
ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်နေ တိုင်ကြားသူတစ်ဦးသည် သွားဆေးခန်းတစ်ခုတွင် အံကပ်နှင့် သွားအစွပ် ပြုလုပ်ရာ ကျသင့်ငွေကျပ် ၁၇,၅၀၀,၀၀၀/- တွင် စရံငွေကျပ် ၅,၀၀၀,၀၀၀/- ပေးအပ်ပြီးနောက် အခြားဆေးခန်းများတွင် ဈေးနှုန်းစုံစမ်းခဲ့ရာ ဈေးနှုန်းများ အဆမတန်ကွာခြားမှုရှိနေသောကြောင့် အံကပ်နှင့် သွားအစွပ်ပြုလုပ်လိုခြင်းမရှိသဖြင့် စရံငွေပေး အပ်ထားသည့်အတွင်းမှ စမ်းသပ်ခနှုတ်ယူ၍ ကျန်ငွေများအား ပြန်လည်ရယူလိုသဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website Complaint System မှတစ်ဆင့်တိုင် ကြားလာပါသည်။
ဖြေရှင်းဆောင်ရွက်မှုအခြေအနေ။ တိုင်ကြားမှုနှင့်ပတ်သက်၍ ဌာနမှတာဝန်ရှိသူများက တိုင်ကြားခံရသည့် သွားဆေးခန်းမှတာဝန်ရှိသူများထံ အကြောင်းကြားဆောင်ရွက်ခဲ့ရာ ဆေးခန်းမှ တာဝန်ရှိသူ သည် တိုင်ကြားသူအား ဆက်သွယ်၍ ၎င်းပေးအပ်ခဲ့သည့် စရံငွေကျပ် ၅,၀၀၀,၀၀၀/- မှ စမ်းသပ်ခတန်ဖိုးနှင့် ကုန်ကြမ်းပစ္စည်းတန်ဖိုးအား နှုတ်ယူ၍ ကျန်ငွေကျပ် ၂,၈၀၀,၀၀၀/- အား Wave Pay ဖြင့် လွှဲပြောင်းပေးအပ်ခဲ့မှုအပေါ် တိုင်ကြားသူက ကျေနပ်လက်ခံပါကြောင်း အကြောင်းပြန် ကြားလာပါသည်။ တိုင်ကြားသူမှလည်း ဆေးခန်းမှပေးအပ်သည့်ငွေအား လက်ခံရရှိပါကြောင်း ဌာနသို့ ဆက်သွယ်ပြောကြားလာသဖြင့် တိုင်ကြားမှုအား စားသုံးသူကာကွယ်ရေးဥပဒေအရ စေ့စပ်ညှိနှိုင်းပေးခြင်းဖြင့် ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။
