
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်နေ တိုင်ကြားသူတစ်ဦး သည် Wifi ကုမ္ပဏီတစ်ခုမှ Internet ftth 20 Mbps အား (၃)လစာ ငွေကျပ် ၇၅,၀၀၀/-ဖြင့် ယူထားသော်လည်း 4 Mbps သာတက်ခြင်း၊ Call Center သို့ ၁၇-၃-၂၀၂၆ ရက်နေ့တွင် ပြောကြားရာ စက်အား ဖွင့်လိုက်/ ပိတ်လိုက် လုပ်ရန်ပြောကြားသော်လည်း အဆင်ပြေမှုမရှိပါသဖြင့် စား သုံးသူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့်တိုင်ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍စားသုံးသူရေးရာဦးစီးဌာန၊ ညောင်ဦး ခရိုင်တာဝန်ခံမှ တိုင်ကြားသူနှင့် လုပ်ငန်းရှင်တို့အား ၃-၄-၂၀၂၆ ရက်နေ့နှင့် ၁၀-၄-၂၀၂၆ ရက်နေ့ တို့တွင် ခေါ်ယူတွေ့ဆုံ၍ ညှိနှိုင်းဖြေရှင်းပေးခဲ့ရာ တိုင်ကြားခံရသည့် Wifi ကုမ္ပဏီမှ အင်တာနက် ဝန်ဆောင်မှုနှင့်ပတ်သက်၍ ကြိုတင်အသိပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အင်တာနက်လိုင်း ကျဆင်းမှုအတွက် လိုင်းများကောင်းမွန်စေရေး အထူးအလေးပေး ဆောင်ရွက်သွားမည်ဖြစ်၍ သုံးစွဲသူ နစ်နာမှု အတွက်ရက်(၃၀)စာ အစားထိုးပေးသွားမည်ဖြစ်ပါကြောင်း ဆွေးနွေးခဲ့မှုအပေါ် တိုင်ကြားသူ မှလည်း သဘောတူကျေနပ်လက်ခံပါသောကြောင့် တိုင်ကြားမှုအား စားသုံးသူကာကွယ်ရေးဥပဒေ အရ စေ့စပ်ညှိနှိုင်းပေးခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။
