ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

နတ်တော်လဆန်းတွင် အရောင်းသွက်သည့်သစ္စာပန်း

                နတ်တော်လရာသီအခါသမယအတွင်း ပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီးရှိ အမရပူရ ခရိုင်၊ပြင်ဦးလွင်ခရိုင်၊ ကျောက်ဆည်ခရိုင်၊မိတ္တီလာခရိုင်နှင့်မြင်းခြံခရိုင်တို့မှထွက်သည့် ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှ ထွက်ရှိသည့်သစ္စာပန်းများ ဝင် ရောက်မှုများပြားလျက်ရှိပြီး၊ အရောင်းသွက်လျက်ရှိကြောင်း သိရှိရပါသည်။သစ္စာပန်းအပွင့် အရောင် မှာ အဖြူ၊ကြက်သွေးနီ၊မိတ်ကပ်ရောင်၊ပန်းရောင်၊ အဝါရောင်တို့တွေ့ရှိရပြီး၊ ၂၀၂၅ ခုနှစ် နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်းဖြစ်ပေါ်သည့်လက်လီစျေးနှုန်းများမှာသစ္စာပန်း(၅ခက်ပါ)၁စီးလျှင် (ပန်းပွင့် ကြီး)၂၅၀၀ကျပ်နှင့်၃၅၀၀ကျပ်၊ (ပန်းပွင့်သေး) ၂၀၀၀ကျပ်နှင့်၂၃၀၀ကျပ်စျေးတို့ဖြင့် ရောင်းချ လျှက်ရှိကြောင်း သိရှိရပါသည်။နတ်တော်လရာသီအခါသမယအတွင်း ဘုရားပွဲနှင့် အလှူပွဲတော်များ ကျင်းပသည့်အချိန်ဖြစ်၍ သစ္စာပန်းမှာစျေးကွက်အတွင်းဝယ်ယူမှုများပြား လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA  (မန္တလေး)

 

နတ်တော်လဆန်းရှိနှင်းပန်းစျေးကွက်

        နတ်တော်လရာသီအခါသမယအတွင်း ပန်းစျေးကွက်သို့  မန္တလေးတိုင်းဒေသကြီး ရှိ အမရပူရ ခရိုင်၊ပြင်ဦးလွင်ခရိုင်၊ကျောက်ဆည်ခရိုင်၊မိတ္တီလာခရိုင်နှင့်မြင်းခြံခရိုင်တို့မှ ထွက်သည့် ပန်းများ၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ တောင်ကြီးဒေသတို့မှ ထွက်ရှိသည့်နှင်းပန်းများ ဝင်ရောက်လျက်ရှိပြီး၊အရောင်းသွက်လျက်ရှိကြောင်းသိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက်ဆုံး ပတ်အတွင်းဖြစ်ပေါ်သည့်လက္ကားစျေးအစီးကြီးတစ်စီးလျှင် ၁၀၀၀၀ ကျပ်နှင့် ၁၃၀၀၀ကျပ်၊ လက်လီ စျေး မှာ နှင်းပန်း(၅ခက်ပါ) ၁ စီးလျှင် ၁၅၀၀ကျပ်နှင့်၂၀၀၀ကျပ်စျေးတို့ဖြင့် ရောင်းချလျှက်ရှိ ကြောင်း သိရှိရပါသည်။နတ်တော်လရာသီချိန်အတွင်း ဘုရားပွဲနှင့်အလှူပွဲတော်များ ကျင်းပသည့် အချိန် ဖြစ်၍ နှင်းပန်းမှာ  စျေးကွက်အတွင်း ဝယ်ယူမှုများပြားလျက်ရှိကြောင်း သိရှိရပါသည်။

DOCA  (မန္တလေး)

နတ်တော်လဆန်းတွင်ငှက်ပျောသီးအရောင်းသွက်လျက်ရှိ

                      မန္တလေးစျေးကွက်တွင် နတ်တော်လဆန်းကာလအတွင်း ငှက်‌ပျောသီးများအရောင်းသွက် လျက်ရှိကြောင်း စျေးချိုတော်ရှိ ငှက်ပျောသီးဆိုင်ရှင်တစ်ဦး၏ပြောပြချက်အရ သိရှိရပါသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ငှက်ပျော သီးစိုက်ပျိုးမှု ၁၃၂၃၀ ဧက၊ ရိတ်သိမ်းမှု ၁၂၈၃၅ ဧက၊အထွက်နှုန်း ၁၀၅၅.၈၂ နှင့် အထွက်တင်း ၁၃၅၅၁၄၄၀ တင်းဖြစ်ကြောင်း သိရှိရပါသည်။ ဖီးကြမ်း၊ သီးမွှေး၊ ရခိုင်၊ငှက်ပျောချဉ်နှင့် ရွှေနီငှက်ပျော သီးတို့မှာ စျေးကွက်အတွင်း အများဆုံး တွေ့ရှိရပါသည်။ ဖီးကြမ်း၊ သီးမွှေး နှင့်ရခိုင်ငှက်ပျောသီးများ ကိုဘုရားပွဲ နှင့်မိရိုးဖလာပွဲများ တွင် သုံးစွဲမှုများပြီး၊ကန်တော့ပွဲတစ်ပွဲတွင် အုန်းသီးတစ်လုံးနှင့်သုံးစွဲ သည့်ငှက်ပျောခိုင် အရေအတွက် အလိုက်၊ အလုံးအရွယ်အစား အလိုက် စျေးနှုန်းအမျိုးမျိုး ရောင်းချ ကြောင်းသိရှိရပါသည်။ ၂၀၂၅ ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ငှက်ပျောဖီးစျေးနှုန်းများ အနေဖြင့် တစ်ဖီးလျှင် ဖီးကြမ်း (အစိမ်း) ၂၀၀ဝိ/- နှင့် ၃၅၀ဝိ/- ၊ဖီးကြမ်း (အမှည့်) ၁၅၀ဝိ/- နှင့် ၃၀၀ဝိ/-၊ သီးမွှေးငှက်ပျောသီးမှာ ၁၅၀ဝိ/-နှင့် ၂၅၀ဝိ/-၊ (တောင်ငူသီး) ၄၀၀ဝိ/-နှင့် ၅၅၀ဝိ/-၊ ရခိုင်ငှက်ပျောသီးနှင့် ငှက်ပျောချဉ်သီးမှာ ၁၅၀ဝ/- နှင့်၂၀၀ဝိ/-၊ ရွှေနီငှက်ပျောသီး (တောင်ငူသီး)မှာ ၅၀၀ဝိ/- နှင့် ၈၀၀ဝိ/- စျေးတို့ဖြင့် ရောင်းချလျှက်ရှိကြောင်းသိရှိရပါသည်။

DOCA  (မန္တလေး)

နိုဝင်ဘာလနောက်ဆုံးပတ်တွင် အာလူးစျေးအနည်းငယ်တက်

           မန္တလေးစျေးကွက်အတွင်းသို့ ရှမ်းပြည်နယ်မှ အာလူးသီးများဝင်ရောက်မှု အနည်းငယ်ကျ ဆင်းပြီးပေါက်စျေးအနည်းငယ်တက်သွားကြောင်း စျေးချိုတော်ရှိ အာလူးပွဲရုံတန်းမှ သိရှိရပါသည်။  မန္တလေးစျေးကွက်အတွင်း ၂၀၂၅ခုနှစ်နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသော အာလူး သီးတစ်ပိဿာပေါက်စျေးမှာ  အလုံးကြီးလက္ကားစျေး၇၀၀ဝိ/-၊ လက်လီစျေး ၈၀၀ဝိ/-နှင့် ၉၀၀ဝိ/- ၊ လုံးလတ်လက္ကားစျေး၆၀၀ဝိ/-၊ လက်လီစျေး ၆၅၀ဝိ/-နှင့် ၇၀၀ဝိ/-၊အလုံးသေးလက္ကား ၂၅၀ဝိ/-၊ လက်လီစျေး ၃၀၀ဝိ/-နှင့် ၃၅၀ဝိ/-စျေးတို့ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ ယခင်တတိယပတ် စျေးနှုန်းနှင့်နှိုင်းယှဉ်ပါက အာလူးစျေးနှုန်းမှာ အနည်းငယ်မြင့်တက်သွားကြောင်း သိရှိရပါသည်။

DOCA  (မန္တလေး)

အရောင်းသွက်သည့် မန္တလေးနနွင်းတက်စျေးကွက်

              မန္တလေးတိုင်း‌ဒေသကြီးအတွင်း စားဖိုစောင်သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် တွင်နနွင်းတက်စိုက်ပျိုးမှု ၂၈၉၉ ဧက၊ရိတ်သိမ်းမှု ၂၈၆၇ ဧက၊ အထွက်နှုန်း ၁၇၀၃.၆၉ တင်း၊ ထွက်ရှိ မှု ၄၈၈၄၄၇၁ တင်းဖြစ်ကြောင်း သိရှိရပါသည်။ မန္တလေးစျေးကွက်အတွင်း ၂၀၂၅ ခုနှစ်   နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ နနွင်းတက်တစ်ပိဿာလျှင် လက္ကားစျေး ၉၀၀ဝိ/- နှင့် ၁၀၀၀ဝိ/- ၊ လက်လီစျေး ၁၁၀၀ဝိ/- နှင့် ၁၃၀၀ဝိ/-ဖြစ်ပြီး၊ လက်လီစျေး နနွင်းမုန့် ၁၆၀၀ဝိ/-နှင့် ၁၈၀၀ဝိ/-စျေးတို့ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ နနွင်းတက်စျေးနှုန်းမှာ ယခင်လပေါက်စျေးနှင့်နှိုင်းယှဉ်ပါက မန္တလေးစျေးချိုကိုင်းတန်းစျေးကွက်တွင် စျေးငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA  (မန္တလေး)

စျေးငြိမ်နေသောမန္တလေးငရုတ်သီးခြောက်စျေးကွက်

            မန္တလေးတိုင်း‌ဒေသကြီးအတွင်း စားဖိုစောင်သီးနှံမျိုးစုံစိုက်ပျိုးထွက်ရှိပြီး၊ ၂၀၂၄-၂၀၂၅ ခုနှစ် တွင် ငရုတ်သီးခြောက်စိုက်ပျိုးမှု ၁၀၈၉၇၃ ဧက၊ရိတ်သိမ်းမှု ၉၇၆၆၂ ဧက၊ အထွက်နှုန်း ၂၈၃.၁၁ တင်း၊ထွက်ရှိမှု ၂၇၆၄၉၄၁၀ တင်းဖြစ်ကြောင်း သိရှိရပါသည်။မန္တလေးစျေးကွက်အတွင်း ၂၀၂၅ ခုနှစ် နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်လျက်ရှိသောပေါက်စျေးမှာ ငရုတ်ခြောက်တစ် ပိဿာ လျှင် လက္ကားစျေး ၁၁၀၀ဝိ/- နှင့် ၁၂၀၀ဝိ/- ၊လက်လီစျေး ၁၂၅၀ဝိ/- နှင့် ၁၃၅၀ဝိ/-ဖြစ်ပြီး၊ လက်လီစျေး ငရုတ်သီး(အကြမ်းမှုန့်) ၁၅၀၀ဝိ/-၊ အရောင်တင်မှုန့်(အနုမှုန့်) ၁၆၀၀ဝိ/-နှင့် ၁၇၅၀ဝိ/-စျေးတို့ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ငရုတ်သီးခြောက်စျေးနှုန်းမှာ ယခင်လပေါက်စျေးနှင့်နှိုင်းယှဉ်ပါက စျေးငြိမ်နေကြောင်း သိရှိရပါသည်။

DOCA  (မန္တလေး)

ဗုံလုံသီး စိုက်ပျိုးထွက်ရှိမှု နှင့် တောင်သူအကျိုးအမြတ်ရရှိ

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်တွင် ရာသီစာ ဟင်းသီးဟင်းရွက်သီးနှံများကို စိုက်ပျိုး၍ စီးပွားဖြစ်စိုက်ပျိုးကြောင်း ဗုံလုံသီး (ခေါ်) ပဲလင်းမြွေသီး စိုက်ပျိုးရေးလုပ်ငန်းမှာ အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်အပိုဝင်ငွေရရှိပြီး စီးပွားဖြစ်ထွန်း၍  မအူပင်မြို့နယ်၊ တလုပ်လပ် ကမ်းနားသဲသောင်မြေပေါ်တွင် စိုက်ပျိုးကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

      စိုက်ပျိုးမှု အနေဖြင့် ဗုံလဲသီး မျိုးစေ့ တစ်စေ့ကို ၀၀ကျပ်ဖြင့် ၁ဧကတွင် အစေ့ ၀၀၀ စိုက်ပျိုးပြီး ၂၀၂ခုနှစ် အောက်တိုဘာလက စတင်စိုက်ပျိုးခဲ့ပြီး ဗုံလုံသီးထွက်ရှိမှုမှာ  ၂၀၂၅ခုနှစ် မတ်လတွင် အသီးမျိူး ပြတ်မည်ဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးမှု ကုန်ကျစရိတ် ဝါး၊ မျိုး၊ လုပ်သား၊ သွင်းအားစု ကုန်ကျစရိတ် ၃၀ ၀၀၀ ၀၀၀ကျပ် ခန့် ကုန်ကျကြောင်း သိရသည်။ စိုက်ပျိုးရာ၌ စိုက်ဘောင်စနစ်ဖြင့် ကျင်းတူးကာ တစ်ကျင်းနှင့် တစ်ကျင်း ငါးပေခန့်ခွာ ၍ မျိုးစေ့ချ စိုက်ပျိုးနိုင်သည်။ စိုက်ပျိုးပြီး (၁၀)ရက်ခန့်တွင် အပင်ပေါက်ပြီး နွယ်တက်ရန်အတွက် ဝါးခြမ်းများစိုက်၍ စင်ထိုးခြင်းကို ပြုလုပ်ပေးရန်လိုအပ်ပြီး ရေကိုနှစ်ရက်ခြား၊ သုံးရက်ခြားတစ်ကြိမ် ရေလောင်းပေးရန် လိုအပ်ပါသည်။ စိုက်ပျိုးပြီး တစ်လကျော်အကြာတွင် အသီးများ စတင်သီးကာ အသီးများကို ခဲဆွဲထားရန်လည်း လိုအပ်ပြီး ၁ဧကတွင် သီးနှံ အတောင့်ရေ လေးသောင်းနှစ်ထောင်အထိ ဆွတ်ခူးရရှိနိုင်ကြောင်း သိရသည်။ 

      ဈေးနှုန်းအနေဖြင့် စတင်ထွက်ရှိချိန်က ၁တောင့်ကို ၁၀၀၀/-၊ ကျပ်ဈေးကောင်းရရှိပြီး ယနေ့ဈေးနှုန်း တစ်တောင့်ကို လက်ကားဈေး ၀၀-၀၀ ကျပ်ဖြင့်သာ ရောင်းချရကြောင်း သိရသည်။ ရန်ကုန်သို့ အဓိက ထား တင်ပို့ရောင်းချပြီး စိုက်ပျိုးမှု အကျိုးအမြတ်အနေဖြင့် ငါးလတာအတွင်း အကျိုးအမြတ်နှုတ်ပြီး သိန်း ၁၀ နီးပါး ခန့် ကျန်ရှိနိုင်ကြောင်းကို စိုက်ပျိုးတောင်သူပြောကြားချက်အရ သိရသည်။

DOCA(ဧရာဝတီ)

တော်ဝင်သဇင်ပန်းဈေးနှုန်းဈေးကွက်အခြေအနေ

            သဇင်ပန်းကလေးများသည် ဆောင်းရာသီဖြစ်သော နတ်တော်လ၊ ပြာသိုလများတွင် လှိုင်လှိုင်ပွင့် လေ့ရှိသည်။ သဇင်ပန်းသည် ဘုရင်၏မိဖုရားတို့သာ ဦးဦးဖျားဖျားပန်ခွင့်ရသောပန်းဖြစ်သဖြင့် တော်ဝင်ပန်း အဖြစ် အသိအမှတ်ပြုကြသည်။ သဇင်ပန်းသည် နတ်တော်လ၌ ပွင့်သဖြင့် အမြတ်တနိုးထား၍ နတ်တင် ကြသောကြောင့် နတ်ပန်းဟုလည်းခေါ်ကြသည်။

          သဇင်ပင်သည် သစ်ခွမျိုးစိတ်ထဲတွင် ပါဝင်ပြီး ဂမုန်းမျိုးတွင်လည်း ပါဝင်သည်ဟု မှတ်သား ရသည်။ ဂမုန်းမျိုးဖြစ်သော သဇင်(၁၅)မျိုးရှိကြောင်း တော်ဝင်ပန်းဖြစ်ကြောင်းတို့ကို ရွှေတိုက်စိုးဦးတိုး ရေးသားသည့် ရာမရကန်၊ သဇင်အချီးတွင် တွေ့မြင်နိုင်သည်။ သဇင်ပန်းပွင့်အရောင်သည် လေးမျိုးရှိပြီး ယင်းတို့မှာ သဇင်ဖြူ၊ သဇင်ဝါ၊ သဇင်နီ၊ သဇင်နက်တို့ဖြစ်ကြသည်။ မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရန်ကုန်၊တောင်ငူ၊ မန္တလေး၊ မြစ်ကြီးနားနှင့် ပြင်ဦးလွင် စသည့် အနီးတစ်ဝိုက်တို့တွင် သဇင်ဖြူနှင့်သဇင်ဝါတို့ကိုတွေ့ရပါသည်။ သဇင်နီမျိုးသည် တောင်ငူနယ် တောတောင်စိမ့်ကြီးများ၌ပေါက်၍ မေမြို့တစ်ဝိုက် ကျေးလက်တောအုံများတွင် သဇင်နက်များ တစ်ခါ တစ်ရံတွေ့ရသည်။  သဇင်ပန်းမျိုးများစွာရှိသော်လည်း ယခုအခါတွင် စီးပွားဖြစ်အနေဖြင့် ရောင်းတန်းဝင် လှသော တော်ဝင်သဇင်ပန်းကို ပိုမိုစိုက်ပျိုးလာကြသည်။ သဇင်ပန်းသည် ဆေးဖက်လည်း ဝင်လှပေသည်။ မြန်မာ့ဆေးကျမ်းအလိုအရ သဇင်ပွင့်သည် ဦးခေါင်းကိုက်ခြင်း၊ မျက်စိနာခြင်းတို့ကိုလည်းကောင်း၊ အနာရောဂါ အချို့ကိုလည်းကောင်း ပျောက်ကင်းစေနိုင်သည်ဟုသိရပါသည်။     

          သဇင်ပန်းအမျိုးအမည်များစွာရှိသည့်အနက် လူကြိုက်များ၍ အရောင်းရဆုံးမှာ   တော်ဝင်သဇင်ပန်း ဖြစ်သည်။ ဈေးကွက်အတွင်းတွင် ယခုနှစ် နိုဝင်ဘာလကုန်ပိုင်းတွင်  တော်ဝင်သဇင်ပန်း  ၅" တစ်ခက်လျှင် (၁၀၀၀၀)ကျပ်၊ ၆"တစ်ခက်လျှင် (၂၀၀၀၀)ကျပ်၊ ၇"တစ်ခက်လျှင် (၃၀၀၀၀)ကျပ်၊ ၈"တစ်ခက်လျှင် (၄၀၀၀၀)ကျပ်၊ ဆိုဒ်စုံအရော (၆"/၇"/ ၈")ဆယ်ခက်လျှင်  (၃၀၀၀၀၀)ကျပ်၊ ဆိုဒ်စုံအရော (၅"/၆"/ ၇") ဆယ်ခက်လျှင်  (၂၀၀၀၀၀)ကျပ်၊ ဆိုဒ်စုံအရော (၅"/၆")ဆယ်ခက်လျှင်  (၁၅၀၀၀၀)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိကြောင်း သဇင်စိုက်ပျိုးသူတစ်ဦးထံမှ သိရပါသည်။

DOCA(မန္တလေး)                                                                          

 

ငှက်ပျောသီးဈေးနှုန်းဈေးကွက်

                မန္တလေးဈေးကွက်အတွင်းသို့ ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သား၊ မတ္တရာ၊ ရွှေဘိုမြို့နယ် ဘက်မှ ငှက်ပျောသီးများ ဝင်ရောက်လျှက်ရှိပါသည်။ ငှက်ပျောသီးအမျိုးအစားများစွာ ရှိသည့်အပြင် ရခိုင် ငှက်ပျော၊ ဖီးကြမ်းငှက်ပျောနှင့် သီးမွှေးငှက်ပျောသီးများ မန္တလေးဈေး ကွက်အတွင်းသို့ အများ အပြားဝင်ရောက်လျှက်ရှိပါသည်။ ငှက်ပျောသီးသည် အာဟာရ ဓာတ်များ စွာပါဝင်သည့် အသီးတစ်မျိုး ဖြစ်ပါသည်။ ငှက်ပျောသီးမှာပါဝင်တဲ့  ပိုတက်စီယမ် ဓာတ်နဲ့ မဂ္ဂနီစီယမ်ဓာတ်တွေက နှလုံးကျန်းမာ ရေးအတွက်များစွာ အထောက် အကူဖြစ်စေပြီး အထူး သဖြင့် သွေးဖိအားကို  ပုံမှန်ဖြစ်စေဖို့   ထိန်းညှိ ပေးနိုင်ပါသည်။ ငှက်ပျောသီးကို ဘုရားကန်တော့ပွဲနှင့် ရိုးရာဘုရားကန်တော့ပွဲများတွင်လည်း အသုံးပြုကြသည်။ ငှက်ပျောသီးများမှာ အခွံနွှာ၍ အသင့်စားသုံးနိုင်သည့် အသီးဖြစ်သည့်အပြင် ငှက်ပျောပူတင်း၊ ငှက်ပျောသီးကြော်၊ ငှက်ပျောပေါင်း၊ ငှက်ပျောကိတ်မုန့်၊ စသည့်ဖြင့် နှစ်သက်သည့်အတိုင်း စားသုံးကြပါသည်။ ငှက်ပျောသီးတွင် အမျှင်ဓါတ်များစွာပါဝင်သည့်အတွက် ဝမ်းချုပ်ခြင်းအတွက် ကာကွယ်ပေးပြီး အစာအိမ်နှင့် အူလမ်းကြောင်း ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရရှိနိုင် မည်ဖြစ်ပါသည်။ ငှက်ပျောသီးတွင်ပါဝင်သော ကိုယ်ခံအားကောင်းစေခြင်း၊ ငှက်ပျောသီး စားသုံး ခြင်းဖြင့်အရိုးအဆစ်များကိုသန်မာစေပါသည်။ ဖီးကြမ်းငှက်ပျောသီး တစ်ဖီးလျှင်(၂၅၀၀/ ၃၀၀၀) ကျပ်၊ ရခိုင်ငှက်ပျောသီးတစ်ဖီးလျှင်(၂၀၀၀/၂၅၀၀)ကျပ်နှင့် သီးမွှေး ငှက်ပျောတစ်ဖီးလျှင်(၂၅၀၀/ ၃၀၀၀)ကျပ်ဖြင့် ဈေးနှုန်းဖြင့် အရွယ်အစားအကြီးအသေးအပေါ်မူတည်၍  ရောင်းချ လျှက်ရှိကြောင်း ငှက်ပျောသီးအရောင်းဆိုင်မှ သိရှိရသည်။    

DOCA(မန္တလေး)                                                                          

ရုံးပတီသီးဈေးနှုန်းဈေးကွက်

          မန္တလေးမြို့တွင်းသို့ ကျောက်ဆည်၊ မုံရွာမြို့များမှ ထွက်ရှိလာသည့် ရုံးပတီသီးများ ဈေးကွက်အတွင်းသို့ ဝင်ရောက်လျက်ရှိပါသည်။ ရုံးပတီသီးသည် ကျန်းမာရေးအနေဖြင့် ဆီးချိုကို ထိန်းညှိပေးခြင်း၊ ဝမ်းချုပ်ခြင်းကို သက်သာစေခြင်း၊ သွေးအား နည်းရောဂါကို ကာကွယ်ပေးခြင်း၊ ကိုယ်အလေးချိန် ကျစေခြင်း၊ ကိုလက်စရော(သွေးတွင်း အဆီဓာတ်) ကျစေခြင်း၊ ကိုယ်ခံအား ကောင်းစေခြင်းနှင့် အမြင်အာရုံကောင်းစေကြောင်းလည်း သိရသည်။ ရုံးပတီသီးကို ကြက်ဥဖြင့် ကြော်ချက်၍လည်းကောင်း၊ ပုဇွန်ခြောက်ဖြင့်လည်းကောင်း ၊ ချဉ်ပေါင်ရွက်နှင့် အချဉ်ရည်ဟင်းချက်၍ လည်းကောင်း၊ အတို့အမြှပ်ပြုလုပ်၍လည်းကောင်း စသည်ဖြင့် ချက်ပြုတ်စားသောက်ကြသူများသောကြောင့် အရောင်းအဝယ်ကောင်းသော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် နိုဝင်လဘာလစတုတ္ထပတ်တွင် ရောင်းချနေသောရုံးပတီသီးဈေးနှုန်းမှာ (၂၅)ကျပ်သားလျှင်(၁၀၀၀) ကျပ်၊(၁)ပိဿာလျှင် (၃၅၀၀)ကျပ် ဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦးထံမှ သိရသည်။

DOCA(မန္တလေး)

 

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း