ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

မုံရွာမြို့ရှိ ခရမ်းသီးနှင့် ဘူးသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မြို့ပေါ်ရပ်ကွက်များ တွင် ရာသီပေါ်သီးနှံများဖြစ်သည့် ခရမ်းသီး၊ ဘူးသီး၊ ငရုတ်သီး၊ ပဲသီး၊ ရုံးပတီသီး၊ သခွားသီး များကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြပါသည်။ စိုက်ပျိုးထွက်ရှိသော ရာသီပေါ် သီးနှံဖြစ်သည့် ခရမ်းသီးနှင့် ဘူးသီးများကို သာစည်ဈေးနှင့် ရပ်ကွက်ဈေးငယ်များတွင် ရောင်းချလျက်ရှိကြောင်း သိရပါသည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင်  သာစည်ဈေးတွင် ဖြစ်ပေါ်နေသော ခရမ်းသီးဈေးနှုန်းများမှာ ခရမ်းသီးလက္ကား တစ်ပိဿာလျှင်(၃၅၀၀)ကျပ်၊ ခရမ်းသီး လက်လီ တစ်ပိဿာလျှင် (၃၇၀၀) ကျပ်၊ ဘူးသီးဈေးနှုန်းမှာ ဘူးသီးအသေး(၁)လုံးလျှင် (၇၀၀)ကျပ်၊ ဘူးသီးအလတ် (၁)လုံး လျှင် (၈၀၀)ကျပ်နှင့် ဘူးသီးအကြီး(၁)လုံးလျှင် (၁၃၀၀)ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

ဈေးဟောင်းရှိ ခဆော့သီးနှင့် ကင်းမုံသီးဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ရာသီပေါ်သီးနှံများကို စိုက်ပျိုးရောင်းချလျက်ရှိရာ ယခုအခါ ခဆော့ပင်နှင့် ကင်းမုံသီးပင်များကို  မိမိတို့နေအိမ် ခြံဝင်းများတွင်လည်းကောင်း၊ မိမိပိုင်လယ်တောများတွင်လည်းကောင်း တစ်နိုင်တစ်ပိုင်စိုက်ပျိုး၍ မုံရွာမြို့ပေါ်ရှိ ဈေးဟောင်း နှင့် ရပ်ကွက်ဈေးများတွင် လာရောက်ရောင်းချကြကြောင်း သိရှိရပါသည်။  

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် မုံရွာမြို့၊ ဈေးဟောင်းတွင် ရောင်းချလျက် ရှိသော  ခဆော့သီးဈေးနှုန်းများမှာ ခဆော့သီးတစ်(၁)ဘူးလျှင် (၅၀၀)ကျပ်၊ တစ်ပြည်လျှင် (၃၈၀၀)ကျပ်နှင့် ကင်းမုံသီ(၁)ပြည်လျှင် (၂၀၀၀)ကျပ်မှ (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိ ကြောင်း ကုန်စိမ်းရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)

 

မုံရွာမြို့၊ မန်ကျည်းပင်ဈေးရှိ ကြက်ဟင်းခါးသီးနှင့် ဗုံလုံသီးဈေးနှုန်း

    မုံရွာမြို့ ပတ်ဝန်းကျင်ရှိ ကျေးရွာများမှာ မန်ကျည်းပင်ဈေးအတွင်းသို့ ရာသီစာ အသီး အရွက်များအပြင် ကြက်ဟင်းခါးသီးနှင့် ဗုံလုံသီးများ လာရောက်ရောင်းချကြပါသည်။ ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီးများကို ပုစွန်ဖြင့် အစာသွပ်၍လည်းကောင်း၊ ကြက်ဥဖြင့် ရောမွှေ၍ ကြော်ချက်၍ သော်လည်းကောင်း၊ ဝက်သားဖြင့် ရောချက်၍လည်းကောင်း စားသုံးနိုင်ကြပါ သည်။

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်တွင် မန်ကျည်းပင်ဈေး၌ ဖြစ်ပေါ်နေသော  ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး ဈေးနှုန်းများမှာ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အကြီး တစ်တောင့်လျှင် (၁၂၀၀)ကျပ်၊ ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီး အလတ်တစ်တောင့်လျှင် (၁၀၀၀)ကျပ် နှင့် ဗုံလုံသီး(ခေါ်) ပဲလင်းမြွေသီးအသေးတစ်တောင့်လျှင် (၈၀၀)ကျပ်၊ ကြက်ဟင်းခါးသီး ဈေးနှုန်းအနေဖြင့် ကြက်ဟင်းခါးသီး အတောင့်ရှည် တစ်ပိဿာလျှင် (၃၀၀၀)ကျပ်၊ ကြက်ဟင်းခါးသီး အတောင့်သေးတစ်ပိဿာလျှင် (၂၂၀၀)ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။ 

DOCA(စစ်ကိုင်း)

 

မုံရွာမြို့ရှိ ကန်စွန်းရွက်နှင့် ဆူးပုတ်ရွက်ဈေးနှုန်း

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ  ကျေးရွာများတွင် စိုက်ပျိုးရေးလုပ်ငန်း များကို လုပ်ကိုင်လျက်ရှိရာ စားဖိုဆောင်သီးနှံဖြစ်သည့် ချဉ်ပေါင်ရွက်၊ ဆူးပုတ်ရွက်၊ ဂွေးတောက်ရွက်၊ ကန်ဇွန်းရွက်၊ ပဲတောင့်ရှည်သီး၊ ရုံးပတီသီးနှင့်  ခရမ်းသီးများကို စိုက်ပျိုး လျက်ရှိပါသည်။ စိုက်ပျိုးထွက်ရှိသော ကန်ဇွန်းရွက်နှင့် ဂွေးတောက်ရွက်များ မုံရွာမြို့၊ ဈေးဟောင်းနှင့် မြသလ္လာဈေးတို့တွင် ပို့ဆောင်ကာ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။  

          ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ပထမပတ်အတွင် ဈေးဟောင်းနှင့် မြသလ္လာဈေးတို့တွင် ဖြစ်ပေါ် နေသော ကန်ဇွန်းရွက်ဈေးနှုန်းများမှာ ကန်ဇွန်းရွက် တစ်စီးလျှင်(၂၀၀)ကျပ်၊ (၃)စည်း လျှင် (၅၀၀)ကျပ်ဖြစ်ပြီး  ဆူးပုတ်ရွက်ဈေးနှုန်းမှာ တစ်စည်းလျှင် (၃၀၀)ကျပ်မှ (၃၅၀) ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

၂၆.၈.၂၀၂၅ ရက်နေ့ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီးဈေးနှုန်းများ

             ဘုရင့်နောင်ကုန်စည်ဒိုင်အတွင်းသို့ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်း ပြည်နယ်တို့မှ ငြုပ်သီးများဝင်ရောက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးမှ အများဆုံးဝင်ရောက်ပြီး ငြုပ်သီးဈေးနှုန်းများမှာ ၂၆.၈.၂၀၂၅ ရက်နေ့ ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော ငြုပ်သီး တစ်ပိဿာ ဈေးနှုန်းများမှာ ပန်းရဲ(ဟောင်း) အမြင့်ဆုံးဈေး ကျပ် ၇၅၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၆၅၀၀၊ ပန်းရဲ(AC) အမြင့်ဆုံးဈေး ကျပ် ၁၁၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၁၀၀၀၀၊ မြှားနီ(ဟောင်း) အမြင့်ဆုံးဈေး ကျပ် ၉၀၀၀ မှ  အနိမ့်ဆုံးဈေး ကျပ် ၈၀၀၀၊ မြှားနီ(AC) အမြင့်ဆုံးဈေး ကျပ် ၁၂၀၀၀ မှ အနိမ့်ဆုံး ကျပ် ၁၁၀၀၀၊ မြစ်ဝ မိုးထောင် အမြင့်ဆုံးဈေး ကျပ် ၁၂၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၁၀၀၀၊ ဆင်ဖြူကျွန်း(ပု) သစ် အမြင့်ဆုံးဈေး ကျပ် ၁၇၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၁၆၀၀၀၊ ဆင်ဖြူကျွန်း(ပု) (AC) ကျပ် ၂၁၀၀၀၊ မြစ်ဝ (ပု) (AC) အမြင့်ဆုံးဈေး ကျပ် ၁၉၀၀၀ မှ အနိမ့်ဆုံးဈေး ကျပ် ၂၀၀၀၀ တို့အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။ ငြုပ်သီးဈေးနှုန်းမှာ  ယခင်တစ်ပတ်နှင့် ယခုတစ်ပတ်တွင် ဈေးနှုန်းပြောင်းလဲမရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

၂၆.၈.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးတွင် ကုန်စိမ်း၊ ပန်းနှင့် သစ်သီးများ ဝင်ရောက်မှုအခြေအနေ

           ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးအတွင်းသို့ နေ့စဉ်အနယ်နယ်အရပ်ရပ်မှ သစ်သီးများ၊ ပန်းနှင့် ကုန်စိမ်းများ ဝင်ရောက်လျက်ရှိရာ အောင်ပန်း၊ တောင်ကြီး၊ ကလော၊ ဟဲဟိုး၊ အင်းလေး၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက်ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ၂၆.၈.၂၀၂၅ ရက်နေ့တွင် ကုန်စိမ်းကုန်ချိန် ပိဿာချိန်ပေါင်း (၇၆၂၀၀၀) ကား (၉၀) စီးဝင်ရောက်လျက်ရှိကြောင်း၊ ပြင်ဦးလွင်၊ ကလော၊ မိုးကုတ်၊ တောင်ကြီး၊ အောင်ပန်း၊ ဘီးလင်း၊ တပ်ကုန်း၊ ရဲမွန်၊ ရေး၊ အင်းမ၊ မှော်ဘီ၊ တိုက်ကြီး၊ မန္တလေး၊ သီပေါ၊ ကျိုက်ကော်၊ မော်လမြိုင်၊ ပုပ္ပါး၊ ကျောက်ဆည်၊ တောင်ငူ၊ တွံတေး၊ ထားဝယ်၊ ကြံခင်း၊ ခရမ်းတို့မှ သစ်သီးများ ကုန်ချိန်ပိဿာချိန်ပေါင်း (၁၃၇၀၀၀) ကား (၂၀) စီးဝင်ရောက်ပြီး  ကလော၊ ဟဲဟိုး၊ တောင်ကြီး၊ ပြင်ဦးလွင်၊ ရွှေတောင်၊ ငွေတောင်၊ လှည်းကူး၊ ကျွန်းကလေး၊ ဇီးဖြူကုန်း၊ တွံတေး၊ ကော့မှူး၊ ညောင်တုန်းတို့မှ ပန်းများ ကုန်ချိန်ပိဿာပေါင်း (၄၄၉၀၀)  ကား (၂၅) စီး ဝင်ရောက်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကန့်ဘလူမြို့သစ်သီးဈေးကွက်ရှိ စပျစ်သီးနှင့် ဖရဲသီးဈေးနှုန်းကျဆင်း

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့မဈေးရှိ သစ်သီးဈေးကွက်တွင် စပျစ်သီးများ ရောင်းချလျက်ရှိပြီး စပျစ်သီးနှင့် ဖရဲသီးများကို မန္တလေးမြို့သစ်သီးပွဲရုံများမှ ဝယ်ယူ ရောင်းချလျက်ရှိကြောင်း သိရသည်။ ကန့်ဘလူမြို့သစ်သီးဈေးကွက်တွင် ၂၀၂၅ ခုနှစ် ၊ ဩဂုတ်လ တတိယပတ်အတွင်း စပျစ်သီးတရုတ်မျိုး(၁)ပိဿာလျှင် (၅၀၀၀၀)ကျပ်၊ (၂၅)ကျပ်သားလျှင် (၁၂၅၀၀)ကျပ်၊ စပျစ်သီးဗမာမျိုး (၁)ပိဿာလျှင် (၂၅၀၀၀)ကျပ်နှင့် (၂၅)ကျပ်သားလျှင် (၆၀၀၀) ကျပ်ဖြင့်လည်းကောင်း၊ ဖရဲသီးအကြီး(၁)လုံးလျှင် (၈၀၀၀)ကျပ်၊ အသေး(၁)လုံးလျှင် (၇၀၀၀)ကျပ် ဖြင့်ရောင်းချလျက်ရှိကြောင်း သစ်သီးဆိုင်များထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

ကန့်ဘလူမြို့၌ ပုံမှန်အရောင်းအဝယ်ဖြစ်နေသည့် ကြက်ကင်၊ငါးကင်နှင့်အကင်စုံဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့တွင် ဟင်းသီးဟင်းရွက်များ၊ အသား၊ ငါးမျိုးစုံ ရောင်းချလျက်ရှိရာ တစ်နိုင်တစ်ပိုင် အသေးစားစီးပွားရေး လုပ်ငန်းအနေဖြင့် ကြက်ကင်၊ ငါးကင်နှင့် အခြားအကင်မျိုးစုံ စသည်ဖြင့် ရောင်းချနေကြောင်း၊ ကြက်သားနှင့် ငါးတို့ကို ကန့်ဘလူ မြို့မဈေးမှ ဝယ်ယူရကြောင်းသိရှိရသည်။

     ၂၀၂၅ခုနှစ်၊ ဩဂုတ်လ တတိယပတ်အတွင်း ကန့်ဘလူမြို့တွင် ရောင်းချနေသော အကင်ဈေး နှုန်းများမှာ အရွယ်အစားနှင့် အမျိုးအစားပေါ်မူတည်၍ ကွာခြားမှုရှိကြောင်း ငါးကင်အသေး တစ်ကောင်လျှင်(၃၅၀၀မှ ၅၀၀၀)ကျပ်၊ အကြီးတစ်ကောင်လျှင် (၈၀၀၀မှ ၁၂၀၀၀)ကျပ်၊ ကြက်ပေါင် (၁)ကင်လျှင် (၅၀၀၀)ကျပ်၊ ကြက်တောင်ပံကင်(၁)ချောင်းလျှင် (၁၅၀၀)ကျပ်၊ ကြက်သဲမြစ်(၃) ချောင်း (၁၅၀၀)ကျပ်၊ ကြက်ခြေထောက်(၃)ချောင်း (၂၀၀၀)ကျပ်၊ ရုံးပတီသီး(၁)ကင် (၅၀၀)ကျပ် နှင့် အသားတုကင်(၁၀)ချောင်း (၁၀၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ယခုပတ်အတွင်း အကင်ဈေးနှုန်း များ အနည်းငယ်ကျဆင်းသွားကြောင်း သိရသည်။

DOCA (စစ်ကိုင်း)

                                                         

ကန့်ဘလူမြို့နယ်၌ ပုံမှန်အရောင်းအဝယ်ဖြစ်နေသည့် ဒေသထွက် သနပ်ခါးတုံးဈေးနှုန်း

         စစ်ကိုင်းတိုင်းဒေသကြီးသည် မြန်မာအမျိုးသမီးများ ကြိုက်နှစ်သက်စွာ အသုံးပြုနေကြသည့် သနပ်ခါးပင်များ စိုက်ပျိုးထွက်ရှိရာ ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။ မြန်မာ့သနပ်ခါးသည် ကဗျာ၊ သီချင်းများ စပ်ဆိုရသည်အထိ ထင်းရှားပြီး၊ ရှေးယခင်ကပင် သနပ်ခါးကို နန်းတွင်းအလှကုန်အဖြစ် အသုံးပြုခဲ့ကြောင်း၊ မြန်မာ့ရိုးရာ အလှတရားတွင် သနပ်ခါးသည် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်ပြီး အမျိုးသမီးများသည် မျက်နှာတွင် သနပ်ခါးဖြင့် အလှဆင်လေ့ရှိကြောင်း သိရှိရပါသည်။

        မြန်မာနိုင်ငံတွင် သနပ်ခါးသည် သဘာဝအလှကုန်ပစ္စည်းအဖြစ် ဈေးကွက်တွင် အရေးပါပြီး နိုင်ငံတကာတွင်လည်း စိတ်ဝင်စားမှုများလာကြောင်း၊ သနပ်ခါးသည် ကျန်းမာရေးနှင့် အလှအပတို့ အတွက် တန်ဖိုးမဖြတ်နိုင်သော သဘာဝလက်ဆောင်တစ်ခုဖြစ်ပြီး၊ ကန့်ဘလူမြို့မဈေးတွင် ရောင်းချ နေသော သနပ်ခါးတုံးများသည် ကန့်ဘလူခရိုင်အတွင်းမှ ထွက်ရှိသလို၊ ရွှေဘိုမြို့ရှိ လက်လီ၊လက္ကား သနပ်ခါးတုံး အရောင်းဆိုင်များမှလည်း ဝယ်ယူရောင်းချကြောင်း၊ ဩဂုတ်လ တတိယပတ်အတွင်း မြန်မာ့ရိုးရာသနပ်ခါး(၁)တုံးလျှင် (၅၀၀၀မှ ၆၀၀၀)ကျပ်၊ အသေး(၁)တုံးလျှင် (၂၀၀၀)ကျပ်နှင့် (၃) တုံးလျှင် (၅၀၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိရာ အရွယ်အစားနှင့် အရည်အသွေးပေါ်မူတည်၍ ဈေးနှုန်းများကွာခြားကြောင်း လုပ်ငန်းရှင်များထံမှ သတင်းရရှိပါသည်။

DOCA (စစ်ကိုင်း)

                                                         

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

              ၂၆.၈.၂၀၂၅ ရက်နေ့၊ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက် တစ်ပိဿာ ဈေးနှုန်းများမှာ တောင်သာ၊ မလိုင်(ဒုံး) သစ် အနိမ့်ဆုံးဈေး ကျပ် ၅၃၀၀ မှ အများဆုံး ကျပ် ၅၆၀၀၊ ညောင်ဦးဆေးရှယ်ကျပ် အနိမ့်ဆုံးဈေး ၅၀၀၀ မှ အများဆုံး ကျပ် ၆၈၀၀၊ ညောင်ဦးဆေးရှယ် (ထန်းရော)  ကျပ် ၄၆၀၀၊ ပခုက္ကူကြမ်း ကျပ် ၅၅၀၀၊ ရေစကြိုထန်းလျက် အနိမ့်ဆုံးဈေး ကျပ် ၆၈၀၀ မှ အများဆုံး ကျပ် ၇၀၀၀ ၊ ကြံသကာ (ရှမ်း) ကျပ် ၃၅၀၀၊ ကြံသကာ (သကြားရော) ကျပ် အနိမ့်ဆုံး ကျပ် ၅၅၀၀ မှ အများဆုံး ကျပ် ၆၀၀၀၊ မန်ကျည်းသီးများဖြစ်သော မန်းကျည်းသီး ပွင့်ကပ် (သစ်) အနိမ့်ဆုံးဈေး ကျပ် ၅၅၀၀ မှ ကျပ် ၆၀၀၀ မန်းကျည်းသီးအသား အနိမ့်ဆုံးဈေး ကျပ် ၇၀၀၀ မှ ကျပ် ၉၃၀၊ ပြည်တွင်းသကြား  အနိမ့်ဆုံးဈေး ကျပ် ၄၅၀၀ မှ ကျပ် ၄၇၀၀ တို့ အသီးသီးဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း