HighLight News

Powered by Drupal

ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများအား အကျိုးတူပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် စိတ်ဝင်စားမှုအဆိုပြုလွှာ (Expression of Interest -EOI) ခေါ်ယူခြင်း

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန လက်အောက်ရှိ ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုသည် ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ကျွန်းကလေးကျေးရွာ၊ ရန်ကုန်-ပဲခူးလမ်းမကြီးဘေးတွင် တည်ရှိပါသည်။

          ကုန်ပစ္စည်းစမ်းသပ်စစ်ဆေးရေးနှင့် အရည်အသွေးစီမံခန့်ခွဲမှုဌာနစုရှိ ဓာတ်ခွဲခန်းများမှ ပြည်ပ သို့ တင်ပို့သည့် လယ်ယာထွက်ကုန်သီးနှံများနှင့် ပြည်တွင်း၊ ပြည်ပမှ ထုတ်လုပ်တင်သွင်းသည့် စားသုံးဆီများ၏ အရည်အသွေးများအား ဓာတ်ခွဲစမ်းသပ်စစ်ဆေး၍ ရလဒ်များအား  Test Report ထုတ်ပေးလျက်ရှိပြီး နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်(ISO/ IEC 17025) ရရှိရေး၊ ပို့ကုန်သွင်းကုန် များအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးရာတွင် အထောက်အကူဖြစ်စေရေးနှင့်  စီးပွားဖြစ် တွက်ချေကိုက်မှု ရှိစေရေး (Commercialization) တို့အတွက် ပြည်တွင်းလုပ်ငန်းရှင်များနှင့် Joint Operation စနစ် ဖြင့် အကျိူးတူပူးပေါင်းဆောင်ရွက်ရန် စီစဉ်လျက်ရှိပါသည်။

          သို့ပါ၍ စိတ်ပါဝင်စားသည့် ကုမ္ပဏီများ အနေဖြင့် စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI) ပုံစံကို www.doca.gov.mm တွင် download ရယူ၍  ၂၀၂၆ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့ ရုံးချိန်အတွင်း  နောက်ဆုံးထား၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရုံးအမှတ် (၅၂)၊ နေပြည်တော်သို့ လိပ်မူ၍လည်းကောင်း၊ အီးမေးလ် itqmconsumer@gmail.com သို့လည်းကောင်း ပေးပို့လျှောက်ထားနိုင်ပါသည်။

စိတ်ဝင်စားမှုအဆိုပြုလွှာ (EOI)  နှင့်အတူပူးတွဲ တင်ပြရမည့်ကုမ္ပဏီဆိုင်ရာ အထောက်အထားများ

          (က) လုပ်ငန်းဆောင်ရွက်ရန် စိတ်ပါဝင်စားကြောင်းကို တိကျသေချာစွာ ဖော်ပြ၍ ဆောင်ရွက် မည့် လုပ်ငန်းစီမံချက် (Work Plan ၊ Budget Plan) နှင့်အတူ အကြောင်းကြားစာ

          (ခ)   သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်

          (ဂ)   အဆိုပြုကုမ္ပဏီသည် ပြည်တွင်းကုမ္ပဏီဖြစ်ရန်နှင့် နည်းပညာအရ ပူးပေါင်းဆောင်ရွက် မည့် ပြည်ပကုမ္ပဏီ ရှိပါက ယင်းကုမ္ပဏီ၏ အချက်အလက်များ (ပူးတွဲဖြင့် တင်ပြရန်)

          (ဃ) ရင်းနှီးမြှုပ်နှံလိုသည့်ကုမ္ပဏီ၏ လုပ်ငန်းအတွေ့အကြုံ (ပြည်တွင်းရှိ အစိုးရဌာန၊ အဖွဲ့ အစည်းနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိပါက ယင်းဌာန၊ လုပ်ငန်းအဖွဲ့ အစည်း၏ ထောက်ခံချက်၊ ပြည်ပတွင် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံရှိပါက ယင်း အထောက်အထားများကို ပူးတွဲဖြင့် တင်ပြရန်)

          (င)   ရင်းနှီးမြှုပ်နှံလိုသည့်ကုမ္ပဏီ၏ ဘဏ္ဍာရေးအခြေအနေနှင့်သက်ဆိုင်သည့် အထောက် အထားများ (ယခင် ၃ နှစ်အတွင်း လက်မှတ်ရ စာရင်းစစ်အဖွဲ့က စာရင်းစစ်ဆေးထား သည့် အစီရင်ခံစာ)

          (စ)   ကုမ္ပဏီနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ရန်အတွက် Contact Person အမည်၊ ရာထူး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ လိပ်စာ၊ ဖုန်းနံပါတ်နှင့် Email လိပ်စာ

                  (အသေးစိတ်သိရှိလိုပါက ဖုန်း-၀၆၇-၃၄၃၀၄၅၉၊ ၀၆၇-၃၄၃၀၅၁၀)

 

 

 

စားသုံးသူရေးရာဦးစီးဌာန

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးဦးဆောင်၍ ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းမုန့်စျေးတန်းအား ကွင်းဆင်းစစ်ဆေးခြင်း

          ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်နေ့၊ နေ့လယ် (၁၁း၃၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသ ကြီးစားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဦးဆောင်၍ ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမုန့်စျေးတန်းအား ကွင်းဆင်းစစ်ဆေးခဲ့ရာ ကော်မတီဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်များမှ လိုက်ပါကွင်းဆင်းစစ်‌ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ကျောင်းသား/ ကျောင်းသူများ ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များအား ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် ကော်မတီဥက္ကဋ္ဌမှဦးဆောင်၍ ကျောင်းမုန့်စျေးတန်းများအတွင်း‌ ကုန်အညွှန်းအမှတ်အသားများမပါရှိသော အသင့်စားမုန့်အမျိုးမျိုး၊ FDA မှ ကန့်သတ်တားမြစ်ထားသော မုန့်များနှင့် စားသုံးပါက အန္တရာယ်ဖြစ်စေမည့် မုန့်များအား ‌ရောင်းချနေမှုများ ရှိ/ မရှိ၊ သက်ဆိုင်ရာဌာနများမှ ကန့်သတ်ထားသော ကုန်စည်များအား ရောင်းချခြင်းများ ရှိ/ မရှိ၊ အစားအသောက်ရောင်းချသူများ တစ်ကိုယ်ရည်သန့်ရှင်းသပ်ရပ်မှုများ ရှိ/ မရှိများအား ကော်မတီအဖွဲ့ဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးနှင့် တကွ သက်ဆိုင်ရာတာဝန်ရှိသူများအား လမ်းညွှန်မှာကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့၊ အင်းလေးမြိုင်စက်မှုဇုန်ရှိ စက်ရုံများအား ကွင်းဆင်းလေ့လာခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ပပို့ကုန်ကဏ္ဍသည် အဓိကကျသော အခန်းကဏ္ဍမှပါဝင်လျက်ရှိပြီး ပြည်တွင်းစက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရး၊ နိုင်ငံတကာစျေးကွက်သို့ အရည်အသွေးမီ ထုတ်ကုန်များ ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန်နှင့် ပြည်ပပို့ကုန် ကဏ္ဍတွင်ကြုံတွေ့နေရသော အခက်အခဲများကို ထိရောက်စွာ ဖြေရှင်းပေးနိုင်ရန်အတွက် စီမံချက်များချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ စက်မှုဇုန်များရှိ စက်ရုံများ၏ အမှန်တကယ်လုပ်ငန်းလည်ပတ်မှု (လည်ပတ်/ ရပ်နား) အခြေအနေများအား စစ်ဆေးခြင်းများအား စစ်ဆေးခြင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

         သို့ဖြစ်ပါ၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ၊ ၂၆ ရက်နေ့၊ (၁၃း၃၀) နာရီအချိန်တွင် မြိတ်မြို့၊ အင်းလေးမြိုင် စက်မှုဇုန်ရှိ RU၊ လောင်းလုံဘရားသား အအေးခန်းနှင့် BMB ကွမ်းသီးပြုတ် ခြောက်စက်ရုံများအားကွင်းဆင်းပြီး လုပ်ငန်းများ၏ တစ်ရက်ကုန်ကြမ်းသုံးစွဲမှု၊ ကုန်ချောထုတ်လုပ်မှုနှင့် လုပ်ငန်းရှင်များ၏ ကြုံတွေ့နေရသောအခက်အခဲများအား စုံစမ်းလေ့လာခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ဦးစားပေးဝန်ဆောင်မှုကဏ္ဍ(၃)ရပ်မှ ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍအား စစ်ဆေးခြင်း

        ၂၀၂၆  ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့၊ နေလယ် (၁၄း၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံး၊ မြိတ်မြို့မှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဦးစားပေးဝန်ဆောင်မှုကဏ္ဍ(၃) ရပ်မှ သြဂုတ်လမှ နိုဝင်ဘာလအတွင်း စစ်ဆေးဆောင်ရွက်ရမည့် ဆက်သွယ်ရေးဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ မြိတ်မြို့ရှိ ATOM ဆက်သွယ်ရေးအော်ပရေတာ ကိုယ်စားလှယ်အား မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

       အဆိုပါ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ပတ်သက်၍ စစ်ဆေးရာတွင် လိုင်းပြတ်တောက်မှုများအား အချိန်မီပြုပြင်ပေးမှု အခြေအနေများ၊ အင်တာနက်လိုင်းအားမကောင်းခြင်းနှင့် အခြားဝန်ဆောင်မှုများအား အပြည့်အဝပေးခြင်းများ ရှိ/ မရှိ၊ လစဉ်ကြေးပေးဆောင်ပြီးသော်လည်း လိုင်းပြန် လည်ဖွင့်လှစ်(သို့)ပြန်လည်လာရောက်တပ်ဆင်ပေးမှုများနှင့် ပတ်သတ်သည့် ကိစ္စရပ်များ၊ အသုံးမပြုသည့် ဝန်ဆောင်မှုများအတွက် ဘေလ်ဖြတ်တောက်ခြင်း၊ Pointများနှင့်ဒေတာလဲလှယ်ပြီးသော်လည်း ဖုန်းဘေလ်အတွင်းမှ ဖြတ်တောက်ခြင်း၊ စာချုပ်ပါအတိုင်း ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အပြည့်အဝပေးနိုင်ခြင်းများ ရှိ/မရှိ၊ ဆင်းမ်ကတ်အား မိမိအမည်ဖြင့်မှတ်ပုံတင်ထားသော်လည်း အခြားသူအမည်ပေါက်နေခြင်းများ မရှိစေရေး၊ ဝန်ထမ်းများမှ စားသုံသူများအပေါ် စိတ်ကျေနပ်မှုရရှိအောင် ဆက်ဆံ၍ ဝန်ဆောင်မှုပေးနိုင်ရေးများနှင့် စပ်လျဉ်း၍ စစ်ဆေးဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဆွေးနွေးခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် Consumer Packaging ဆန်များအား စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး ပူးပေါင်းစစ်ဆေးရေးအဖွဲ့များဖြင့်စစ်ဆေးခြင်း 

       မြိတ်ခရိုင်အတွင်း Consumer Packaging ဆန်များအား စျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက်စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် ခရိုင် ကုန်‌စျေးနှုန်းတည်ငြိမ်ရေး အဖွဲ့ဝင်များဖြစ်ကြသော ဗဟိုစာရင်းအင်းအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနတို့သည် ၂၀၂၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့၊ နံနက် (၁၀း၀၀) နာရီအချိန်တွင် ထားဝယ်စုရပ်ရှိ ဆန်ဆိုင်နှင့် ကမ်းနားလမ်းမကြီးရှိ Market Garden Shopping Center တို့တွင်ရောင်းချလက်ရှိသော Consumer Packaging ဆန်များနှင့် ဆန်စျေးနှုန်းအခြေအနေများမြှင့်တင်ရောင်းချမှုများ ရှိ/ မရှိ စစ်ဆေးခြင်းအား ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

      အဆိုပါ စိစစ်ကြပ်မတ်စစ်ဆေးဆောင်ရွက်ရာတွင် မြိတ်မြို့အတွင်းရောင်းချနေသော ဆန်ဈေးနှုန်းများအား သတ်မှတ်ထုတ်ပြန်ထားသည့် ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်း ရှိ/ မရှိ၊ အလေးချိန်နှင့် အချိန်အတွယ်မှန်ကန်မှုရှိစေရေးနှင့် ဈေးကွက်/ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားရှိခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများ ရှိ/ မရှိ စသည်တို့အား စစ်ဆေးဆောင်ရွက်ခဲ့ရာ သတ်မှတ်ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ ရောင်းချလျှက်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ရှိ စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာနသည် ဒေသတွင်းစားသုံးဆီများ ဖူလုံစေရေး ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်မှ စားအုန်းဆီသတ်မှတ်ရည်ညွှန်းဈေးနှုန်းများချမှတ်ပေးလျက်ရှိရာ ၂၀၂၆ ခုနှစ်၊ သြဂုတ်လ၊ ၂၅ ရက်နေ့၊ နံနက် ၀၉း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဉီးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနတို့ဖြင့်ပူးပေါင်း၍ ထားဝယ်စုရပ်နှင့် ရေပုန်းရပ်ရှိ စားအုန်းဆီအရောင်းဆိုင်တွင် စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနေခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့အတွင်း စားအုန်းဆီရောင်းချနေသော အရောင်းဆိုင်များ၌ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဗီနိုင်းများကပ်၍ရောင်းချနေကြောင်း ရှိ/ မရှိ၊ သတ်မှတ်ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များနှင့်အညီ ခွဲဝေရောင်းချပေးနေမှုများ ရှိ/မရှိ၊ အလေးချိန်/အချိန်အတွယ် မှန်ကန်စွာ ချိန်တွယ်ရောင်းချနေမှုများ ရှိ/မရှိ စစ်ဆေးခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းမျိုးမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့အတွင်း ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          ၂၀၂၆  ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့၊ နံနက် (၀၉း၀၀) နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့်  ဝန်ထမ်းများသည် ခရိုင်ကုန်စျေးနှုန်း တည်ငြိမ်‌‌‌ရေးအဖွဲ့ဝင်ဌာနဆိုင်ရာများဖြစ်ကြသော စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဉီးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ စည်ပင်သာယာရေးအဖွဲ့စသည့် ဌာနဆိုင်ရာများပူးပေါင်း၍ မြိတ်မြို့၊ ထားဝယ်စု(ဘီ)လမ်းရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် ဒေသတွင်း ဆေးစျေးနှုန်းများ တည်ငြိမ်စေ‌ရေးအတွက် ဆေးဆိုင်များတွင် ရောင်းချနေသော ဆေးစျေးနှုန်းများမှာ သင့်တင့်မျှတသော စျေးနှုန်းများဖြင့် ရောင်းချနေမှုများ ရှိ/ မရှိ၊ စျေးကွက်အတွင်းဆေးဝါးများ ပြတ်လက်မှုများ ရှိ/ မရှိနှင့် သက်ဆိုင်ရာထောက်ခံချက်များမပါရှိသည့် တရားမဝင်ဆေးဝါးများနှင့် သက်တမ်းကုန်လွန်သော ဆေးဝါးများနှင့် ဆေးပစ္စည်းများရောင်းချနေမှု ရှိ/ မရှိ ဝိသမလောဘဖြင့် သိုလှောင်ထားရှိမှုများရှိ/ မရှိနှင့် ဆရာဝန်ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါးများတွင် ကုန်အညွှန်းအမှတ်အသားပါရှိမှုများ ရှိ/ မရှိ စစ်ဆေးခြင်း၊ ဆေးဝါးရောင်းချခွင့်လိုင်စင်များ ရှိ/ မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မင်္ဂလာတောင်ညွန့်မြို့နယ်၊ One Stop Mart တွင်လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းများ၏ ဈေးနှုန်းအခြေအနေအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးမောင်ကျော်မြင့်(ဒု-ခရိုင်ဦးစီးမှူး)နှင့် ဝန်ထမ်းများသည် ၁၈.၈..၂၀၂၆ ရက်နေ့၊ နေ့လယ်(၁၄:၀၀) နာရီအချိန်တွင် မင်္ဂလာတောင်ညွန့်မြို့နယ်၊ One Stop Mart အတွင်းရှိလူသုံးကုန်နှင့် စားသောက်ကုန်ပစ္စည်းများ ၏ ဈေးနှုန်း/ဈေးကွက်အခြေအနေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

         ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဦးမောင်ကျော်မြင့်(ဒု-ခရိုင်ဦးစီးမှူး)က ထိုင်းနိုင်ငံမှတင်သွင်းသည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများနှင့်ပတ်သက်၍ ဈေးနှုန်းမြှင့် တက်မှုရှိ/မရှိ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ကုန်စ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိစစ်ဆေးခဲ့ပြီး လုပ်ငန်းရှင်များအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ ၊ အခန်း(၁၈)ပါ ကုန်ညွှန်းအမှတ် အသားဖော်ပြခြင်းနှင့်စပ်လျဉ်၍ မည်သည့်စီးပွားရေးလုပ်ငန်းရှင်မဆိုပုဒ်မခွဲ (ခ)၊(ဂ) နှင့် (ဆ)တို့ ပါအချက်များကို ကုန်အညွှန်းအမှတ်သားဖော်ပြရာတွင် မြန်မာဘာသာဖြစ်၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့)တစ်ခုထက်ပို၍တွဲလျှက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ထားသည့် ဥပဒေညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေးပြော ကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

သောက်ရေသန့်ထုတ်လုပ်သည့်လုပ်ငန်းများသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

           စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး)နှင့် ဝန်ထမ်းများသည် သာကေတမြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတို့ပူးပေါင်း၍ သာကေတမြို့နယ်ရှိ  သောက်ရေသန့်ထုတ်လုပ်သည့်လုပ်ငန်းများသို့ (၁၈.၈.၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀) နာရီအချိန်တွင် ဈေးကွက်မရောက်မီ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

       ထိုသို့ဆောင်ရွက်တွင် ဒေါ်မိုးမိုးကြည် (ဌာနခွဲစာရေး)က စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာသောက်သုံးနိုင်ရန်၊  ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရန်၊ ပတ်ဝန်းကျင်သန့်ရှင်းမှုတို့ကို အလေးထားဆောင်ရွက်ရန်နှင့် သက်ဆိုင်ရာဌာနများ၏ စီးပွားရေးလုပ်ငန်းရှင်များ အား ပစ္စည်းများ၏ ထုတ်ပိုးမှုအပြင်အဆင်ပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း(၁၈) ၌ပါရှိသည့် ကုန်အညွှန်းအမှတ်အသားများ ပြည်စုံစွာပါရှိစေရန် အသိပညာပေးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့နောက်စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို လိုက်နာဆောင်ရွက်ရန် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရမည့်အချက်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ စားသုံးသူသည်ကုန်စည်ကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တာဝန်ရှိမှုအခြေအနေများနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ် အကြောင်းတို့အား  အသိပညာပေးဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

ရည်ညွှန်းဈေးနှင့် ဆီများရောင်းချမှုရှိစေရန် ကွင်းဆင်းကြပ်မတ် အသိပညာပေးမှုဆောင်ရွက်ချက်များ

         စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ(၂)ဦး နှင့် ဝန်ထမ်း(၂) ဦးတို့သည် မရမ်းကုန်းမြို့နယ်အတွင်းရှိ ဦးကျော်မင်း (ဆီဆိုင်) နှင့် ဒေါ်ရီရိထွေး (ကုန်စုံဆိုင်) တို့အား ဈေးတာဝန်ခံတို့နှင့်ပူးပေါင်းပြီး ဆီရောင်းချမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးအသိပညာပေးမှုအား ၂၀.၈.၂၀၂၆ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းအသိပညာပေးမှုများအား ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

        ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ဆီဆိုင်များမှရောင်းချနေသော ဆီများသည် သတ်မှတ်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချခြင်း ရှိ/ မရှိနှင့် ဆီဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရန် စစ်ဆေးခဲ့ကြပြီး ရောင်းချနေသော ဆီကိုယ်စားလှယ်များအား ဈေးတင်ရောင်းချပါက အရေးယူခံရမည်ဖြစ်ကြောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - HighLight News