Main menu

HighLight News

Powered by Drupal

ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆန်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

          (၁၇.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၊ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးသည် ရွှေပြည်သာမြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ရပ်ကွက်အတွင်းရောင်းချနေသော ဦးပြည့်စုံဆန်ဆိုင်သို့ သွားရောက်၍ ဆိုင်ရှင်အား သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုကြရန်၊ ဈေးကစားရန်အလို့ငှာ သိုလှောင်ခြင်းများ မပြုကြရန်၊ မှတ်ပုံတင်ရန် ကျန်ရှိသော ဆန်တန်ချိန်(၂၅)ဆံ့ သိုလှောင်ရုံ များအား MyRo တွင် မှတ်ပုံတင်အမြန်ဆောင်ရွက်ကြရန်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ သင့်တင့်မျှတသောဈေးနှုန်းဈေးကွက်ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

မှော်ဘီမြို့နယ်အတွင်းရှိ ဆန်ဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

           (၁၇.၇.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် ရပ်ကွက်အတွင်းရှိ ဆန်ဆိုင်များတွင် လက်ရှိဖြစ်ပေါ်နေသည့် ဆန်ဈေးကွက်အခြေအနေအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် လက်လီ/ လက်ကားရောင်းချနေသော ဆန်ဆိုင်များအနေဖြင့် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြရန် ဈေးနှုန်းများကို အများပြည်သူများမြင်သာသော နေရာတွင် မြင်သာသည့်အရွယ်အစားနှင့် ရေးသားဖော်ပြ၍ ရောင်းချရန်နှင့်သတ်မှတ်ထားသည့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရန် အလေးချိန် ပြည့်ဝမှန်ကန်စွာရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

မှော်ဘီမြို့နယ်တွင် စားအုန်းဆီရောက်ရှိမှု ကွင်းဆင်းစစ်ဆေးခြင်း

           စားသုံးသူရေးရာဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်မှော်ဘီမြို့နယ်ခွဲရုံး ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက် နံနက်(၀၈:၀၀) နာရီအချိန်တွင် ဝေမာကုမ္ပဏီမှ ခွဲတမ်းရစားသုံးဆီ (၁၀)လုံး ရောက်ရှိမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မှော်ဘီမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခကုန်ကျစရိတ်နှင့် ၂% အမြတ်တို့ဖြင့် လက်လီ/ လက်ကားဆိုင်များသို့ ခွဲဝေရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လက်လီ/ လက်ကားဆိုင်များမှ စားသုံးသူပြည်သူများသို့ ၂% အမြတ်ဖြင့် ပြန်လည်ရောင်းချပေးသွားမည်ဖြစ်ကြောင်း စားအုန်းဆီ ခွဲတမ်းရရှိသော လက်လီ/ လက်ကားကိုယ်စားလှယ်ထံမှ သိရှိရပါသည်။

DOCA(ရန်ကုန်)

ထန်းတပင်မြို့နယ်ရှိ ကြည်သာဉီးဖက်ရှင်ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်း

           (၁၆.၇.၂၀၂၅)ရက်နေ့ ညနေ(၀၃:၁၅) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင် ဦးစီးမှူးရုံး၊ ထန်းတပင်မြို့နယ်ခွဲတာဝန်ခံ ဉီးဇော်မြင့်၊ ဒုကြီးကြပ်ရေးမှူးသည် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ထန်းတပင်မြို့နယ်၊ အစုကြီးရပ်ကွက်၊ ရန်ကုန်-ပုသိမ် လမ်းမပေါ်ရှိ ကြည်သာဉီးဖက်ရှင်ဆိုင်သို့ သွားရောက်၍ မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးခဲ့ရာတွင် ကြည်သာဉီးဖက်ရှင်ဆိုင်မှ ရောင်းချလျက်ရှိသော အထည်အလိပ်၊ အဝတ်အထည်နှင့်ဆက်စပ်ပစ္စည်းများတွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချသောလုပ်ငန်းများ မှတ်ပုံတင် လက်မှတ်လျှောက်ထားမှုနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့်လိပ်စာအတိုင်း မြေပြင်တွင် လုပ်ငန်းအမှန်တကယ်ရှိ/ မရှိ၊ မှတ်ပုံတင်လျှောက်ထားစဉ်က ရောင်းချရန်တင်ပြထားသော ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအတိုင်းရှိ/ မရှိတို့အား မေးမြန်းစစ်ဆေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍လည်း အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ စစ်ဆေးရေးအရာရှိ(၂)ဦးနှင့် ဝန်ထမ်း(၂) ဦးတို့သည်  လသာမြို့နယ်အတွင်းရှိ ဒေါ်မြမြအေး (ဆီဆိုင်) နှင့် ဦးစိန်ဝင်း (ဆီဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့် ပူးပေါင်းပြိး ဆီရောင်းချမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး အသိပညာပေးမှုအား ၁၆.၇.၂၀၂၅ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/ မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်း ချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျွန်းလှမြို့ပေါ်ရှိဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ်တာဝန် ခံရုံးအနေဖြင့်  ဇူလိုင်လ(၁၆)ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်တွင် ကျွန်းလှမြို့ပေါ်ရပ်ကွက်အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ် ရဲတပ်ဖွဲ့စခန်း မြိုနယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စားသုံးသူရေးရာ ဦးစီးဌာန၊  ကျွန်းလှမြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်မှစီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် ဈေးကွက်အတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း (သို့မဟုတ်) ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဆေးဆိုင်များ ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေး ဆေးပြတ်လတ်မှုမဖြစ်ပေါ်စေရေး အဓိကထားဆောင်ရွက်ရန် ဈေးကွက်အတွင်း တရားမဝင် တင်သွင်းလာသော ဆေးဝါးများ၊ စံမညီ ဆေးဝါးများ၊ ဆေးဝါးအတုများ၊ စပ်ဆေးများ သက်တမ်းလွန် ဆေးဝါးများ နှင့် လိုင်စင်မဲ့ဆေးဝါးများကိုလည်း ရောင်းချခြင်းမပြုရန် သက်ဆိုင်ရာဌာနများ၏ ညွှန်ကြားချက်များ ဥပဒေများကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်း အသိပညာပေးပြောကြားခဲ့ပြီး ညွှန်ကြားချက်အမှတ်(/၂၀၁၉)ပါလက်ကမ်းစာစောင်များ ဖြင့်ဝေပေးခဲ့ကြောင်း  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကျွန်းလှမြို့ပေါ်ရှိ  “KKH” စက်သုံးဆီဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှမြို့နယ်တာဝန်ခံရုံး အနေဖြင့် စားသုံးသူအခွင့်အရေးနှင့် အကျိူးစီးပွားကာကွယ်ရန်အတွက် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ကို ဆောင်ရွက်လျက်ရှိရာ ၂၀၂ ခုနှစ်၊ ဇူလိုင်လ(၁၆)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့နယ်တာဝန်ခံသည် ကျွန်လှမြို့ သစ်ရာမြိုင်ရပ်ကွက်ရှိ “KKH” စက်သုံးဆီ အရောင်းဆိုင် လုပ်ငန်းရှင်နှင့် သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

             ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အတွက် စက်သုံးဆီ ပြတ်လတ်မှုမရှိစေရေး စက်သုံးဆီဈေးနှုန်းများ မြှင့်တင်ရောင်းချခြင်းမပြုရန် စက်သုံးဆီ တင်သွင်း ဖြန့်ဖြူးရောင်းချနေမှု အခြေအနေ၊ စက်သုံးဆီ ပြတ်လတ်မှုရှိ/ မရှိ၊ (PPRD) စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ  နေ့စဉ် သတ်မှတ်ထုတ်ပြန် ထားသော စက်သုံးဆီ ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/ မရှိ၊ အချိန်အတွယ်နှင့် အလေးချိန်မှန်ကန်မှုရှိ/ မရှိ  စစ်ဆေးရာ သတ်မှတ်ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချလျက်ရှိပြီး၊ အချိန်အတွယ်မှန်ကန်ကြောင်း စစ်ဆေး တွေ့ရှိရပါသည်။  စက်သုံးဆီ လုပ်ငန်းရှင်အနေဖြင့် တရားမဝင် စက်သုံးဆီ၊ ချောဆီများ တင်သွင်း ဖြန့်ဖြုးရောင်းချနေခြင်း စိစစ်တွေ့ရှိရပါက အရေးယူ ဆောင်ရွက်ခြင်းခံရမည် ဖြစ်ကြောင်းနှင့် ပြည်သူများ အဆင်ပြေ ချောမွေ့စွာ ဝယ်ယူနိုင်ရေးအတွက် စက်သုံးဆီအရောင်း ဆိုင်များအား စက်သုံးဆီ ပြတ်လတ်မှု မရှိစေရေးအတွက် ပုံမှန်ဖွင့်လှစ် ရောင်းချနိုင်ရေး သတ်မှတ်ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုဘဲ  ဌာနမှ ထုတ်ပြန်ထားသော စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာ ဆောင်ရွက်ရမည့် တာဝန်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ အမှတ်(၄)(အ.မ.က)ကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ အမှတ်(၄)(အ.မ.က)ကျောင်းတွင် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၅ရက် နံနက်(၁၀:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

             ရှေးဦးစွာ  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူက စာဖတ်ရှိန် မြှင့်တင်ရေးခေါင်းစဉ်ဖြင့် ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့်ပြင်ပ ဗဟုသုတရရှိစေမည့် စာအုပ်များဖတ်ရှုလေ့လာရေးအကြောင်းနှင့် ကြီးတန်းစာရေးဒေါ်အိမွန်ကျော် မှဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန စတင်ဖွဲ့စည်းပေါ်ပေါက်လာပုံသမိုင်း ကြောင်းနှင့်စားသုံးသူ၏အဓိပ္ပာယ်၊ စားသုံး၏အခွင့်အရေးနှင့်တာဝန်များအကြောင်း၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သိကောင်းစရာများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့် ဖုန်းနံပါတ်၊ နေရာနှင့်တိုင်ကြား ရမည့်ပုံစံများအား အသိပညာပေးဟောပြောဆွေနွေးခြင်း၊ မည်သူမဆို အွန်လိုင်းဖြင့်ရောင်းချခြင်း လုပ်ငန်းကို မှတ်ပုံတင်လက်မှတ်လျှောက်ထားရရှိပြီးမှသာ လုပ်ကိုင်ရမည်ဖြစ်ကြောင်း၊လုပ်ငန်းရှင် များအနေဖြင့် Onlineမှတ်ပုံတင်ခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ Onlineမှတဆင့်ဝယ်ယူရာတွင် လိမ်လည် မှုမခံရအောင် သိရှိရမည့်အချက်များကို  ဟောပြောဆွေးနွေး အသိပညာပေးခဲ့ပြီး လက်ကမ်းစာ စောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ ဘိလပ်မြေအရောင်းဆိုင်များအား အပတ်စဉ်ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးအနေဖြင့် ၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၄ရက် နံနက်(၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း သန်းသည် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေနှင့်အိမ်ဆောက်ပစ္စည်း ရောင်းချသည့်ဆိုင်များသို့ အပတ် စဉ် ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

              ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကန့်ဘလူမြို့ပေါ်ရှိ ဘိလပ်မြေရောင်းချသည့်ဆိုင်များ၏ ဘိလပ်မြေ ဝယ်ယူရရှိမှုအခြေအနေ၊ လက်ကျန်အခြေအနေနှင့် ဈေးနှုန်းအခြေအနေအားလည်း ကောင်း၊ အိမ်ဆောက်ပစ္စည်း အခြေအနေများအားလည်းကောင်း၊ ကွင်းဆင်းစိစစ်ခဲ့ရာ ဘိလပ်မြေ နှင့်ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများကို မန္တလေးမြို့မှဝယ်ယူရကြောင်း၊ ဘိလပ်မြေများ ပစ္စည်းပြတ်လပ်မှုမရှိသေးကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)       

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီလက်လီအရောင်းဆိုင်များအား ရည်ညွှန်းဈေးနှုန်းအတိုင်း ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

        စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၅ရက် နံနက်(၀၉:၀၀)နာရီအချိန်တွင် ကန့်ဘလူမြို့ နယ်ဆီကိုယ်စားလှယ်မှ ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ  စားသုံးသူပြည်သူများကို စားအုန်းဆီ လက်လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

             မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/ မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/ မရှိနှင့် စားအုန်းဆီအရည် အသွေးတို့အား စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် လက်လီ အရောင်းဆိုင်များမှတဆင့်  စားသုံးသူပြည်သူများသို့ တစ်ဦးလျှင်(၅၀)ကျပ်သားနှုန်း ရောင်းချပေးလျက်ရှိကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - HighLight News