သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးတင်မောင်ထွန်း(ရုံးအုပ်)သည် ၈.၁၀.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ စည်ပင်သာယာရေစင်ဈေးသို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Lime® အမှတ်တံဆိပ်ပါ အသင့်ဖျော်သံပုရာရည်တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်ယဉ်ယဉ်အား  ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်းရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးဇေယျာအောင် (ခရိုင်ဦးစီးမှူး) သည် ၈.၁၀.၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက် အတွင်းရှိ လက်လီဖြန့်ဖြူးရောင်းချသော ဒေါ်မဲတူ(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှု ရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Golden Dragon အမှတ်တံဆိပ်ပါ ရှာလကာရည်တွင်  ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း ၊ ထားသိုသိမ်းဆည်းမှု အညွှန်းနှင့် ဓါတ်မတည့်ကြောင်းဖော်ပြချက်တို့ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင် ဒေါ်မဲတူအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့်ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်း မပြုလုပ်ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦး‌ဇေယျာအောင်(ခရိုင်ဦးစီးမှူး) သည် ၈.၁၀.၂၀၂၅ရက်နေ့ (၁၁:၀၀) နာရီ အချိန်၌ မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်အတွင်းရှိ ကုန်မျိုးစုံရောင်းချသည့် လုပ်ငန်းရှင် (၁)ဦး နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေးဥပဒေပြဋ္ဌာန်းချက်ပါ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရန် အချက်အလက်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ပါသည်။                 ထိုသို့ဆွေးနွေးရာတွင် ဦး‌ဇေယျာအောင်(ခရိုင်ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးပဒေပါ စီးပွားရေးလုပ်ငန်းရှင်နှင့်ဝန်ဆောင်မှု၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ်တာဝန်ရှိမှု၊ ကုန်စည်/ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှု လုပ်ငန်းများ၏ အာမခံချက် နှင့်စပ်လျဉ်း၍ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများ၊ စားသုံးဆီနှင့်ပတ်သက်၍ သတ်မှတ်ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအကြောင်း၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေနှင့်ပတ်သက်သည့် အမိန့်ညွှန်ကြားချက်များအကြောင်း၊ အွန်လိုင်းငွေကြေး ဝန်ဆောင်မှု လုပ်ငန်းများသုံးစွဲရာတွင် သတိပြုဆောင်ရွက်သင့်သည့် အချက်များအကြောင်း၊ ကုန်အညွှန်း အမှတ်အသား ပြည့်စုံမှုရှိစေရန်နှင့်သက်ဆိုင်ရာ FDA ထောက်ခံချက်များပါရှိရန် လိုအပ်ကြောင်း၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

DOCA(ကချင်)

 

မိုးဆမ်းပန်း(ဆေးဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၉.၁၀.၂၀၂၅ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့၊ နားခါရပ်ကွက်ရှိ မိုးဆမ်းပန်း (ဆေးဆိုင်) သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဌာန်း ချက်များနှင့် ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာENAT 400 အမှတ်တံဆိပ်ပါ အသားအရေနုပျိုလှပမှုကို ထိန်းသိမ်းပေးမည့် သဘာဝဗီတာမင်အီး ၄၀၀မီလီဂရမ် ပါဝင်သော အီးနတ်၄၀၀သည် ဆရာဝန် ညွှန်ကြားချက်မလိုသော အိမ်သုံးဆေးဝါး‌ သောက်ဆေးအမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်း ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆေးဆိုင်ပိုင်ရှင်အား ဆေးပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင်လည်း မြန်မာ ဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ဆေးပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

Thurday Talk ခွင့်အကြောင်း သိကောင်းစရာ ဟောပြောဆွေးနွေး

          ၂၅-၉-၂၀၂၅ ရက်နေ့ နံနက် (၁၁း၀၀)နာရီအချိန်တွင် မအူပင်ခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ပန်းအိစံ(အငယ်တန်းစာရေး)သည် ခွင့်အကြောင်း သိကောင်းစရာဖြင့် Thurday Talk ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

          ဟောပြောဆွေးနွေးရာတွင် လုပ်ငန်းခွင်ဝင်ရောက်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ မသိမဖြစ်သိထားသင့်တဲ့ ပိတ်ရက်၊ " ခွင့် " အမျိုးအစားတွေနဲ့ ရရှိန်ိုင်တဲ့အခွင့်အရေးတွေကို ဟောပြောခြင်း၊ လုပ်သက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဆေးလက်မှတ်ခွင့်၊ မီးဖွားခွင့်၊ နာမကျန်းခွင့်၊ ကူးဆက်ရောဂါကာကွယ်ခွင့်၊ လစာမဲ့ခွင့်၊ အထူးမသန်စွမ်းခွင့်၊ ဆေးရုံခွင့်၊ ပညာလေ့လာဆည်းပူးခွင့် တို့ဖြစ်ကြောင်း၊ ဝန်ထမ်းများမိမိ အကျိုးခံစားခွင့်များကို ရယူသည့်အခါ မိမိရပိုင်ခွင့်များကို သိရှိနားလည်နိုင်ရန်လိုအပ်ပါကြောင်း၊ ခွင့်တစ်မျိုးခြင်း၏ အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဟောပြောဆွေးနွေးခဲ့ပြီး မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တက်ရောက်သူ ၈ဦးရှိကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ၂၄.၉.၂၀၂၅ ရက်နေ့ နံနက် (၀၉း၀၀) နာရီအချိန်တွင် ကန့်ဘလူခရိုင်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန “တေဇ”အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သော ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် လုံခြုံရေးနှင့်သတင်းညှိနှိုင်း အစည်းအဝေး(၇/၂၀၂၅)သို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

          အဆိုပါ အစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး ကရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးမျိုးဝင်းသန်းက ဌာန၏လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ ကြောင်း၊ တက်ရောက်လာသည့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများက ဌာန၏လုပ်ငန်းဆောင်ရွက် ချက်များအား အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးအား နံနက်(၁၁း၄၅)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

DOCA(စစ်ကိုင်း)

ဓနုဖြူမြို့နယ် အမက တောင်ပိုင်း‌ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

        စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊’စီးမှူးရုံးမှ ဦးခိုင်လွမ်းမိုးနှင့် ဝန်ထမ်းများသည် ၂၆-၉-၂၀၂၅ ရက်၊  နံနက် (၁၀:၀၀) နာရီအချိန်တွင် (အ.မ.က) တောင်းပိုင်းကျောင်းရှိ (ကျောင်းသား၊ ကျောင်းသူ) များအား စားသုံးသူကာကွယ်‌ရေးဆိုင်ရာ သိကောင်းစရာအကြောင်းကို အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရသည်။

        အဆိုပါဟောပြောပွဲတွင် ဦးခိုင်လွမ်းမိုးက  စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများအကြောင်းကိုလည်းကောင်း၊ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် တာဝန်များအကြောင်း ၄ချက်ကိုလည်းကောင်း၊ ဈေးကွက်အတွင်းရှိ  ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော အစားအသောက်နှင့် ကုန်စည်များကို စနစ်တကျရွေးချယ်ဝယ်ယူစားသောက်သုံးစွဲတတ်စေရန်အတွက် ကုန်ညွှန်းအမှတ်အသားအကြောင်းကို  ကျောင်းသား၊ ကျောင်းသူများအား မုန့်နမူနာများဖြင့်ပြောကြားခဲ့ပြီး ဆရာ၊ ဆရာမ (၄) ဦး၊  ကျောင်းသား၊ ကျောင်းသူများ (၆၀)ဦး စုစုပေါင်း ဦးရေ(၆၄) တက်ရောက်ပြီး  လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

ကန့်ဘလူမြို့နယ်ရှိ စားသုံးသူများမှ Consumer Call Center (1535)သို့ဖုန်းခေါ်ဆို

    စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ် တာဝန်ခံဦးမျိုးဝင်းသန်းသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ ကြီးကြပ်မှု တို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးဟောပြောပွဲ၊ လုပ်ငန်းရှင် တွေ့ဆုံမှုနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း စသည့်လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။ အဆိုပါ စားသုံးသူကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တာဝန်ခံဦးမျိုးဝင်းသန်းက စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စားသုံးသူ ကာကွယ်ရေးနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ၊ သိရှိလိုသည်များကို Consumer Call Center (၁၅၃၅)ကို ရုံးဖွင့်ရက်များမှာ ရုံးချိန်အတွင်း ဖုန်းခေါ်ဆို မေးမြန်းနိုင်ကြောင်း၊ အသိပညာ ပေးလျှက်ရှိရာ (၂၃.၉.၂၀၂၅)ရက်နေ့တွင် ကန့်ဘလူမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ စားသုံးသူပြည်သူ တစ်ဦးက Consumer Call Center (၁၅၃၅) လိုင်းခွဲ(၁)အား ဖုန်းခေါ်ဆို၍ စားသုံးသူ၏အခွင့်အရေး နှင့်တာဝန်များ၊ စားသုံးသူကာကွယ်ရေးနှင့်စပ်လျဉ်းသည့် အကြောင်းအရာများအား ဖုန်းခေါ်ဆိုမေး မြန်းခဲ့ရာ  Consumer Call Center မှတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားခဲ့ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲအခမ်းအနားသို့ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ အွန်လိုင်းမှ တက်ရောက်

         ၂၀၂၅ ခုနှစ် ၊ စက်တင်ဘာလ ၂၅ ရက် မွန်လွဲ (၁၄:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီး ဌာန စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြား ရေးမှူး ဦးခမ်လျန်စွမ်း ဦးဆောင်ကျင်းပပြုလုပ်သည့် ဝန်ထမ်းထုဆန္ဒဖော်ထုတ်ပွဲကို ကန့်ဘလူခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများမှ Virtual ဖြင့်တက်ရောက်ခဲ့ပါသည်။

      အစည်းအဝေးတွင် တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးခမ်လျန်စွမ်းမှ အဖွင့်အမှာ စကားပြောကြားရာတွင် တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဆောင်ရွက်ပေးရမည့် အချက်များကို တင်ပြ ပေးစေလိုကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိတို့၏ဆန္ဒကို လွတ်လပ်ပွင့်လင်းစွာ ဖော်ထုတ်လို့ရပြီး ဖော်ထုတ်ဖို့လိုကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ ဝန်ထမ်းများ၏ လိုအပ်ချက်များ၊ ရုံးပိုင်းဆိုင် ရာလိုအပ်ချက်များကို အမြဲလေ့လာပြီး ဖြည့်ဆည်းပေးနိုင်ဖို့ ဆောင်ရွက်လျက်ရှိကြောင်း အဖွင့်အမှာ စကားပြောကြားခဲ့ပြီး၊ စီးမံရေးရာဌာနခွဲတာဝန်ခံ ဦးစီးအရာရှိ ဒေါ်အေးမြင့်ငြိမ်းက ယခင်လအစည်း အဝေးဆုံဖြတ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ဦးစီးမှူးရုံးများမှ အလှည့်ကျမိမိတို့၏ လုပ် ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ကြပြီး တိုင်းဒေသကြီးဦးစီးမှူးမှ နိဂုံးချုပ်အမှာ စကားပြောကြားကာ အစည်းအဝေးကိုရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ဓနုဖြူမြို့နယ် (My RO) မှတ်ပုံတင်သက်တမ်းတိုးဆောင်ရွက်ရေးလုပ်ငန်းစဉ်အား ပညာပေးရှင်းလင်း

         စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (My RO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇) ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များအနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန်အခြေအနေများကို ထည့်သွင်းပေးနိုင်ရေး ဓနုဖြူမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် လုပ်ငန်းရှင်များထံ ဆက်သွယ်၍ အသိပေးကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

          မအူပင်ခရိုင်၊ ဓနူဖြူမြို့နယ်တွင် လက်ရှိအချိန်ထိ (My RO)တွင် မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံ အလုံး (၈၈)ရှိပြီး ယခင်နှစ် ဇူလိုင်လ၌ (My RO)မှတ်ပုံတင်ထားသော ဆန်သိုလှောင်ရုံများသည် တစ်နှစ်ပြည့် မြောက်ပြီးသည့်အတွက် ဓနုဖြူမြို့နယ်မှ သက်တမ်းတိုးဆောင်ရွက်နိုင်ရေးလုပ်ငန်းစဉ်များအား ခရိုင်ဦးစီးမှူးရုံးသို့ တင်ပြဆောင်ရွက်လျက်ရှိပြီး (၂၅.၉.၂၀၂၅)ရက်နေ့တွင် ဓနုဖြူမြို့နယ်၏ သက်တမ်းတိုးပြည့်မြောက်သည့် လုပ်ငန်းရှင်များ၏ သိုလှောင်ရုံအား မှတ်ပုံတင်သက်တမ်းတိုးနိုင်ရေးအတွက် လာရောက်တွေ့ဆုံမေးမြန်းလျှောက်ထားလာသဖြင့် ဓနုဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူက သက်တမ်းတိုးလျှောက်ထားမှု လုပ်ငန်းစဉ်အဆင့်ဆင့်နှင့် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ ကုန်လက်ကျန် အခြေအနေများအား ထည့်သွင်းပေးရန် ရှင်းလင်းဆွေးနွေး၍ မှတ်ပုံတင်သက်တမ်းတိုးခြင်းအား ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ