ပြည်တွင်းကုန်သွယ်မှုသတင်း

Powered by Drupal

၃၀.၁၂.၂၀၂၅ ရက်နေ့တွင် လှိုင်မြို့နယ် သီရိမင်္ဂလာဈေးကြီးရှိ ဟင်းသီးဟင်းရွက်ဈေးနှုန်းများ

   ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးအတွင်းသို့ နေ့စဉ် ရှမ်းပြည်နယ်၊ မှော်ဘီ၊ တိုက်ကြီး၊ တွံတေး၊ ကျောင်းကုန်း၊ ရွှေညောင်၊ ညောင်နှစ်ပင်၊ ခရမ်း၊ သုံးခွ၊ ဝါးနက် ချောင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှ ဟင်းသီးဟင်းရွက်များ ဝင်ရောက်လျက်ရှိရာ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ မုန့်ညှင်းဖြူ တစ်ပိဿာ ကျပ် ၅၀၀၀ မှ ၆၀၀၀၊ ချဉ်ပေါင်ရွက် (၁၀)စီး ကျပ် ၄၀၀၀၊ ပန်းဂေါ်ဖီ တစ်ပွင့် ကျပ် ၁၅၀၀ မှ ၃၀၀၀၊ မျှစ်  တစ်ပိဿာ ကျပ် ၃၀၀၀ မှ ၆၀၀၀ ၊ နံနံပင် တစ်ပိဿာ ကျပ် ၃၀၀၀ မှ ၅၀၀၀၊ ဂေါ်ဖီ (၁) ထုပ် ကျပ် ၁၅၀၀ မှ ၃၀၀၀၊ ကန်စွန်းဖြူ(၁၀)စီး ကျပ် ၆၀၀၀ မှ ၇၀၀၀၊ ကင်ပွန်းချဉ်ရွက် (၁၀)စီး ကျပ် ၃၅၀၀ မှ ၄၀၀၀၊ ဆူးပုတ်ရွက်(၁၀)စီး ကျပ် ၃၅၀၀၊ ဟင်းနုနွယ်ရွက်(၁၀)စီး ကျပ် ၃၅၀၀ မှ ၄၅၀၀၊ မုန်လာဥနီ တစ်ပိဿာ ကျပ် ၈၀၀၀ မှ ၁၅၀၀၀၊ ဘိုစားပဲသီး တစ်ပိဿာ ကျပ် ၅၀၀၀၊ ရုံးပတီသီး (၁၀၀) တောင့် ကျပ် ၅၀၀၀၊ ခဝဲသီး (၁၀) လုံး ကျပ် ၅၀၀၀ မှ ၇၀၀၀၊ ခရမ်းသီး ၁၀ လုံး ကျပ် ၃၅၀၀ မှ ၆၀၀၀၊ ကြက်ဟင်းခါးသီး တစ်လုံး ကျပ် ၅၀၀၊ ဘူးသီးတစ်လုံး ကျပ် ၁၅၀၀ မှ ၄၀၀၀၊ ရှောက်သီး (၁၀) လုံး ကျပ် ၂၀၀၀ မှ ၇၀၀၀၊ သခွားသီး (၁၀၀) လုံး ကျပ် ၂၀၀၀၀ မှ ၃၀၀၀၀၊ သံပုရာသီး (၁၀၀) လုံး ကျပ် ၁၀၀၀၀ မှ ၂၀၀၀၀၊ ရွှေဖယုံသီး တစ်လုံး ကျပ် ၂၀၀၀ မှ ၅၀၀၀၊ ကျောက်ဖယုံသီး တစ်လုံး ကျပ် ၃၀၀၀ မှ ၅၀၀၀၊ ဂေါ်ရခါးသီး တစ်လုံး ကျပ် ၃၀၀ မှ ၅၀၀၊ ဂေါ်ရခါးရွက် (၁၀)စီး ကျပ် ၄၅၀၀၊ ငရုတ်သီးစိမ်း တစ်ပိဿာ ကျပ် ၄၀၀၀ မှ ၇၀၀၀၊ ပဲသီး တစ်စီးကြီး ကျပ် ၁၅၀၀ မှ ၂၅၀၀၊ ခရမ်းချဉ်သီး တစ်သေတ္တာ ကျပ် ၃၈၀၀၀ မှ ၅၅၀၀၀၊ ဗုံလုံသီး တစ်စီး ကျပ် ၅၀၀၀ မှ ၆၀၀၀၊ မုန်လာဥဖြူ တစ်စီး ကျပ် ၈၀၀ တို့ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သော သဘာဝဒေသထွက်ကုန်ဈေးနှုန်းများ

    ၂၉.၁၂.၂၀၂၅ ရက်နေ့၊ ကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သော ထန်းလျက် တစ်ပိဿာ ဈေးနှုန်းများမှာ တောင်သာ၊ မလိုင်(ဒုံး) သစ် အနိမ့်ဆုံးဈေး ကျပ် ၅၉၀၀ မှ အများဆုံး ကျပ် ၆၂၀၀၊ ညောင်ဦးဆေးရှယ် (ထန်းရော)  အနိမ့်ဆုံးဈေး ကျပ် ၄၀၀၀ မှ အများဆုံး ကျပ် ၄၁၀၀ ၊ ပခုက္ကူကြမ်း ကျပ် ၆၃၀၀၊ ရေစကြိုထန်းလျက် အနိမ့်ဆုံးဈေး ကျပ် ၇၀၀၀ မှ အများဆုံး ကျပ် ၇၅၀၀ ၊ ကြံသကာ (ရှမ်း) ကျပ် ၃၀၀၀၊ ကြံသကာ (သကြားရော) ကျပ် ၄၅၀၀၊ မန်ကျည်းသီးများ ဖြစ်သော မန်းကျည်းသီး ပွင့်ကပ် (သစ်) အနိမ့်ဆုံးဈေး ကျပ် ၄၀၀၀ မှ ကျပ် ၅၀၀၀ ၊ မန်းကျည်း သီးအသား အနိမ့်ဆုံးဈေး ကျပ် ၈၀၀၀ မှ ကျပ် ၁၀၀၀၀ ၊ ပြည်တွင်းသကြား အနိမ့်ဆုံးဈေး ကျပ် ၃၅၀၀ မှ ကျပ် ၄၁၀၀ တို့အသီးသီး ဖြစ်ကြောင်း ကုန်စည်ဒိုင်မှ သတင်းရရှိပါသည်။

DOCA(ရန်ကုန်)

“ ပဲကြီးစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်”

        မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ပဲမျိုးစုံသီးနှံဖြစ်သည့် တိုင်ထောင်ပဲ၊ မတ်ပဲ၊ ပဲယဉ်း၊ ကုလားပဲ၊ ပဲစဉ်းငုံသီးနှံများအပြင် ဝယ်လိုအားရှိသော ပဲကြီးသီးနှံကိုလည်း စိုက်ပျိုးလာကြပါသည်။ မြို့နယ်အတွင်း ပဲကြီးစိုက်ဧက (၂၄၀)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ စက်တင်ဘာ လဆန်းမှစတင်၍ ပဲကြီးသီးနှံများ စတင်စိုက်ပျိုးလျက်ရှိပါသည်။ အများဆုံးစိုက်ပျိုးသောရွာများမှာ ကျီတိုင်၊ နွားကူးလေး၊ ပခမ်းနှင့် ခင်လည်ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီး(၄)လအကြာတွင် ထွက်ရှိမည်ဖြစ်ကြောင်း၊ ပဲယဉ်းစိုက်ပျိုးရာတွင် မျိုးအနေဖြင့် (၅)ပြီခန့် ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း (၃၀၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ပဲကြီးသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသောမျိုးမှာ ပဲကြီးမျိုးသန့်ကိုသာ စိုက်ပျိုးကြကြောင်း၊  ယခင်နှစ် ပဲကြီးပေါ်ချိန်တွင် အထွက်နှုန်းအနေဖြင့် (၁၀-၁၂) တင်း ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ် ပဲကြီးဈေးနှုန်းအနေဖြင့် တစ်တင်းလျင် (၈၀၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြောင်း၊ ကုန်ကျစရိတ်နုတ်ပြီးပါက (၅၀၀၀၀၀/-)ကျပ် မြတ်ခဲ့ကြောင်း၊ ယခုလက်ရှိ ပဲယဉ်းပေါက်ဈေးအနေဖြင့် တစ်တင်းလျှင်(၁၁၀၀၀၀/-) ကျပ်ခန့်ရောင်းဝယ်လျက်ရှိကြောင်း၊ ပဲကြီးသီးနှံပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ပဲစားသုံးခြင်းဖြင့် ပရိုတင်းဓာတ်ပြည့်ဝစွာရရှိခြင်း၊ နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေခြင်း၊ အဟာရဓာတ် ပေါများစွာပါဝင်ကြောင်း လေ့လာသိရှိရပါသည်။ စိုက်ပျိုးစရိတ်သက်သာပြီး စီးပွားဖြစ်ဝင်ငွေတိုးသော ပဲကြီးသီးနှံကို တောင်သူများ တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ရေထွက်ကုန်ပစ္စည်းဈေးနှုန်းများ

    ၂၉.၁၂.၂၀၂၅ ရက်နေ့၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဖြစ်ပေါ်ခဲ့သောရေထွက်ကုန်ပစ္စည်း များ၏တစ်ပိဿာ ဈေးနှုန်းများမှာ ဖျာပုံရွှေပုဇွန်ရှယ် မှာ ကျပ် ၃၀၀၀၀၀ ၊ ဖျာပုံရွှေပုဇွန်ရိုးရိုးကျပ် ၁၈၀၀၀၀၊ ဖျာပုံချိုကြီးရှယ် ကျပ် ၁၂၅၀၀၀၊ ဖျာပုံချိုကြီးရိုးရိုး ကျပ် ၁၀၅၀၀၀၊ ဖျာပုံချို သေးရှယ် ကျပ် ၈၀၀၀၀ ၊ ဖျာပုံ ချိုသေးရိုးရိုးကျပ် ၇၀၀၀၀ ၊မြိတ်ပုဇွန်လတ် ကျပ် ၁၂၀၀၀၀၊ မြိတ်ပုဇွန်ရိုးရိုး ကျပ် ၉၀၀၀၀၊ ရေချိုငါးခြောက်များဖြစ်ကြသော ငါးကျီးကြပ်တိုက်ကြီး   ကျပ် ၈၅၀၀၀ ၊ ငါးကျီး ကြပ်တိုက်သေး  ကျပ် ၇၀၀၀၀ ၊ ငါးမြွေထိုး ကျပ် ၄၂၀၀၀ ၊ ငါးရံ့ခြောက်ကြီး ကျပ် ၈၅၀၀၀ ၊ ငါးရံ့ခြောက် လတ် ကျပ် ၆၅၀၀၀ ၊ ငါးရံလုံးရှယ် ကျပ် ၆၀၀၀၀ ၊ ရေငံငါးခြောက်များဖြစ်ကြသော ကလိန် ကျပ် ၁၂၀၀၀ ၊ ငါးကွမ်းရှပ်ကြီး ကျပ် ၃၇၀၀၀၊ ငါးတံခွန်မျှင်ကြီးရှယ်  ကျပ် ၂၀၀၀၀၊ ငါးတံ ခွန်လုံးကြီး ကျပ် ၆၀၀၀၊ ငါးနှပ်ခြောက်ကြီး(ရှယ်) ကျပ် ၆၀၀၀၀ ၊ ငါးရွှေသေး ကျပ် ၁၄၀၀၀၊ ငါး မီးတံသွယ် ကျပ် ၈၀၀၀  ဈေးတို့ အသီးသီးရှိကြကြောင်း ကုန်စည်ဒိုင်မှ စုံစမ်းသိရှိရပါသည်။

 DOCA(ရန်ကုန်)

“ ပဲယဉ်းစိုက်ပျိုးမှုနှင့် ဈေးနှုန်းဈေးကွက်”

        မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့နယ်တွင် ပဲမျိုးစုံသီးနှံဖြစ်သည့် တိုင်ထောင်ပဲ၊ မတ်ပဲ၊ ပဲကြီး၊ ကုလားပဲ၊ ပဲစဉ်းငုံသီးနှံများအပြင်၊ ပဲယဉ်းသီးနှံကိုလည်း စိုက်ပျိုးလာကြပါသည်။ မြို့နယ်အတွင်း ပဲယဉ်းစိုက်ဧက (၅၁၀)ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ အောက်တိုဘာ လဆန်းမှစတင်၍ ပဲယဉ်းသီးနှံများ စတင်စိုက်ပျိုးလျက်ရှိပါသည်။ အများဆုံး စိုက်ပျိုးသောရွာများမှာ ကျီတိုင်၊ နွားကူးလေး၊ ပခမ်းနှင့် ခင်လည်ကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြပါသည်။ စိုက်ပျိုးပြီး(၄)လအကြာတွင် ထွက်ရှိမည်ဖြစ်ကြောင်း၊ ပဲယဉ်းစိုက်ပျိုးရာတွင် မျိုးအနေဖြင့် (၂)ပြီခန့် ကုန်ကျကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် စုစုပေါင်း (၁၅၀၀၀၀)ကျပ်ခန့် ကုန်ကျကြောင်း၊ ပဲယဉ်းသီးနှံကို ထယ်ထိုးပြီး မျိုးစေ့ပတ်၊ထယ်ဖုံးစနစ်ဖြင့် စိုက်ပျိုးကြပါသည်။ စိုက်ပျိုးသောမျိုးများမှာ ပဲယဉ်းကြီးမျိုးနှင့်ပဲယဉ်းသေးမျိုးများကိုသာ စိုက်ပျိုးကြကြောင်း၊ ယခင်နှစ် ပဲယဉ်းပေါ်ချိန်တွင် အထွက်နှုန်းအနေဖြင့် (၂၅-၃၀)တင်း ထွက်ရှိခဲ့ကြောင်း၊ ယခင်နှစ် ပဲယဉ်းဈေးနှုန်းအနေဖြင့် တစ်တင်းလျင် (၄၅၀၀၀)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ကြောင်း၊ ကုန်ကျစရိတ်နုတ်ပြီးပါက (၉၇၅၀၀၀) ကျပ် မြတ်ခဲ့ကြောင်း၊ ယခုလက်ရှိပဲယဉ်းပေါက်ဈေးအနေဖြင့် တစ်တင်းလျှင် (၈၂၅၀၀)ကျပ်ခန့် ရောင်းဝယ်လျက်ရှိကြောင်း၊ ပဲယဉ်းသီးနှံပေါ်ချိန်တွင် တောင်သူများမှ မြို့ပေါ်ပွဲရုံများသို့ တိုက်ရိုက် တင်ပို့ရောင်းချကြကြောင်း၊ ပွဲရုံများမှတစ်ဆင့် မန္တလေး၊ ရန်ကုန်မြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ ပဲစားသုံးခြင်းဖြင့် ပရိုတင်းဓာတ်ပြည့်ဝစွာရရှိခြင်း၊ နှလုံးကျန်းမာရေးကို ပိုမိုကောင်းမွန်စေခြင်း၊ အဟာရဓာတ်ပေါများစွာပါဝင်ကြောင်း လေ့လာသိရှိရပါသည်။ စိုက်ပျိုးစရိတ်သက်သာပြီး စီးပွားဖြစ်ဝင်ငွေတိုးသော ပဲယဉ်းသီးနှံကို တောင်သူများ တိုးချဲ့စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တ‌လေး)

ဒေသထွက်ထန်းသီးနှင့် စျေးနှုန်း

     တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်သည် ပင်လယ်ကမ်းရိုးတန်းဒေသဖြစ်သည့်အတွက် ကန်းရိုးတန်းဒေသတွင်ပေါက်ရောက်သောဓနိပင်များပေါက်ရောက်သကဲ့သို့ထန်ပင်များလည်း ပေါက် ရောက်လျက်ရှိသည်။  အထူးသဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ၊ အထက်ပိုင်းနှင့် တောင်ပိုင်း ဒေသများတွင် အများဆုံးပေါက်ရောက်လျက်ရှိပါသည်။ ပူပြင်းခြောက်သွေ့သောရာသီကို ကြိုက်နှစ် သက်ပြီး မိုးရေချိန်(၂၀)မှ (၄၀)လက်မအတွင်းတွင် ကောင်းစွာကြီးထွားနိုင်သည်။ ဒေသတွင်ပေါက် ရောက်သော ထန်းပင်မှ အိမ်သုံးပစ္စည်းများအပြင် အစားအသောက်နှင့် သောက်စရာထန်းရည်တို့ရရှိ နိုင်ပါသည်။ ဒေသထွက်ကုန်အဖြစ်ထုတ်လုပ်ရာတွင် အသုံးဝင်သောအပင်ဖြစ်ပြီး ထန်းပင်မှ ထန်သီး ကို အချိုရည်၊ ရေခဲသုတ်၊ အသုတ်များနှင့် အစိမ်းလိုက်စားသောက်ကြလေ့ရှိပါသည်။

     ထန်းသီးတွင် ထန်းသီဆံ(၃)ခုပါဝင်ပြီး နို့စိမ်း၊ သကြားများဖြင့်အများဆုံးစားသုံးကြလေ့ရှိပါ သည်။ ထန်းသီးကို ထန်းသီးကျောက်ချောအဖြစ်လည်း ပြုလုပ်ရောင်းချကြလေ့ရှိသည်။ ထန်းသီးမှာ ရေဓာတ်အများဆုံးပါဝင်နေတာဖြစ်ပြီး ဗီတာမင်နဲ့သတ္တုဓာတ်များ ကြွယ်ဝစွာ ပါဝင်နေပြီး အရေပြား အတွက် ကောင်းမွန်စေခြင်း၊ နှလုံးသွေးကြောကောင်းမွန်ခြင်းနှင့် ကိုယ်ခံအားစနစ် ကောင်းမွန် ကြောင်း သိရှိရပါသည်။ ဒေသတွင် ထန်းသီးကို တစ်နိုင်တစ်ပိုင် စီးပွားဖြစ်ရောင်းချကြပြီး လမ်းနံဘေး နှင့် သစ်သီးအရောင်းဆိုင်များတွင်ရောင်းချကြလေ့ရှိပါသည်။ ရောင်းချရာတွင် ထန်းသီးကို အခွံခွာပြီး  အထဲမှ ထန်းသီးဆံကို ပြန်လည်ထုတ်ပိုး၍ရောင်းချကြပါသည်။ မြိတ်‌ဒေသတွင် ထန်းသီး တစ်လုံး လျှင် ၂၅၀၀ခန့်စျေးရရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

“စဉ့်ကိုင်မြို့နယ်တွင် ဆောင်းအစေ့ထုတ်ပြောင်းများစတင်စိုက်ပျိုး”

      ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ဆောင်းအစေ့ထုတ်ပြောင်းများ စတင်စိုက်ပျိုးလျက်ရှိပြီး မိုးအစေ့ထုတ်ပြောင်းကို ဇူလိုင်၊ ဩဂုတ်လများတွင် စတင်စိုက်ပျိုးခဲ့ပြီး နိုင်ဝင်ဘာလနှင့် အောက်တိုဘာလများတွင် အောင်မြင်စွာရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း၊ ဆောင်းအစေ့ထုတ်ပြောင်းကို ဒီဇင်ဘာလဆန်းပိုင်းမှစ၍ စတင်စိုက်ပျိုးလျက်ရှိကြောင်း၊ မြို့နယ်အတွင်း (၂၀)ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည် ။ အများဆုံးစိုက်ပျိုးသောမျိုးများမှာ ရွှေဝါ(၁)မျိုး၊ ဆင်းစပ်မျိုးနှင့် ဆင်းရွှေလီများကို စိုက်ပျိုးကြကြောင်း၊ (၁)ဧက မျိုးအနေဖြင့် ပြောင်းဖူးစေ့ (၉-၁၀)ပြည် စိုက်ပျိုးရကြောင်း၊ မျိုးစျေးနှုန်းအနေဖြင့် မျိုးစေ့(၁)ပြည်လျှင် (၅၂၀၀/-) ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်း၊ ဆောင်းအစေ့ထုတ်ပြောင်းကို မတ်လဆန်းပိုင်းတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း၊ (၁)ဧက စိုက်ပျိုမှုကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၅၀၀၀၀၀/-) ကျပ်အထိ ကုန်ကျကြောင်း၊ (၁)ဧကအထွက်နှုန်းအနေဖြင့် စုစုပေါင်း တင်း(၅၀/၆၀)ထွက်ရှိကြောင်း၊ အများဆုံးစိုက်ပျိုးသောရွာများမှာ ဖလန်ဖိုရွာ၊ ပင်းချားရွာနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများတွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ ယခင်နှစ် စျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၂၃၀၀၀/-)ကျပ်ဖြင့် ရောင်းဝယ်ခဲ့ပြီး တစ်ဧကကုန်ကျစရိတ်နှုတ်ပြီး (၈၈၀၀၀၀/-)ကျပ်ခန့်မြတ်ကြောင်း၊  ယခုလက်ရှိပေါက်ဈေးအနေဖြင့် တစ်တင်းလျှင် (၂၁၀၀၀/-)ဈေးဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်းကို ပြောင်းဖူးကစီမှုန့်၊ ပြောင်းဖူးဆီနှင့် မွေးမြူရေးလုပ်ငန်းသုံးများတွင် အသုံးပြုကြောင်း၊ အစေ့ထုတ်ပြောင်းပေါ်ချိန်တွင် တောင်သူများမှ ပွဲစားများမှတဆင့် ရန်ကုန်၊ မန္တလေး ပွဲရုံများသို့ တင်ပို့ရောင်းချပေးလျက်ရှိကြောင်း၊ အစေ့ထုတ်ပြောင်းကို ရှမ်းပြည်နယ်ဘက်တွင် အများဆုံးစိုက်ပျိုးကြပြီး မြေပြန့်ဒေသများတွင် စိုက်ပျိုးမှုနည်းကြောင်း၊ ထွက်ပေါ်ချိန်တွင် ဈေးနှုန်းများပိုမိုကောင်းမွန်ပါက တောင်သူများ အကျိုးအမြတ် ပိုမိုဖြစ်ထွန်းနိုင်မည်ဖြစ်ကြောင်း အစေ့ထုတ်ပြောင်း စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

DOCA(မန္တလေး)

“ကျောက်ဆည်မြို့နယ်တွင် ဆောင်းပြောင်းဖူးများစတင်စိုက်ပျိုး”

       ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဆောင်းပြောင်းဖူးစိုက်ဧကများ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး နိုဝင်ဘာလဆန်းမှစတင်၍ ဆောင်းပြောင်းဖူးစိုက်ဧက မြို့နယ်အတွင်း (၂၇၂၈) ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရ သိရှိရပါသည်။ အများဆုံးစိုက်ပျိုးသောမျိုးများမှာ သကြားပြောင်းမျိုးဖြစ်ပြီး (၁)ဧက မျိုးအနေဖြင့် ပြောင်းဖူးစေ့ (၈)ပြည် စိုက်ပျိုးရကြောင်း၊ မျိုးစျေးနှုန်းအနေဖြင့် မျိုးစေ့(၁)ပြည်လျှင်(၅၀၀၀/-) ကျပ်ဖြင့် ဝယ်ယူစိုက်ပျိုးကြကြောင်း၊ ဆောင်းပြောင်းဖူးများကို မတ်လဆန်းပိုင်းတွင် စတင်ထွက်ရှိမည်ဖြစ်ကြောင်း၊ (၁)ဧက စိုက်ပျိုမှု ကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင်စုစုပေါင်း(၄၅၀၀၀၀/-) ကျပ်အထိကုန်ကျကြောင်း၊(၁)ဧကအထွက်နှုန်းအနေဖြင့် ပြောင်းဖူး စုစုပေါင်း(၄၅၀၀-၅၀၀၀)ဖူးခန့် ထွက်ရှိကြောင်း၊ ယခင်နှစ် ပြောင်းဖူးစျေးနှုန်းအနေဖြင့် တစ်ဖူးလျှင် လက်ကား (၃၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ပြောင်းဖူးပြုတ် တစ်ဖူးလျှင်(၇၀၀-၈၀၀)ကျပ်စျေးများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ယခုလက်ရှိ ပေါက်ဈေးအနေဖြင့် တစ်ဖူးလျှင် လက်ကား (၅၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ ပြောင်းဖူးပြုတ် တစ်ဖူးလျှင်(၈၀၀-၁၀၀၀)ကျပ်စျေးများဖြင့် ရောင်းဝယ်လျက်ရှိကြောင်း ပြောင်းဖူးကို လူကြိုက်များသောကြောင့် အရောင်းသွက်ကြောင်း၊ အိမ်ရှင်မများမှ ပြောင်းဖူးကို သရေစာအဖြစ်စားသုံးကြသလို ပြောင်းဖူးကြော်၊ ပြောင်းဖူးသုပ်၊ ပြောင်းဖူးထောင်းအနေဖြင့် အမျိုးမျိုးစားသုံးကြကြောင်း၊ ပြောင်းဖူးကို ပွဲစားများမှအခင်းထဲအရောက် လာရောက်ဝယ်ယူကြကြောင်း၊ ပွဲစားများမှတဆင့် ရန်ကုန်၊ မန္တလေး ကားလမ်းဘေးတွင်လည်း ရောင်းချပေးလျက်ရှိကြောင်း၊ ယခင်နှစ် အကျိုးအမြတ်အနေဖြင့် စိုက်ပျိုးစရိတ်နှုတ်ပြီး(၉၀၀၀၀၀/-)ကျပ်ခန့် မြတ်ကြောင်း၊ ဆောင်းပြောင်းဖူးများ ထွက်ပေါ်ချိန်တွင် ဈေးနှုန်းများကောင်းမွန်ပါက တောင်သူများ ပိုမိုအကျိုးအမြတ်ဖြစ်ထွန်းနိုင်ကြောင်း ပြောင်းဖူးစိုက်‌တောင်သူများအနေဖြင့် မိသားစုစားဝတ်နေရေးဖူလုံသည့်အပြင် အကျိုးအမြတ်ဖြစ်ထွန်းသော ပြောင်းဖူးသီးနှံကိုလည်းတိုးချဲ့ စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။

DOCA(မန္တလေး)

“ကိုက်လန်စိုက်ပျိုးဝင်ငွေတိုး”

            မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်သည် အေးမြသောရာသီဥတုရှိပြီး တောင်ပေါ်မြို့ တစ်မြို့ဖြစ်သောကြောင့် ခရီးသွားများဖြင့် အမြဲမပျက် စည်ကားလျက်ရှိပြီး ဒေသထွက်ကုန်များ၊ ရာသီပေါ်သီးနှံများကို ခရီးသွားများမှ အပြန်လက်ဆောင်အဖြစ်ဝယ်ယူပြီး ဒေသထွက်ရောင်းချသူများ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ပြင်ဦးလွင်မှ ထွက်ရှိသော ကိုက်လန်ရွက်များလည်း ဝယ်ယူသူများ ကြိုက်နှစ်သက်လျက်ရှိပါသည်။ ကိုက်လန်ပင်သည် အအေးကြိုက်သီးနှံတစ်မျိုး ဖြစ်ပြီး အမြင့်တစ်ပေမှ တစ်ပေခွဲအထိရှိပါသည်။ အပင်သက်တမ်းအနေဖြင့် (၂)နှစ်အထိ ခံပေမဲ့ နှစ်ချင်းစားသုံးနိုင်ပါသည်။ ကိုက်လန်ပင်ရဲ့ အနံ့အရောင်သည် ရာသီဥတုအေးမြလေကောင်းလေ ဖြစ်ပါသည်။ ကိုက်လန်ပင်ကို တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပြီး ဆောင်းရာသီနှောင်း၊ မိုးရာသီနှောင်း ပိုင်းတွေမှာ စိုက်ပျိုးပါသည်။ ပြင်ဦးလွင်ဒေသမှ စိုက်ပျိုးသော ကိုက်လန်မိုးမျိုးသည် အရွက်ရှည်ပြီး ဆောင်းမျိုးမှာ အရွက်ဝိုင်းပါသည်။ ကိုက်လန်စတင် စိုက်ပျိုးရန် ပျိုးခင်းကို စတင်ပြင်ဆင်ရပါသည်။ ပျိုးခင်းကို (၁-၂) ခြားပြီး စိုက်ပျိုးနိုင်ပါသည်။ ပျိုးပင်းပေါက် တစ်ပင်နှင့်တစ်ပင် (၆)လက်မခြားပြီး စိုက်တန်း(၁)ခုနှင့် (၁)ခုခြား (၂-၃)ပေခွာ၍ စိုက်ပျိုးပါသည်။ အရွက်နုများကို စတင်စိုက်ပျိုးပြီး (၁)လကြာလျှင် စတင်ခူးဆွတ်နိုင်ပါသည်။ ရာသီဥတုအေးပြီး အချိုဓာတ်ပိုများပါသည်။ ကိုက်လန် တစ်ပင်စိုက်ထားလျှင် (၄-၅)ခါလောက် အရွက်ခူးယူစားသုံးနိုင်ပါသည်။ ဒါကြောင့်ကိုက်လန်ပင်သည် ရာသီပေါ်သီးနှံဆိုပေမဲ့ စိုက်ပျိုးသော တောင်သူများတွက်ခြေကိုက် သီးနှံတစ်မျိုးဖြစ်ကြောင်း၊ ကိုက်လန်စိုက်ပျိုးပြီး (၂)လခွဲခန့်တွင် ရောင်းတန်းဝင် အရွက်များရရှိလာပါသည်။ အာဟာရဓာတ် မျိုးစုံပါဝင်ပြီး ကင်ဆာရောဂါအမျိုးမျိုးကို ကာကွယ်ပေးနိုင်ကြောင်း ကိုက်လန်ကို အရွက်စားကော အဖူးစားပါ စားသုံးနိုင်ကြောင်း၊ ဈေးနှုန်းအနေဖြင့် လက်တစ်ဆုပ်စည်း တစ်စည်းလျှင် (၇၀၀/-) ကျပ်မှ (၁၀၀၀/-)ကျပ် အထိ ရောင်းချကြပြီး ကိုက်လန်စိုက်ပျိုးသော တောင်သူများသည် ထွက်ပေါ်ချိန်တွင် ပြင်ဦးလွင်ရှိဈေးများနှင့် စားသောက်ဆိုင်များ၊ မန္တလေးမြို့များနှင့် ကုန်စိမ်းပွဲရုံများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)   

ကြက်သွန်နီအသစ်များ စတင်ဝင်ရောက်လျက်ရှိ

                              ပြည်ဈေးကွက်သို့ ကြက်သွန်နီအသစ်များ ဒီဇင်ဘာနောက်ဆုံးပတ်မှစတင်ပြီး ဝင်ရောက်မှုရှိလာကာ နေ့စဉ် ပိဿာချိန် ၃၀၀၀ ခန့်အဝင်ရှိနေသည်။ ကြက်သွန်နီအသစ်များ ရေနံချောင်းဘက်မှသာစတင်အဝင် ရှိနေပြီး ကျန်မြို့နယ်များဖြစ်သော ဆိပ်ဖြူ၊ အောင်လံ၊ ကျောက်ပန်းတောင်းဘက်များမှ အသစ်များ ဝင်ရောက်မှုမရှိသေးဘဲ ကြက်သွန်နီ အဟောင်းများသာအဝင်ရှိတာ တစ်ရက်လျှင် ပိဿာချိန် ၁၀၀၀၀ ခန့် ဝင်ရောက်မှုရှိနေသည်။ ပြည်ဈေးကွက်အတွင်း ကြက်သွန်နီအဟောင်းရော အသစ်ပါ ဝင်ရောက်မှု ရှိနေသည့် အတွက် ပစ္စည်းလက်ကျန်များလျက်ရှိနေသည်။

                           အရောင်းအဝယ်အနေဖြင့် ကြက်သွန်နီအဟောင်းမှာ အသစ်ထက် ပိုမိုအရောင်း အဝယ်ဖြစ်လျက်ရှိ နေပြီး ဒေသတွင်းဝယ်လက်များ၊ အိတ်ဆွဲဝယ်ရောင်းသမားများနှင့် ပန်းတောင်း၊ ဥသျှစ်ပင်၊ ပေါင်းတည်၊ နတ်တလင်း၊ သာယာဝတီတို့သို့ နယ်ကျော်စီးဆင်းမှုများအဖြစ် အရောင်းအဝယ်ဖြစ်လျက်ရှိနေသည်။ဈေးနှုန်းမှာပွဲရုံများ၌လက်လီ/လက်ကားတစ်ပိဿာလျှင်(အဟောင်း)ကြီး/လတ်/သေး ကျပ် ၂၀၀၀-၁၈၀၀- ၁၆၀၀/ ၁၄၀၀- ၁၂၀၀နှုန်းတို့နှင့် လက်လီဈေးများတွင် ကျပ် ၂၂၀၀/၂၀၀၀-၁၈၀၀/၁၆၀၀-၁၄၀၀ နှုန်း တို့နှင့် အသီးသီးရောင်းချ လျက်ရှိပြီး ကြက်သွန်နီ (အသစ်)မှာ ပွဲရုံလက်ကားဈေး ကျပ် ၁၈၀၀/၁၆၀၀/၁၂၀၀ နှုန်းတို့နှင့် လက်လီဈေး ကျပ် ၁၉၀၀/၁၇၀၀/၁၃၀၀ နှုန်းတို့ရှိကြောင်း သိရသည်။

DOCA(ပဲခူး)                      

Pages

Subscribe to RSS - ပြည်တွင်းကုန်သွယ်မှုသတင်း