Main menu

HighLight News

Powered by Drupal

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဗိုလ်ချုပ်ဈေးရှိ စားသုံးဆီဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တာဝန်ခံ ဦးမင်းဇော်လတ်သည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ (၅.၁၁.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင်  မော်ကျွန်းမြို့နယ်၊ ဗိုလ်ချုပ်ဈေးအတွင်းရှိ စားသုံးဆီဆိုင်များတွင် ရောင်းချနေသော စားသုံးဆီဘူးများတွင်  ကုန်အညွှန်းအမှတ် အသားဖော်ပြချက်နှင့် ပတ်သက်၍ ပြည့်စုံမှုရှိမရှိကို နယ်မြေဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ဈေးအတွင်းရှိရောင်းချနေသော ကုန်မျိုးစုံဆိုင်(၃)ဆိုင်ရှိ Meizan Lotus, Goody   စားသုံးဆီဘူးများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြချက် ပြည်စုံမှုရှိ/ မရှိစစ်ဆေးခဲ့ပြီး ဆိုင်ပိုင်ရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ၂၀၁၉ ပါဥပဒေ ပြဌာန်းချက်များမှ ဥပဒေအခန်း အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ-၄၁ ပုဒ်မခွဲ(ခ)နှင့် (ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ၊ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက် ၂/၂၀၁၉  ကိုလိုက်နာဆောင်ရွက်ခြင်းရှိ/မရှိ ဌာနမှ ထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်   ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်အမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိကိုလည်း စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်သွားမည်ဟု ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံရုံးတွင် အဝတ်အထည်လုပ်ငန်းရှင်များနှင့် ကုန်မျိုးစုံလုပ်ငန်းရှင်များအား online Saleနှင့် ပတ်သက်သည့် စားသုံးသူအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးသည်(၅.၁၁.၂၀၂၅)ရက်နေ့၊ ညနေ(၁၆း၃၀)နာရီခွဲအချိန်တွင် ဝါးခယ်မမြို့နယ်တာဝန်ခံရုံးတွင် အဝတ်အထည်လုပ်ငန်းရှင်များနှင့် ကုန်မျိုးစုံလုပ်ငန်းရှင်များအား online Saleနှင့် ပတ်သက်သည့်စားသုံးသူအသိပညာပေးဟောပြောခဲ့ပါသည်။

           ထိုသို့ဟောပြောဆွေးနွေးရာတွင် မြို့နယ်တာဝန်ခံမှ တက်ရောက်လာသော အဝတ်အထည်လုပ်ငန်းရှင်များနှင့် ကုန်မျိုးစုံလုပ်ငန်းရှင်များအား မိတ်ဆက်စကားပြောကြားပြီး   online Shopping မှတ်ပုံတင်လျှောက်ထားရန်အတွက် ကုမ္မဏီဖြစ်ပါက ကုမ္မဏီမှတ်ပုံတင်လက်မှတ်၊ SMEမှတ်ပုံတင်လက်မှတ်များတင်ပြရန်လိုအပ်ပြီး တစ်ဦးချင်းဖြစ်ပါက တင်ပြရန်မလိုကြောင်း ရောင်းချမည့်ဆိုင်လိပ်စာမှန်ကန်ကြောင်း ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လိုင်စင်ဓာတ်ပုံ၊ online sale owner၏ မှတ်ပုံတင်၊ နေထိုင်ကြောင်းလိပ်စာမှန်ကန်ကြောင်း၊ရပ်ကွက်ထောက်ခံစာ လျှောက်ထားရာတွင် email (သို့မဟုတ်)Mobile phone Number ဖြင့်Sign Up(Register)ပြုလုပ်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အွန်လိုင်းစနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်းနှင့်  www.ecomreg.gov.mmမှတစ်ဆင့် မှတ်ပုံတင်လျှောက်ထားနိုင်ကြောင်း၊ online shopping မှတ်ပုံတင်လျှောက်ထားမှုမရှိပဲ online မှရောင်းဝယ်ခြင်း များစစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေပုဒ်မ(၅)အရ အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ပါသည်။ ထိုဟောပြောပွဲသို့အဝတ်အထည်လုပ်ငန်းရှင်များနှင့် ကုန်မျိုးစုံလုပ်ငန်းရှင် (၈)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ပါရမီဒေါင့်ကျေးရွာရှိ၊ကျုံခရီ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်တာဝန်ခံ ဒေါ်ဇင်မာသန်းနှင့် ဝန်ထမ်းများသည် (၆.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် တိုင်းရင်းဆေးဌာန၊ ပြန်ကြားရေးနှင့်ပြည့်သူ့ ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ အိမ်မဲမြို့နယ်၊ပါရမီဒေါင့်ကျေးရွာရှိ၊ ကျုံခရီအခြေခံမူလတန်းကျောင်းရှိ ကျောင်းသား /ကျောင်းသူများ၊ ဆရာ/ဆရာမများအား  စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ အိမ်မဲမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းမုန့်ဈေးတန်းတွင် သက်တမ်းလွန်မုန့်များနှင့် ကုန်ညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ စစ်ဆေးခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များသိရှိလိုပါက ခရိုင်စားသုံးသူရေးရာ ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.mm.website တွင်  လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ တယ်လီဖုန်းဖြင့် ဖြစ်စေတိုင်ကြားနိုင်ပါကြောင်း အသိပေးဟောပြောခဲ့ပြီး၊ ထိုဟောပြောပွဲသို့ ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ၊စုစုပေါင်း(၁၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ မင်းပိုင်းရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား/ ကျောင်းသူများအား စားသုံးသူအသိပညာပေး ဟောပြောပွဲပြုလုပ်ခြင်း

            ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်တာဝန်ခံ ဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၅.၁၁.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ကျောင်းကျန်းမာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ဝါးခယ်မမြို့နယ်၊ မင်းပိုင်းရပ်ကွက်၊ အခြေခံမူလတန်းကျောင်းရှိ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများအား  စားသုံးသူအသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ ဝါးခယ်မမြို့နယ်တာဝန်ခံမှ မိတ်ဆက်စကားပြောကြားပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ (၂၀၁၉)ပါ ပြဌာန်းချက်များမှ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆို ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေရေးသားဖော်ပြရမည်ဖြစ်ကြောင်း ဟောပြောဆွေးနွေးခဲ့ပြီး ကျောင်းမုန့်ဈေးတန်းတွင် သက်တမ်းလွန်မုန့်များနှင့် ကုန်ညွှန်းအမှတ်အသားပြည့်စုံမှုရှိ/ မရှိ စစ်ဆေးခဲ့ပါသည်။ စားသုံးသူကာကွယ်ရေးဥပဒေပါ အချက်အလက်များသိရှိလိုပါက ခရိုင်စားသုံးသူရေးရာ ဦးစီးမှူးရုံးတွင်လည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာနရုံးချုပ်၏ www.doca.mm.website တွင်  လည်းဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပါကြောင်း၊ စားသုံးသူများနစ်နာမှုရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC သို့ လူကိုယ်တိုင်ဖြစ်စေ တယ်လီဖုန်းဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း အသိပေးဟောပြောခဲ့ပြီး၊ ထိုဟောပြောပွဲသို့ ဆရာ/ဆရာမ(၁၀)ဦး ၊ ကျောင်းသား/ ကျောင်းသူ(၈၅)ဦး၊စုစုပေါင်း(၉၅)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မအူပင်ခရိုင်၌ ဟင်းလျာများတွင် အရောင်အနံ့ အရသာအတွက် အသုံးပြုသည့် ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းစစ်ဆေးခြင်း

          မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ဦးစီးမှူးရုံးမှ  ဒေါ်ခိုင်ခိုင်လင်း ဒုဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၅.၁၁.၂၀၂၅) ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်အတူ ကုန်စုံဆိုင်များတွင် ‌ရောင်းချလျက်ရှိသည့်  ဟင်းလျာများတွင် အရောင်အနံ့အတွက်အသုံးပြုသော ဟင်းခတ်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           စစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ကုန်စုံဆိုင်များတွင် ရောင်းချနေသော ဟင်းမွေးမဆလာ၊ ခရုအဆီ၊ ဟင်းခတ်အမှုန့်များ၊ လျှာလကာရည်၊ ငံပြာရည်အမျိုးမျိုး၊ အမွေးအကြိုင်အတွက်အသုံးပြုသည့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြပါဝင်ခြင်း ရှိ/မရှိ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်ပါဝင်မှုရှိမရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မြို့နယ်ဈေးကွက် အတွင်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ကုန်များရောင်းချနေကြောင်း တွေ့ရှိရပြီး သက်တမ်းလွန်ကုန်စည်များရှိပါက ရောင်းချခြင်းမရှိစေရန် ဆိုင်ရှင်များအား မှာကြားခဲ့ပြီး ဈေးကွက်အတွင်း သက်တမ်းလွန်ကုန်စည်များရောင်းချနေခြင်း တွေ့ရှိပါက ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မအူပင်ခရိုင်အတွင်း ရေသန့်နှင့် အချိုရည်အမျိုးမျိုး ကုန်ပစ္စည်းအမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ကွင်းဆင်းစစ်ဆေးခြင်း

           ဧရာဝတီတိုင်းဒေသကြီး၊ ​မအူပင်ခရိုင်အတွင်းရှိ ရေသန့်အချိုရည် လက်ကားအရောင်းဆိုင်ကြီးများတွင် ​ရောင်းချသည့် စား​သောက်ကုန်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ ၅.၁၀.၂၀၂၅ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

           ထိုသို့ကွင်းဆင်းရာတွင် ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင် ဒုဦးစီးမှူးက မြို့နယ် ရေသန့်နှင့် အချိုရည်အမျိူးမျိူး ရောင်းချသော ကုန်စည်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ရှိ/ မရှိ အခြေအနေများ၊ ရောင်းချနေသည့် ကုန်ပစ္စည်းအမျိုးအစားများအလိုက် (FDA)ခွင့်ပြုချက်ပါရှိမှု၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိ/ မရှိအခြေအနေတို့ကို ကွင်းဆင်းစစ်ဆေးကြပြီး ဆိုင်ပိုင်ရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်တာဝန်များနှင့် တားမြစ်ချက်ပုဒ်မများကို လိုက်နာမှုမရှိက အရေးယူဆောင်ရွက်မှု အခြေအနေများကို အသိပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

           မြို့နယ်အတွင်း ဈေးကွက်စစ်ဆေးမှု လုပ်ငန်းကိုဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာပြည်သူ့ကျန်းမာ​ရေးဦးစီးဌာနမှ ကျန်းမာ​ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့မစျေးတာဝန်ခံနှင့်ဝန်ထမ်းများ၊ တာဝန်ရှိသူများပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မအူပင်ခရိုင်အတွင်း စားအုန်းဆီရောင်းချမှု အခြေအနေများနှင့် ဆီရောင်းချမှု လုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်လျက်ရှိ

        ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်း မြို့နယ်များတွင်  ပြည်ပမှတင်သွင်းသော စားအုန်းဆီများအပေါ် သက်သာသောဈေးနှုန်းဖြင့် ပြည်သူများသို့ရောင်းချရန် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ အစီအစဉ်ဖြင့် ဌာနဆိုင်ရာများ ကြီးကြပ်မှုဖြင့် စားသုံးဆီလက်လီရောင်းချနေမှုအား စစ်ဆေးခြင်းကို ၅.၁၁.၂၀၂၅ရက်နေ့ နံနက် (၀၇း၀၀) နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            အဆိုပါ စစ်ဆေးဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူက စားအုန်းဆီ လက်ကား/လက်လီအရောင်းဆိုင်များမှ ဆီရောင်းချရာတွင် ရည်ညွှန်းဈေးနှုန်းများဖော်ပြ၍ ရောင်းချမည့်ဆီပိဿာများကို မြင်သာသောနေရာတွင် ဗီနိုင်းဖြင့်ချိတ်ဆွဲရောင်းချခြင်းရှိ/မရှိ သတ်မှတ်ရက်များအတွင်း ဆီစာအုပ်ဖြင့် ဝယ်ယူထားရှိမှုစာရင်းများကို တိုက်ဆိုင်စစ်ဆေးခြင်း၊ ရည်ညွှန်းဈေးထက် ကျော်လွန်ရောင်းချသူများအား သတိပေးစာဖြင့် အရေးယူဆောင်ရွက်ခြင်း၊ ဆီစာအုပ်များ ပျက်စီးပျောက်ဆုံးခြင်းဖြစ်ပေါ်ပါက  ဆီဆိုင်များမှ မှန်ကန်ကြောင်းထောက်ခံစာပေးနိုင်ရန် အသိပေးဆောင်ရွက်ခြင်း၊ မအူပင်ဈေးကွက်အတွင်း ဆီဆိုင်များ သတ်မှတ်စည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမျိုးကို စစ်ဆေးတွေ့ရှိရပြီး မအူပင်မြို့နယ်အတွင်းရှိ စားအုန်းဆီတစ်ပိသာလျှင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် လက်လီဖြန့်ဖြူးရောင်းချပေးနေမှုများအား သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိကို ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

            ကွင်းဆင်းစစ်ဆေးခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူးတို့ပါဝင်သောအဖွဲ့မှ ညောင်တုန်းမြို့နယ်အတွင်းရှိ စားဆီအရောင်းဆိုင်များတွင် စားအုန်းဆီတစ်ပိသာလျှင် သတ်မှတ်ရည်ညွှန်းဈေးဖြင့် လက်လီဖြန့်ဖြူးရောင်းချပေးနေမှုများအား သတ်မှတ်ချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိကို အပတ်စဉ် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ညောင်တုန်းမြို့နယ် ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့် စစ်ဆေး

         ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့၌ ဆေးဆိုင်များအား လိုင်စင်ရှိ/ မရှိ စစ်ဆေးခြင်းနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချနေမှုရှိ/ မရှိ စစ်ဆေးခြင်း၊  သတ်မှတ်စည်းကမ်းချက်နှင့်အညီ ရောင်းချမှုရှိ/ မရှိ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ၅.၁၀.၂၀၂၅ ရက်နေ့နံနက်(၁၀း၀၀)နာရီအချိန်တွင် ဆေးဝါးရောင်းချသည့်ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။   

        ဆေးဝါးရောင်းချနေသည့် ဆေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာတွင် ဆေးဆိုင်များ လိုင်စင်ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခြင်း၊ ဆေးဝါးရောင်ချသည့် လိုင်စင်ကို ဆိုင်အပြင်ဘက်တွင် ချိတ်ဆွဲထားရှိမှုရှိ/ မရှိ၊ သက်တမ်းလွန်ဆေးဝါးများရောင်းချမှုရှိ/ မရှိ စစ်ဆေးခြင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) ထုတ်ပြန်ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းများကို ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဦးအောင်လွင် စစ်ဆေးရေးအရာရှိတို့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

           အဆိုပါ ဆေးဝါးရောင်းချသည့် ဈေးဆိုင်များအား စစ်ဆေးဆောင်ရွက်ရာတွင် ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတိုင်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ် မီးသတ်တပ်ဖွဲ့တို့မှ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဓနုဖြူမြို့နယ် ဆေးဆိုင်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

      (၅.၁၁.၂၀၂၀)ရက်နေ့ ‌နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည်မြို့နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီတို့ပူးပေါင်း၍ ဓနုဖြူမြို့နယ်၊ မြို့ပေါ်ရှိဆေးဆိုင်များအား ဆေးဝါးရောင်းချခွင့်လိုင်စင်မရှိဘဲ ရောင်းချနေခြင်းရှိ/ မရှိစစ်ဆေးခြင်းနှင့် ဆေးဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          စစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများက လိုက်ပါဆောင်ရွက်ခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာန၏ ညွှန်ကြားချက် အမှတ် (၂/၂၀၁၉) ထုတ်ပြန်ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ ဆေးထုတ်လုပ်ရောင်းချမှုကို စစ်ဆေးခြင်း၊ တားမြစ်ချက် ပုဒ်မ ၆၇  စီးပွားရေးလုပ်ငန်းရှင်သည် ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း သို့မဟုတ် ရောင်းချခြင်းမပြုရန် (က) ပုဒ်မ (၄၁)အရ ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် အချက်အလက်များနှင့် ကိုက်ညီမှု/ မရှိသော ကုန်စည်များကို ရောင်းချမှုမပြုရန် အသိပေးပြောကြားခဲ့ပြီး၊  အများပြည်သူများအား လုံခြုံစိတ်ချရသော ဆေးဝါးများရရှိနိုင်ရန် သက်တမ်းလွန်ဆေးဝါးများ၊ မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်မရှိသောဆေးဝါးများ မရောင်းချစေရန်နှင့် ကောင်းမွန်သောဆေးဝါးထားသိုမှုနှင့်ကောင်းမွန်သော ဆေးဝါးရောင်းချမှုကျင့်စဉ် (GPP)နှင့်အညီ ရောင်းချစေရန် ကြီးကြပ်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့ သံလွင်ကွင်းကျေးရွာရှိ ပြည်သူများအား ဆီဝယ်ယူခွင့်စာအုပ်ဖြင့် ဆီဖြန့်ဖြူးမှုအားမြေပြင် ကွင်းဆင်းစိစစ်ခြင်း

         စားသုံးသူရေးရာဦးစီးဌာန ဇလွန်မြို့နယ်တာဝန်ခံသည်(၅.၁၁.၂၀၂၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဇလွန်မြို့နယ်၊ သံလွင်ကွင်းကျေးရွာရှိ  စားအုန်းဆီ လက်ကား၊ လက်လီ ရောင်းချသည့် အရောင်းဆိုင်များမှ စားသုံးသူပြည်သူများသို့ အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆီရောင်းချမှုအခြေအနေ၊ သတ်မှတ်ရည်ညွှန်းဈေးထက် ​ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး၊ ဆီဖြန့်ဖြူးရောင်းချရာတွင် အိမ်ထောင်စုများသို့ ကျယ်ကျယ်ပြန့်ပြန့် ရာနှုန်းပြည့်မီအောင် ရောင်းချပေးစေရေး၊ သတ်မှတ်ကာလအတွင်း သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန်ပြည့်ဝစွာ ရောင်းချမှုရှိ/ မရှိနှင့် စားအုန်းဆီဖြန့်ဖြူးရောင်းချပေးနေမှုများအား ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA (ဧရာဝတီ)

Pages

Subscribe to RSS - HighLight News