သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

“ကျောက်ဆည်မြို့နယ်အတွင်းရှိ အာကာကျော်စားအုန်းဆီအရောင်းဆိုင်အားကွင်းဆင်းစစ်ဆေး”

   ကျောက်ဆည်ခရိုင်၊စားသုံးသူရေးရာဦးစီးဌာနမှ စစ်ဆေးရေးအရာရှိများသည် စက်တင်ဘာလ (၈)ရက်နေ့ ၊ နံနက်(၈း၃၀)အချိန်တွင် ကျောက်ဆည်မြို့နယ်အတွင်းရှိ အာကာကျော်စားအုန်းဆီ အရောင်းဆိုင်သို့ သွားရောက်ပြီးစစ်ဆေးခဲ့ရာ ကျောက်ဆည်မြို့နယ်အတွင်းရှိ  မုန့်ပေါင်းကျေးရွာရှိ အိမ်ထောင်စုအလိုက် အိမ်ထောင်စု တစ်စုလျှင် စားအုန်းဆီ(၂.၅)ပိဿာနှုန်းဖြင့် ရောင်းချနေမှု နှင့် စားအုန်းဆီများအား စာအုပ်များဖြင့် ထုတ်ပေးလျက်ရှိရာ အိမ်‌ထောင်စုအလိုက် ထုတ်ပေးထားသည့် စာအုပ်အဟောင်းများစိစစ်ခြင်း နှင့် စာအုပ်အသစ်များ ထုတ်ပေးခြင်းတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပါ သည်။ ထိုသို့စစ်ဆေးရာတွင် ပြည်သူများအား စားအုန်းဆီရောင်းချသည့်စားအုန်းဆီအရောင်း ကိုယ်စားလှယ်များအနေဖြင့် စားအုန်းဆီရောင်းချရာတွင်ဈေးနှုန်းမှန်၊ အချိန်အတွယ်မှန်၊ အချိန်မှန်၊ နေရာမှန်၊ အလေးချိန်မှန်၊ အရည်အသွေးမှန် စသည့် (မှန်) ၆ (မှန်) ဖြင့် ရောင်းချပေးရေး၊ စာအုပ်များ၊ သန်းခေါင်စာရင်း၊ အိမ်ထောင်စုစာရင်းစသည်တို့ဖြင့်တိကျမှန်ကန်စွာရောင်းချပေးရေးစသည်တို့ကိုစားအုန်းဆီရောင်းချသည့် ကိုယ်စားလှယ်များအား ပြောကြားခဲ့ကြောင်း သတင်းရရှိ ပါသည်။

DOCA(မန္တလေး)

ကန့်ဘလူမြို့မဈေးရှိ ကုန်စုံဆိုင်များအား အဖွဲ့စုံဖြင့်  ဈေးကွက်စောင့်ကြည့်စစ်ဆေး

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူခရိုင် ဦးစီးမှူးရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူ ကာကွယ်ရေးအသိပညာပေးဟောပြောပွဲများ၊ လုပ်ငန်းရှင်တွေ့ဆုံခြင်းနှင့် ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက် နံနက် ၁၁:၀၀ နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အကြီးတန်းစာရေး)တို့သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မရဲစခန်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ကန့်ဘလူမြို့မဈေးရှိ “ဒေါ်ကေသီ” ကုန်စုံဆိုင် အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ကလေးတစ်ကိုယ်ရည်သန့်ရှင်းရေးသုံး ပစ္စည်းအမျိုးမျိုးအား မြန်မာနိုင် ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့်အညီ ကုန်အညွှန်းအမှတ် အသားဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း၊ သက်ဆိုင်ရာဌာန၏ ထောက်ခံချက် ရှိ/မရှိနှင့် သက်တမ်းလွန်ခြင်းရှိ/မရှိ ၊ ကုန်ပစ္စည်းအတုအပများ ရောင်းချမှုမရှိစေရေး  စစ်ဆေးခဲ့ကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)နှင့် ကိုက်ညီမှုမရှိသော ကုန်ပစ္စည်းများကို ရောင်းချခြင်းမပြုရန် အသိပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

 

ကန့်ဘလူမြို့၊ အမှတ်(၅)၊ (အ.လ.က)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၊ အမှတ်(၅)၊ (အ.လ.က)ကျောင်းရှိ ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများအား  စားသုံးသူအခွင့်အရေးနှင့် ဘေးအန္တရာယ်ကင်း ရှင်းသော ကုန်စည်နှင့် ဝန်ဆောင်မှုများကို မှန်ကန်စွာရွေးချယ် ဝယ်ယူတတ်စေရန် ရည်ရွယ်၍ စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်းက စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။

    ဟောပြောပွဲတွင် ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်အိမွန်ကျော် အကြီးတန်းစာရေး က  စားသုံးသူတစ်ဦးအနေဖြင့် ရရှိရမည့် အခြေခံအခွင့်အရေးများနှင့် လိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားများကို စစ်ဆေးခြင်း၊ မုန့်နှင့် အစားအသောက်များ ဝယ်ယူရာတွင် ပါဝင်ပစ္စည်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးမည့်ရက်စွဲ၊ ထားသိုသိမ်းဆည်းပုံအညွှန်းနှင့် ကြိုတင်သတိပေးချက်များကို သေချာစွာဖတ်ရှု့ရန်လိုကြောင်း၊ စားသုံးသူများအနေဖြင့် နစ်နာဆုံးရှုံးမှုတွေရှိလာရင်လည်း တိုင်ကြားနိုင်တဲ့ နည်းလမ်းတွေကို သိရှိထားဖို့  အသိပညာ ပေးရခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူတွေအနေနဲ့ အစားအစာ အပြင် သုံးစွဲမှုပိုင်ကိုလည်း ဂရုစိုက်ရန်လိုအပ်ကြောင်း၊ ယနေ့အချိန်အခါသည် နည်းပညာများ ဖွံ့ဖြိုး တိုးတက်လာသည့်နှင့်အမျှ စားသုံးသူများကို အကျိုးပြုနေသော်လည်း တဖက်တွင်လည်း နစ်နာဆုံး ရှုံးမှုများနှင့် ကြုံတွေ့နေကြရကြောင်း၊ စားသုံးဆီနှင့်စပ်လျဉ်း၍ လူတစ်ဦးတစ်နှစ်လျှင် ဆီ (၅ ပိဿာမှ ၆ ပိဿာထိ)သာ စားသုံးသင့်ကြောင်း၊ ပိုမိုစားသုံးနေပါက ဆီစားသုံးမှု လျော့ချသင့်ကြောင်း၊ ဆီအလွန်အကျွံစားသုံးခြင်းကြောင့် အဝလွန်ခြင်း၊ အသည်းအဆီဖုံးရောဂါနှင့် ဆီချိုရောဂါ စသည့် ရောဂါများဖြစ်ပွားနိုင်ကြောင်း၊ ဟောပြောပွဲသို့ တက်ရောက်လာကြသော ဆရာ/ဆရာမနှင့် ကျောင်းသား/ကျောင်းသူများကို စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကျောင်းသား/ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူ များမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)

ကန့်ဘလူမြို့နယ်တွင် စားအုန်းဆီ လက်လီအရောင်းဆိုင်များအား     သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချခြင်းရှိ/မရှိ ပုံမှန်ကွင်းဆင်းစစ်ဆေးလျက်ရှိ

     စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူခရိုင်မှ တာဝန်ခံဦးမျိုးဝင်းသန်း သည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက် နံနက်ပိုင်း၌ အမှတ်(၂)ရပ်ကွက်ရှိ စားအုန်းဆီ လက်လီအရောင်းဆိုင်အား   အချိန်အတွယ် မှန်ကန်မှုရှိ/မရှိ၊ ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချခြင်း ရှိ/မရှိနှင့် စားအုန်းဆီ အရည်အသွေးတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ကန့်ဘလူမြို့နယ်၌ ပြည်သူများအား သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးလျက်ရှိရာ  လက်လီအရောင်းဆိုင်များမှ စားအုန်းဆီကို ရည်ညွှန်းဈေးနှုန်းနှင့် ၂% အမြတ်တို့ဖြင့်  အိမ်ထောင်စုတစ်စု(စာအုပ်တစ်အုပ်)လျှင် (၁)ပိဿာနှုန်းဖြင့် ရောင်းချပေးလျက်ရှိ ကြောင်း၊ သယ်ယူပို့ဆောင်ရေး လမ်းခရီးအခြေအနေအရ ဆီရောက်ရှိမှုအပေါ်မူတည်၍ အိမ်ထောင် စုတစ်စု(စာအုပ်တစ်အုပ်)လျှင် သတ်မှတ်ထားသည့် (၂)ပိဿာနှုန်းပြည့်မီအောင် ဆက်လက်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း လက်လီအရောင်းဆိုင်များထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)      

အကြော်မုန့်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေး

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများအပြင်၊  စီးပွားရေးလုပ်ငန်းရှင်များအား တွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်နှင့်ညွှန်ကြားချက်များ ရှင်းလင်းဆွေးနွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ (၈.၉.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၃၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာ ဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးနှင့် စားသုံးသူရေးရာဌာနခွဲတာဝန်ခံတို့သည် ရွှေဘိုမြို့၊ အမှတ်(၂)ရပ်ကွက်၊ ပြင်ဈေးရပ်ရှိ မနီလာ အကြော်မျိုးစုံ ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်လုပ်ငန်းရှင်အား တွေ့ဆုံဆွေးနွေးခဲ့ ပါသည်။

       ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးက စားသုံးသူ ကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ စားသုံးသူများသာ မက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်လျက်ရှိသော လုပ်ငန်းများကိုသိရှိလိုပါက ရုံးဖွင့်ရက်ရုံးချိန်အတွင်း Consumer Call Center No 1535လိုင်းခွဲ(၁)နေပြည်တော်၊ လိုင်းခွဲ(၂)ရန်ကုန်၊ လိုင်းခွဲ(၃)မန္တလေးသို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းအကြောင်းများ၊  ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း ၍မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)ပါအကြောင်းများ၊ အကြော်မုန့်မျိုးစုံတွင် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားအကြောင်းများ  အသိပညာပေး ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

ရွှေဘိုမြို့ရှိ ဆန်နှင့် ဆီရောင်းဝယ်ရေးလုပ်ငန်းအား ကွင်းဆင်းစိစစ်ခြင်းဆောင်ရွက်

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့်  စီးပွားရေး လုပ်ငန်းရှင်များအားတွေ့ဆုံပြီး ဌာနမှထုတ်ပြန်ထားသည့် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များ ရှင်းလင်း ဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ (၁၀.၉.၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် ရွှေဘိုမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ စက်မှုဇုံရှိ  အောင်သုခ ဆန်စက်နှင့် ဆီစက်လုပ်ငန်းအား ကွင်းဆင်းစိစစ်ခဲ့ပါသည်။

          ထိုသို့စိစစ်ရာတွင် စက်မှုဇုန်ရှိ ဆန်စက်၊ ဆီစက်များလည်ပတ်မှုရှိ/မရှိ ကွင်းဆင်းစိစစ်ပြီး ဆန်တန်ချိန်(၂၅)တန်အထက်၊ စပါးတင်း(၂၅၀၀)အထက် သိုလှောင်ပါက myroတွင်မှတ်ပုံတင်ရန်၊ မှတ်ပုံတင်ပြီးသည့်ဆန်စပါးသိုလှောင်ရုံနှင့် စက်တွဲသိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် လစဉ်ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်စာရင်းများအား လစဉ်လဆန်း(၁)ရက်နေ့မှ (၁၀)ရက်နေ့အတွင်း Updateပြုလုပ်ခြင်းလုပ်ငန်းစဉ်များ လိုက်ပါဆောင်ရွက်ကြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး စပါး၊ဆန်ဈေး နှုန်းတည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေးအတွက် လက်ရှိအရောင်းအဝယ်ဖြစ်လျက် ရှိသည့် စပါး၊ ဆန်ဈေးနှုန်းနှင့် ဈေးကွက်အခြေအနေများ မေးမြန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

Online Sale လုပ်ငန်းအား မြေပြင်စစ်ဆေးခြင်းဆောင်ရွက်

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံး အနေဖြင့် အွန်လိုင်းစနစ်ဖြင့်ရောင်းချသည့်လုပ်ငန်းများအား မြေပြင်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ (၈.၉.၂၀၂၆)ရက်နေ့၊  (၁၁:၀၀)နာရီအချိန်တွင် ရွှေဘိုခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးသည် ရွှေဘိုမြို့၊ အမှတ်(၅)ရပ်ကွက်၊ လမ်းမတော်ရပ်၊ ရွှေဘိုမြို့ရှိ  “Perfect-2 Fashion& Guitar  Shop (ပါဖက်တူးဖက်ရှင်အမ်ဂစ်တာရှော့ )” ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ် ပစ္စည်းများ၊ အခြားသုံးပစ္စည်းများ လုပ်ငန်းအား  မြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ရွှေဘိုခရိုင်ဦးစီးမှူးက Online Sale မှတ်ပုံတင် လုပ်ငန်းဆောင်ရွက်ခြင်းအတွက် လိုအပ်သောအချက်အလက်များ၏ မြေပြင်စစ်ဆေးရာ ကိုက်ညီမှုရှိသဖြင့် တွေ့ရှိချက်များကို Online Sale  Application တွင်ဖြည့်သွင်းခြင်းများဆောင်ရွက်ခဲ့ပြီး အဆိုပါမြေပြင် စစ်ဆေးတွေ့ရှိချက်များကို ကုန်သွယ်ရေးဦးစီးဌာနမှ ဆက်လက်စိစစ်ပြီးပါက လုပ်ငန်းမှတ်ပုံတင် လက်မှတ်ထုတ်ပေးခြင်း(သို့) ပယ်ဖျက်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် မှတ်ပုံတင်ခြင်း၊ သက်တမ်းတိုးခြင်း၊ ပြင်ဆင်ခြင်းတို့အတွက် သတ်မှတ်နှုန်းထားများ၊ Online Saleမှတ်ပုံတင်လက်မှတ်ရရှိသူ၏ အခွင့်အရေးများ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းအကြောင်းများ၊ စားသုံးသူအခွင့်အရေးနှင့် စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ  ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ရှိ ဆန်အရောင်းဆိုင်သို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

 

       စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး(၂)ဦးသည် “ခရိုင်ဆန် သိုလှောင်ဈေးနှုန်းမြှင့်တင်ရောင်းချမှုများမရှိစေ‌ရေး ၂၀၂၆ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ရှိ ”စိုးစံ” ဆန်အရောင်းဆိုင်သို့ကွင်းဆင်း၍ ဈေးနှုန်းဈေးကွက် အခြေအနေများ၊ စီးဝင်/စီးထွက်မှု အခြေအနေများ၊ သယ်ယူခနှုန်းထားများနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းအလို့ငှာ သိုလှောင်ခြင်း၊  ဖြန့်ဖြူးရောင်းချမှုများ ရှိ/မရှိကို ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ရန် သိုလှောင် ထားခြင်းများမပြုလုပ်ရန်၊ ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများရှိပါက အရေးကြီး ဝန်ဆောင်မှုဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း၊ ဆန်အိတ် (၅၀၀)နှင့်အထက် သိုလှောင်ထားရှိပါက သိုလှောင်ရုံမှတ်ပုံတင် ပြုလုပ်ရမည်ဖြစ်ကြောင်း၊ စစ်ကိုင်းမြို့၊ စိန်ကုန်းရပ်ရှိ ဆန်အရောင်းဆိုင်ဖြစ်သော ”စိုးစံ” ဆန်ဆိုင်အနေဖြင့် ဆန်များကို ရွှေဘိုမြို့မှ အများဆုံးဝယ်ယူရောင်းချကြောင်း၊ ဝယ်ယူရာတွင် ရောင်းအားရှိသလောက် ဝယ်ယူကြောင်း၊ စစ်ကိုင်းမြို့ပေါ်ရှိ ပြည်သူများ ကြိုက်နှစ်သက်စွာ ဝယ်ယူသုံးစွဲမှု အများဆုံးဆန်မှာ ရွှေဘိုပေါ်ဆန်း၊ ဧရာမင်းနှင့် မနောသုခဆန်များကို အများဆုံး ရောင်းချသည်ကို စိစစ်တွေ့ရှိရကြောင်း၊ ဆန်အမျိုးအစား အလိုက် (၂၄) ပြည်တစ်အိတ် ဈေးနှုန်းများမှာ ဆန်အမျိုးအစား၊ အရည်အသွေးအလိုက် ရွှေဘိုပေါ်ဆန်း(၂၂၀၀၀၀ မှ ၂၃၀၀၀)ကျပ်၊ ဧရာမင်း(၁၆၀၀၀၀ မှ ၁၆၅၀၀၀)ကျပ်၊ မနောသုခ(၁၁၀၀၀၀ မှ ၁၂၀၀၀၀)ကျပ်များဖြင့် အရောင်းအဝယ်ရှိကြောင်း သယ်ယူခနှုန်းထားများမှာ ရွှေဘိုမြို့မှ စစ်ကိုင်းမြို့သို့ ဆန်(၂၄)ပြည် တစ်အိတ်လျှင် (၈၀၀၀) ကျပ်မှ   (၁၀၀၀၀) ကျပ်ရှိကြောင်း ဆန်များကို သိုလှောင်ထားခြင်းမရှိဘဲ   လိုသလောက်သာ မှာယူ ရောင်းချသောကြောင့် ဆန်သိုလှောင်သော ဆန်ဂိုဒေါင်များမရှိပါကြောင်း၊ အရောင်းဆိုင်များတွင် ရောင်းအားရှိသလောက် ဝယ်ယူရောင်းချနေကြောင်း  သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ)နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/မရှိ တို့ကို (၁၄.၉.၂၀၂၆) ရက်နေ့၊ နံနက်(၁၀:၃၀) နာရီအချိန်တွင် အမှတ်(ပ/၂၀၄၈၆)၊ စစ်တောင်းလမ်း၊ စွယ်တော်လမ်း နှင့် သစ္စာလမ်းကြား၊ မင်္ဂလာဒီပရပ်ကွက်၊ ပုဗ္ဗသီရိမြို့နယ်ရှိ “MM Electrical Grouop” အီလက်ထရွန်နစ် ပစ္စည်းများ ကူးသူးသန်းရောင်းဝယ်မှု လုပ်ငန်းသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊ မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေး အသိပညာပေးဟောပြောခဲ့‌ကြောင်း သိရှိရပါသည်။

                                                                                                                                                                                                       DOCA(ပြည်ထောင်စုနယ်မြေ)

အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခြင်း

          ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင်(ဦးစီးအရာရှိ)ဦးဆောင်၍ (၁၄.၉.၂၀၂၆) ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ကျွန်းရောင်း အုပ်စု၊လေသာကျေးရွာတွင် စားအုန်းဆီသုံးဆွဲမှုလျော့ချရေးနှင့် စားသုံးသူကာကွယ်ရေး အသိ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ စုစုပေါင်း (၂၆)ဦး တက်ရောက်ခဲ့ပါသည်။

          အဆိုပါအသိပညာ‌ပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင် များ၏တာဝန်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ အွန်လိုင်းစနစ်ဖြင့်ရောင်းချရာတွင် အွန်လိုင်း ရောင်းချခွင့်မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ကုန်ပစ္စည်းများတွင် ဖော်ပြပါရှိရမည့်  ကုန်အညွှန်း အမှတ်အသားများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

 DOCA(ပြည်ထောင်စုနယ်မြေ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ