ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

ကျွန်းလှမြို့နယ်အတွင်း ရောင်းချလျက်ရှိသော ပဲတောင့်ရှည်သီးနှင့် ခရမ်းကြွပ်သီး ဈေးနှုန်းများ

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စပါး၊ ပဲမျိုးစုံ နှင့် ရာသီအလိုက် စာဖိုဆောင်သီးနှံ များကို စိုက်ပျိုးရောင်းချလျက်ရှိရာ ပဲတောင့်ရှည်သီး နှင့် ခရမ်းကြွပ်သီးများလည်း စိုက်ပျိုးရောင်းချ လျက်ရှိကြောင်း သိရသည်။

      ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ပထမပတ် အတွင်း ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသည့် ပဲတောင့်ရှည်သီးဈေးနှုန်းမှာ ပဲတောင့်ရှည်()တောင့်ပါ()စည်းလျှင်(၅၀၀)ကျပ်၊ ()တောင့်ပါ ()စည်းလျှင်(၂၃၀၀)ကျပ်၊ ပဲတောင့်ရှည်(၁၀)စည်းပါ()ထုံးလျှင်(၄၇၀၀)ကျပ်နှင့် ခရမ်းကြွပ်သီး ()ပိဿာလျှင်(၄၇၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင်(၂၄၀၀)ကျပ် နှင့် (၂၅)ကျပ်သားလျှင်(၁၂၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ကုန်စိမ်းရောင်းချသည့် လုပ်ငန်းရှင် များထံမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)

သာစည်ဈေးရှိ ပဲတောင့်ရှည်သီးနှင့်  ကြောင်လျှာသီးဈေးနှုန်း

   စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်စားသောက်ကြရာမှ စားဖိုဆောင်သီးနှံဖြစ်သည့် ပဲတောင့်ရှည်သီးများနှင့် ကြောင်လျှာသီးပင်များကိုလည်း တစ်နိုင်တစ်ပိုင် စိုက်ပျိုးလျက် ရှိပြီး မုံရွာမြို့သာစည်ဈေးတွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရပါသည်။

      ၂၀၂၅ ခုနှစ်၊ ပထမပတ်တွင် မုံရွာမြို့၊ သာစည်ဈေးတွင် ပဲတောင့် ရှည်သီး ဈေးနှုန်းများမှာ ပဲတောင့်ရှည်သီး ငါးတောင့်ပါတစ်စီးလျှင် (၃၅၀) ကျပ်ရှိပြီး ဆယ်တောင့်ပါ တစ်စီးလျှင်(၇၀၀)ကျပ်၊ ကြောင်လျှာသီးအကြီး တစ်တောင့်လျှင် (၁၀၀၀)ကျပ်၊ ကြောင်လျှာ သီးအသေး တစ်တောင့်လျှင် (၈၀၀)ကျပ်ဖြစ်ပြီး ယခု စက်တင်ဘာလ ပထမပတ်တွင် သာစည်ဈေးတွင် ပဲတောင့်ရှည်သီး ဈေးနှုန်းများမှာ ပဲတောင့်ရှည်သီး ငါးတောင့်ပါတစ်စီးလျှင် (၃၀၀) ကျပ်ရှိပြီး ဆယ်တောင့်ပါတစ်စီးလျှင်(၆၀၀)ကျပ်၊ ကြောင်လျှာသီးအကြီး တစ်တောင့် လျှင် (၉၀၀)ကျပ်၊ ကြောင်လျှာသီးအသေး တစ်တောင့်လျှင် (၇၀၀)ကျပ်ဖြစ်ပြီး ဈေးနှုန်း အနည်းငယ်ကျဆင်းသွားကြောင်း ကုန်စိမ်းရောင်းသူများထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၏ ပန်းသီး၊ နဂါးမောက်သီးနှင့် ဖရဲသီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီး၊ နဂါးမောက်သီးနှင့် ဖရဲသီးများ အများအပြား ရောင်းချလျက်ရှိကြပါသည်။  ပန်းသီး၊ နဂါးမောက်သီးနှင့်ဖရဲသီးများကို သစ်သီးပွဲရုံများမှ မှာယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။     နဂါးမောက်သီးပင်များသည် အပူပိုင်းဒေသ ရာသီဥတုရှိရာ နေရာအနှံ့အပြားတွင် စိုက်ပျိုးဖြစ်ထွန်းပြီး ရေငတ်ခံနိုင်သော ရှားစောင်းနွယ်ဝင် အပင်တစ်မျိုးဖြစ်သည်။ နဂါးမောက်သီးတွင် အဖြူ၊ အနီ၊ အဝါ သုံးမျိုးရှိပါသည်။ ပန်းသီး၊ နဂါးမောက်သီးနှင့် ဖရဲသီးသည် ကျန်းမာရေးအတွက် အထောက် အကူများစွာပေးပြီး၊ ပန်းသီး ဖျော်ရည်၊ နဂါးမောက်သီးဖျော်ရည်၊ ဖရဲသီးဖျော်ရည်များ ပြုလုပ် စာသောက်ရသည့်အတွက် လူကြိုက်များကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ပထမပတ်အတွင်း မုံရွာမြို့ရှိ သစ်သီးဆိုင်များတွင် ပန်းသီး အလုံးကြီး(၁)လုံးလျှင် (၃၂၀၀)ကျပ်၊ ပန်းသီးအလုံးသေး(၄)လုံးလျှင် (၅၆၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး၊ နဂါးမောက်သီးအလုံးသေးတစ်လုံးလျှင် (၅၀၀)ကျပ်နှင့် အလုံးလတ် တစ်လုံးလျှင် (၆၀၀)ကျပ်နှင့် အလုံးကြီးတစ်လုံးလျှင်(၈၀၀)ကျပ်၊ ဖရဲသီးအသေးတစ်လုံးလျှင် (၁၀၀၀)ကျပ်၊ ဖရဲသီးအလုံးလတ်တစ်လုံးလျှင်(၁၅၀၀)ကျပ်နှင့် ဖရဲသီးအကြီးတစ်လုံးလျှင် (၂၅၀၀)ကျပ်ဖြင့်  ရောင်းချလျက်ရှိရာ လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်သည့်အတွက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

နန္ဒဝန်ဈေးသစ်ရှိ သီးသီးနှင့် ဩဇာသီးဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အနီးတစ်ဝိုက်ရှိ ကျေးရွာများတွင် ရာသီပေါ်သီးနှံ များကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ သီးသီးပင်များနှင့် ဩဇာသီးပင်များကို နေအိမ် ခြံဝင်းများတွင်လည်းကောင်း၊ ယာကွက်ခြံစည်ရိုးများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင် စိုက်ပျိုး၍ ရောင်းချလျက်ရှိကြောင်းသိရသည်။ သီးသီးပင်သည် အပင်ကြီးမျိုးဖြစ်ပြီး ပင်စည် မှာ အခေါက်ကြမ်းကြမ်းနှင့်  ဆူးများပါရှိသော အပင်မျိုးဖြစ်ပါသည်။  သီသီးမှာ အမျှင် ဓာတ်ကြွယ်ဝတဲ့ အသီးဖြစ်တာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေပါသည်။ သီးသီး ကို သကြား၊ ထန်းလျက်တို့နှင့် ယိုထိုးပြီးလည်း စားသုံးကြကြောင်း သိရှိရပါသည်။

          စက်တင်ဘာလ ပထမပတ်တွင် နန္ဒဝန်‌ဈေးသစ်တွင် ရောင်းချလျက်ရှိသော သီးသီး ဈေးနှုန်းမှာ တစ်လုံးလျှင်(၃၀၀)ကျပ်၊(၄)လုံးလျှင် (၁၀၀၀)ကျပ် နှင့် ဩဇာသီးဈေးနှုန်းများမှာ အရွယ်အစားအလိုက်ဈေးအမျိုးမျိုးရှိပြီး အရွယ်ကြီးအလုံးလှ(၁)လုံးလျှင် (၇၀၀)ကျပ်၊ အရွယ် သေး အလုံးသေး (၁)လုံးလျှင်(၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် ရောင်းချလျက်ရှိသော နဂါးမောက်သီး နှင့် ဩဇာသီး ဈေးနှုန်း

     ကျွန်းလှမြို့နယ်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင် စားသောက်ကြရာမှာ နှစ်ရှည်သီးနှံဖြစ်သည့် သရက်သီးပင်၊ နဂါးမောက်သီးပင်၊ ပိန္နဲသီးပင်၊ မန်ကျည်းသီး ပင်၊ ဩဇာပင် နှင့် မာလကာသီးပင်များကိုလည်း မိမိတို့ နေအိမ် ခြံစည်းရိုးများနှင့် တောင်ယာများထဲတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိပြီး နဂါးမောက်သီးများကို မန်ကျည်းအင်းကျေးရွာ၊ အင်းကောင်းကျေးရွာ၊ ရှမ်းစုကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်များမှ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးသို့ လာရောက် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ နဂါးမောက်သီး ဈေးနှုန်းများမှာ နဂါးမောက်သီး အကြီးတစ်လုံးလျှင်(၁၅၀၀)ကျပ်၊ အသေးတစ်လုံးလျှင်(၁၀၀၀/၈၀၀) ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိပြီး အလားတူပင် ဩဇာသီး ဈေးနှုန်းများမှာ ဩဇာသီး အကြီး တစ် တစ်လုံးလျှင်(၁၀၀၀/၈၀၀)ကျပ်၊ အသေး တစ်လုံးလျှင် (၇၀၀/၅၀၀)ကျပ်ဈေးနှုန်း တို့ဖြင့် အရောင်း အဝယ်ဖြစ်လျက်ရှိကြောင်း သစ်ရာမြိုင်ဈေး၌ သစ်သီးမျိုးစုံ  ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

ကျွန်းလှမြို့တွင် တယူဇနာပန်း(ခေါ်)တောင်ကြီးသနပ်ခါးပန်းပျိုးပင် နှင့် တယူဇနာပန်း(ခေါ်)တောင်ကြီးသနပ်ခါးပန်းပွင့်များ စိုက်ပျိုးရောင်းချလျက်ရှိ

     စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်တွင် မိသားစု စားဝတ် နေရေးအတွက် တစ်ဖက် တစ်လမ်းမှ အပိုဝင်ငွေရရှိရန်အတွက်သော်လည်းကောင်း ဝါသနာအရသော်လည်း ကောင်း  စိုက်ပျိုးရေးနှင့် မွေးမြူရေးကို လုပ်ကိုင်ကြရာမှ ပန်းပျိုးပင်မျိုးစုံ ဖြစ်သည့် တယူဇနာပန်း (ခေါ်) တောင်ကြီးသနပ်ခါးပန်း၊ ငှက်ပျောပန်း၊ ပိန်းပန်း၊ ရှင်သီဝလိပန်း၊ သစ်ခွပန်း၊ ဒေစီပန်း၊ သဇင်ပန်း ခွာညိုပန်း နှင့် နှင်းဆီပန်းများကို အပင်ပေါက်ရော အပွင့်ပါ ရောင်းချရန်အတွက်  တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြသည်။

    တယူဇနာပန်း (ခေါ်) တောင်ကြီးသနပ်ခါးပန်းသည် အဖြူမျိုးနှင့်အဝါမျိုး နှစ်မျိုးရှိပါသည်။ တယူဇနာ ပန်း(ခေါ်)တောင်ကြီးသနပ်ခါးပန်းသည် ရေကြိုက်သောအပင်ဖြစ်ပြီး အရိပ်ရသည့်နေရာတွင် စိုက်ပျိုးရပါ သည်။ တယူဇနာပန်း(ခေါ်)တောင်ကြီးသနပ်ခါးပန်းသည် နာမည်နဲ့လိုက်အောင် တယူဇနာအကွာအဝေးထိ မွှေးပျံ့လွန်းနိုင်သည်ဟု တင်စားခေါ်ဝေါ်ခြင်းဖြစ်သည်။ တယူဇနာပန်းသည် လေသင့်တိုင်းမွှေးသောပန်းမို့ ရနံ့လေးရှူလိုက်ရင်ဖြင့် တစ်နေ့တာ ဘဝအမောတွေ ပြေစေပြီး စိတ်ကိုကြည်လင်အေးမြလန်းဆန်း စေသော ပန်းကလေးဖြစ်ပါသည်။

    ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ် ကျွန်းလှမြို့၏ တယူဇနာပန်း(ခေါ်)တောင်ကြီးသနပ်ခါးပန်း ပျိုးပင်ဈေးနှုန်း နှင့် တယူဇနာပန်း(ခေါ်)တောင်ကြီးသနပ်ခါးပန်းပွင့် ဈေးနှုန်းအနေဖြင့် တယူဇနာပန်း(ခေါ်) တောင်ကြီးသနပ်ခါးပန်း ပျိုးပင် တစ်ပင်လျှင်(၂၀၀၀)ကျပ်ဈေးနှုန်းရှိပြီး တယူဇနာပန်း(ခေါ်)တောင်ကြီး သနပ်ခါးပန်း တစ်ခက်လျှင်(၃၀၀)ကျပ်၊ ()ခက်လျှင်(၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် ရောင်းချလျက်ရှိကြောင်း ပန်းဥယာဉ် စိုက်ပျိုး ရောင်းချသူ  ထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 

နန္ဒဝန်ဈေးသစ်တွင် ရောင်းချနေသော ညောင်ရွက်နှင့် ဟင်းနုနွယ်ရွက်ဈေးနှုန်း

    မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် အခြားဒေသမှ ဝင်ရောက်သည့် စားသောက်ကုန်ပစ္စည်း များကို ရောင်းချလျက်ရှိရာ ယခုအခါ ဒေသထွက် ညောင်ရွက်များနှင့် ဟင်းနုနွယ်ရွက်များကို လည်း ရောင်းချလျက်ရှိကြောင်း သိရသည်။ ညောင်ရွက်သည် ရာသီပေါ်သီးနှံဖြစ်ပြီး မြန်မာ ထမင်းဝိုင်းတွင် ထမင်းမြိန်စေသည့် အရွက်တစ်မျိုးလဲဖြစ်ပါသည်။ ညောင်ရွက်နှင့် ဟင်းနုနွယ် ရွက်ကို မြေပဲဆံ၊ ပဲမှုံ့တို့ဖြင့်သုပ်၍သော်လည်းကောင်း ငပိရည်ဖြင့်တို့စား၍သော်လည်းကောင်း စားသုံးကြ၍ လူကြိုက်များသည့် အရွက်မျိုးဖြစ်ပါသည်။

           ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင်  မုံရွာမြို့၊ နန္ဒဝန်ဈေးသစ်တွင် ရောင်းချ နေသည့် ညောင်ရွက်ဈေးနှုန်းမှာ ညောင်ရွက်ပြုတ် (၁၀)ကျပ်သားလျှင် (၉၀၀)ကျပ်၊ ညောင်ရွက်ပြုတ် (၁)ပိဿာလျှင်  (၈၅၀၀)ကျပ်၊ ဟင်းနုနွယ်ရွက်ပြုတ် (၁၀)ကျပ်သားလျှင် (၇၀၀)ကျပ် ၊ ဟင်းနုနွယ်ရွက်ပြု (၁)ပိဿာလျှင် (၇၀၀)ကျပ် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိ ကြောင်း  ကုန်စိမ်းရောင်းချသည့် ဈေးသည်များထံမှ  သိရသည်။

DOCA(စစ်ကိုင်း)

မြသလ္လာဈေးရှိ စောင်းလျားသီး၊ ရှောက်သီးနှင့် သံပုရာသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြသလ္လာဈေးနှင့် သံလမ်းဈေးတို့တွင် မုံရွာမြို့နယ် အတွင်းရှိ ကျေးရွာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ဒေသအသီးသီးမှ သံပုရာသီးများ လာရောက် ရောင်းချသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

     သံပုရာသီးသည် ကျန်းမာရေးအတွက် ကောင်းမွန်ပြီး သံပုရာယို၊ သံပုရာ ဖျော်ရည်နှင့် အသုပ် များတွင် ထည့်သွင်း စားသုံးရပြီး ရှောက်သီးနှင့် စောင်းလျားသီးမှာ ဆေးဖော်စပ်ရာတွင် လည်းကောင်း၊ ‌အသုံးပြုကြသည့်အတွက် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရှိရပါသည်။

          စက်တင်ဘာလ ပထမပတ်တွင် မုံရွာမြို့ မြသလ္လာဈေး၊ သံလမ်းဈေးနှင့် ရပ်ကွက်ဈေး တို့၌ သံပုရာသီးဈေးနှုန်းမှာ အရွယ်အစား အကြီး/ အသေး  အပေါ်မူတည်၍ တစ်လုံးလျှင် (၁၀ဝိ/-)ကျပ်မှ (၁၅၀)ကျပ်ထိလည်းကောင်း၊ ရှောက်သီး(အသေး)(၁)လုံးလျှင် (၂၀၀)ကျပ်နှင့်  ရှောက်သီး (အကြီး) (၁)လုံးလျှင်(၂၅၀)ကျပ်ထိလည်းကောင်း၊ စောင်းလျားသီးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၅၀၀၀-၅၃၀၀)ကျပ်ထိ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

 ကျွန်းလှမြို့တွင် ရောင်းချနေသော ငှက်ပျောသီး ဈေးနှုန်း

     စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကျွန်းလှမြို့တွင် ငှက်ပျောပင်များကို တစ်ပိုင်တစ်နိုင် အနေဖြင့် စိုက်ပျိုးလျက်ရှိပါသည်။ ငှက်ပျောပင်စိုက်ပျိုးရာတွင် မိမိတို့ပိုင်ဆိုင်သည့် ယာမြေကွက်များ (သို့မဟုတ်) အိမ်ခြံဝင်းအတွင်းရှိမြေကွက်လပ် ပတ်ချာလည်များတွင် စိုက်ပျိုးကြပြီး ငှက်ပျောစိုက်ပျိုး သည့် အမျိုးအစားများမှာ ဖီးကြမ်း(စိမ်း)၊ ဖီးကြမ်း(ငှက်ပြာ)၊ ကသည်းငှက်ပျော(ခေါ်)ရခိုင်ငှက်ပျော၊ ဝက်မလွတ်ငှက်ပျော နှင့် ဝက်မလွတ်(ဘရာဇီး)ငှက်ပျောတို့ကို အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။

    ၂၀၂ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင်း ဖြစ်ပေါ်နေ‌သော ငှက်ပျောသီး ဈေးနှုန်း အနေဖြင့် ဖီးကြမ်းငှက်ပျောသီး အကြီး တစ်ဖီးလျှင်(၂၅၀၀)ကျပ်၊ အသေး တစ်ဖီးလျှင်(၂၀၀၀)ကျပ်၊ ဝက်မလွတ် (ဘရာဇီး)ငှက်ပျော အကြီး တဖီးလျှင်(၃၀၀၀)ကျပ်၊ အသေး တဖီးလျှင်(၂၅၀၀)ကျပ်၊ ကသည်းငှက်ပျော (ခေါ်)ရခိုင် ငှက်ပျောသီး  အကြီးတစ်ဖီးလျှင်(၂၀၀၀)ကျပ်၊ ဝက်မလွတ်ငှက်ပျော ရိုးရိုး အကြီး တစ်ဖီးလျှင် (၂၅၀၀)ကျပ် နှင့် အသေး တစ်ဖီးလျှင်(၂၀၀၀)ကျပ် ဈေးနှုန်းအသီးသီးတို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် အပတ်ထက် ဖီးကြမ်းငှက်ပျောသီးဈေး အနည်းငယ်ကျဆင်းကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ကျွန်းလှမြို့ပေါ်ရှိ ရပ်ကွက်ဈေးများတွင် ငှက်ပျောသီး ရောင်းချသည့် ဈေးသည်ထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

သာစည်ဈေးရှိ ခါကြက်ဥနှင့် ရုံးပတီသီးဈေးနှုန်း

     မုံရွာမြို့၊ သာစည်ဈေးတွင် ရောင်းချနေသော ဟင်းသီးဟင်းရွက်ဈေးတန်းများတွင် ခါကြက်ဥ၊  ရုံးပတီသီးနှင့် သခွားသီးများလည်း ရောင်းချလျက်ရှိပါသည်။ ခါကြက်ဥ၊ ရုံးပတီသီး နှင့် သခွားသီးများကို အိမ်ရှင်မများက အိမ်သုံးချက်ပြုတ်ရန်အတွက် ဝယ်ယူကြပြီး  စားသောက်ဆိုင်များမှလည်း  စီးပွားဖြစ်အသုံးပြန်ရန် အဓိကဝယ်ယူကြောင်း သိရှိရပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင်  သာစည်ဈေးအတွင်းဖြစ်ပေါ်နေသော ခါကြက်ဥဈေးနှုန်းမှာ ခါကြက်ဥ ဥကြီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ခါကြက်ဥ ဥသေး တစ်ပိဿာလျှင် (၃၅၀၀) ကျပ်၊  ရုံးပတီသီး (၄)တောင့်လျှင် ကျပ် (၁၀၀)ဖြင့်ရောင်းချပြီး အတောင့် (၁၀၀)ဈေးနှုန်းမှာ ကျပ်(၂၀၀၀)ဖြင့် ရောင်းချ လျက်ရှိပါသည်။ သခွားသီး ဈေးနှုန်း အနေဖြင့် အသေးတစ်လုံးလျှင် (၂၅၀)ကျပ်၊ အကြီးတစ်လုံးလျှင် (၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်စိမ်းသီးနှံ ရောင်းချသူများထံမှ သိရသည်။

DOCA(စစ်ကိုင်း)

 

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း