
မြန်မာနိုင်ငံတွင် စားသုံးသူရေးရာကော်မတီအစည်းအဝေးများကို စားသုံးသူကာကွယ်ရေး လုပ်ငန်းများ စနစ်တကျအကောင်အထည်ဖော်ရန်နှင့် စားသုံးသူအခွင့်အရေးများကာကွယ် စောင့်ရှောက်ရန်အတွက် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ဆင့်တွင် ပုံမှန် ကျင်းပလျက်ရှိသည်။
မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်အစည်းအဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး တိုင်းဒေသကြီး/ ပြည်နယ် စားသုံးသူရေးရာကော်မတီအစည်းအဝေးကို သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ် စီးပွားရေးရာဝန်ကြီးများက ဥက္ကဋ္ဌအဖြစ်ဦးဆောင်၍ ဒေသတွင်း ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေး အန္တရာယ်ကင်းရှင်းရေး၊ စားသုံးသူတိုင်ကြားမှုများ ဖြေရှင်းရေးတို့ကို လုပ်ငန်းညှိနှိုင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊လားရှိုးခရိုင် စားသုံးသူရေးရာကော်မတီအစည်းအဝေးကို ဇူလိုင်လ၊ ဒုတိယအပတ်တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။ အဆိုပါအစည်းအဝေးတွင် လားရှိုးခရိုင်စားသုံးသူရေးရာကော်မတီဥက္ကဌမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် လားရှိုးခရိုင်၊ စားသုံးသူ ရေးရာဦးစီးဌာန၊ တာဝန်ရှိသူမှ လားရှိုးမြို့နယ်အတွင်း ခရိုင်/ မြို့နယ်အဆင့် တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေး အစီအစဉ်များ၊ လားရှိုးမြို့ပေါ်ရှိ ဈေးများနှင့် အခြားကုန်စုံဆိုင်များ၊ မုန့်ဆိုင်များသို့ ကွင်းဆင်း၍ ကုန်အညွှန်း အမှတ် အသားပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများ၊ လားရှိုး မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင့် စားသုံးသူပြည်သူများအတွက် စားသုံးသူ ကာကွယ်ရေးဥပဒေဆိုင်ရာ အသိပညာပေး ဟောပြော ပွဲများ၊ Talk Show များ ကျင်းပခြင်းများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် လျာထားချက်အစီအစဉ်များ ချပြဆွေးနွေးခြင်း စသည်တို့ကို ဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
DOCA(ရှမ်း)
