သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကိစ္စရပ်များအကြောင်း Talk Show

   စားသုံးသူရေးရာဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ  ဦးတင်စိုးနိုင် (ဦးစီးမှူး)သည် ၁၂--၂၀၂၆ ရက်နေ့၊ နံနက် (၁၀:၃၀)နာရီ အချိန်တွင် ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာကိစ္စရပ်များ အကြောင်းTalk Show  ကျင်းပပြုလုပ်ခဲ့ပါသည်။

    ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာကိစ္စများအကြောင်း ဆွေးနွေးပြောကြားရာတွင် စားသုံးသူ ရေးရာဦးစီးဌာနအနေဖြင့်စားသုံးသူကာကွယ် ရေးဥပဒေပါပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ စားသုံးသူများအသုံးပြုမည့်ကုန်စည်ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်း ပြီးလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအား ဈေးကွက်မရောက်မီ နှင့်ဈေးကွက်ရောက်ပြီး စစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိပါကြောင်း၊ စစ်ဆေးရမည့်ကုန်စည်များ ကိုလည်း ဦးစားပေးကဏ္ဍများသတ်မှတ်၍ စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘေးအန္တရာယ်ရှိသော ကုန်စည်နှင့်ဝန်ဆောင်မှု များအား ဈေးကွက်အတွင်းမှ ပြန်လည်သိမ်းဆည်း စေခြင်း၊ ရောင်းချဖြန့်ဖြူးခြင်း ကိုတားမြစ်ခြင်းများဆောင်ရွက်လျက်ရှိပါကြောင်း Talk Show ဆွေးနွေးပြောကြားခဲ့ပါကြောင်းသိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဝင်းသိန်းဦး ဦးဆောင်၍ အငယ်တန်းစာရေး ဒေါ်မြတ်နိုးလွင်တို့သည် ၂--၂၀၂၆ ရက်နေ့တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ ကုန်မျိုးစုံရောင်းချသော လုပ်ငန်းရှင် (၂) ဦးတို့နှင့် တွေ့ဆုံဆ္ဂေနွေးခဲ့ပါသည်။

    ထိုသို့ ဆွေးနွေးခဲ့ရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ အကြောင်း၊ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်ကင်းရှင်းရေး အာမခံရမည်ဖြစ်ကြောင်း စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)ပါ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြခြင်း နှင့်စပ်လျဉ်း၍ ကုန်စည်အမျိုး အစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာ ဖော်ပြ ပါရှိသည့် ကုန်ပစ္စည်းများကိုသာ ဖြန့်ဖြူးရောင်းချရန်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၏ အာမခံချက်နှင့် စပ်လျဉ်း၍ စားသုံးသူက တောင်းဆို နိုင်သည့် အခွင့်အရေးများအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများအကြောင်း၊ ဥပဒေပါ တားမြစ်ချက်များနှင့် ပြစ်မှု၊ပြစ်ဒဏ်များအကြောင်းနှင့် ဆင်တူရိုးမား အတုအပ အမှတ်တံဆိပ်များ ရောင်းဝယ်ခြင်းမပြုလုပ်ကြရန်တို့ကို   အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

 

အသင့်သောက်အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေး

         (၈.၅.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ပန်းတနော်မြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ ချမ်းသာကြီး ကုန်စုံဆိုင်တွင်ရောင်းချသော အသင့်သောက်အချိုရည်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/ မရှိဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းအကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)ပါအကြောင်းများ၊ အသင့်သောက်ချိုရည်အမျိုးမျိုးတွင် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ဖော်ပြရမည့်အကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသော လုပ်ငန်းများကို သိရှိလိုပါက Consumer Call Center 1535သို့ ဆက်သွယ်နိုင်သည့်အကြောင်းများ၊ ကုန်အညွှန်းအမှတ်အသားနှင့် အသေးစိတ်စပ်လျဉ်း၍ သိရှိလိုပါကလည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

စားအုန်းဆီ ပြင်ပဆီ အရောင်းဆိုင်များအား ကွင်းဆင်းစုံစမ်းစစ်ဆေး

        မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံနှင့် တာဝန်ရှိသူများသည် ၁၁.၅.၂၀၂၆ ရက်နေ့ နေ့လယ် (၁၃:၀၀)နာရီအချိန်တွင် ဓနုဖြူမြို့နယ်အတွင်း ​ခွဲတမ်းရစားအုန်းဆီ အရောင်းဆိုင်များနှင့် ပြင်ပစားအုန်းဆီ ရောင်းချနေမှုရှိပါက ပြင်ပဈေးနှုန်း အခြေအနေများအား  မြို့နယ် စည်ပင်သာယာရေး၊ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းနှင့် ပူးပေါင်း၍ နယ်မြေစုံစမ်း စစ်‌ဆေးဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

          စစ်ဆေးဆောင်ရွက်ရာတွင် ဓနုဖြူမြို့နယ်မှ စားအုန်းဆီအရောင်းဆိုင် ၇ဆိုင်ဖြစ်သော ဒေါ်ကြိုင်၊ တင်လေးမြင့်၊ ဦးမောင်မြ၊ ဦးဟန်တုံ၊ စိန်နှင်းဆီ၊ ကျော်ဆွေဝင်း၊ ချမ်းမြ့ ကုန်စုံဆိုင်တို့မှ  ပြင်ပဆီရောင်းချမှု ရှိ/မရှိနှင့် ပြင်ပဆီရောင်းချသော ဒေါ်တင်လေးမြင့်၊ ဦးမောင်မြ၊ ချမ်းမြေ့ ဆိုင်များမှ ပြင်ပဆီ ရောင်းချနေမှု ဆီဈေးနှုန်း ၁ပိဿာ ရန်ကုန်ဈေး ၁ပိဿာ ၁၀၀၀၀ကျပ်၊ မြို့နယ်ရောင်းချဈေး ၁ပိဿာ ၁၀၅၀၀ကျပ် ဖြင့် ရောင်းချကြောင်း တွေ့ရှိရပြီး ပြင်ပဆီများကို ပိဿာ ပါကင်ပုံးလိုက်ရောင်းချရန်၊ ဆီများကို ခွဲထုတ်၍ ရောင်းချခြင်းမပြုရန်၊  ပြင်ပဆီများ ထပ်မံမှာယူရောင်းချမှုကို ကားဖြင့်သယ်ဆောင်ရာတွင် တရားဝင်အထောက်အထား အပြည်အစုံရှိပါက သယ်ယူရောင်းချနိုင်ကြောင်း၊ ထောက်ခံချက်မရှိပဲ ရောင်းချခြင်းမပြုလုပ်ရန်ကိုလည်းကောင်း၊ ကုန်ဈေးနှုန်းစုံစမ်းစစ်ဆေးရေးအဖွဲ့မှ လိုအပ်သည်များ မှာကြားဆောင်ရွက်မှုကို လိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်းနှင့် သိရှိကြောင်း လုပ်ငန်းရှင်များမှ သတ်မှတ်စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

       အလားတူ ၁၁-၅-၂၀၂၆ ရက်နေ့တွင် မအူပင်၊ ပန်းတနော်၊ ညောင်တုန်းမြို့နယ်များတွင်လည်း သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချမှု ရှိ/မရှိကို မြေပြင်စုံစမ်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ထားဝယ်မြို့၊ သူနာပြုသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း ဟောပြောခြင်း

          ၂၀၂၆ ခုနှစ်၊ မေလ ၁၂ ရက်နေ့၊ (၁၄း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ထားဝယ်မြို့၊သူနာပြုသင်တန်းကျောင်း ရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအား အစိုးရသစ်ကာလ ရက်(၁၀၀) စီမံချက်အနေ ဖြင့် တိုင်း‌ဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ စားသုံးသူကာကွယ် ရေးဥပဒေအကြောင်းသိကောင်းစရာများနှင့်ပတ်သက်၍အသိပညာပေးဟောပြောဆွေးနွေးခဲ့ပါသည်။

           အဆိုပါ ဟောပြောဆွေးနွေးရာတွင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ‌ ဒေါ်အေးအေး လွင်မှ  စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်တာဝန်များ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ စားသုံးသူအခွင့်အရေးနှင့်စားသုံးသူ၏တာဝန်များအကြောင်း၊ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားဖော်ပြရာတွင် ဖော်ပြရမည့်အချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် လိုက်နာ ရမည့်တာဝန်များအကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူအခွင့်အရေးများအပြင် စားသုံးသူ တာဝန်များရှိကြောင်း၊ စားသုံးသူများအနေဖြင့် မိမိတို့ရွေးချယ်ဝယ်ယူသည့် ကုန်စည်များနှင့်ပတ် သက်၍ နစ်နာဆုံးရှုံးမှုများရှိလာပါက စားသုံးသူရေးရာဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ ဆက်သွယ်တိုင်ကြားနိုင်ပြီး Consumer Call Center 1535 သို့လည်း ဆက်သွယ်တိုင်ကြား နိုင်ကြောင်းများ ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူအင်အား ၂၀၀ ခန့်တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

ရွှေဘိုမြို့ပေါ်ရှိ စားသောက်ဆိုင်များအား မိတ်ဘက်ဌာနများနှင့် ပူးပေါင်းစစ်ဆေးခြင်း

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်သည့်အပြင်  ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး၊  ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာ ဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၁၂.၅.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်ရှိ Yo Yo စားသောက်ဆိုင်နှင့် ငွေရောင်နဂါး စားသောက်ဆိုင်တို့အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်းစစ်ဆေးခဲ့ပါသည်။

          အဆိုပါစားသောက်ဆိုင်များတွင်  အစားအသောက်များ ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များကို ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှုရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/မရှိ၊ စားသုံးသူအခွင့်အရေးများရရှိစေရန် စားသောက်ဆိုင်များသည် မိမိတို့ဆိုင်များမှပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပညာပေးဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူတို့၏ အခွင့်အရေးကိုကာကွယ်ရန် ရောင်းချသည့်  စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား (size) ပမာဏအလိုက်ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပညာပေး ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ဒု-ခရိုင်ဦးစီးမှူးက ဥပဒေပါ စားသုံးသူအခွင့်အရေး၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ထင်ယောင်ထင်မှားဖြစ်စေခြင်းအကြောင်းများ၊ တိုင်ကြားခြင်းနှင့် စိစစ်ညှိနှိုင်းဖြေရှင်ခြင်းအကြောင်းများ၊  စီမံခန့်ခွဲရေးပြစ်ဒဏ်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ Consumer Call Centerသို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သုံးစွဲသည့်ရေများ သန့်ရှင်းမှုရှိစေရန်၊ ကူးစက်ရောဂါများအထူးသတိပြုရန်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ စွန့်ပစ်ရေများ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ရန်နှင့် လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 ရွှေဘိုမြို့ရှိ  Online Sale လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်

           စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးအနေဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ (၁၂.၅.၂၀၂၆)ရက်နေ့၊  နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး၊ ဒု-ခရိုင်ဦးစီးမှူးနှင့် ရွှေဘိုမြို့နယ်တာဝန်ခံ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပြင်ဈေးရပ်ရှိ “Khinmgwinelectronic” အီလက်ထရောနစ်ပစ္စည်းOnline Sale လုပ်ငန်းအား မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

        ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ရွှေဘိုခရိုင်ဦးစီးမှူးက Online Sale မှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ခြင်းအတွက် လိုအပ်သောအချက်အလက်များ၏ မြေပြင်စစ်ဆေးရာ ကိုက်ညီမှုရှိသဖြင့် တွေ့ရှိချက်များကို Online Sale  Application တွင်ဖြည့်သွင်းခြင်းများဆောင်ရွက်ခဲ့ပြီး အဆိုပါမြေပြင် စစ်ဆေးတွေ့ရှိချက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပြီးပါက လုပ်ငန်းမှတ်ပုံတင် လက်မှတ် ထုတ်ပေးခြင်း(သို့) ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ပြင်ဆင်ခြင်းတို့အတွက် သတ်မှတ်နှုန်းထားများ၊ Online Sale မှတ်ပုံ တင်လက်မှတ်ရရှိသူ၏ အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ  ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

စစ်ကိုင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း၌ စားသုံးသူကာကွယ်ရေး ဥပဒေအကြောင်း သိကောင်းစရာများဟောပြော

          စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် စစ်ကိုင်းမြိုု့နယ် စားသုံးသူရေးရာဦးစီးဌာနမှ၊ စစ်ကိုင်းမြို့နယ်တာဝန်ခံ ဒေါ်ကေသီအောင်က (၁၀.၅.၂၀၂၆)ရက်နေ့၊ နေ့လယ်(၁၃း၀၀) နာရီအချိန်တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို သင်တန်းတစ်ချိန် ဟောပြောဆွေးနွေးခဲ့ရာ သင်တန်းသူ/သား (၂၅ )ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

      စစ်ကိုင်းမြို့နယ်တာဝန်ခံ ဒေါ်ကေသီအောင်က စားသုံးသူရေးရာဦးစီးဌာန၊ ပေါ်ပေါက်လာပုံ အဆင့်ဆင့်ကိုပြောကြားပြီး၊ စားသုံးသူကာကွယ်ရေး ဥပဒေကို ၂၀၁၉ခုနှစ်၊ မတ်လ(၁၅)ရက်နေ့၊ ပြည်ထောင်စုလွှတ်တော်ဥပဒေ အမှတ်(၉) ဖြင့် ပြဌာန်းခဲ့ပြီး၊ အခန်း(၂၅)ခန်းနှင့် ပုဒ်မ(၈၄)ခု ပါဝင်ကြောင်း၊ စားသုံးသူကာကွယ်ရေး နည်းဥပဒေကို ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၁၈)ရက်နေ့က ပြဌာန်းခဲ့ကြောင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၉) ပုဒ်မ(၁၉)နှင့်ပုဒ်မ(၂၀)တွင် ပြဌာန်းထားသည့် စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များကို ရှင်းလင်းပြောကြားခြင်း၊ စားသုံးသူကာကွယ်ရေး ဥပဒေ အခန်း(၁၈) ပုဒ်မ(၄၁)တွင် စီးပွားရေးလုပ်ငန်းရှင်သည် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ သိသာထင်ရှားစွာဖော်ပြမည့် အချက်(၈) ကို အသေးစိတ်ရှင်းလင်းပြောကြားခြင်း၊ ပုဒ်မ ၄၁၊ ပုဒ်မခွဲ (ခ)နှင့် ပုဒ်မခွဲ(ဆ)တို့ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြရာတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာ ဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ်တစ်ခုထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည် ဖြစ်ကြောင်း၊ ပုဒ်မ(၄၃)ပါ ပြဌာန်းချက်နှင့် ကိုက်ညီမှုမရှိသည့် ကုန်စည်ကို ထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်း (သို့မဟုတ်) ရောင်းချခြင်းမပြုရန် ပုဒ်မ(၆၇)နှင့် ပုဒ်မ(၆၈)ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို (၂)နှစ် ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သိန်း ၂၀၀ထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်ပါကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေသည် စားသုံးသူများကို ကာကွယ်ပေးခြင်းနှင့် လုပ်ငန်းရှင်များကို ထိန်းကြောင်းပေးသည့် ဥပဒေတစ်ခုဖြစ်ပါကြောင်း၊ ပြည်သူတိုင်းသည် စားသုံးသူများဖြစ်ပြီး စားသုံးသူတိုင်းမှာ စားသုံးသူအခွင့်အရေးများရှိကြောင်း၊ စားသုံးသူအခွင့်ရေး နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်ပါက  မိမိတို့ဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့် ဖြစ်စေ၊ Website လိပ်စာမှာ www.doca.gov.mm တို့ဖြင့် ဖြစ်စေ၊  Call Center နံပါတ် 1535 တို့ဖြင့်ဖြစ်စေ တိုင်ကြားနိုင်ပါကြောင်း ရှင်းလင်းပြောကြားပြီး လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းသူ (၁)ဦးမှာ Call Center နံပါတ် 1535ဖြင့် နေပြည်တော်(ရုံးချုပ်)သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်တွင် ဒေသတွင်းရောင်းချနေသော ဆန်ဆိုင်နှင့် ဆီအရောင်းဆိုင်များအား ကွင်းဆင်း

    တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနအပါအဝင်၊ အထူးစုံစမ်းစစ် ဆေးရေးဦးစီးဌာန၊ ခရိုင်စီမံကိန်းဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ကျေးလက်ဖွံ့ဖြိုး ရေးဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပါဝင်သော ကုန်စျေးနှုန်း တည်ငြိမ်ရေးအဖွဲ့ဝင်များသည် ၂၀၂၆ခုနှစ်၊ မေလ(၁၂)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန်တွင် မြိတ် မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးရှိ ဆန်နှင့် လက်လီဆီရောင်းချနေသော အရောင်းဆိုင် များသို့ ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သောစျေးနှုန်းနှင့် သတ်မှတ်ထားသော ရည်ညွှန်းစျေးနှုန်းများဖြင့် ရောင်း ချမှုရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

    ကွင်းဆင်းစစ်ဆေးရာတွင် မြိတ်မြို့၊ ဆိပ်ငယ်ရပ်၊ စည်ပင်သာယာစျေးကြီးရှိ ဆန်နှင့်လက်လီ ဆီအရောင်းဆိုင်များတွင်ရောင်းချနေသော စျေးနှုန်းများမေးမြန်းခြင်း၊ သတ်မှတ်ရည်ညွှန်းစျေးနှုန်း အတိုင်းရောင်းချနေခြင်းရှိ/မရှိစစ်ဆေးခြင်းအပြင် အလေးချိန်မှန်စွာဖြင့် ဖြစ်သင့်ဖြစ်ထိုက်သော စျေး နှုန်းများဖြင့် ရောင်းချမှုရှိစေရန် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မိုးသီးနှံ(စပါး၊ နှမ်း၊ ပဲတီစိမ်း၊နေကြာ၊ဝါ) သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်း၊ မျိုးသန့်၊ မျိုးစေ့နှင့် (Drum Seeder)ထောက်ပံ့ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနား

     ၂၀၂၆ခုနှစ်၊ မေလ ()ရက်နေ့ နံနက်(၀၈း၃၀)နာရီအချိန်တွင် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့၊ မြတ်ဇေယျာခန်းမတွင် ကျင်းပပြုလုပ်သည့် ၂၀၂၆-၂၀၂၇ခုနှစ်၊ မိုးသီးနှံ(စပါး၊ နှမ်း၊ ပဲတီစိမ်း၊ နေကြာ၊ဝါ) သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုးကောင်းမျိုးသန့်၊ မျိုးစေ့နှင့်နေကြာမျိုးစေ့နှင့် (Drum Seeder)ထောက်ပံ့ပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဌနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးမှ မိုးသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် ပတ်သက်သည့်အချက်များ ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်း၊  တောင်သူများကို မိုးသီးနှံ(စပါး၊ နှမ်း၊ ပဲတီစိမ်း၊ နေကြာ၊ ဝါ)မျိုးကောင်းမျိုးသန့်၊ မျိုးစေ့နှင့်မျိုးစေ့ချကိရိယာ (Drum Seeder)များအား တောင်သူများထံသို့ ပေးအပ်ချီးမြှင့်ခဲ့၍ တက်ရောက်လာသော တောင်သူများကိုယ်စား တောင်သူတစ်ဦးမှ အခုလိုပေးအပ်တဲ့အတွက် ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။

          ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် စားသုံးသူရေးရာ ဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ ဦးဆောင်၍ တက်ရောက်လာသော တောင်သူများအား စစ်ကိုင်းဆီကုန်သည်ကြီးများက  သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီ (၅၀)ကျပ်သား (၄၇၀၀)ကျပ်ဖြင့် ရောင်းချကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ