
တနင်္သာရီတိုင်းဒေသကြီးသည် ရာသီဥတုနှင့်မြေဆီလွှာအခြေအနေ ကောင်းမွန်မှုကြောင့် ဒူးရင်းသီးအပါအဝင် နှစ်ရှည်သီးနှံများ စိုက်ပျိုးရန်သင့်လျော်သည့် ဒေသတစ်ခုဖြစ်သည်။ ဒူးရင်းသီးသည် ဒေသခံတောင်သူများအတွက် ရေရှည်ဝင်ငွေရရှိစေသည့် အရေးပါသော စီးပွားဖြစ်သီးနှံ တစ်မျိုးအဖြစ် စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။
ဒူးရင်းသီးစျေးနှုန်းများသည် ရာသီအလိုက်အသီးထွက်နှုန်း၊ ဝယ်လိုအား၊ သယ်ယူပို့ဆောင်ရေး အခြေအနေနှင့် မျိုးအရည်အသွေးတို့အပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်သည်။
ယခုနှစ် ဒူးရင်းသီးရာသီတွင် တနင်္သာရီဒေသထွက် ဒူးရင်းသီးများသည် အရေးအသွေးကောင်းမွန်မှုကြောင့် စျေးကွက်အတွင်းဝယ်လိုအား ကောင်းမွန်လျက်ရှိပြီး အမျိုးအစား၊ အရွယ်အစားနှင့် အရည်အသွေးအပေါ်မူတည်၍ တစ်လုံးလျှင် ကျပ်(၁၀၀၀၀မှ၅၀၀၀၀)ကျပ် ဝန်းကျင်အထိ ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
