သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Nature Timber Trading Co;ltd၏ သစ်အချောထည်စက်ရုံသို့ မြေပြင်ကွင်းဆင်းစစ်ဆေး

   စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၁၇ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့နယ်၊ စကျင်ရွာ၊ ကန်သစ်တော ကွင်းတွင် Nature Timber Trading Co;ltdသစ်အချောထည်စက်ရုံသို့ လုပ်ငန်းလည်ပတ် မှုအခြေအနေများနှင့် စပ်လျဉ်း၍ မြေပြင်တွင် အမှန်တကယ်လည်ပတ်ခြင်း ရှိ/မရှိ ကုန်ထုတ်လုပ်မှု အခြေအနေများကို တစ်လလျှင် ရာဘာကုန်ကြမ်း (၁၅၀၀)တန်၊ Film Sheet (၄၈၀၀)ရွက်နှင့် အခြားဆက်စပ်ပစ္စည်းများကို ပြည်ပနိုင်ငံမှ ဝယ်ယူပြီး ကုန်ချောအနေဖြင့် တစ်လလျှင် ရေစိုခံဖလိုင်းနှင့် ရိုးရိုးဖလိုင်း (5mm to 12 mm)တန် (၁၅၀၀)ခန့် ထုတ်လုပ်လျက်ရှိပြီး မန္တလေး၊ နေပြည်တော်၊ မုံရွာနှင့် ဘီလင်းမြို့များသို့ တင်ပို့ကြောင်း လက်ရှိတွင် ဝန်ထမ်း (၂၀၀)ဦးဖြင့် လုပ်ငန်းလည်ပတ် လုပ်ကိုင်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)

MSME ထုတ်ကုန်များ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစေရေးကြပ်မတ်ဆောင်ရွက်

          ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ  ဝန်ထမ်းများသည် မုံရွာမြို့ပေါ်ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြချက် များနှင့် ကိုက်ညီမှုမရှိသည့်  MSME ထုတ်ကုန်များဖြစ်သော အရန်သင့်အစားအစာအမျိုးမျိုးနှင့် အသင့်စားမုန့်အမျိုးမျိုးအား ကုန်အညွှန်း အမှတ်အသားများပြည့်စုံမှုရှိစေ‌‌ရေး အသိပညာ‌ပေးကာလ (၁)လ ပြည့် မြောက်ပြီးဖြစ်၍  ထပ်မံမြေပြင် ကွင်း ဆင်းစစ်‌ဆေးကြပ်မတ်ခဲ့ကြောင်းသိရှိရပါသည်။

           ထိုသို့ မြေပြင်ကွင်းဆင်းစစ်‌ဆေးကြပ်မတ်ရာတွင် နန္ဒဝန်ရပ်ကွက်ရှိ လွင်၊ ရသာမွန်နှင့် ရွှေလပ်ကီး အမှတ်တံဆိပ် မုန့်မျိုးစုံလုပ်ငန်းများ ၊ သလ္လာရပ်ကွက်ရှိ ဒို့မုံရွာအမှတ်တံဆိပ် မုန့်မျိုးစုံ လုပ်ငန်း၊ စက်မှုဇုန် ရပ်ကွက်ရှိ စိန်မြင်း အမှတ်တံဆိပ် ပဲကြော်လုပ်ငန်း၊ သင်းပျံ့ပျံ့ အမှတ်တံဆိပ် ပဲကြော်လုပ်ငန်း၊ ထန်းတောရပ်ကွက်ရှိ ဝိုင်းအုံ အမှတ်တံဆိပ်  လက်ဖက်နှင့် ပဲကြော်လုပ်ငန်းတို့အား စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များနှင့် ကိုက်ညီမှုရှိကြောင်း တွေ့ရှိခဲ့ပါသည်။

DOCA(စစ်ကိုင်း)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ) နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (--၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် ပေါင်းလောင်း(၂)နယ်မြေ၊ ရွာကောက်ရပ်ကွပ်၊ ချယ်ရီလမ်း၊  ပျဉ်းမနားမြို့ရှိ TBL Collectionအဝတ်အထည်၊ အထည်အလိပ်နှင့် ဆက်စပ်ပစ္စည်းများလုပ်ငန်းသို့ သွားရောက် စစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

    အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ) နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၂၁--၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၄) ရပ်ကွပ်၊ လမ်းမတော်လမ်း၊  လယ်ဝေးမြို့ရှိ ဝင်းပဒေသာလူသုံးကုန်ပစ္စည်းများလုပ်ငန်းသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(ပြည်ထောင်စုနယ်မြေ)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ) နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၂၀--၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အိမ်အမှတ်(၂၀၆၇၃)၊ စွယ်တော်(၁၂)လမ်း၊ ဇဝနဒီပရပ်ကွပ်၊  ပုဗ္ဗသီရိမြို့နယ်ရှိ ကေအန်အွန်လိုင်းရှော့ အလှကုန်ပစ္စည်းများလုပ်ငန်းသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)

လက်ပံတန်းမြို့တွင်ဆန်ဂိုဒေါင်နှင့်ဆန်ဆိုင်များကွင်းဆင်းစစ်ဆေးခြင်း

               စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် တာဝန်ခံဦးကျော်မျိုးထွန်း သည် လက်ပံတန်းမြို့နယ်တွင် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ် မှန်ကန်စေရေး၊ သမားရိုးကျ ရောင်းဝယ်ခြင်းမဟုတ်သော ဈေးကစားလိုသည့် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုန်းမြှင့် တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးအတွက် လက်ပံတန်း မြို့အတွင်းရှိ ဆန် လက်လီ/ လက်ကား အရောင်းဆိုင်များ ၊ သိုလှောင်ရုံများ ၊ ဆန်စက်များသို့ အပတ်စဉ်အင်္ဂါနေ့တိုင်း ကွင်းဆင်း စစ်ဆေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၆  ခုနှစ်၊ ဇူလိုင်လ ၁၄ ရက်နေ့တွင် လက်ပံတန်းမြို့နယ်ရှိ မြို့မ  ဈေးအတွင်းရှိ ဆန်ဆိုင်သို့  သွားရောက်ကွင်းဆင်းခဲ့ရာ ဒေသထွက် ဧည့်မထစပါးများကို ဝယ်ယူ ကြိတ်ခွဲ လျက်ရှိပါကြောင်း၊ ဆန်ဈေးနှုန်းအနေဖြင့် (၂၄) ပြည် တစ်အိတ်လျှင် (၇၂၀၀၀) ကျပ်ဖြင့် ရောင်းချ လျက်ရှိကြောင်း စစ်ဆေးသိရှိရပါသည်။

DOCA(ပဲခူး)

စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း တစ်ပိဿာ ငွေကျပ် ၇,၂၂၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ

 

 

 

 

     စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ် ကင်းရှင်းပြီး သင့်တင့်သောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့်ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်း ပေးနိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်း သိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါသည်။

          စားအုန်းဆီကို ပြည်ပမှဝယ်ယူတင်သွင်းရာတွင် စားအုန်းဆီ တင်ပို့သည့်နိုင်ငံများ၏ စျေးနှုန်းအတက်အကျပေါ်မူတည်၍ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့်ဈေးနှုန်းများ ဖြစ်ပေါ် စေရေးကို ထိန်းကျောင်းဆောင်ရွက်လျက်ရှိပါသည်။

          ပြည်ပမှစားအုန်းဆီထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှု များအရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့မှ 3၀ ရက်နေ့အထိ ရန်ကုန်အထိုင်ဈေး အခြေခံ လက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ,၂2၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ကြေညာထားကြောင်း သိရှိရပါ​သည်။  

          စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို အပတ်စဉ် သောကြာနေ့တိုင်း ထုတ် ပြန်ကြေညာလျက်ရှိပြီး စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာန၏ Website: www.doca.gov.mm၊  Facebook Page  နှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း၏ Facebook Page တို့တွင် ဝင်ရောက် ကြည့်ရှုလေ့လာနိုင်ကြောင်း သိရှိရပါသည်။

အုတ်ဖိုမြို့တွင်ဘူးသွင်းဆီ(Consumer Park) ဈေးကွက်ကွင်းဆင်းစစ်ဆေး

        ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အတွင်း ရောင်းချလျက်ရှိသော စားအုန်း ဆီဈေးကွက်တွင် ပြည်တွင်း၌ ဘူးသွင်းဆီ (Consumer Park) ထုတ်လုပ်ဖြန့်ဖြူးခွင့်ဖြင့် ရောင်းချမှု အခြေအနေအား ၂၀၂၆ခုနှစ် ဇူလိုင်လ ၁၅ရက်နေ့ ၊နံနက် (၁၀:၀၀) နာရီအချိန်တွင် မြို့နယ်  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့  ပါဝင်သော  ပူးပေါင်းအဖွဲ့တို့ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။

          အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် Meizom တံဆိပ် .8 L   ၁ဘူးလျှင် ၁၄၀၀၀ ကျပ်၊ Duck တံဆိပ် .8L ၁ဘူးလျှင် ၆၅၀၀ ကျပ်၊  ၊ Duck တံဆိပ် .9L ၅သားအပြည့် ၁ဘူးလျှင် ၈၀၀၀ ကျပ်၊ Good Choice .9L ၁ဘူးလျှင် ၈၅၀၀/၉၀၀၀ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိကြောင်း တွေ့ရှိရပါသည်။

DOCA(ပဲခူး)

  ကြို့ပင်ကောက်မြို့နယ်အတွင်းရှိမုန့်ဆိုင်နှင့်ကုန်စုံဆိုင်များအားကွင်းဆင်းစစ်ဆေး

           ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်အတွင်းရှိ မုန့်မျိုးစုံရောင်းဝယ် ရေးဆိုင်နှင့် ကုန်စုံဆိုင်များအား ၂၀၂၆ခုနှစ် ဇူလိုင်လ ၁၄ရက်နေ့၊ နံနက် (၉:၃၀) နာရီအချိန်တွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ FDA၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မွေးမြူရေးနှင်ကုသရေးဦးစီးဌာန၊ မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့တို့မှ ပူးပေါင်း၍ ဈေးကွက်အတွင်းရှိ ဘေးအန္တရာယ်ရှိသော အစားအသောက်များ၊ စားသုံးရန် မသင့်သည့် ဆိုးဆေးပါဝင်သော ကုန်စည်များ၊ ငရုတ်သီး မှုန့်အထုပ်အမျိုးမျိုး၊ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြခြင်း ရှိ/မရှိ ၊သက်တမ်းလွန် ကုန်စည်များ ရောင်းချမှုရှိ/မရှိတို့ကို ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် နမူနာကောက်ယူစစ် ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး မြို့နယ်စည်ပင်သာယာရေး ရုံးခန်း၌ ရောင်းချသည့်ဆိုင်ရှင် (၁၅) ဦးအား သိသင့် သိထိုက် သည်များကို သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများက အသိပညာပေးဆွေးနွေး ဟောပြောခဲ့ပါသည်။

DOCA(ပဲခူး)

ဇီးကုန်းမြို့၌ ဘူးသွပ်ဆီနှင့်စားအုန်းဆီရောင်းချမှုပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး

      ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဇူလိုင်လ(၇)ရက်နေ့ နေ့လည်(၁း၀၀) နာရီ တွင် မြို့နယ်စည်ပင်သာယာဈေးနှင့် ဈေးအနီးကုန်မျိုးစုံဆိုင်(၈)ဆိုင်အား တားမြစ်ထားသော အမှတ်တံဆိပ်ပါ စားသုံးဆီများနှင့် ခွဲတမ်းရစားအုန်းဆီများ သတ်မှတ်ထားသော အရည်အသွေးပြည့်မီရေး၊ ကျန်းမာရေးနှင့် ကိုက်ညီပြီး ဘေးအန္တရာယ်ကင်းစွာ သုံးစွဲနိုင်ရေး ရည်ရွယ်၍ ခရိုင်မြို့နယ်အဖွဲ့စုံဖြင့် စစ်ဆေးခဲ့ပါသည်။

          အဆိုပါစစ်ဆေးမှုတွင် တရားဝင်ရောင်းချခွင့် မပြုထားသော ပုဇွန်နှစ်ကောင်အမှတ်တံဆိပ် ဘူးသွပ်ဆီ ရောင်းချမှုရှိ/မရှိနှင့် ရည်ညွှန်းဈေးဖြင့် ခွဲတမ်းရစားအုန်းဆီဆိုင်များအား အိမ်ထောင်စု စာရင်းပါ ဆောင်ရွက်ထားသော ဆီထုတ်စာအုပ်ဖြင့် ရောင်းချစေရန်၊ အပါတ်စဉ် ဈေးနှုန်းပြောင်း လဲမှုအား ဗီနိုင်းချိတ် ဆွဲ၍ ရောင်းချရန် ဌာနမှသတ်မှတ်ထားသော မှန် (၆)မှန်နှင့်အညီ အရည်အသွေး၊ အလေးချိန်၊ ဈေးနှုန်း၊ နေရာ၊ သတ်မှတ်ပမာဏ သတ်မှတ်စည်းကမ်းချက်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ နတ်တလင်းခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဒေါ်အေးအေးသင်းနှင့်ဝန်ထမ်းများ ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ မြို့နယ်တာဝန်ခံဒေါ်မြင့်မြင့်ခင်နှင့် ဝန်ထမ်းများ၊ နတ်တလင်းခရိုင် အထူး စုံစမ်းစစ်ဆေးရေးမှူး ဦးဇင်မျိူးသူနှင့် တာဝန်ရှိသူများ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ စည်ပင်နှင့် ပြန်ဆက်ဌာနမှတာဝန်ရှိ သူများနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ပါသည်။

DOCA(ပဲခူး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ