မအူပင်မြို့နယ်အတွင်း ပုဇွန်ထုပ်နှင့် ပုဇွန်ဆိတ်ဈေးနှုန်းများ တည်ငြိမ်လျက်ရှိ

Powered by Drupal

    ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်အတွင်း ဩဂုတ်လ စတုတ္ထပတ်ကာလအတွင်း ပုဇွန်ထုပ်နှင့် ပုဇွန်ဆိတ်ဈေးနှုန်းများ တည်ငြိမ်လျက်ရှိကြောင်း ဒေသခံငါးကုန်သည်များထံမှ သိရသည်။ ၂၀၂၅ ခုနှစ် ဩဂုတ်လ စတုတ္ထပတ်အတွင်း မအူပင်မြို့နယ်ဈေးကွက်တွင် ပုဇွန်ထုပ် တစ်ပိဿာလျှင် ကျပ် ၆၃,၀၀၀ မှ ၆၅,၀၀၀ အထိ၊ ၅၀ ကျပ်သားလျှင် ကျပ် ၃၁,၅၀၀ မှ ၃၂,၅၀၀ အထိ ရောင်းချလျက်ရှိပြီး ပုဇွန်ဆိတ် တစ်ပိဿာလျှင် ကျပ် ၂၃,၀၀၀ မှ ၂၅,၀၀၀ အထိ ရောင်းချလျက်ရှိကြောင်း သိရသည်။

          ဈေးနှုန်းအနေဖြင့် ပုဇွန်ထုပ် ၁၀ ကျပ်သားလျှင် ကျပ် ၆,၃၀၀ မှ ၆,၅၀၀ အထိ၊ ပုဇွန်ဆိတ် ၅၀ ကျပ်သားလျှင် ကျပ် ၁၁,၅၀၀ မှ ၁၂,၅၀၀ အထိ ရှိပြီး ၁၀ ကျပ်သားလျှင် ကျပ် ၂,၃၀၀ မှ ၂,၅၀၀ အထိ ရောင်းချလျက်ရှိကြောင်း သိရသည်။ မအူပင်မြို့နယ်အတွင်းရှိ ပုဇွန်ထုပ်များကို ရန်ကုန်မြို့မှ မှာယူရောင်းချလျက်ရှိပြီး ပုဇွန်ဆိတ်များကို ဒေသခံငါးဖမ်းသမားများထံမှ တိုက်ရိုက် ဝယ်ယူ ရောင်းချလျက်ရှိကြောင်း သိရသည်။

          မအူပင်မြို့နယ် ငါးကုန်သည်တစ်ဦးက "ယခုလအတွင်း ပုဇွန်ဈေးနှုန်းများ တည်ငြိမ် နေပါတယ်။ မိုးရာသီဖြစ်တာကြောင့် ပုဇွန်ထုတ်လုပ်မှု အနည်းငယ်လျော့နည်းသော်လည်း ဝယ်လိုအားလည်း ပုံမှန်အတိုင်းရှိနေတာကြောင့် ဈေးနှုန်းများ မြင့်တက်မလာဘဲ တည်ငြိမ် နေခြင်းဖြစ်ပါတယ်" ဟု ရှင်းပြသည်။ မအူပင်မြို့နယ်အတွင်းရှိ ဈေးများတွင် ပုဇွန်အရောင်း အဝယ်သည် ပုံမှန်ဖြစ်လျက်ရှိပြီး ဒေသခံများနှင့် စားသောက်ဆိုင်များမှ နေ့စဉ်ဝယ်ယူလျက် ရှိကြောင်း သိရသည်။

DOCA (ဧရာဝတီ)