ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့နယ်၌ ရောင်းချလျက်ရှိသည့် ဒန့်ဒလွန်သီးနှင့် ဒန့်ဒလွန်ရွက်

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု ၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေး လုပ်ငန်းများအပြင် ကန့်ဘလူခရိုင်အတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှု စသည့်သတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။

          မြန်မာလူမျိုးများသည် ဒန့်ဒလွန်သီး၊ ဒန့်ဒလွန်ရွက်တို့ကို နှစ်သက်စွာ ချက်ပြုတ်စားသောက် ကြကြောင်း၊ ဒန့်ဒလွန်တစ်ပင်လုံးသည် ကျန်းမာရေးအတွက်အကျိုးပြုသော အဟာရဓာတ်များစွာ ပါဝင်ကြောင်း၊ ဒန့်ဒလွန်ပင်ကို နေအိမ်ခြံဝင်းများ၌ စိုက်ပျိုးနိုင်သည့်အတွက် စားစရာဟင်းတစ်ခွက် အပြင် အသီး၊အရွက်တို့ကို ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိသည့်အတွက် စိုက်ပျိုးသင့် ကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ဒန့်ဒလွန်သီး (၁)စီးလျှင်(၅၀၀)ကျပ်၊ (၂)စီးလျှင်(၉၀၀)ကျပ်၊ ဒန့်ဒလွန်ရွက်(၁)စီးလျှင် (၃၀၀)ကျပ်နှင့် (၂)စီးလျှင် (၅၀၀)ကျပ်တို့ဖြင့် ရောင်းချရကြောင်း သိရှိရသည်။

DOCA(စစ်ကိုင်း)

         

ကန့်ဘလူမြို့မဈေးတွင် အနည်းငယ်မြင့်တက်လျက်ရှိသော အာလူးဈေးနှုန်း

        စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူ သုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန်များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

      စားသုံးသူများ နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိသည့် အာလူးသီးများကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှတဆင့် ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့နှင့် ကန့်ဘလူမြို့တို့ရှိ လက်လီ/လက္ကားဆိုင် များမှ ဖြန့်ဖြူးလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ် စက်တင်ဘာလ ပထမပတ်အတွင်း မြို့မဈေးတွင် ရောင်းချနေသော အာလူးသီးအလုံးကြီး ()ပိဿာလျှင် (၇၀၀၀)ကျပ်၊ အလုံးသေး()ပိဿာလျှင် (၆၅၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ အာလူးသီးကို အစားအသောက် ချက်ပြုတ်ရာ၌လည်းကောင်း၊  အာလူးကြော်ပြုလုပ်ရာ၌လည်းကောင်း၊ စမူဆာပြုလုပ်ရာ၌လည်းကောင်း  အသုံးပြုကြသည့်အတွက်  ဝင်ရောက်သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ပန်းဈေးကွက်၌ အရောင်းသွက်သည့် သပြေပန်းနှင့် ဂန္ဓမာပန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင်သာမက အခြားသောဒေသ များတွင်လည်း ပန်းစိုက်ပျိုးရေးလုပ်ငန်းများကို မိသားစုတစ်နိုင်တစ်ပိုင်မှ စီးပွားဖြစ်စိုက်ပျိုးလျက် ရှိကြကြောင်း သိရသည်။ သပြေပန်းကို ယခင်က တောတောင်များ၌သာ တွေ့ရလေ့ရှိပြီး ယခုအခါ မိမိတို့ခြံဝင်းများ၊ ယာခင်းများ၌ သပြေပင်များကို ခြံဖွဲ့၍စိုက်ပျိုးလျက်ရှိပြီး မိသားစုဝင်ငွေ ရရှိနေကြောင်း သိရသည်။

    သပြေပန်းကို အခက်စည်းနှင့် အငုတ်ဟူ၍ (၂)မျိုးရောင်းချလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့ ပန်းဈေးကွက်တွင် သပြေပန်းခက်(၁)စီးလျှင် (၁၀၀၀)ကျပ်၊ သပြေငုတ်အကြီး(၁)ငုတ်လျှင် (၅၀၀၀)ကျပ်နှင့် အသေး(၁)ငုတ်လျှင် (၂၀၀၀မှ ၃၀၀၀)ကျပ်၊ အာဆီယံသပြေ (၁)စည်းလျှင် (၅၀၀)ကျပ်၊ ဂန္ဓမာပန်း(၁)စည်းလျှင် (၂၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း၊  ပန်းရောင်းချသူများထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

                                               

ကန့်ဘလူမြို့ကုန်စုံဆိုင်းများတွင် ရောင်းချနေသည့် အညာဒေသထွက် မြေပဲယိုနှင့် ကြံသကာဈေးနှုန်း

      စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေ တို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက် ရှိသည့် မြေပဲယိုများ၊ ရာသီပေါ်ကြံသကာများလည်း ကန့်ဘလူမြို့နယ်မှထွက်ရှိသလို ရွှေဘိုမြို့ရှိ လက္ကားဆိုင်များမှ ဝယ်ယူရောင်း ချကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော မြေပဲယိုဈေးနှုန်းမှာ ()ပိဿာလျှင်(၈၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၄၂၀၀)ကျပ်၊ (၁၀)ကျပ်သား လျှင်(၉၀၀)ကျပ်နှင့် အသင့်ထုတ်ပြီး()ထုတ်လျှင် (၁၅၀၀)ကျပ်တို့ဖြင့် ရောင်းချကြောင်း၊ ကြံသကာဈေးနှုန်းအနေဖြင့် ()ပိဿာလျှင် (၆၅၀၀)ကျပ် (၅၀)ကျပ်သားလျှင် (၃၂၀၀)ကျပ်နှင့် (၁၀) ကျပ်သားလျှင် (၆၅၀)ကျပ်တို့ဖြင့် ယခုအချိန်ခါသည် လယ်ယာလုပ်ငန်းများ လုပ်ကိုင်ရာသီဖြစ်သောကြောင့် တောင်သူဦးကြီးများသည် အဆာပြေ၊ အမေားပြေစေရန် ရေနွေးကြမ်းနှင့် တွဲဖက်စားသုံးကြသောကြောင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

         

ကန့်ဘလူမြို့မဈေးရှိ ရေဦးထန်းလျက်ဖြူနှင့် ရေဦးပေါက်ပေါက်ဆုပ်ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များနှင့် “မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ သရေသာ စားစရာတို့ကို ရောင်းချ လျက်ရှိရာ ရေဦးပေါက်ပေါက်ဆုပ်လည်း အပါအဝင်ဖြစ်သည်။ ရေဦးပေါက်ပေါက်ဆုပ်သည် လေလုံ အောင်ထားခြင်းဖြင့် တာရှည်အထားခံကာ အချိုတည်းစရာအဖြစ်ပဲစားစား၊ ဧည့်သည်များကို တည့်ခင်း ဧည့်ခံရာတွင်ပဲသုံးသုံး ဘက်စုံအသုံးဝင်သည့် သရေသာ စားစရာတစ်မျိုးဖြစ်ကြောင်း သိရသည်။

     ၂၀၂ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင် အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ ရေဦးပေါက်ပေါက်ဆုတ် လက္ကားတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင်(၈၅၀၀)ကျပ်နှင့် အသင့်ထုတ်ပြီး (၁)ထုတ်လျှင် (၁၀၀၀)ကျပ်၊ ရေဦးထန်းလျက် ဖြူ(၁)ပိဿာလျှင် (၈၀၀၀)ကျပ်နှင့် (၅၀)ကျပ်သားလျှင် (၄၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့ပန်းဈေးကွက်ရှိ နှင်းပန်းနှင့် ပန်းတိမ်ငိုပန်းဈေးနှုန်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ပန်းဈေးကွက်၌ နှင်းဆီပန်း၊ နှင်းပန်း၊ ဂန္ဓမာပန်း၊ သပြေပန်း၊ အာစီယံသပြေ၊ စံပါယ်ပန်း၊ ဇွန်ပန်း၊ ပန်းထိမ်ငိုပန်းစသည့် ပန်းမျိုးစုံရောင်းချ လျက်ရှိကြောင်း၊ ဒေသခံပြည်သူများကလည်း ဘုရားပန်းကပ်လှူရန်၊ ပန်းအလှဆင်ရန်နှင့် အမျိုးသမီး များအလှပန်ဆင်ရန် နေ့စဉ်ဝယ်ယူအသုံးပြုလျက်ရှိကြောင်း သိရသည်။

     ကန့်ဘလူမြို့ပန်းဈေးကွက်၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း နှင်းပန်းတစ်စီး လျှင်(၁၀၀၀)ကျပ်နှင့် (၃)စီးလျှင်(၂၇၀၀)ကျပ်ဖြင့်လည်းကောင်း၊ ပန်းထိမ်ငိုပန်း(၁)စီးလျှင်(၅၀၀မှ ၇၀၀) ကျပ်၊ (၃)စီးလျှင် (၂၀၀၀)ကျပ်တို့ဖြင့် နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ပန်းရောင်းချသူများ ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့တွင် ရောင်းချနေသော သရေစာ နေကြာစေ့လှော်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ  ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များတွင် နေကြာစေ့လှော်များကို ရွှေဘိုမြို့နှင့်မန္တလေးမြို့တို့မှ မှာယူရောင်းချလျက်ရှိကြောင်း၊ နေကြာစေ့လှော်ကို  အပျင်းပြေသရေစာအဖြစ် စားသုံးကြကြောင်း သိရှိရပါသည်။ ၂၀၂ ခုနှစ်၊ စက်တင်ဘာလ ပထမပတ် အတွင်း ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင်  နေကြာစေ့လှော် လက္ကားတစ်ပြည်လျှင် (၇၅၀၀)ကျပ်၊ လက်လီတစ်ပြည်လျှင် (၇၀၀)ကျပ်၊ နို့ဆီဘူး(၄)ဘူးလျှင် (၄၀၀၀)ကျပ်နှင့် နို့ဆီဘူး(၁)ဘူးလျှင် (၁၀၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးတွင် ရောင်းချလျက်ရှိသော တို့ဟူးခြောက်နှင့်တို့ဟူးစိမ်းဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိရန် ကုလားပဲကို အမှုန့်ကြိတ်၍ တို့ဟူးစိမ်းနှင့် တို့ဟူးခြောက်များပြုလုပ်ပြီး ကန့်ဘလူမြို့ မဈေးတွင် နေ့စဉ်ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော တို့ဟူးစိမ်းဈေးနှုန်းများမှာ လက်လီ(၁)ပိဿာလျှင် (၂၅၀၀)ကျပ်၊ လက်ကား(၁)ပိဿာလျှင် (၂၃၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင် (၂၅၀)ကျပ်နှင့် တို့ဟူးခြောက်(၁)ထုပ်လျှင် (၁၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကန့်ဘလူမြို့မဈေးရှိ တို့ဟူးစိမ်းနှင့် တို့ဟူးခြောက်ရောင်းချသည့် ဈေးသည်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့နယ်၏ ရာသီစာ ငရံ့ပတူရွက်နှင့် ကြက်တက်ရွက်

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးတွင် ရာသီပေါ်ဟင်းသီးဟင်းရွက်များ ဖြစ်သည့် ဂွေးတောက်ရွက်၊ ကန်စွန်းရွက်၊ မုံညှင်းရွက်၊ ဆူးပုတ်ရွက်၊ ငရံ့ပတူရွက်နှင့် ကြက်တက်ရွက်များ နေ့စဉ်ရောင်းချလျက်ရှိကြောင်း သိရသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် ရောင်းချနေသော  ကြက်တက်ရွက်ပြုတ် တစ်လုံးလျှင်(၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၅၀၀)ကျပ်နှင့် (၁၀)ကျပ်သား လျှင်(၇၀၀)ကျပ်ဖြင့်လည်းကောင်း၊ ငရံ့ပတူရွက်(၁)စည်းလျှင် (၃၀၀)ကျပ်၊   ငရံ့ပတူရွက် ပြုတ်တစ်လုံး လျှင်(၅၀၀)ကျပ်၊ (၄)လုံးလျှင် (၂၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ဈေးသည်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့ရှိ လူကြိုက်များသည့်သရေစာ နို့မလိုင်လုံးနှင့် ကုလားပဲချောင်း

       စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့ရှိ ကုန်မျိုးစုံဆိုင်များတွင် သရေစာ မလိုင်လုံး နှင့် ကုလားပဲချောင်းများ ရောင်းချလျှက်ရှိရာ ၂၀၂ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း မလိုင်လုံး လက္ကားတစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ မလိုင်လုံး လက်လီတစ်ပိဿာလျှင် (၁၀၅၀၀)ကျပ်၊ (၁၀)ကျပ် သားလျှင် (၁၁၀၀)ကျပ်တို့ဖြင့်လည်းကောင်း၊ ကုလားပဲချောင်း လက္ကားတစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင်(၈၅၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၄၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၉၀၀) ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း၊ သရေစာ မလိုင်လုံးနှင့် ကုလားပဲချောင်းများကို ရွှေဘိုမြို့နှင့် မန္တလေးမြို့တို့မှ ဝယ်ယူရောင်းချကြောင်း၊ လူကြိုက်များသော သရေစာဖြစ်သည့်အတွက် အရောင်းသွက်လျက်ရှိကြောင်း လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း