Main menu

စစ်ကိုင်းတိုင်းဒေသကြီးတွင် တိုင်ကြားမှုနှင့် ပတ်သက်၍ ဖြေရှင်းဆောင်ရွက်ပေးမှုအခြေအနေ

Powered by Drupal

      စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့မှ တိုင်ကြားသူ သည် မန္တလေးမြို့ရှိ ကားပစ္စည်းနှင့်ထွန်စက်ပစ္စည်းဆိုင်မှ ပစ္စည်းများကို ကျပ်သိန်း (၃၇၀)ကျော်ဖိုး ဖုန်းဖြင့် မှာယူဝယ်ယူခဲ့ရာ ပစ္စည်းအချို့သာရရှိပြီး အကုန် မရရှိခဲ့မှုအပေါ် ဆိုင်ဘက်မှ ငွေပြန်အမ်း ပေးရန် သဘောတူညီခဲ့သော်လည်း အချိန်ကြာမြင့်စွာ အပြည့်အဝ ပြန်လည်ပေးချေခြင်းမရှိဘဲ  တစ်စိတ်တစ်ပိုင်းသာ လွှဲပေးခဲ့ခြင်း၊  ယနေ့ထိ ကျန်ငွေကျပ် (၁၇)သိန်း ကျော်ကို ဆိုင်သို့ အကြိမ်ကြိမ် ဆက်သွယ်တောင်းဆိုခဲ့သော်လည်း ထိရောက်သော ဖြေရှင်းပေးမှု မရှိသေးခြင်းတို့ကြောင့် ပြန်အမ်းငွေကို အမြန်ဆုံး ပြန်လည်ရရှိ နိုင်ရေး ကူညီ ဆောင်ရွက်ပေးပါရန် စားသုံးသူရေးရာဦးစီးဌာန Consumer Website သို့ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့တွင် တိုင်ကြားလာပါသည်။

                အဆိုပါ တိုင်ကြားမှုနှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်နိုင်ရန် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်ကြားသူနှင့်ချိတ်ဆက်၍ လိုအပ်သော ပြေစာအထောက်အထား များ တောင်းခံခြင်း၊  တိုင်ကြားခံရသည့် မန္တလေးမြို့ ကားပစ္စည်းနှင့်ထွန်စက်ပစ္စည်း ဆိုင်မှ တာဝန်ရှိသူနှင့် ဆက်သွယ်၍ တိုင်ကြားမှုဖြစ်စဉ်အား ရှင်းလင်းပြောကြား စေ့စပ်ညှိနှိုင်း ခြင်းတို့ ဆောင်ရွက်ခဲ့ရာ တိုင်ကြားခံရသူမှ ပြန်အမ်းရန်ကျန်ငွေ ကျပ်(၁၇)သိန်းကျော်အနက် ကျပ်(၁၀)သိန်းကို (၃.၇.၂၀၂၆)ရက်နေ့တွင် လွှဲပေးပြီးပါကြောင်း၊ ကျန်(၇)သိန်းကိုလည်း (၁၃.၇.၂၀၂၆) ရက်နေ့တွင် ငွေလွှဲဖြင့် လွှဲပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သဖြင့် (၁၄.၇.၂၀၂၆)ရက်နေ့တွင် တိုင်ကြားသူနှင့်ချိတ်ဆက်၍ ငွေလွှဲရောက်မရောက် မေးမြန်းခဲ့ရာ ငွေလွှဲရောက်ရှိပါကြောင်း၊   ဆိုင်ဘက်မှ ပြန်အမ်းငွေပေးရန် မရှိတော့ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ပေးသည့် စားသုံးသူရေးရာဦးစီးဌာနကိုလည်း အထူးကျေးဇူးတင်ရှိပါ ကြောင်းနှင့် တိုင်ကြားမှုပိတ်သိမ်းကြောင်းကိုလည်း ဌာနသို့ e-mail မှတစ်ဆင့် ပေးပို့လာပါသဖြင့် တိုင်ကြားမှုအား  ၂၀၂၆ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့တွင်  အမှုပိတ်သိမ်းပြီးဖြစ်ကြောင်း သတင်း ရရှိပါသည်။

DOCA(စစ်ကိုင်း)