Main menu

HighLight News

Powered by Drupal

ဖက်ရှင်အသုံးအဆောင်ပစ္စည်းမျာ Online မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားမှု ကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/ မရှိကို (၁၄.၈.၂၀၂၅) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ဖက်ရှင်အသုံး အဆောင်ပစ္စည်းများ အမှတ်(၆၈၅)၊ သစ္စာလမ်း၊ (၆)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်သို့ သွားရောက်၍  စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်း များကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့်လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသောလျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများမှ အချက်အလက်မှန်ကန်မှုရှိ/ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Online မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်နှင့်ဝန်ထမ်းများသည် (၁၃.၈.၂၀၂၅) ရက်နေ့၊ နေ့လယ်(၀၂:၃၀) နာရီအချိန်တွင် မိန်းကလေး အဝတ်အထည်ပစ္စည်းများရောင်းချသည့် အိမ်အမှတ်(၁၃၅)၊ ရာဇသင်္ကြန်(၃)လမ်း၊ (၁၁) ရပ်ကွက်၊ တောင်ဥက္က လာပမြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင် စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

            ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအဖြစ် သတ်မှတ်ထားကြောင်း အသိပညာပေးပြောကြား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ကလေးအသုံးအဆောင်ပစ္စည်းများ Online မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်နှင့်ဝန်ထမ်းများသည် (၁၃.၈.၂၀၂၅) ရက်နေ့၊ နေ့လယ်(၀၂:၀၀) နာရီအချိန်တွင် ကလေးအသုံး အဆောင်ပစ္စည်းများ တိုက်(၁၁၇၉)၊ ယဿဝတီလမ်း၊ (၁၃)ရပ်ကွက်၊ တောင်ဥက္ကလာပမြို့ နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု  ရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ရောင်းချခြင်း လုပ်ငန်းနှင့်ပတ်သက်၍ မြေပြင်စစ်ဆေးရမည့် အချက်(၁၈) ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေးခြင်းနှင့် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းလုပ်ကိုင်ခြင်းကို အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေအ ဖြစ်သတ်မှတ်ထားခြင်းဖြစ်ကြောင်းနှင့် စီးပွားရေးလုပ်ငန်းရှင်အား စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအတိုင်း လိုက်နာဆောင်ရွက်စေလိုကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

အဝတ်အထည်နှင့် အထည်အလိပ်ပစ္စည်းများ Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် (၁၄.၈.၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှုကိုက်ညီမှုရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှုရှိ/ မရှိကို (Z&W COLLECTIONS ) အဝတ်အထည်နှင့်အထည်အလိပ်ပစ္စည်းများ  OnlineSale လုပ်ငန်း အမှတ် (၁၉၀)၊ (၂၆)လမ်း၊ (၁၃) ရပ်ကွက်၊ တောင်ဥက္ကလာပမြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင်စစ်ဆေးခြင်းဆိုင်ရာ အချက်အလက်များကိုက်ညီမှုရှိ/ မရှိကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကိုဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှုရှိ/ မရှိ မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွားမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

“ ကွမ်းခြံကုန်းမြို့နယ်၌စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကျင်းပ ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်တင် ရေးလှုပ်ရှားမှု အခမ်းအနားကို ဩဂုတ်လ(၁၃)ရက်နေ့၊ နေ့လည်(၁၁:၀၀)နာရီအချိန်တွင် ကွမ်းခြံ ကုန်းမြို့နယ် အ.ထ.က(၂)ဇာတိခန်းမ၌ ကျင်းပခဲ့ကြောင်း သိရှိရပါသည်။

          အခမ်းအနားတွင် ပထမဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးရဲ တင့်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ဆက်လက်၍ ရန်ကုန်တောင်ပိုင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်လှမို့မို့က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပြုလုပ် ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ကြသည်။

           ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားတွင် ပါဝင်သော လူငယ်စကား ဝိုင်း၊ ဂိမ်းကစားနည်းပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများတွင် ကျောင်းသား/ကျောင်းသူ များ စိတ်ပါဝင်စား ပျော်ရွှင်စွာပါဝင်ခဲ့ပြီး လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက ဦးဆောင်ဆွေးနွေးပြီး ကျောင်းသား/ကျောင်းသူ (၅)ဦးတို့မှ လူငယ်နှင့်စာပေ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေးလူငယ်နှင့်အားကစားခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြပြီး တက် ရောက်လာသူကျောင်းသား/ကျောင်းသူများအား ဆွေးနွေးခဲ့သည့် အကြောင်းအရာများကိုမှ အဓိက အချက်အလက်များကို ပြန်လည်မေးခွန်းတိုဖြေများ ဖြေကြားခြင်းများ ဆုချခြင်းများ ဆောင်ရွက်ခဲ့ခြင်း၊ ဂိမ်းကစားနည်းများကို အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများက ကဗျာရွတ်ပြိုင်ပွဲကို မူလတန်းအဆင့် KG အဆင့်ကျောင်းသား/ကျောင်းသူများမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီးမှာ ပထမဆုနှင့်အထူးဆုများ ချီးမြှင့်ခဲ့ကြသည်။

         ထို့နောက် အ.ထ.က ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးမှ တက်ရောက်လာသည့် မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဝင်နှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများ၊ ရန်ကုန်တောင်ပိုင်းခရိုင် ပြန်ဆက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဆရာ/ဆရာမများ ကျေးဇူးတင်စကားပြောကြားခဲ့ကြသည်။ ဆက်လက်၍ ပြန်ဆက်ဦးစီးဌာနမှ နံရံကပ်စာစောင်များ သုတ၊ ရသ စာစောင်များကို ပြသထားရာ တက်ရောက်လာသူများမှ ကြည့်သူလေ့လာခဲ့ကြောင်း သိရှိရသည်။

          အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင် ဦးရဲတင့်နှင့် ရန်ကုန်တောင် ပိုင်းခရိုင်ပြန်ဆက်ဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးရုံးမှ လ/ထပညာရေးမှူးများ တက်ရောက်ရာတွင် မြို့နယ်စား သုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေး အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ဆုများချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ဥက္ကာမြို့နယ်၊ နန္ဒဝင်ဈေးရှိ ဆန် လက်လီ/ လက်ကားရောင်းဝယ်ရေး အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

           (၁၃-၈-၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင် ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူတို့ ပူးပေါင်းပြီး တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝင်ဈေးရှိ ဆန် လက်လီ/ လက်ကားရောင်းဝယ်ရေး အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

           ထိုသို့ကွင်းဆင်းရာတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီး မှူး)က  မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်MRFမှ လအလိုက်ထုတ်ပြန်ပေးသော သင့်တင့်မျှတ သော ဈေးကွက်ဈေးနှုန်းဖြင့် ဆန်များဖြန့်ဖြူးရောင်းချနိုင်ရေးကို ကြော်ငြာချက်ပါ ဆန်ဈေးနှုန်း များအလိုက်ရောင်းချနိုင်စေရေး၊ သတ်မှတ်ရည်ညွှန်းဈေးထက် ကျော်လွန်ရောင်းချခြင်းမဖြစ်စေ ရေး၊ ဈေးကွက်အတွင်း ကုန်စည်များပြတ်လပ်မှုရှိ/မရှိတို့ကို  စစ်ဆေးခဲ့ပြီး၊ ဈေးကွက်အတွင်းရှိ စားသုံးဆန်များအား ပစ္စည်းမှန်၊ ဈေးနှုန်းမှန်၊ အရည်အသွေးမှန်၊ အလေးချိန်မှန်ဖြင့် ရောင်းချပေး နိုင်ရေးဆွေးနွေးခဲ့ပြီး၊ ဈေးကွက်အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများမှာ သတ်မှတ်ရည် ညွှန်းဈေးများအတိုင်းရောင်းချလျက်ရှိပြီး ဈေးကစားလိုသောရည်ရွယ်ချက်ဖြင့် သိုလှောင်ထား ခြင်းများမရှိကြောင်း  စိစစ်တွေ့ရှိရသည်ဟု သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ဆန်းသစ် ဆန်ရောင်းဝယ်ရေး အရောင်းဆိုင်သို့ ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုများဆောင်ရွက်လျက်ရှိ

          (၁၃-၈-၂၀၂၅) ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးကော်မတီမှတာဝန်ရှိသူတို့ ပူးပေါင်းပြီး တောင်ဥက္ကလာပမြို့နယ်၊ နန္ဒဝင်ဈေးရှိ ဆန်းသစ်ဆန်ရောင်းဝယ်ရေး အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဆန်များ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချနေခြင်းရှိ/မရှိကို စစ်ဆေးခြင်းဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)က ဆန်ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့်ဈေးကစားရန်အလို့ငှာဆန် များကိုသိုလှောင်ထားခြင်းမပြုရန် ပြောကြားခဲ့ပြီးဈေးနှုန်းမြှင့်တင်ရောင်းချသည်ကို စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ စားအုန်းဆီလက်လီအရောင်းဆိုင်အား ကွင်းဆင်းစစ်ဆေးခြင်း

          (၁၃.၈.၂၀၂၅)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများ၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်သာယာရေးကော်မတီတို့နှင့် အတူ တောင်ဥက္ကလာပမြို့နယ်(နန္ဒဝင်) ဈေးအတွင်းနှင့် ဈေးပြင်ပရှိ စားအုန်းဆီလက်လီ အရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရပါသည်။

          ထိုသို့ ဆောင်ရွက်ခဲ့ရာတွင် တောင်ဥက္ကလာပနယ် (နန္ဒဝင်) ဈေးအတွင်းရှိ ဆိုင်ခန်း(၄) ဆိုင်နှင့် ဈေး ပြင်ပရှိ ဆိုင်ခန်း(၃)ဆိုင်တို့အား ဝင်ရောက်စစ်ဆေးခဲ့ရာ မိမိရရှိသော ခွဲတမ်းများကို ရပ်ကွက်နေ စားသုံးသူပြည်သူများလက်ဝယ်သို့ အမှန်တကယ်ရောက်ရှိ စားသုံးနိုင်ရန် ရောင်းချပေးပါကြောင်း၊ အလေးချိန်လည်း မှန်ကန်စွာချိန်တွယ်ပေးပါကြောင်း၊ လက်ကျန်များ မထားရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA(ရန်ကုန်)

တောင်ဥက္ကလာပမြို့နယ်၊ ပုဏ္ဏမီဈေးအတွင်းရှိ ငရုတ်ဆီများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော် (ရုံးအုပ်) နှင့်ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည် တောင်ဥက္ကလာပမြို့နယ်၊ ပဒေသာဈေးအတွင်းရှိ ကုန်စုံဆိုင်များသို့  ငရုတ်ဆီများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး (၁၂-၈-၂၀၂၅ ) ရက်နေ့၊ နံနက်(၁၁:၃၀) နာရီအချိန်တွင် သွားရောက်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။    

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်  စားသုံးသူမိဘပြည်သူများ  ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက်  ဈေးကွက်အတွင်းရောင်းချနေသောငရုတ်ဆီများတွင်  FDA ထောက်ခံချက်ပါရှိသည့်အပြင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားကြောင်း စိစစ်တွေ့ရှိခဲ့ပြီး  မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်ကြားချက် အမှတ်(/၂၀၁၉ ) နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသောကုန်စည်များကိုသာရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ုကုန်)

တောင်ဥက္ကလာပမြို့နယ်၊ ပုဏ္ဏမီဈေးရှိ ကုန်စုံဆိုင်များသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်(ရုံးအုပ်) နှင့်ဝန်ထမ်းများ၊ ဈေးတာဝန်ခံနှင့်ဝန်ထမ်းများသည်တောင်ဥက္ကလာပမြို့နယ်၊ ပုဏ္ဏမီဈေးအတွင်း ရှိ  ကုန်စုံဆိုင်များသို့ (၁၂-၈-၂၀၂၅) ရက်နေ့ ၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် သွားရောက် ၍ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာတွင် စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသာ ကုန်စုံဆိုင်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့်ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို  သိသာထင်ရှားစွာ ဖော်ပြထားခြင်းရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီသည့်ကုန်စည်များကိုသာ ဈေးကွက်အတွင်းရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ တားမြစ်ချက်နှင့်ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News