Main menu

HighLight News

Powered by Drupal

ဘိုကလေးမြို့နယ် စားအုန်းဆီအရောင်းဆိုင်များသို့ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစီစစ်ခြင်း

       ဘိုကလေးမြို့နယ် တာဝန်ခံ နှင့်ဝန်ထမ်းတို့သည် (၅.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀း၀၀)ခွဲအချိန်တွင်ဘိုကလေးမြို့ ကန္နားလမ်းရှိ စားအုန်းဆီအရောင်းဆိုင်များတွင် သတ်မှတ်ရည်ညွှန်းဈေးဖြင့်ရောင်းချခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုကွင်းဆင်းစစ်ဆေးရာတွင် ဘိုကလေးမြို့နယ် (၅)ရပ်ကွက်ရှိ စားအုန်းဆီအရောင်းဆိုင်မှ ညွှန်ကြားချက်ပါအတိုင်း စားသုံးသူပြည်သူများအားသက်သာသောဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေးအတွက် နေ့စွဲများပါသော ရည်ညွှန်းဈေးနှုန်းဖြင့် ဗွီနှိုင်းချိတ်ဆွဲ၍ ရောင်းချပေးနေကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးမှု့အပေါ် သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ဘိုကလေးမြို့နယ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စီစစ်ခြင်း

      ဘိုကလေးမြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းတို့သည် (၅.၁၁.၂၀၂၅)နေ့နံနက် (၁၁:၀၀)နာရီအချိန်တွင် ဘိုကလေးမြို့နယ် (၆)ရပ် ကွက်ရှိ ကောင်းမိုးဟိန်း ဘိလပ်မြေအရောင်းဆိုင်သို့ စည်ပင်အဖွဲ့နှင့် အတူ ပူးပေါင်း၍ ဈေး နှုန်းဈေးကွက်အခြေအနေများအား မေးမြန်း၍ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

       ထိုကွင်းဆင်းဆောင်ရွက်ရာတွင် ဘိလပ်မြေဆိုင်များအနေဖြင့် ပစ္စည်းပြတ်လတ်မှု့မရှိစေရေး ဈေးနှုန်းတည်ငြိမ်ရေးတို့အတွက် ဘိလပ်မြေအရောင်းဆိုင်များမှ ဘိလပ်မြေဝယ်ရင်းဈေးထက်အမြတ် (၁၀)ရာခိုင်နှုန်း ထက်ပို၍ရောင်းချခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်ရာတွင် ဘိုကလေးမြို့ပေါ်ရှိ ဘိလပ်မြေအရောင်းဆိုင်များအနေဖြင့် ဝယ်ရင်းဈေးထက်အမြတ်ရာခိုင်နှုန်း (၂)ရာခိုင်နှုန်းသာ ရောင်းချလျက်ရှိကြောင်း ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ “လင်းရောင်ဝင်း ” စက်သုံးဆီဆိုင်သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ် တာဝန်ခံရုံးအနေဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိူးစီးပွားကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ()ရက်နေ့၊ နံနက်(၀၈း၀၀နာရီအချိန်တွင် ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်လှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိ လင်းရောင်ဝင်း စက်သုံးဆီ အရောင်းဆိုင် လုပ်ငန်းရှင်နှင့် သွားရောက်တွေ့ဆုံ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

              ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွက် စက်သုံးဆီ ပြတ်လတ်မှုမရှိစေရေး စက်သုံးဆီဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန် စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချနေမှုအခြေအနေ၊ စက်သုံးဆီ ပြတ်လတ်မှုရှိမရှိ၊ (PPRD) စက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန်ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိမရှိ၊ အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်မှုရှိ/ မရှိ  စစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး၊ အချိန်အတွယ်မှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။  စက်သုံးဆီ လုပ်ငန်းရှင်အနေဖြင့် တရားမဝင် စက်သုံးဆီ၊ ချောဆီများ တင်သွင်း ဖြန့်ဖြုးရောင်းချနေခြင်း စိစစ်တွေ့ရှိရပါက အရေးယူဆောင်ရွက်ခြင်း ခံရမည်ဖြစ်ကြောင်းနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီအရောင်း ဆိုင်များအား စက်သုံးဆီ ပြတ်လတ်မှု မရှိစေရေးအတွက် ပုံမှန် ဖွင့်လှစ် ရောင်းချနိုင်ရေး သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုဘဲ  ဌာနမှ ထုတ်ပြန်ထားသော စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရမည့် တာဝန်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲမျာအပြင်၊  စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်း များကို ဆောင်ရွက်လျက်ရှိရာ (၆.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀) ရပ်ကွက်ရှိ (မေဘယ်လ်) ပေါင်မုန့်၊ ကိတ်မုန့်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

         ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေဖော်ပြရမည့်အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက Consumer Call Center (1535)သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသည့် မြေထောက်ပဲ(အညို)ဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်တွင် စပါးကိုအဓိကစိုက်ပျိုးကြပြီး ပဲမျိုးစုံသီးနှံများကို အနည်းငယ်သာစိုက်ပျိုးသော်လည်း သက်ဆိုင်ရာဌာန၏ ၂၀၂၄-၂၀၂၅ခုနှစ် ရွှေဘိုခရိုင် ဆောင်းသီးနှံ စိုက်ပျိုးမှုစာရင်းများအရ မြေထောက်ပဲစိုက်ပျိုးမှုမရှိကြောင်း သိရှိရပါသည်။ ပဲမျိုးစုံအသစ်များမှာ ဒီဇင်ဘာလမှစတင်၍ ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရွှေဘိုမြို့တွင်ရောင်းချသည့် မြေထောက်ပဲများ ကို အခြားဒေသများမှ မှာယူရောင်းချခြင်းမရှိဘဲ သယ်ယူခကုန်ကျစရိတ်များ သက်သာစေရန်  ရွှေဘိုမြို့တွင်းရှိပွဲရုံများမှ ဝယ်ယူရောင်းချကြောင်း၊ မြေထောက်ပဲမှာ အဖြူရောင်နှင့် အညိုရောင်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ရွှေဘိုမြို့ဈေးကွက်အတွင်း နိုဝင်ဘာလ၊ ပထမအပတ်တွင် မြေထောက်ပဲ(ဖြူ) မှာ လက်ကျန်မရှိတော့ဘဲ မြေထောက်ပဲ(ညို) (၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ်နှင့် တစ်တင်းလျှင်(၁၁၂၀၀ဝိ/-) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတို့ကိုနှိုင်းယှဉ်ပါက ယခင်အပတ်၌ မြေထောက်ပဲ(ညို) (၁)ပြည်လျှင်(၇၀၀ဝိ/-)ကျပ် ပေါက်ဈေး ရှိခဲ့သဖြင့် ယခင်အပတ်နှင့် ယခုအပတ်တို့၏ အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းတူညီပြီး ဈေးငြိမ် နေကြောင်း၊ ဈေးကွက်အနေဖြင့် ဒေသတွင်းရှိစားသုံးသူများ၊ တစ်ဆင့်ပြန်လည်ရောင်းချမည့်သူများ၊ ပဲပြုတ်ရောင်းချသူများ၊ အလှူမင်္ဂလာပွဲလမ်း ဆောင်ရွက်မည့်သူများမှ ဝယ်ယူကြကြောင်း ပဲမျိုးစုံရောင်းချသည့်ဆိုင်များမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဆန်စက်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲမျာအပြင်၊  စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ (၇.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် ရွှေဘိုခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊  ရွှေဘိုခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ရွှေဘိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌတို့နှင့် ပူးပေါင်း၍  ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက် စက်မှုဇုန်ရှိ ရွှေသီဟဆန်စက်လုပ်ငန်းရှင်အားတွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

        ထိုသို့တွေ့ဆုံရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက myroတွင်မှတ်ပုံတင် ထားသည့် ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် လစဉ် ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများကို လစဉ်လဆန်း(၁)ရက်နေ့မှ (၇)ရက်နေ့အတွင်း Updateပြုလုပ်ရန် အသိပညာပေးခဲ့ပြီး ဆန်အမျိုးအစားအလိုက်ဈေးနှုန်းများ၊ လက်ကျန်အခြေအနေ၊ ဈေးကွက်အခြေအနေများမေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုခရိုင်တွင် စားသောက်ဆိုင်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲမျာအပြင်၊  စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ (၅.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ (Ever Time) စားသောက်ဆိုင်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင်  အစားအသောက်ပြုပြင်ချက်ပြုတ် ရောင်းချသည့်နေရာများကို သန့်ရှင်းစွာထားရှိရန်၊ အစားအသောက်များကို ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည် သန့်ရှင်းမှုရှိစေရေးအထူးဂရုပြုရန်၊ သန့်ရှင်းလတ်ဆတ်သည့် စားသောက်ကုန်များကိုအသုံးပြုရန်၊ စားသုံးသူအခွင့်အရေးများရရှိစေရန် မိမိတို့ဆိုင်များမှပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ များအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပညာပေးဖော်ပြထားရန်၊    စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား (size)ပမာဏအလိုက်ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပညာပေး ဖော်ပြထားရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ Consumer Call Centerသို့ ဆက်သွယ်မေးမြန်းနိုင်သည့် အကြောင်းများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်းရှိ ဆေးပစ္စည်းနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန် ခံရုံးအနေဖြင့်  စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ()ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်းရှိ  ဆေးပစ္စည်းနှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များအား ကျွန်းလှမြို့နယ်တာဝန်ခံ ဒေါ်ဝေဝေအောင် ဦးဆောင်သည် မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သည့် မြို့နယ် ထွေ/ အုပ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်ကျန်းမာရေးနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်သည့် ကိုအေးကြူဟန်+မအေးမြတ်သူ ဆေးပစ္စည်းနှင့်ကုန်မျိုးစုံအရောင်းဆိုင်တွင် ရောင်းချနေသော ကလေးအဟာရဖြည့်စွက်စာအမျိုးမျိုးနှင့် အခြားကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(/၂၀၁၉)နှင့်အညီ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာ ဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များအတိုင်း ပြည့်စုံစွာထည့်သွင်း ဖော်ပြထားခြင်းရှိ/ မရှိ နှင့် သက်တမ်းလွန်ကုန်စည်များ ရောင်းချနေခြင်းရှိ/ မရှိ တို့အား လစဉ် လျာထားချက်များ သတ်မှတ်ထားသည်ထက် ကျော်လွန်အောင် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်သည့် ကိုအေးကြူဟန်+ မအေးမြတ်သူ ဆေးပစ္စည်းနှင့်ကုန်မျိုးစုံအရောင်းဆိုင်တွင် ရောင်းချနေသော ကလေးအဟာရဖြည့်စွက်စာ အမျိုးမျိုးနှင့် အခြားကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်စိစစ်ချက်များအတိုင်း ပြည့်စုံစွာထည့်သွင် ဖော်ပြထားသည်ကို တွေ့ရှိရပြီး သက်တမ်းလွန် ကုန်စည်များရောင်းချနေခြင်း မရှိသည်ကို စစ်ဆေးတွေ့ရှိရသည်။  

         ကုန်မျိုးစုံရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ လိုက်နာဆောင်ရွက်ရမည့် တာဝန်များကို သိရှိနားလည်ထားရန်လိုကြောင်း ထုန်ကုန်လုံခြုံစိတ်ချရမှုရှိပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံသော၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက်ပါရှိသော ကုန်စည်များကိုသာရောင်းချရန် အသိပညာပေးခဲ့ပြီး မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉) ကုန်အညွှန်းအမှတ်အသား အသေးစိတ်စိစစ်ချက်များပါရှိသော လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

         စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ နံနက် (၀၉:၃၀)  နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်း နှင့်ဒေါ်အိမွန်ကျော်တို့သည်  ကန့်ဘလူမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချနေသော စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

        ထိုသို့ကွင်းဆင်းစစ်ဆေးရာ စားသုံးသူများနေ့စဉ် အသုံးပြုလျက်ရှိသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုနိုင်စေရန်ရည်ရွယ်၍ ဈေးကွက်အတွင်း ရောင်းချနေသည့် စားသုံးဆီအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီမြန် မာဘာသာဖြင့်ဖော်ပြထားခြင်းရှိ/ မရှိနှင့် (၁/၂၀၂၁)နှင့်အညီ ပိဿာ/ကျပ်သားတို့ကို ဖော်ပြထားခြင်းရှိ/ မရှိစစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မရှိသော စားသုံးဆီများ၊ တရားမဝင်တင်သွင်းလာသော စားသုံးဆီများကို ရောင်းချခြင်းမပြုလုပ်ရန်၊ အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူကာကွယ်ရေးအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

“ ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းရှိ/ မရှိကွင်းဆင်း စစ်ဆေးခြင်း ”

       ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သန်လျင်မြို့နယ်အမှတ်(၁၄)၊ ကံကော်လမ်း၊ မြို့ဟောင်းအလယ်ရပ်ကွက်ရှိ အလှကုန်ပစ္စည်းထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လုပ်ငန်းအား ဈေးကွက်မရောက်မီ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ သိရှိစစ်ဆေးနိုင်ရန်အတွက် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယခရိုင်ဦးစီးမှူး ဦးဦးသိန်းမောင်နှင့် ဝန်ထမ်းများသည် နိုဝင်ဘာလ(၆)ရက်နေ့၊ နေ့လယ်(၁၂:၃၀) နာရီအချိန်တွင် မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

         ထိုသို့ မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင် အဆိုပါလုပ်ငန်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းသည့် အလှကုန်ပစ္စည်းများပေါ်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)အတိုင်း ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးပြီး ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြထားခြင်းမရှိပါက ဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်နှင့် ဈေးကွက်မရောက်မီ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပြီးမှသာ ရောင်းချခြင်းပြုလုပ်ကြရန်နှင့် လုပ်ငန်းရှင်များ လိုက်နာရမည့် အချက်အလက်များအား ရှင်းလင်းဆွေးနွေး အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News