ပုသိမ်မြို့နယ်အတွင်း ကြက်သွန်ဖြူဈေးနှုန်း အနည်းငယ်မြင့်တက်

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်အတွင်း ဩဂုတ်လ စတုတ္ထပတ်ကာလအတွင်း ကြက်သွန်ဖြူဈေးနှုန်းများ အနည်းငယ်မြင့်တက်လာကြောင်း ဒေသခံကုန်သည်များထံမှ သိရသည်။၂၀၂၅ ခုနှစ် ဩဂုတ်လ စတုတ္ထပတ်အတွင်း ပုသိမ်မြို့နယ်ဈေးကွက်တွင် ကြက်သွန်ဖြူ ရှမ်းဥအလုံးကြီး တစ်ပိဿာလျှင် ကျပ် ၁၃,၅၀၀ မှ ၁၄,၅၀၀ အထိ၊ ဗမာဖြူ တစ်ပိဿာလျှင် ကျပ် ၆,၅၀၀ မှ ၈,၅၀၀ အထိ ရောင်းချလျက်ရှိရာ ယခင်ပတ်များနှင့်နှိုင်းယှဉ်ပါက ပိဿာလျှင် ကျပ် ၅၀၀ မှ ၁,၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာကြောင်း သိရသည်။

          ကြက်သွန်ဖြူဗမာဖြူကို ၁၀ ကျပ်သားလျှင် ကျပ် ၈၅၀ မှ ၉၀၀ အထိ ရောင်းချလျက်ရှိပြီး ယခင်ပတ်ထက် ကျပ် ၅၀ မှ ၁၀၀ အထိ မြင့်တက်လာကြောင်း ဈေးသည်များက ဆိုသည်။ စားသောက်ဆိုင်များ၊ ထမင်းဆိုင်များနှင့် အိမ်ရှင်မများသည် အစားအသောက်ချက်ပြုတ်ရာတွင် အနံ့အရသာထွက်ရှိရန် ကြက်သွန်ဖြူကို အများဆုံးအသုံးပြုသည့်အတွက် နေ့စဉ်အရောင်း အဝယ်များ ရှိနေကြောင်း သိရသည်။

          ပုသိမ်မြို့နယ် ဟင်းသီးဟင်းရွက်ကုန်စည်ရောင်းဝယ်ရေးလုပ်ငန်းရှင်တစ်ဦးက "ယခုလ အတွင်း ကြက်သွန်ဖြူဈေးနှုန်းများ အနည်းငယ်မြင့်တက်လာတာကို တွေ့ရပါတယ်။ ဒေသ တွင်းထွက် ကြက်သွန်ဖြူထုတ်လုပ်မှု အနည်းငယ်လျော့နည်းလာပြီး ဝယ်လိုအားမြင့်မားနေ တာကြောင့် ဈေးနှုန်းမြင့်တက်ရခြင်းဖြစ်နိုင်ပါတယ်" ဟု ရှင်းပြသည်။ ပုသိမ်မြို့နယ်အတွင်းရှိ ဈေးများတွင် ကြက်သွန်ဖြူအရောင်းအဝယ်သည် ပုံမှန်ဖြစ်လျက်ရှိပြီး နေ့စဉ်စားသုံးကုန်ပစ္စည်း ဖြစ်သည့် အတွက် ဝယ်လိုအားလည်း မပြတ်ရှိနေကြောင်း သိရသည်။

DOCA (ဧရာဝတီ)