Main menu

ဖြေရှင်းဆောင်ရွက်ပေးမှုများ

Powered by Drupal

ပညာရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

      ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် ပညာရေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခု၏ Global Education တွင် တက်ရောက်ရန် Downpayment ငွေကျပ်(၁၀)သိန်း ပေးသွင်းခဲ့ ပြီး ကိုယ်ရေးကိုယ်တာကိစ္စများကြောင့်  ကျောင်းမတက်ဖြစ် သောကြောင့် ပေးသွင်းထားသည့် Downpayment ငွေအား ပြန် လည်တောင်းခံရာ ပေးအပ်ခြင်းမရှိသောကြောင့် စားသုံးသူရေး ရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် တိုင် ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား ခံရသည့် ပညာရေးဝန်ဆောင်မှုကုမ္ပဏီတစ်ခု၏ Global Education မှ တာဝန်ရှိသူများထံ အကြောင်း ကြားဆောင်ရွက်ခဲ့ရာ ပညာရေးဝန်ဆောင်မှုကုမ္ပဏီအနေဖြင့် ကျောင်းအပ်နှံသည့်အချိန်ကတည်းက ကျောင်းအပ်နှံငွေသွင်းပြေစာတွင် ကျောင်းတက်ရောက်နိုင်ခြင်းမရှိပါက ပေးသွင်းငွေအား ပြန်လည် ထုတ်ပေးမည်မဟုတ်ကြောင်းပါရှိသော်လည်း ဌာန၏ညှိနှိုင်းမှုကို အလေးထားသည့်အနေဖြင့် ပညာရေး ဝန်ဆောင်မှုကုမ္ပဏီမှ Opertion Management Group ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ ကျောင်း အပ်နှံပေးသွင်းငွေကျပ် (၁၀)သိန်းအား AYA Pay ဖြင့် တိုင်ကြားသူထံ လွှဲပြောင်းပေးပို့ပြီးဖြစ်ပါ ကြောင်း အကြောင်းပြန်ကြားလာပါသည်။ တိုင်ကြားသူမှလည်း ဌာနသို့ဆက်သွယ်၍ ကျောင်းဘက်မှ ပေးအပ်သည့် ငွေလက်ခံရရှိသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းလိုကြောင်း ပြောကြားလာသဖြင့် တိုင်ကြားမှုအား စေ့စပ်ညှိနှိုင်းပေးသဖြင့် ငွေပြန်လည်ရရှိစေခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

 

ကားအပိုပစ္စည်းဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

       ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နေ တိုင် ကြားသူတစ်ဦးသည် ကားအပိုပစ္စည်းအရောင်းဆိုင်မှ ပုဇင်း ခေါင်းဂီယာဘောက်အား ငွေကျပ် ၃,၂၇၀,၀၀၀/-ဖြင့် ဝယ်ယူခဲ့ ရာ ဝယ်ယူစဉ်က ဂီယာ‌ဘောက်မှာ ၎င်း၏ မော်တော်ယာဉ်နှင့် ကိုက်ညီမှုမရှိပါက ဆိုင်သို့ ပြန်လည်ပေးအပ်၍ ရ/မရ မေးမြန်း ချိန်တွင် ပေးအပ်၍ရကြောင်း ပြောကြားခဲ့ပြီး  ဝယ်ယူပြီး နောက် ဂီယာဘောက်မှာ ၎င်း၏ မော်တော်ယာဉ်တွင် အသုံးပြု၍မရသောကြောင့် ဆိုင်သို့သွားရောက် ပေးအပ်ရာ ဂီယာဘောက်တန်ဖိုး၏ တစ်ချို့တစ်ဝက်သာ ပြန်လည်ပေးအပ်သောကြောင့် စားသုံးသူ ရေးရာ ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ လူကိုယ်တိုင်လာရောက် တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား ခံရသည့် ကားအပိုပစ္စည်းအရောင်းဆိုင်မှ တာဝန်ရှိသူများထံ အကြောင်းကြားဆောင်ရွက်ခဲ့ရာ တိုင် ကြားသူမှ ဌာနသို့ လူကိုယ်တိုင်လာရောက်၍ ဆိုင်ပိုင်ရှင်က ကျန်ငွေကျပ် ၂,၂၇၀,၀၀၀/-ကို ပြန်လည် ပေးအပ်ခဲ့သဖြင့် ၎င်းအနေဖြင့် ကျေနပ်မှုရှိသောကြောင့် တိုင်ကြားမှုကို ပိတ်သိမ်းလိုကြောင်းနှင့် ဌာန အနေဖြင့် ယခုကဲ့သို့ဆောင်ရွက်ပေးမှုအပေါ် ကျေဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ကားအပို ပစ္စည်းအရောင်းဆိုင်မှလည်း တိုင်ကြားသူထံ ငွေအပြည့် ပြန်အမ်းပေးပြီးဖြစ်ပါကြောင်း ဌာနသို့ အကြောင်းပြန်ကြားလာသဖြင့် တိုင်ကြားမှုအား ပိတ်သိမ်းဆောင်ရွက်ခဲ့သည်။

အင်တာနက်လိုင်းဝန်ဆောင်နှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

      ရန်ကုန်တိုင်းဒေသကြီးနေ တိုင်ကြားသူတစ်ဦးသည် အင်တာ နက်ကုမ္ပဏီတစ်ခု၏ အင်တာနက်လိုင်း ပြတ်တောက်နေသော ကြောင့် Customer Service သို့ ဖုန်းဆက် အကြောင်းကြားခဲ့သော် လည်း လာရောက်ပြင်ဆင်ပေးခြင်းမရှိသောကြောင့် စားသုံးသူရေး ရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် တိုင် ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှ တာဝန်ရှိသူများက တိုင်ကြား ခံရသည့် အင်တာနက်ကုမ္ပဏီမှ တာဝန်ရှိသူများထံ အကြောင်းကြားဆောင်ရွက်ခဲ့ရာ ကုမ္ပဏီမှ တာဝန်ရှိသူများအနေဖြင့်  အင်တာနက်လိုင်း ပြတ်တောက်ရခြင်းအား စစ်ဆေးခဲ့ပြီး တိုင်ကြားသူ၏ အိမ်သို့သွယ်တန်းထားသော ဖိုင်ဘာကြိုးချိတ်ဆက်ထားသည့် Fiber Access Terminal (FAT) Box နှင့် အဆိုပါ FAT သို့ ချိတ်ဆက်ထားသည့် Fiber Distribution Terminal (FDT) Box မှာ ချို့ယွင်း ပျက်စီးနေသဖြင့် FAT နှင့် FDT Box အသစ်များ တပ်ဆင်ခြင်းနှင့် ပြန်လည်ချိတ်ဆက်ခြင်း လုပ်ငန်း စဉ်များကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နေစဉ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှု များရှိသဖြင့် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့ပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ ပြီးစီးသည်နှင့်တစ်ပြိုင် နက် မူလအတိုင်း ဝန်ဆောင်မှုပြန်လည်ရရှိရေးအတွက် ချက်ချင်းပြုပြင်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ အင်တာနက် အသုံးမပြုခဲ့ရသောရက်များအတွက် Compensation အဖြစ် လစဉ်ကြေး(၁)လစာ လျှော့၍ ကောက်ခံပေးခဲ့မှုအပေါ် တိုင်ကြားသူမှကျေနပ်မှုရှိပါကြောင်း အကြောင်းပြန်ကြားလာ သဖြင့်  တိုင်ကြားမှုအား  ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

အွန်လိုင်းမှတစ်ဆင့်ဆုံလည်ခုံဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

      မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နေ တိုင် ကြားသူတစ်ဦးသည် Online Shop တစ်ခုထံမှ ဆုံလည်ခုံ (၄)လုံးကို စရံငွေကျပ် ၅၄၀,၀၀၀/-ပေး၍မှာယူခဲ့ရာ (၅)လကျော်ကြာသည့် အထိ ပို့ဆောင်ပေးခြင်းမရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာန ၏ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးသို့ လူကိုယ်တိုင်လာရောက် တိုင်ကြားလာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြား ခံရသည့် Online Shop သို့ ဆက်သွယ်၍ တိုင်ကြားသူ၏ စရံငွေအား ပြန်လည်ပေးလျော်သွားရန် ပြော ကြားခဲ့ရာ ပေးလျော်သွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သော်လည်းထပ်မံဆက်သွယ်ရာတွင် လက်ခံဖြေကြားခြင်းမရှိသည့်အတွက် တိုင်ကြားခံရသည့် စီးပွားရေးလုပ်ငန်းရှင် တည်ရှိနေသည့် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်လျောက်ထား ရယူထားခြင်းရှိမရှိနှင့် စရံငွေပြန်လည်ပေးလျော်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးရန် အကြောင်းကြား ဆောင်ရွက်နေစဉ်အတွင်း Online Shop မှ မန္တလေးတိုင်း‌ဒေသကြီးဦးစီးမှူးရုံးသို့ ဆက်သွယ်၍ တိုင် ကြားသူအား စရံငွေကျပ် ၅၄၀,၀၀၀/-ကို ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားလာပါသည်။ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း မှတ်ပုံတင်လျှောက်ထားဆဲဖြစ်ကြောင်းလည်း စိစစ်တွေ့ရှိရ သဖြင့် ဌာနမှတာဝန်ရှိသူများက တိုင်ကြားသူထံ ဆက်သွယ်မေးမြန်းရာ စရံငွေပြန်လည်လွှဲပေးပြီး ဖြစ်၍ ကျေနပ်မှုရှိပါသောကြောင့် တိုင်ကြားမှုပိတ်သိမ်းလိုကြောင်း ပြောကြားလာသဖြင့် တိုင်ကြားမှု ကို ပိတ်သိမ်းဆောင်ရွက်ခဲ့ပါသည်။

Power Bank ဝယ်ယူခြင်းနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

     ရန်ကုန်တိုင်းဒေသကြီး၊ ပုဇွန်တောင်မြို့နယ်နေ တိုင်ကြားသူ တစ်ဦးသည် ဖုန်းအပိုပစ္စည်းအရောင်းဆိုင်တစ်ခုမှ Power Bank ဝယ်ယူရာ အသုံးပြု၍မရသောကြောင့် ဆိုင်သို့ ပြန်လည်ပြသရာ ဆိုင်မှ Power Bank အား ကြည့်ရှုပေးမည်ဆိုကာ အခြား Power Bank အမျိုးအစားဖြင့် လဲလှယ်ယူဆောင်ခိုင်း ပါကြောင်း၊ ၎င်းအနေ ဖြင့် ပစ္စည်းလဲလှယ်လိုခြင်းမရှိသဖြင့် ပြန်အမ်းငွေအား ရယူလို ကြောင်းပြောကြားသော်လည်း ဆိုင်မှ အခြားအမျိုးအစားသာ ယူ ဆောင်ခိုင်းသောကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့် တိုင်ကြားလာပါသည်။

 ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။   တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက  တိုင်ကြား ခံရသည့် ဖုန်းအပိုပစ္စည်းအရောင်းဆိုင်မှ တာဝန်ရှိသူများထံ အကြောင်းကြားဆောင်ရွက်ခဲ့မှုအပေါ် ဆိုင်မှ တာဝန်ရှိသူများက  တိုင်ကြားသူအား ဆက်သွယ်၍ Power Bank တန်ဖိုး ငွေကျပ် ၁၆၁,၅၀ဝ/- အား Refund ပြန်ပေးခဲ့ပါကြောင်း အကြောင်းပြန်ကြားလာသဖြင့် ဌာနမှတာဝန်ရှိသူများက တိုင်ကြား သူထံ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းခဲ့ရာ ငွေလက်ခံရရှိကြောင်း ပြောကြားခံပြီး စိတ်ကျေနပ်မှုရှိပါ သောကြာင့်၊ စားသုံးသူကာကွယ်ရေးဥပဒေအရ စေ့စပ်ညှိနှိုင်းပေးခြင်းဖြင့် ငွေပြန်လည်ရရှိစေခြင်း ဖြင့် တိုင်ကြားမှုအား ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

Expired Date အလွန်နီးကပ်နေသည့် ရေဆူဆေးပြားဝယ်ယူမိခြင်းကြောင့် ပြန်လည်လဲလှယ်လိုကြောင်း တိုင်ကြားခြင်း

     တောင်ကြီးမြို့နေ စားသုံးသူတစ်ဦးသည် တောင်ကြီးမြို့ပေါ်ရှိ ဆေးဆိုင်တစ်ဆိုင်မှရေဆူ ဆေးပြားဝယ်ယူခဲ့ရာတွင် အဖြူဖတ်ထွက်ကာ ရေတွင်အကုန်မပျော်ဝင်ခြင်း၊ Expired Date လွန်ရန် (၂)ရက်အလိုဆေးဝါးဖြစ်ခြင်းနှင့်ဆေးဆိုင်သို့ ဆက်သွယ်မေးမြန်းရာတွင်ပြန်လည်ဆက်သွယ် ပေးမည်ဟုပြောသော်လည်း ပြန်လည်ဆက်သွယ်လာခြင်းမရှိသောကြောင့် ပြန်လည်အစားထိုးပေး စေလိုကြောင်း  စားသုံးသူရေးရာဦးစီးဌာန၏ Website  Complaint Systemသို့( ၂၄.၈.၂၀၂၆) ရက်နေ့ တွင် ဆက်သွယ်တိုင်ကြားလာပါသည်။

        တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် တိုင်ကြားသူထံ ဆက်သွယ်မေးမြန်းခဲ့ရာ (၂၂.၈.၂၀၂၆) ရက်နေ့တွင် ဆေးဆိုင်မှ ရေဆူဆေးပြားဝယ်ယူ ခဲ့ရာ အဖြူဖတ်ထွက်ကာ ရေတွင်အကုန်မပျော်ဝင်ခြင်း၊ Expired Date လွန်ရန် (၂)ရက်အလို ဆေးဝါးဖြစ်ခြင်းနှင့် ဆေးဆိုင်သို့ ဆက်သွယ်မေးမြန်းရာတွင်ပြန်လည်ဆက်သွယ်ပေးမည်ဟုပြော သော်လည်း ပြန်လည်ဆက်သွယ်လာခြင်း မရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာန၏ Website  Complaint Systemသို့( ၂၄.၈.၂၀၂၆ ) ရက်နေ့ တိုင်ကြားရခြင်းဖြစ်ပြီး၊ (၂၆.၈.၂၀၂၆)ရက်နေ့တွင် စီးပွားရေးလုပ်ငန်းရှင်ဘက်မှ ပြန်လည်ဆက်သွယ်ကာ ရေဆူဆေးပြားများအား ပြန်လည်အစားထိုး လဲလှယ်ပေးခဲ့ခြင်းကြောင့်  တိုင်ကြားသူဘက်မှ ကျေနပ်လက်ခံမှုရှိပြီး အမှုပိတ်သိမ်းလိုကြောင်း ပြန်လည်ဖြေကြားခဲ့သဖြင့် တိုင်ကြားမှုအား ပိတ်သိမ်းခဲ့ပြီး မှတ်တမ်းတင်ထားရှိခွင့်အား ကော်မတီ ဥက္ကဋ္ဌထံသို့ တင်ပြခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့ပြီးဖြစ်ပါ၍ အမှုအားပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

Wifi ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူတိုင်ကြားမှုအား ညှိနှိုင်းဖြေရှင်း

     တောင်ကြီးမြို့ စားသုံးသူတစ်ဦးသည် Wifi ဝန်ဆောင်မှုနှင့်ပတ်သက်၍ သတ်မှတ် ရက်မတိုင်မှီ အင်တာနက်ဖြတ်တောက်ခံရခြင်းအတွက် နစ်နာဆုံးရှုံးမှုရှိကြောင်း  စားသုံးသူရေးရာ ဦးစီးဌာန၊ စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံဆောင်ရွက်ရေး စင်တာ(CICC)သို့ (၁၀.၈.၂၀၂၆) ရက်နေ့တွင် လူကိုယ်တိုင် လာရောက်တိုင်ကြားခဲ့ပါသည်။

                တိုင်ကြားမှုနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာန အနေဖြင့်  တောင်ကြီးမြို့ရှိ Wifi ဝန်ဆောင်မှုမှ တာဝန်ရှိသူနှင့်တိုင်ကြားသူအား(၁၁.၈.၂၀၂၆) ရက်နေ့ နံနက်(၁၀း၀၀) နာရီတွင် ရှမ်းပြည်နယ် စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူးရုံးသို့ ခေါ်ယူတွေ့ဆုံညှိနှိုင်းပေးခဲ့ရာ Wifi မှ တာဝန်ရှိသူကအင်တာနက်ဖြတ်တောက် ခံရခြင်းကိစ္စသည် ဝန်ဆောင်မှုပြောင်းလဲရယူလိုက်ခြင်း ကြောင့် သတ်မှတ်ရက်နှင့်ကွာဟသွားရခြင်းဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်ကို   စားသုံးသူနားလည် စေရန် မိမိတို့၏ဝန်ထမ်းမှ သေချာစွာ ရှင်းလင်းပြောပြ‌ပေး နိုင်ခဲ့ခြင်းမရှိသည့်အတွက် စားသုံးသူနစ်နာမှု ပေါ်ပေါက်ခဲ့ရပါကြောင်း၊ အဆိုပါနစ်နာမှုအတွက် မိမိတို့ ကုမ္ပဏီဘက်မှ စားသုံးသူကျေနပ်သည်အထိ ပြန်လည်ဖြည့်ဆည်း ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းပြောကြားခဲ့ပါ သည်။

                တိုင်ကြားသူဘက်မှလည်း ၎င်းနစ်နာခဲ့သော ရက်ပေါင်း (၃)ရက်ကိုသာ အစားထိုးပြန် လည်ပေးအပ်မည်ဆိုပါက ကျေနပ်မှုရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သဖြင့်  စားသုံးသူရေးရာဦးစီး ဌာန ၊စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC) အနေဖြင့် စီးပွား‌ရေးလုပ်ငန်းရှင်ဘက်မှ စားသုံးသူနစ်နာခဲ့သော ရက်ပေါင်း(၃)ရက်အား အစားထိုးပေးခဲ့သဖြင့်  တိုင်ကြားသူဘက်မှလည်း ကျေနပ်လက်ခံခဲ့ပြီး အမှုကိုပိတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ရှမ်း)

အင်တာနက်ဝန်ဆောင်မှုနှင့်ပတ်သတ်၍ တိုင်ကြားလာမှုအပေါ် ဖြေရှင်းပေးမှုအခြေအနေ

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ သုခတော်ဝင်အိမ်ရာနေ တိုင်ကြားသူတစ်ဦး သည် 5BB Internet Boardband အား စတင်တပ်ဆင်ကတည်းက ကောင်းစွာလိုင်းသုံး မရခြင်း၊ သစ်ပင်ခုတ်၍ လိုင်းပြတ်တောက်သည့် ရက်များအတွက် အစားထိုးပေးမည် ပြောသော်လည်း အစားထိုးပြန်လည်မပေးခြင်းနှင့် အိမ်သို့လာရောက်စစ်‌ပေးမည် ပြောသော် လည်း လာရောက်စစ်ပေးခြင်းမရှိသောကြောင့် စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးသို့  Website Complaint System မှတစ်ဆင့် တိုင်ကြား လာပါသည်။

ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။    တိုင်ကြားမှုနှင့်ပတ်သတ်၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိက တိုင်ကြားလာသူနှင့် တိုင်ကြားခံရသူ နှစ်ဦးအား ညှိနှိုင်းဖြေရှင်းပေးခဲ့ရာ တိုင်ကြားခံရသည့်လုပ်ငန်းရှင်ဘက်မှ အင်တာနက်လိုင်း ပြတ်တောက်ခဲ့သည့် နှစ်လစာအတွက် တစ်လစာလျော်ကြေးငွေကျပ် ၃၂၀၀၀ (ကျပ်သုံး သောင်းနှစ်ထောင်တိတိ) ကို ပြန်လည်ပေးလျော်စေခဲ့ပြီး တိုင်ကြားသူမှလည်း သဘောတူ ကျေနပ်လက်ခံ၍ တိုင်ကြားမှုအား ပိတ်သိမ်း ဆောင်ရွက်ခဲ့ပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

စက်သုံးဆီ Mileage ပိုရိုက်သဖြင့် တိုင်ကြားခြင်း

           မိတ္ထီလာခရိုင်၊မိတ္ထီလာမြို့နေ စားသုံးသူပြည်သူတစ်ဦးသည် ၎င်းပိုင်ဆိုင်သည့် Light Truck မော်တော်ယာဉ်ဖြင့် မိတ္ထီလာမှ ယင်းတော်ကျေးရွာသို့ ယာဉ်လိုင်းပြေးဆွဲလျှက်ရှိရာ မိတ္ထီလာမြို့ -------------- စက်သုံးဆီဆိုင်မှ (၁၃.၇.၂၀၂၆)ရက်နေ့တွင် ဆီထည့်ခဲ့ရာ ဆီထည့်သည့် Mile List No 900500ဖြစ်ပြီး (၂၁.၇.၂၀၂၆)ရက်နေ့တွင် ဆီထပ်မံသွားထည့်ခဲ့ရာ Mileage No 910000 ရိုက်ထည့်မှသာ ဆီထည့်လို့ရမည်ဖြစ်ကြောင်း ပြောဆို၍ ဆီထည့်ခဲ့ပါသည်။ ၎င်းမှာ --------- စက်သုံးဆီဆိုင်တွင်သာ ဆီထည့်ခြင်းဖြစ်ပြီး ဆီဆိုင်မှ Mileage များ ပိုမိုရိုက်ထားသဖြင့် မိမိမှာ တခြားစက်သုံးဆီဆိုင်တွင် ဆီထည့်လို့မရသဖြင့် Mileage အမှန်အတိုင်းဖြစ်စေရန် အတွက် လာရောက်တိုင်ကြားခြင်းဖြစ်ပါသည်။

          စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ အဆိုပါတိုင်ကြားမှုနှင့် စပ်လျဉ်း၍ တိုင်ကြားသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အား(၆.၈.၂၀၂၆)ရက်နေ့၊ နေ့လည်(၂:၃၀)အချိန်တွင် ခေါ်ယူ ဆွေးနွေးခဲ့ရာ  တိုင်ကြားမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်မှ  စက်သုံးဆီ Mileage ပိုသွား ရခြင်းမှာ Sofeware ပိုင်း Error ဖြစ်ခြင်းနှင့် ဆီထပ်မံထည့်လို့ရရန်အတွက် Kiloများ ညှိ၍ ထည့်ပေးရခြင်းဖြစ်သဖြင့် ယခုကဲ့သို့ Mileage များပိုသွားခြင်းဖြစ်ပါကြောင်းနှင့် မိမိတို့ ကုမ္ပဏီမှ တိုင်ကြားသူ၏ ကား Kilo Mileage အမှန်ရရှိရန်အတွက် PPRD နှင့်ချိတ်ဆက်၍ (၂၁.၈.၂၀၂၆) ရက်နေ့မတိုင်မီရရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် အဆင်မပြေ မှုများအတွက် စားသုံးသူအားအနူးအညွတ်တောင်းပန်ပါကြောင်း ဆွေးနွေးခဲ့ရာ စိတ်ကျေနပ် မှုရရှိသဖြင့် အမှုပိတ် သိမ်းဆောင်ရွက်ခဲ့ပါသည်။ (၁၇.၈.၂၀၂၆)ရက်နေ့တွင် စားသုံးသူမှ ၎င်း၏ မော်တော်ယာဉ် Mileage အမှန်ရရှိပါကြောင်း စားသုံးသူတစ်ယောက်အနေဖြင့် စိတ်ကျေနပ်မှု အပြည့်အဝရရှိပါကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)  

Wifi ဝန်ဆောင်မှုသုံးစွဲရာတွင် လိုင်းပြတ်တောက်ရက်များအတွက် အစားထိုးရက်များ တောင်း ဆိုရာတွင် အဆင်ပြေမှုမရှိသဖြင့် တိုင်ကြားခြင်း

           မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့၊ ကျီနီစက်မှုစံပြကျေးရွာနေ စားသုံးသူပြည်သူတစ်ဦးသည် ---------- Wifiကုမ္ပဏီ မှ အင်တာနက်(၆)လစာ (၃၃၁၂၀၀)ကျပ်ဖြင့် သုံးစွဲလျှက်ရှိသော်လည်း (၁)လမှ အဆင်မပြေကြောင်း၊ တခါတရံ (၃)ရက်၊(၅)ရက်၊(၁)ပတ် ပြတ်တောက်၍ Wifi ရုံးအား မေးမြန်းခဲ့ရာ လေမုန်တိုင်းလာလျှင် ပြတ်တောက်နိုင်ကြောင်းနှင့် ကြွက်၊ရှဉ့်များမှကြိုးအားကိုက်၍ ပြတ်တောက်နိုင်သည်ဟုဖြေကြားခဲ့ကြောင်း တိုင်ကြားသူ အနေဖြင့်ပျက်ရက်များအား (၁)လစာအစားထိုးပေးရန် တောင်းဆိုခဲ့ရာ Wifiရုံးမှပေးမည် ဖြစ် ကြောင်းဖြေကြားခဲ့သော်လည်း ဝန်ဆောင်မှုရယူထားသည့် (၆)လကုန်သွားပြီး (၁)လစာ အစား ထိုးမရခဲ့ပါကြောင်း၊ Wifi ရုံးအား ဖုန်းဆက်ပြောသော်လည်းမပေးနိုင်ကြောင်း ဖြေကြားခဲ့သဖြင့် ကျေနပ်မှုမရှိသဖြင့် ဖြေရှင်းဆောင်ရွက်ပေးပါရန် တိုင်ကြားလာပါသည်။ စားသုံးသူရေးရာဦးစီးဌာန၊မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ အဆိုပါတိုင်ကြားမှုနှင့် စပ်လျဉ်း၍ တိုင်ကြားသူနှင့် စီးပွားရေးလုပ်ငန်းရှင်တို့အား(၃.၈.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် ခေါ်ယူ ဆွေးနွေးခဲ့ရာ  တိုင်ကြားမှုဖြစ်စဉ်နှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်မှ  ယခုကိစ္စတွင် ကုမ္ပဏီ၏ လိုအပ်ချက်ဖြစ်ပါကြောင်း၊ နောက်နောင် ယခုထက်ပိုမို၍  ဝန်ဆောင်မှုများအား ပိုမိုအလေးထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ဖြစ်စဉ်နှင့်စပ်လျဉ်း၍ စားသုံးသူ တောင်းဆို သည့်အတိုင်း Wifi (1)လစာစားသုံးသူ၏ Wifiစက်သို့ ထည့်သွင်းပေးပြီးဖြစ်ပါကြောင်း ဆွေးနွေးခဲ့ပြီး စားသုံးသူဘက်မှလည်းသဘောတူညီမှုရရှိသဖြင့် တိုင်ကြားသူမှ ဖြေရှင်းပေးခဲ့မှု အပေါ် စိတ်ကျေနပ်မှုရရှိသဖြင့် စားသုံးသူကာကွယ်ရေးဥပဒေပုဒ်မ ၅၂(ဂ)ပါ “အစားထိုး ပေးစေခြင်း”အရ မှတ်တမ်းတင် အမှုပိတ်သိမ်းဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)  

 

Pages

Subscribe to RSS - ဖြေရှင်းဆောင်ရွက်ပေးမှုများ