(၂) ရက်နေ့၊ နေ့လယ် (၁၅:၀၀) နာရီအချိန်တွင် ရပ်ကွက် (၇) ရတနာလမ်းရှိ  “နီလာ” ပေါင်မုန့်လုပ်ငန်းသို့ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

             ပေါင်မုန့်ထုတ်လုပ်ရန် အသုံးပြုသော ကုန်ကြမ်းပစ္စည်းများမှာ (ဂျုံ၊ သကြား၊ ဆား၊ ဖွဆေး၊ ဂျုံနုဆေး၊ ရေသန့်) တို့ဖြစ်ပြီး တစ်နေ့လျှင် အလုံးရေ (၅၀၀) ခန့် ထုတ်လုပ်လျက်ရှိပါသည်။ ထုတ်လုပ်ရာတွင် ပေါင်မုန့်(အနု၊ အကြမ်း) နှစ်မျိုးထုတ်လုပ်ပြီး ဈေးကွက်အတွင်း မှာယူမှုပေါ်မူတည်၍ ထုတ်လုပ်လျက်ရှိသည်။ ဈေးနှုန်းဈေးကွက်အနေဖြင့် ပေါင်မုန့် အနု တစ်လုံးလျှင် (၁၈၀၀) ကျပ်၊ ပေါင်မုန့်အကြမ်းတစ်လုံးလျှင် (၁၄၀၀) ကျပ်ဖြင့် ဒေသအတွင်း၌သာ  ဖြန့်ဖြူးရောင်းချလျက်ရှိပြီး  တစ်နေ့ထုတ်ပေါင်မုန့်များကို တစ်နေ့သာရောင်းချကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။

        ပေါင်မုန့်ထုတ်လုပ်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးအောင်ဇော်ဦး (ဦးစီးအရာရှိ)က ဈေးကွက်မရောက်မီ ကုန်စည်ထုတ်လုပ်နေမှုအား စားသုံးသူ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက်  သန့်ရှင်းသပ်ရပ်စွာ ထုတ်လုပ်ရန်၊ ထုတ်လုပ်သောပေါင်မုန့်များကို  ထားသိုသိမ်းဆည်းမှုအခြေအနေ၊ ထုပ်ပိုးရောင်းချမှု အခြေအနေတို့ကို စားသုံးသူသိရှိစေရန် မှာကြားရောင်းချရန်ကိုလည်းကောင်း ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကွင်းဆင်းစိစစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့မ ဈေးကြီးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

           မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီ (၃) ရက်နေ့၊ နံနက် (၀၈:၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့မဈေးကြီးအတွင်းရှိ ကုန်မျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းဆေးခဲ့ရာတွင် ပြည်သူများဈေးကွက်အတွင်း ဝယ်ယူအသုံးပြုလျက်ရှိသော ကုန်စည်မျိုးစုံ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူနိုင်ရန်နှင့် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြင့် ကုန်ပစ္စည်းများ ဝယ်ယူသုံးစွဲနိုင်စေရေး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်၊ သတ်မှတ်အရည်အသွေးပြည့်မှီသော ကုန်စည်များကိုသာရောင်းချရန်၊ သက်ဆိုင်ရာခွင့်ပြုချက်၊ ထောက်ခံချက်ပါဝင်သော တရားဝင်ကုန်စည်များ ကိုရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်းပြောခဲ့ပြီး စားသုံးဆီများ အခြားသောလူသုံးကုန်စည်များ သတ်မှတ်ရည်ညွှန်ဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ပန်းတနော်မြို့နယ်တွင် သိုလှောင်ရုံ လုပ်ငန်းရှင်များအား သက်တမ်းတိုးဆောင်ရွက်နိုင်ရေး အသိပညာပေး

      စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံး၏ လမ်းညွှန်ချက်အရ ပန်းတနော်မြို့နယ် တာဝန်ခံသည် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ဆန်စက်နှင့် သိုလှောင်ရုံ လုပ်ငန်းရှင်များနှင့် (၃-၂-၂၀၂၆) ရက်နေ့က (Myanmar Rice Online MyRo) မှတ်ပုံတင်သက်တမ်းပြည်မှီသော ဆန်စက် သိုလှောင်ရုံးများ သက်တမ်းတိုးဆောင်ရွက်နိုင်ရေး အသိပညာပေး ဆွေးနွေးခဲ့ကြသည်။

            စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ ပူးပေါင်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာ့ဆန်စပါး အွန်လိုင်း (Myanmar Rice Online MyRo) တွင် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃) ရက်နေ့မှစ၍ ဆန်တန်ချိန် ၂၅ နှင့် အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း ၂၅၀၀ နှင့် အထက် သိုလှောင်မှုများအား မှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပြီး ဧရာဝတီတိုင်း‌ဒေသကြီးအနေဖြင့် MyRo မှတ်ပုံတင်ထားရှိသည် သိုလှောင်ရုံစုစုပေါင်း (၁၈၆၁) လုံးရှိပြီး  ၂၀၂၆ခုနှစ် ဖေဖော်ဝါရီလအတွင်း မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့် မြောက်သည့် အလုံးရေ (၃၄၆)လုံး ရှိသောကြောင့်  မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်အတွင်းရှိ ဆန်စက်နှင့် သိုလှောင်ရုံများ ထပ်မံသက်တမ်းတိုးခြင်းလုပ်ငန်းကို သတ်မှတ်ရက်ပြည့်မီပါက မဖြစ်မနေဆောင်ရွက်နိုင်ရန်ကို အကျယ်တဝင့်ရှင်းလင်းပြီး မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ဧရာဝတီ)

စားအုန်းဆီအရောင်းဆိုင်များအား အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူ‌ရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် ဦးအောင်ဇော်ဦးနှင့်ဝန်ထမ်းများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဈေးစည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ (၃.၂.၂၀၂၆)ရက်နေ့တွင် မအူပင်မြို့နယ်ရှိ စားသုံးဆီလက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်မြို့နယ် ဈေးကွက်အတွင်း စားသုံးဆီလက်လီရောင်းချသည့် ပိုင်ရှင်များနှင့် တွေ့ဆုံပြီး သတ်မှတ်ဈေးနှုန်းရေးဆွဲထားသည့် လက်လီ/ လက်ကားဈေးနှုန်းများ ရေးသားထားသည့် Board / ဗီနိုင်းများအား နေ့စဉ်ချိတ်ဆွဲရောင်းချရန်၊ ခွဲတမ်းရရှိသည့် ဆီပေပါများကို တဆင့်ပြန်လည်ခွဲဝေပေးမှုအခြေအနေ၊ ပြည်သူများထံ အပြည့်အဝရောင်းချပေးရန်နှင့် ဈေးကစားရန်အလို့ငှာ စားဆီများသိုလှောင်ထားခြင်း ရှိ/မရှိ၊ စားအုန်းဆီ  လက်လီရောင်းချသူများအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်စရိတ်အပါအဝင် ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းဖြင့် ရောင်းချနေမှုရှိ/ မရှိတို့ကိုစစ်ဆေးခဲ့ပြီး လိုက်နာမှု  မရှိပါကအရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းပြောကြားခဲ့၍ နေ့စဉ်အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ်ထုတ်ပြန် ပေးလျက်ရှိသည့်အတွက် လုပ်ငန်းရှင်များအနေဖြင့် စနစ်တကျလိုက်နာပေးစေလိုကြောင်း အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Online Sale လုပ်ငန်းရှင်နှင့် တွေ့ဆုံခြင်း

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ပန်းတနော်မြို့နယ် တာဝန်ခံသည် ၃-၂-၂၀၂၆ ရက်နေ့တွင် ပန်းတနော်မြို့နယ် ဦးစီးမှူးရုံး၌   Online Sale ရောင်းချသူ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့ တွေ့ဆုံရာတွင်  Online Sale လုပ်ငန်းရှင်များက အွန်လိုင်းအသုံးပြု၍ မိမိတို့ကုန်စည်များကို ရောင်းချလျက်ရှိပါက  Online Sale မှတ်ပုံတင်လျှောက်ထားရာ၍ ရောင်းချရမည်ဖြစ်ကြောင်းကိုဆွေးနွေးခြင်း၊ အွန်လိုင်းမှတ်ပုံတင်လျောက်ထားရန် လုပ်ငန်းရှင်များက သိလိုသည်များ မေးမြန်းရာတွင် လိုအပ်သောအထောက်အထားများနှင့် မှတ်ပုံတင်လျှောက်ထားမှု အဆင့်ဆင့်တို့အား ဆွေးနွေးမေးမြန်းရာ  ပန်းတနော်မြို့နယ်တာဝန်ခံ ဦးအောင်ကျော်သက်မှ      Online Sale မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ SME မှတ်ပုံတင်လက်မှတ်များကို တင်ပြရန်လိုအပ်ပြီး တစ်ဦးချင်ဖြစ်ပါက တင်ပြရန်မလိုအပ်ကြောင်း၊ ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာ၊ Passport ဓါတ်ပုံ၊ Online Sale Owner ၏ မှတ်ပုံတင်၊ Owner ၏ နေထိုင်ခြင်းလိပ်စာမှန်ကန်ကြောင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ Online Sale၏ Logo များကို ပြင်ဆင်ထားရန်၊ Online Sale  လျှောက်ထားရာတွင် အသုံးပြုမည့် email (သို့မဟုတ်) Mobile Phone Number ဖြင့် Sing Up ပြုလုပ်ပြီးလျှင် Login ဝင်ပြီး မှတ်ပုံတင်နိုင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း မှတ်ပုံတင် လျောက်ထားရန် လိုအပ်သော လုပ်ငန်းရှင်များရှိပါက e-ComReg System website တွင် ကိုယ်တိုင်ဝင်ရောက်လျောက်ထားနိုင်ကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့နယ် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ ဆန်ဆိုင်များရှိ စပါး/ဆန်  MyRo မြေပြင် လက်ကျန်အခြေအနေ

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အတွင်း စပါး/ဆန် သိုလှောင်ထားရှိသူများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့် ၈၂/၂၀၂၄ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန်၂၅နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း၂၅၀၀နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကိုပိုင်ဆိုင်သူသည် www.myro.com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်လျောက်ထားရန် ထုတ်ပြန်ခဲ့ပြီး သိုလှောင်ထားရှိသူလုပ်ငန်းရှင်များမှာ myro တွင်မှတ်ပုံတင်ထားရှိပြီး မအူပင်မြို့နယ်အနေဖြင့် ၃၆ လုံး သိုလှောင်ရုံ မှတ်ပုံတင်ထားရှိပြီးဖြစ်ပါသည်။

        မအူပင်ခရိုင်၊ မအူပင်မြို့နယ်မှ  တောင်သူ၊ စက်ပိုင်၊ ကုန်သည်တို့ သိုလှောင်ထားရှိရာလုပ်ငန်းများတွင် စပါး ဆန် လက်ကျန်စာရင်းများကို  လစဉ် လဆန်း ၇ရက်နေ့တွင် myro၌ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စပါး/ဆန်ဖြည့်သွင်းရေး အခြေအနေများ ဖြည့်သွင်းဆောင်ရွက်နိုင်ရေးကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ လိုအပ်ပါက ဒေသန္တရအဖွဲ့အစည်းများဖြင့် မြေပြင်ကွင်ဆင်းအမှန်တကယ် သိုလှောင်မှု အခြေအနေများကို ကွင်ဆင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။ မအူပင်မြို့နယ် ၂၀၂၆ခုနှစ် ဇန်နဝါရီလ ၃၁ နောက်ဆုံးတင်သော စာရင်းအရ  ဆန်/စပါး လက်ကျန်အခြေအနေများမှာ စပါးအနေဖြင့် တောင်သူ ၁၈၇၀၀၀၀ တင်း၊ ဆန် ၂၉၅၀အိတ်၊  စက်ပိုင် စပါးတင်း ၁၉၃၅၀၀၀တင်း၊ ဆန် ၇၀၃၀အိတ်၊  ကုန်သည် စပါးတင်း ၅၁၅၀၀၀၊ ဆန် ၁၈၀၀ အိတ်၊ ဆန်ဆိုင် ၇၅၀၀ အိတ်၊  စုစုပေါင်း စပါးတင်း ၂၅၇၈၅၀၀  နှင့်၊ ဆန် ၁၉၂၀၀ အိတ်ရှိကြောင်း မြို့နယ်ကွင်းဆင်း စစ်ဆေးခြင်းစာရင်းများအရ သိရှိရပါသည်။

DOCA(ဧရာဝတီ)

ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

           စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံး မအူပင်ခရိုင်ဦးစီးမှူး၏ လမ်းညွှန်ချက်အရ ဓနုဖြူမြို့နယ်မှ မြို့နယ်တာဝန်ခံ ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဖေဖော်ဝါရီ ပထမအပတ်စစ်ဆေးဆောင်ရွက်ခြင်းလုပ်ငန်းကို ၂-၂-၂၀၂၆ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် ဓနုဖြူမြို့အတွင်းရှိ ဆန်ဆိုင်ဆိုင်များအား ဆန်လက်ကျန်အခြေအနေ၊ ဆန်သိုလှောင်ထားရှိမှုအခြေအနေ၊ ဆန်ဈေးနှုန်းဈေးကွက်၊ ဈေးနှုန်းကြီးမြှင့်စေရေးနှင့် Myro တွင် ဆန်စပါး သိုလှောင်ရုံမှတ်ပုံတင်နိုင်ရေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။

     ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရောင်းချနေသော လက်လီ ဆန်ရောင်းချသူ လုပ်ငန်းရှင်များကို မှာကြားဆွေးနွေးခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ်များအတွင်းရှိ ဆန်အပါအဝင် အခြေခံစားသောက်ကုန် ပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ပြည်တွင်းဆန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် မြို့နယ်အလိုက် ကုန်ဈေးနှုန်းတည်ငြိမ်ရေးအဖွဲ့နှင့် ပူးပေါင်း၍ ကြပ်မတ်ဆောင်ရွက်လျက်ရှိကြာင်း၊  မြန်မာဆန်စပါး အသင်းချူပ်မှ ထုတ်ပြန်ပေးထားသော လစဉ် သတ်မှတ်ရည်ညွှန်းဈေးဖြင့် ဈေးကွက်အတွင်း ရောင်းချနေမှုကို စစ်ဆေးဆောင်ရွက်ခြင်း ဆန်ဆိုင်၊ ဆန်ပွဲရုံများအနေဖြင့် ဆန်ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရန်နှင့် Myroတွင်မှတ်ပုံတင်ထားသော ဆန်ဆိုင်များမှ လစဉ်လဆန်း (၇)ရက် အတွင်း ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများ ဖြည့်သွင်းကြရန်နှင့် မှတ်ပုံတင်ခြင်း မရှိသေးသော ဆန်ဆိုင်များအနေဖြင့် ဆန်တန်ချိန် (၂၅) တန်နှင့်အထက် (သို့) စပါးတန်ချိန် (၂၅၀၀) နှင့် အထက် သိုလှောင်ရုံတစ်မျိုးမျိုး ပိုင်ဆိုင်သူများအနေနှင့် www.myro. com.mm တွင် မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီး ဆန်ဆိုင်များ သက်တမ်းတိုးခြင်း သတ်မှတ်ရက်ပြည့်မီပါက မဖြစ်မနေသက်တမ်းတိုး ဆောင်ရွက်ရေးတို့ကို အသိပညာပေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပြီး ဆန်ဆိုင်များမှ သတ်မှတ်ချက်များနှင့်အညီ ဈေးကွက်အတွင်းရောင်းချနေကြောင်း စစ်ဆေးသိရှိရပါသည်။

DOCA(ဧရာဝတီ)

မအူပင်မြို့တွင် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဖြင့်ဓာတ်မြေဩဇာအရောင်းဆိုင်များအား ကွင်းဆင်း

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒုခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ မအူပင်မြို့ရှိ စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်များနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်များသို့  ၃-၂-၂၀၂၆ ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် ဦးအောင်ဇော်ဦး (စားသုံးသူရေးရာဦးစီးဌာန)မှ စစ်ဆေးရာ မအူပင်မြို့ပေါ်ရှိ ဓာတ်မြေဩဇာ ပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချလျက်ရှိသော ဓါတ်မြေဩဇာ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေး၊ အပင်အားဖြည့်ဆေးများနှင့် စိုက်ပျိုးရေးဆက်စပ်သုံးပစ္စည်းများ ဈေးနှုန်းမှန်ကန်စွာ ရောင်းချမှုရှိမရှိ စစ်ဆေးခြင်း၊   စိုက်ပျိုးရေးဦးစီးဌာနက စစ်ဆေးရာ ရောင်းချခွင့်လုပ်ငန်းလိုင်စင်ရှိ/ မရှိစစ်ဆေးခြင်း၊  ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှစစ်ဆေးရာ သက်တမ်းကျော်လွန်နေသောပစ္စည်းများအား တောင်သူများကို ရောင်းချမှုမရှိစေရေး စစ်ဆေးမှာကြားခဲ့ကြပြီး၊ ပူးပေါင်းအဖွဲ့မှ ဓါတ်မြေဩဇာများ ရန်ကုန်အထိုင်စက်ရုံထုတ်ဈေးအပေါ် သယ်ယူခများ ထပ်ဆောင်း၍ သင့်တင့်မျှတသောဈေးနှုန်းများဖြင့်  ပြန်လည်ရောင်းချစေရေး၊ တရားဝင်ကုန်စည်များ သက်ဆိုင်ရာဌာန၏ ခွင့်ပြုချက်ကုန်စည်များကို ရောင်းချရန်နှင့်၊ ဆင်တူရိုးမှားအတုအပ ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချမှုမရှိစေရေးအတွက် အသိပညာပေး ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ညောင်တုန်းမြို့နယ် တောင်သူ၊ ကုန်သည်၊ စက်ပိုင်၊ ဆန်ဆိုင်များရှိ စပါး/ဆန်  MyRo မြေပြင် လက်ကျန်အခြေအနေ

           ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အတွင်း စပါး/ဆန် သိုလှောင်ထားရှိသူများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အမိန့် ၈၂/၂၀၂၄ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရန်အလို့ငှာ ဆန်တန်ချိန် ၂၅ နှင့်အထက် သိုလှောင်ရုံ သို့မဟုတ် စပါးတင်း၂၅၀၀နှင့်အထက် သိုလှောင်ရုံတစ်မျိုးမျိုးကို ပိုင်ဆိုင်သူသည် www.myro. com.mm တွင်. သတ်မှတ်ထားသည်နှင့်အညီ မှတ်ပုံတင်လျောက်ထားရန် ထုတ်ပြန်ခဲ့ပြီး သိုလှောင်ထားရှိသူ လုပ်ငန်းရှင်များမှာ myro တွင်မှတ်ပုံတင်ထားရှိပြီး ညောင်တုန်းမြို့နယ်အနေဖြင့် ၇၉ လုံး သိုလှောင်ရုံ မှတ်ပုံတင်ထားရှိပြီး ဖြစ်ပါသည်။

          မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်မှ  တောင်သူ၊ စက်ပိုင်၊ ကုန်သည်တို့ သိုလှောင် ထားရှိရာ လုပ်ငန်း များတွင် စပါး ဆန် လက်ကျန်စာရင်းများကို  လစဉ် လဆန်း ၇ရက်နေ့တွင် myro၌ ကုန်ရ၊ ကုန်ထုတ်၊ လက်ကျန် စပါး/ဆန် ဖြည့်သွင်းရေး အခြေအနေများ ဖြည့်သွင်းဆောင်ရွက်နိုင်ရေးကို ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး စာရင်းကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။ လိုအပ်ပါက ဒေသန္တရာအဖွဲ့အစည်းများဖြင့် မြေပြင်ကွင်းဆင်းအမှန်တကယ် သိုလှောင်မှု အခြေအနေများကို ကွင်ဆင်းခြင်းများ လုပ်ဆောင်လျက်ရှိသည်။ ညောင်တုန်းမြို့နယ် ၂၀၂၆ခုနှစ် ဇန်နဝါရီလ (၃၁) နေ့နောက်ဆုံး ဆန်/ စပါး လက်ကျန်အခြေအနေများမှာ စပါးအနေဖြင့် တောင်သူ ၁၅၅၁၈၄၃ တင်း၊  ဆန်အနေဖြင့် ၅၁၉၂ အိတ်၊  ကုန်သည် စပါးတင်း ၁၄၃၇၀၀၊ ဆန်အနေဖြင့်၊ ၉၉၅၀ အိတ်၊ ဆန်စက်ပိုင်ရှင် စပါးသိုလှောင် တင်း ၆၄၉၉၇၇၊ ဆန်အနေဖြင့် ၅၁၇၀၀၂အိတ်၊ ဆန်ဆိုင်များမှ ၆၉၅၀အိတ်၊  စုစုပေါင်း စပါးတင်း ၂၃၃၆၂၅၀၊ ဆန် ၅၃၉၀၄၉ အိတ် MyRo တွင် ဖြည့်သွင်းဆောင်ရွက်ရှိကြောင်းနှင့် မြို့နယ်နယ်မြေလုပ်ငန်းရှင်များမှ သိုလှောင်မှု မြေပြင်လက်ကျန် စာရင်းဖြစ်ကြောင်း  သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - HighLight News