
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိဈေးများတွင် ပဲပြားများရောင်းချနေကြောင်း သိရသည်။ ထားဝယ်မြို့အတွင်းရှိ ဟင်းသီးဟင်းရွက်ရောင်းချသည့် ဈေးဆိုင်များတွင် ဟင်းသီးဟင်းရွက်အပြင် ပဲပြားသည်လည်း မပါမဖြစ်တွဲ၍ စားသုံးသော အစားအစာတစ်မျိုး ဖြစ်ပါသည်။ ပဲပြားသည် သတ်သတ်လွတ်စားသုံးသူများအတွက် အသားဓါတ်တွေကို ပဲပြားကနေရနိုင်ပြီး ကိုယ်ခန္ဓာအတွက် လိုအပ်သော ဗီတာမင်ချို့တဲ့မသွားစေရန် ပဲပြားကို စားသုံးကြသည်။ ပဲပြားကို ကြော်ပြီးအစာသွပ်စားခြင်းဟာ မြန်မာတို့အတွက် နှစ်ကြိုက်လှတဲ့ သရေစာ တစ်မျိုးဖြစ်ပါသည်။ ပဲပြားကို အစိမ်းချက်စားကြသလို ကြော်၍၊ သုပ်၍လည်း စားသုံးကြသည်။ ထို့အပြင် ဟင်းချိုတွေနဲ့ တစ်ချို့ဟင်းလျာတွေမှာ တွဲဖက်ပါဝင်ပစ္စည်းအဖြစ် အသုံးပြုကြသည်။
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ၊ တတိယပတ်တွင် ရောင်းချလျက်ရှိသော ပဲပြားဈေးနှုန်းများမှာ ပဲပြား(၁)တုံးလျှင် (၈၀၀)ကျပ်ဖြင့် ရောင်းချပြီး (၃)တုံးလျှင် (၂၄၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)
