ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကန့်ဘလူမြို့မဈေးရှိ ပဲပင်ပေါက်နှင့် ပဲချဉ်ဈေးနှုန်း

      စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်း ချသည့်အပြင်၊ ဒေသထွက် ရိုးရာလက်လုပ်ချဉ်များ ပြုလုပ်ရောင်းချပြီး မိသားစုစားဝတ်နေရေးအတွက် အထောက်အပံ့များရရှိကာ အဆင်ပြေလျက်ရှိကြောင်း၊ ပဲပင်ဖောက်ရာတွင် ပဲတီစိမ်းနှင့် မတ်ပဲတို့ကို အသုံးများကြောင်း၊ အသုံးပြုမည့်ပဲကို ကြိုတင်ရေစိမ်ထားရကြောင်း၊ ရရှိလာသောပဲပင်ပေါက်များကို သန့်ရှင်းအောင်ပြုလုပ်ပြီး ပဲချဉ်ပြုလုပ်ရကြောင်း သိရှိရသည်။

       ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့၊ မြို့မဈေး၌ဖြစ်ပေါ်နေသော ပဲပင်ပေါက်ဈေးနှုန်းမှာ ပဲပင်ပေါက် လက္ကားတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၄၃၀၀)ကျပ်၊ (၁၀)ကျပ်သားလျှင်(၄၅၀)ကျပ်နှင့် ပဲချဉ်လက္ကားတစ်ပိဿာလျှင် (၄၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၄၂၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၂၁၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း ၊ ပဲပင်ပေါက်နှင့် ပဲချဉ်ရောင်းချသည့် လုပ်ငန်းရှင်များထံမှ သိရှိရသည်။

DOCA(စစ်ကိုင်း)

 

မြို့မဈေးတွင် အရောင်းအဝယ်ဖြစ်သည့် ပဲငပိအစိုနှင့် ပဲငပိအခြောက်ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့မဈေးရှိ ကုန်စုံဆိုင်များတွင် လူသုံးကုန် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မီးဖိုချောင်သုံးပစ္စည်းဖြစ်သည့် ငပိ၊ ဆား၊ ဟင်းချိုမှုန့် တို့အပြင်၊ ပဲငပိအစိုနှင့် ပဲငပိအခြောက်များကို ရွှေဘိုမြို့နှင့် ရေဦးမြို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါ သည်။

     ၂၀၂ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူ“မြို့မဈေး”ရှိ ကုန်စုံဆိုင်များတွင် ရောင်းချလျှက်ရှိသော ပဲငပိအစိုဈေးနှုန်းမှာ ပဲငပိအစို လက္ကား(၁)ပိဿာလျှင် (၇၅၀၀)ကျပ်၊  လက်လီ (၁)ပိဿာလျှင် (၈၀၀၀)ကျပ်၊ ရေဦးပဲငပိခြောက် (အချို)(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ (အငံ)(၁) ပိဿာလျှင် (၁၆၀၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၆၀၀)ကျပ်တို့ဖြင့် ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့မဈေးရှိ တီလားဗီးယားငါး၊ ငါးဘတ်နှင့် ငါးရံ့ဈေးနှုန်းများ

      စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသလို   စားသုံးသူများ နေ့စဉ်ဝယ်ယူသုံးစွဲလျက်ရှိသည့် အခြေခံစားသောက်ကုန် များ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေများကို လေ့လာ၍ အပတ်စဉ်၊ လစဉ် အထက်အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူမြို့မဈေးတွင် တီလားဗီးယားငါး အကြီး(၁)ပိဿာလျှင် (၁၅၀၀၀)ကျပ်၊  အသေး(၁)ပိဿာလျှင် (၁၂၀၀၀)ကျပ်နှင့် (၂၅)ကျပ်သား လျှင်(၄၀၀၀)ကျပ်၊ ငါးဘတ်(၁)ပိဿာလျှင် (၂၇၀၀၀)ကျပ်၊  ငါးရံ့(၁)ပိဿာ (၂၅၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခုပတ်အတွင်း တီလားဗီးယားငါး(၁)ပိဿာလျှင် (၁၀၀၀)ကျပ် ဈေးနှုန်းကျဆင်းသွားကြောင်း ငါးရောင်းဝယ်ရေး လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မာလကာသီးဈေးနှုန်း/ဈေးကွက်အခြေအနေ

       မိုးရာသီသို့ ရောက်ရှိလာချိန်တွင် သီးနှံမျိုးစုံ ထွက်ရှိနေသည့်သီးနှံများထဲမှ မာလကာသီးလည်း တစ်မျိုးအပါအဝင် ဖြစ်ပါသည်။မာလကာသီးကို အိမ်ခြံထဲတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို စီးပွားဖြစ်လည်း စိုက်ပျိုးကြပါသည်။ ဟင်္သာတခရိုင်အတွင်းရှိ အင်္ဂပူမြို့နယ်၊ မြန်အောင်မြို့နယ်၊ ကြံခင်းမြို့နယ်နှင့် ထူးကြီးမြို့များတွင် စီးပွားဖြစ် စိုက်ပျိုးကြပြီး၊ ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသို့ တင်ပို့ ရောင်းချကြပါသည်။ အလုံ ၈၀ပါအိတ်ကို ၄၀၀ဝိ/-မှ ၅၀၀၀ဝိ/-အထိ ဝယ်ယူကြရပြီး၊ ပုသိမ်မြို့တွင် လက်လီအဖြစ် အလုံး အကြီး/အသေးအပေါ် မူတည်၍ ၁၀လုံးကို ၂၀၀ဝိ/-၃၀၀ဝိ/- ဈေးဖြင့် ပြန်လည် ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

 

မအူပင်ဒေသ စိုက်ပျိုးထွက်ရှိနေသော ပဲတောင့်ရှည်ဈေးကွက်

      မအူပင်မြို့နယ်တွင် ဟင်းသီးဟင်းရွက် အမျိုးမျိုး စိုက်ပျိုးကြပြီး ပဲတောင့်ရှည်သီးနှံကိုလည်း စိုက်ပျိုးကြောင်း သိရသည်။ ဒေသပဲတောင့်ရှည် ကို ခြံမြေများတွင်လည်းကောင်း၊ လယ်မြေများတွင်လည်းကောင်း စိုက်ပျိုးကြပြီး စျေးကောင်းရရှိသဖြင့် မိသားစု တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာမှ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြကြောင်း သိရသည်။

          မအူပင်ဈေးကွက်အတွင်း ပဲတောင့်ရှည် ရောင်းချနေမှု ဈေးနှုန်းမှာ ၁၀တောင့် တစ်စီးကို ၈၀၀နှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေပြီး ဈေးကောင်းမွန်နေသည်။ ဧ၌ြီစိုက်ပျိုးထွက်ရှိသော ပဲတောင့်စီးဈေးမှာ ၁၀တောင့်တစ်စီးလျှင် ၅၀၀ကျပ်သာ ရောင်းချနေရပြီး ယခု ဩဂုတ်လနှင့် စက်တင်ဘာလ ၂ရက်နေ့တွင်  ပဲတောင့်ရှည် ဈေးကောင်းမွန်နေပြီး  အတောင့် ၁၀၀ပါ ၁စီးလျှင် ၈၀၀၀ကျပ်ထိ အရောင်းအဝယ်ဖြစ်နေသည်။ ပဲသီးကို စိုက်ပျိုးသူများပြားကြပြီး မအူပင်ဒေ သတွင်းတွင် နွေ။ မိုး၊ ဆောင်း စိုက်ပျိုးထွက်ရှိနေ၍   စိုက်ပျိုးသူများ ဈေးကောင်းမွန်ခြင်းကြေင့် အပိုဝင်ငွေရရှိနေကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရသည်။

       ပဲတောင့်ရှည်သီးနှံသည် နေ့စဉ်စားသုံးနေကြဟင်းလျာထဲမှ အရံဟင်းတစ်မျိုးဖြစ်သည်။ စားသောက်ဆိုင်များ တွင်လည်း ပဲတောင်ရှည်အကြော်မျိုးလုပ်၍ ရောင်းချသလို၊ အချိုကဆိုလျှင် အစိမ်းလိုက်စားချင်းမျိုးလဲ ရှိသည်။ မုန့်ဟင်းခါး ပွဲတွင်လည်း ပါးပါးလှီးကာ ထည့်၍ စားတက်ကြသေးသည်။ ပဲတောင့်ရှည်စားခြင်းဖြင့် ဗီတာမင်၊ သတ္ထုဓါတ်များ ကြွယ်ဝစွာပါဝင်၍ စားသုံးသင့်ပါသည်။

DOCA(ဧရာဝတီ)

ပုသိမ်မြို့ ၊မြို့မဈေးတွင် ဩဇာသီးများ ဈေးကောင်း

         ဩဇာသီး၏အရသာမှာ အချိုဓာတ် လေးလေး ပင်ပင်ရှိသောကြောင့် အင်မတန်အရသာထူးသော အသီးတစ်မျိုးဖြစ်ပါသည်။

         ထို့ပြင် လူသားများအတွက် ကျန်းမာရေးကိုအထောက်အကူဖြစ်စေသော အဟာရဓာတ်များ အများအပြားပါဝင်ပါသည်။ ဩဇာသီးမှာ အသီးသာမက အစေ့၊ အရွက်နှင့် အမြစ်များပါမကျန် ဆေးဖက်ဝင်ကြောင်း လေ့လာသိရှိရပါသည်။အမျှင်ဓါတ်ပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းမှကာကွယ် ပေးပါသည်။ ဩဇာရွက်ကိုကြိတ်၍ သောက်သုံးပေးခြင်းဖြင့် သန်ကောင်နှင့်တုတ်ကောင်များကို ကျစေနိုင်ပါသည်။ အစာခြေစနစ်ကောင်းမွန်သောကြောင့် ထမင်းစားပြီးတိုင်း မှီဝဲသင့်သော အသီးတစ်မျိုးဖြစ်ပါသည်။

          ပုသိမ်မြို့တွင်းသို့ ဝင်ရောက်လာသော ဩဇာသီးများမှာ အလုံးကြီး၊ လတ်၊ သေး အလိုက် (၁)လုံးလျှင် ၇၀၀ ကျပ်၊ ၈၀၀ကျပ်နှင့် ၁၀၀၀ ကျပ်အထိ ဈေးကောင်းရလျက်ရှိကြောင်း ပုသိမ်မြို့၊ မြို့မဈေးရှိ အသီးရောင်းချသူတစ်ဦးထံမှ လေ့လာသိရှိရပါသည်။

(DOCA ဧရာဝတီ)

ပုသိမ်မြို့‌ပေါ်တွင်ရောင်းချလျက်ရှိသော မြင်းခွာရွက်နှင့် ဆူးပုတ်ရွက်စျေးနှုန်း

       ၂၀၂၅ခုနစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ‌ရောင်းချလျက်ရှိသော မြင်းခွာရွက်စျေးနှုန်း မှာ ၅ ကျပ်သားလျှင် (၅၀၀) ကျပ်နှုန်း၊ ၁၀ကျပ်သားလျှင်(၁၀၀၀) ကျပ်နှုန်း ဖြင့်ရောင်းချ လျက်ရှိ ကြောင်း စျေးရောင်းသူများထံမှ သိရပါသည်။ ဆူးပုတ်ရွက်ဈေးနှုန်းမှာ ၁ စီးလျှင် (၂၀၀) ကျပ်နှုန်းဖြင့်လည်ကောင်း ၅ စီးတစ်စီးလျှင် (၁၀၀၀)ကျပ်ဖြင်းလည်ကောင်း ရောင်းချလျက်ရှိကြောင်း စျေးရောင်းသူများထံမှ သိရပါသည်။

(DOCA ဧရာဝတီ)

 

မြို့မဈေးတွင် ရောင်းချလျက်ရှိသော နံနံပင်နှင့်ပင်စိမ်းဈေးနှုန်း

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းများ ဖြစ်သည့် စပါး၊ပဲမျိုးစုံနှင့် ဆီထွက်သီးနှံတို့ကို အဓိကစိုက်ပျိုးသည့်အပြင် ရာသီစာသီးနှံများနှင့် စားဖိုဆောင်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။

     ယခုအခါ နံနံပင်နှင့် ပင်စိမ်းပင်များကို စိုက်ပျိုးကြကြောင်း၊ နံနံပင်နှင့် ပင်စိမ်းပင်များကို ပုသိမ်မြို့မဈေးတွင်ရောင်း ချကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း နံနံပင်()စည်းလျှင်(၂၀၀)ကျပ်၊ ()စည်း လျှင်(၅၀၀)ကျပ်၊()စည်းလျှင်(၁၀၀၀)ကျပ်နှင့် ပင်စိမ်း()စည်းလျှင် (၂၀၀)ကျပ်၊ ()စည်းလျှင် (၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ နံနံပင်နှင့်ပင်စိမ်းပင်များကို အိမ်ရှင်မများ ဟင်းချက်ရာတွင်လည်း ကောင်း၊ နံနံပင်များကို မုန့်ဟင်းခါးဆိုင်များနှင့် အသုပ်ဆိုင်များမှအများဆုံး ဝယ်ယူကြသဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း မြို့မဈေးရှိ ကုန်စိမ်းရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။

(DOCA ဧရာဝတီ)

ပုသိမ်မြို့တွင် ရောင်းချနေသည့် မြင်းခွာရွက်ဈေးနှုန်း

    မြင်းခွာရွက်သည် အရွက်ခပ်ဖားဖား ယပ်တောင်လေးလိုပုံစံရှိပြီး အရိုးတံရှည်ရှည် ပွပွလေးနဲ့ မြင်းခွာရွက်ရှိသလို အရွက်ဝိုင်းဝိုင်းထူထူလေးနဲ့ တို့စားလို့ကောင်းတဲ့ ဆေးမြင်းခွာဆိုပြီး ရှိပါသည်။ အနည်းငယ် ခါးသက်သက်ရှိပေမယ့် စားကောင်းသော အရွက်တစ်မျိုးဖြစ် ပါသည်။မြင်းခွာရွက်သည် ကျန်းမားရေးကိုလည်း အထောက်အကူပြုသည့် အရွက်တစ်မျိုး ဖြစ်ပါသည်။ မြင်းခွာရွက်သည် နွယ်ပင်အမျိုးအစားဖြစ်ပြီး လယ်တောများတွင် အများအပြား ပေါက်ရောက်တတ်ပြီး နေအိမ်များ တွင်လည်းမြင်းခွာရွက်ကို တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မိသားစုဝင်ငွေရရှိရန် ပုသိမ်မြို့မဈေးသို့ လာရောက်ရောင်းချကြကြောင်း၊ ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ရောင်းချလျက်ရှိသော မြင်းခွာရွက် ဈေးနှုန်းများမှာ မြင်းခွာရွက် (၁)ပုံလျှင် (၅၀၀)ကျပ်၊ မြင်းခွာရွက် (၂)ပုံလျှင် (၈၀၀)ကျပ် ၊မြင်းခွာရွက်(၄)ပုံလျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူထံမှ သိရှိရ ပါသည်။

                                                                                             

(DOCA ဧရာဝတီ)

 

ဈေးကွက်အတွင်းသို့ မုန်လာဥနီများဝင်ရောက်လျက်ရှိ

     ပုသိမ်မြို့အတွင်းရှိ ဈေးများသို့ မုန်လာဥနီများ ဝင်ရောက်လျက်ရှိပြီး မုန်လာဥနီ သီးနှံသည် တစ်နှစ်ပတ်လုံး စိုက်ပျိုး၍ရကြောင်း ၊ အေးသောဒေသတွင် ပိုမိုဖြစ်ထွန်းကြောင်း ပြင်ဦးလွင် ၊ နောင်ချိုနယ်များတွင်လည်း စိုက်ပျိုးကြကြောင်း၊ ဟင်းသီးဟင်းရွက်များထဲမှ အဟာရဓာတ် အများဆုံး ပါဝင်သော မုန်လာဥနီကို လူအများနှစ်ကြိုက်စွာ စားသုံးလျက်ရှိကြောင်း မုန်လာဥနီကို ဖျော်ရည် ၊ အသုပ်သုပ်စားခြင်း၊ သီးနှံစုံဖြင့်ရော၍ အစိမ်းကြော်ကြော်၍ စားသုံးကြပါသည်။ မုန်လာဥနီ ဈေးနှုန်းအနေဖြင့် ယခင်လတွင် ဖောက်သည်ဈေး တစ်ပိဿာလျှင် (၃၅၀၀/-)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၄၀၀၀/-)ကျပ် ဖြင့်ရောင်း  ဝယ်လျက်ရှိပြီး   ယခုလတွင် ဖောက်သည်ဈေး တစ်ပိဿာလျှင် (၅၀၀၀/-)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၆၀၀၀/-)ကျပ်မှ(၇၀၀၀/-)ကျပ် ဖြင့်ရောင်းဝယ်လျက်ရှိပြီး  ကုန်စိမ်းသည်များမှ တစ်နိုင်ဝယ်ယူ သူများအတွက် (၁၀၀၀/-)ကျပ် မှ (၁၅၀၀/-) ကျပ်တန် အထုပ်ကလေးများ ထုပ်၍ရောင်းချပေးသောကြောင့် ဝယ်ယူသူများ အဆင်ပြေ လျက်ရှိကြောင်း၊ မုန်လာဥနီအား စားသုံးခြင်းဖြင့် သွေးတွင်း ကိုလက်စထရောဓာတ်ကို လျော့ချ ပေးနိုင်ခြင်း၊ ခန္ဓာကိုယ်အလေးချိန်အား လျော့ချစေနိုင်ခြင်းနှင့် မျက်စိအားကောင်းစေခြင်း တို့ကြောင့် ကျန်းမာရေးအကျိုးကျေးဇူးများစွာပါရှိသော မုန်လာဥနီကို နေ့စဉ်စားသုံးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ 

(DOCA ဧရာဝတီ)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း