သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ကန့်ဘလူမြို့၌ စက်သုံးဆီအရောင်းဆိုင်များအား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေး

    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက် နံနက် ၁၀:၀၀နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် အကြီးတန်းစာရေးတို့သည် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ “နဂါးပျံ”စက်သုံးဆီအရောင်းဆိုင် အား အထူးဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စက်သုံးဆီအရောင်းဆိုင်များ အနေဖြင့် စားသုံးသူများလွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်စေရန်အတွက် စက်သုံးဆီအရောင်းဆိုင်များကို ပုံမှန်ဖွင့်လှစ် ရောင်းချပေးရန်ပြောကြားခဲ့ပြီး စက်သုံးဆီရောက်ရှိမှု၊ အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/မရှိနှင့် စက်သုံးဆီလက်ကျန်တို့အား အထူးဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်၌ စားအုန်းဆီလက်လီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

      စားသုံးသူရေးရာဦးစီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ်တာဝန် ခံဦးမျိုးဝင်းသန်းသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၉ ရက် နံနက်(၀၉:၃၀)နာရီအချိန်တွင် ကန့်ဘလူမြို့နယ်ဆီကိုယ်စားလှယ်မှ အမှတ်(၃)ရပ်ကွက်ရှိ၊ စားသုံးသူပြည်သူများအား စားအုန်းဆီ လက်လီရောင်းချပေးနေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

      မြို့နယ်တာဝန်ခံမှ စားအုန်းဆီ လက်လီအရောင်းဆိုင်များအား  ကွင်းဆင်းစစ်ဆေးရာတွင် အချိန်အတွယ်မှန်ကန်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိနှင့် စားအုန်းဆီအရည်အသွေးတို့အား စစ်ဆေးခဲ့ကြောင်း၊ ကန့်ဘလူမြို့နယ် ဆီကိုယ်စားလှယ်က ခွဲတမ်းရရှိလာသော စားအုန်းဆီများကို ရည်ညွှန်းဈေး၊ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်နှင့် ၂%အမြတ်တို့ဖြင့် လက်လီ အရောင်းဆိုင်များမှတဆင့်  စားသုံးသူပြည်သူတစ်ဦးလျှင် (၅၀)ကျပ်သားနှုန်းဖြင့် ရောင်းချပေးခဲ့ ကြောင်း စားအုန်းဆီလက်လီရောင်းချသည့် လုပ်ငန်းရှင်ထံမှ သတင်းရရှိပါသည်။    

DOCA(စစ်ကိုင်း)       

 

မှော်ဘီမြို့နယ်၊ အထယုကျေးရွာ၌ စားသုံးကာကွယ်ရေးအသိပညာပေးဟောပြော

          (၁၃.၁၀.၂၀၂၅)ရက်နေ့ နံနက် (၀၉:၃၀)နာရီခွဲအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မှော်ဘီမြို့နယ်၊ အထယုကျေးရွာ ဓမ္မာရုံ၌ ရွာသူ/ ရွာသား (၁၃)ဦးအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးက ဌာန၏သမိုင်းအကြောင်း၊ ဌာနဖြစ်ပေါ်လာပုံအဆင့်ဆင့်၊ ဌာနမှဆောင်ရွက်နေသည့်လုပ်ငန်းများအကြောင်း၊ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံပြီး ဘေးကင်းလုံခြုံစိတ်ချရသည့် ကုန်စည်များဝယ်ယူတတ်စေရန်နှင့်စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

မှော်ဘီမြို့နယ်တွင် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံခြင်းရှိ/ မရှိ စစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံး၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် (၁၃.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ပြည်လမ်း၊ ပေတရာလမ်း၊ တပ်ကြီးကုန်းမြို့နယ်ရှိ ကုန်စုံဆိုင်များတွင် ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် ကုန်စုံဆိုင်များတွင် ရောင်းချနေသော ကလေးအာဟာရဖြည့်စွက်စာများမှာ နို့နှင့်အသီးအနှံ၊ ဆန်နှင့်နို့၊ ဆန်၊ နို့၊ ပဲပြောင်း၊ နို့နှင့်ဂျုံစသည့်အမျိုးအစားများကို မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြထားပြီး အလေးချိန်နေရာတွင်လည်း အလေးချိန်ကို ဂရမ်ဟု မြန်မာဘာသာဖြင့် ရေးသားဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း ကုန်အညွှန်းအမှတ်အသား မပြည့်စုံသော ကုန်ပစ္စည်းများကို ရောင်းချခြင်းတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

          (၁၃.၁၀.၂၀၂၅)ရက်နေ့ နေ့လည် (၁၃:၅၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ(၃)ဦးတို့သည် အမှတ်(၂၃)၊ လှိုင်မြစ်လမ်း၊ ကွက်သစ်ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ သန့်စင်စတိုးသို့ ကလေးအာဟာရဖြည့်စွက်စာ အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံခြင်းရှိ/ မရှိအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဆောင်ရွက်ခဲ့ရာတွင် သန့်စင်စတိုးမှ ဦးဟိန်းမင်းဇော်မှ ပူးပေါင်းပါဝင်လျက် ရောင်းချနေသော ကလေးအာဟာရတံဆိပ်အမျိုးမျိုးမှာ Golden Power၊ Ridielac၊ Cubbe၊ PoPo၊ Edison Supuie Sone တို့တွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်း လမ်း၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုး၊ ကြိုတင်သတိပေးချက်တို့ကို မြန်မာ ဘာသာဖြင့် ရေးသားဖော်ပြထားကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း ယခုကဲ့သို့ ကုန်ညွှန်းအမှတ်အသားပြည့်စုံသော ကုန်ပစ္စည်းများသာရောင်းချပေးရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

 

                                                                                                        

“ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးများ၏ ဈေးနှုန်းအခြေအနေ ကွင်းဆင်းစစ်ဆေး”

        စားသုံးသူပြည်သူများ ဆေးဝါးအမျိုးမျိုးတို့အား ဝယ်ယူသုံးစွဲရာ၌ ဘေးအန္တရာယ် ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ ရပ်ကွက်များနှင့် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ ဆေးဆိုင်များသို့ အောက်တိုဘာလ(၁၀)ရက်နေ့၊ နေ့ယ်(၁၅:၀၀)နာရီအချိန်တွင် ဆေးဝါးများ၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေတို့အား သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံး၏ညွှန်ကြားချက်နှင့် အညီ ကော့မှူးမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းနှင့် ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးတာဝန်ခံ ဦးအေးသွင် တို့ပူးပေါင်းအဖွဲ့သည် ဗိုလ်ချုပ်လမ်း၊ မြို့သစ်ရပ်ကွက်ရှိ ဇော်ဂျီဆေးဆိုင်နှင့် စည်ပင်သာယာမြို့မဈေးအတွင်း/ အပြင်ရှိ မေခလာဆေးဆိုင်၊ ဒေါ်ဝင်းလဲ့ရည်စိုးဆေးဆိုင်များရှိ ဆိုင်ပိုင်ရှင်စီးပွားရေး လုပ်ငန်းရှင်များအား မိမိတို့ဆေးဆိုင်တွင် ဝယ်ယူဖြန့်ဖြူးရောင်းချလျက်ရှိသော ဆေးဝါးများတွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုထောက်ခံချက်ပါရှိသော ဆေးဝါးများ၊ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိသော ဆေးဝါးများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးကြရန် မိမိတို့ဝယ်ယူရသည့် ဈေးနှုန်းများအပေါ်မူတည်ပြီး သင့်တင့်သောအမြတ်ရာခိုင်နှုန်းဖြင့်သာ ပြန်လည်ဖြန့်ဖြူးရောင်းချပေးကြရန် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် စားသုံးသူကာကွယ်ရေး အသိပညာပေးပြောကြားခဲ့ပြီး ဆေးဝါးများ၏ ဈေးနှုန်းပြောင်းလဲမှု အခြေအနေအား စာရင်းကောက်ယူ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

“ သုံးခွမြို့နယ်တွင်ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)ဆိုင်ရာအသိပညာပေး Talk Show ပြုလုပ်ခြင်း ”

         ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် အောက်တိုဘာလ(၁၀)ရက်နေ့၊ နေ့လယ်(၁၅:၃၀)နာရီအချိန်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု(အင်တာနက်ဝန်ဆောင်မှု)နှင့်စပ်လျဉ်း၍ အသိပညပေး Talk Show ပြုလုပ်ခဲ့ ကြောင်းသိရသည်။

          အဆိုပါ အသိပညာပေး Talk Show တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်စန်းစန်းမော်နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးတို့သည် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)နှင့် စပ်လျဉ်း၍ ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် နည်းပညာခေတ်တွင် အင်တာနက်သည် ပညာရေး၊ စီးပွားရေးနှင့် ဆက်သွယ်ရေးကဏ္ဍအားလုံးအတွက် အရေးကြီးဆုံးအစိတ်အပိုင်းတစ်ရပ်အနေဖြင့် ပါဝင်သည့်အတွက် အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ်လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်သင့်ကြောင်း၊ ဆက်သွယ်ရေးကုမ္ပဏီများက ပေးအပ်သည့်အင်တာနက်ဝန်ဆောင်မှုနှင့် ပတ်သတ်၍ လိုအပ်သော သတင်းအချက်အလက်ပြည့်စုံစွာနှင့် ရှင်းလင်းစွာ ကြိုတင်အသိပေး ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ ထို့ပြင် ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လိုင်စင်ရရှိသည့် လုပ်ငန်းရှင်များနှင့် မိုဘိုင်းအော်ပရေတာများ လိုက်နာဆောင်ရွက်ရမည့် အချက်(၁၁)ချက်အား သိရှိလိုက်နာရန် လိုအပ်ကြောင်း၊ အင်တာနက်ဝယ်ယူ အသုံးပြုသည့် စားသုံးသူများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ သိသင့်သိထိုက်သည့် အချက်အလက်များအား ပွင့်လင်းမြင်သာစွာ ကြော်ငြာထားရန်လိုအပ်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ကျောက်ပန်းမြို့နယ်ရှိဦးမြင့်အောင်၊ဆန်အရောင်းဆိုင်သို့သင့်တင့်မျှတသောနှုန်းထားဖြင့် ရောင်းချမှုရှိ/မရှိကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ‌ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းဦးဆောင် ၍ ကျောက်ပန်းတောင်းမြို့နယ် မြို့မဈေးအတွင်းရှိ ဆန်လက်လီလက်ကားရောင်းချသော ‌ဦးမြင့်အောင်ဆန်ဆိုင်သို့၂၅-၉-၂၀၂၅ရက်နေ့နံနက်(၀၉:၀၀)နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်‌ ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။ 

          ထိုသို့ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းဆောင်ရွက်ရာ၌ ဦးမြင့်အောင်ဆန်လက်လီလက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ်အိတ် လျှင် (၁၄၀၀၀၀) ကျပ်၊ ဧရာပဒေသာ(၂၄)ပြည်တစ်အိတ်လျှင် (၁၂၅၀၀၀) ကျပ်၊ ဖန်သီးသုခ (၂၄)ပြည်တစ်အိတ်လျှင်(၇၀၀၀၀)ကျပ်ဖြင့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချလျက် ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ‌ဦးမြင့်အောင် ဆန်ဆိုင်ပိုင်ရှင်အား ဈေးကွက်အတွင်း ဆန်များ ပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့် တင်ရောင်းချခြင်း များမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်းခြင်းများ မပြုလုပ် ရန်နှင့် ဆန်သိုလှောင်ရုံမှတ်ပုံတင် သက်တမ်းပြည့်ပါက MyRO တွင်ဆက်လက်မှတ်ပုံတင် သက်တမ်း တိုးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားရန် စသည်တို့ကိုဆွေးနွေး ပြောကြား ခဲ့ကြောင်း သိရှိ ရသည်။

DOCA(မန္တလေး)

မအူပင်မြို့နယ် အတွင်း ဆေးဆိုင်များတွင် Dumeh Dupro အမှတ်တံဆိပ်အတုများ ရောင်းချမှုရှိမရှိစစ်ဆေး

       ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် Dumex Dupro Brand အမှတ်တံဆိပ်အတုများရောင်းချမှုရှိမရှိ စစ်ဆေးခြင်းကို ၁၀-၁၀-၂၀၂၅ ရက်နေ့ နံနက် ၉နာရီ အချိန်က မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှ တာဝန်ခံနှင့် FDA ၊ မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

        ထိုသို့ စစ်ဆေးခဲ့ရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်ရရှိထား သော DKSH Myanmar Ltd. မှ တင်သွင်းသည့် Dumex Dupro Brand (နို့စို့ကလေးနှင့် ကလေးငယ်များအတွက်ဖော်စပ်စာ) များကိုသာ စစ်ဆေးတွေ့ရှိရကြောင်း ကုန်ပစ္စည်းရောင်းချသူ ဆိုင်ရှင်များကိုလည်း အတုအစစ်ခွဲခြားနည်းနှင့် Dumex Dupro Brand အမှတ်တံဆိပ်အတုများကို ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ကြာင်း သိရသည်။

DOCA(ဧရာဝတီ)

“မိတ္ထီလာမြို့ရှိစိန်ဒေါင်းစူပါစတိုးရှိစားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ စားသောက်ကုန်ပစ္စည်းများနှင့် GANDAMAR WHOLESALEကုန်စုံဆိုင်လူသုံးကုန်ပစ္စည်းများပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်းမြင့်တက်ခြင်းရှိ/မရှိ

      စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒု-ခရိုင်ဦးစီးမှူး၊   ဒေါ်မြို့ရီနှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂၅) ရက်နေ့  နေ့လည် (၁၂:၀၀)အချိန် မိတ္ထီလာမြို့နယ်ရှိ GANDAMAR WHOLESALE ကုန်စုံဆိုင်တွင် ရောင်းချလျက်ရှိသော စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများပြတ်လပ်မှုရှိ/မရှိ၊ ဈေးနှုန်း မြင့်တင်ရောင်းခြင်းရှိ/မရှိ အခြေအနေအား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ 

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဈေးကွက်တွင် ရောင်းချနေသော လူသုံးကုန်ပစ္စည်းများ၊ အသင့်စားစားသောက်ကုန်ပစ္စည်းများ ဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ၊ ဈေးနှုန်းမြင့် တက်ခြင်းရှိ/မရှိ သက်ဆိုင်ရာဌာနများမှ ကန့်သတ်တားမြစ်ထား သည့်မုန့်များ ရောင်းချခြင်း ရှိ/မရှိနှင့်  စားသုံးသူဘေးအန္တရာယ်ဖြစ်စေနိုင်သော မုန့်များရောင်းချခြင်းရှိ/မရှိတို့အား စစ်ဆေးခဲ့ပြီး၊ ကုန်စည် အမျိုးအစားအလိုက် သတ်မှတ်ထားသည့် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ကြရန် ပြောကြား ခဲ့ပြီး စျေးကွက်အတွင်းရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်အမှတ်အသားပြည့်စုံစွာ ဖော်ပြ ဆောင်ရွက်မှု ရှိ/မရှိအား ဌာနမှစျေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို နေ့စဉ်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော ကုန်ပစ္စည်းများအား ‌ရောင်းချခြင်း မပြုကြရန် ပြောကြားခဲ့ပြီး၊ သတ်မှတ်စံချိန်စံနှုန်းနှင့်ကိုက်ညီ၍ သက်ဆိုင်ရာဌာနများမှ ခွင့်ပြုထားသောသော ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာဖော်ပြထားသော အသင့်စားမုန့်များကိုသာ ဈေးကွက်အတွင်း ရောင်းချလျက်ရှိ ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ