သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

            ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် စားသုံးသူရေးရာ ဦးစီးဌာန၊ တာချီလိတ်မြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးမှူး ဦးမြင့်နောင်(ဦးစီးမှူး)နှင့် ဝန်ထမ်းများ သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ဝန်ထမ်းများ နှင့်ပူးပေါင်း၍ တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင် (၅) ဆိုင်အား ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်မှုမရှိစေရေးနှင့် ကုန်အညွှန်အမှတ်အသားပြည့်စုံမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်ရာတွင် တာချီလိတ်မြို့နယ်အတွင်းရှိ ဆေးဆိုင်များတွင် ဆေးနှင့်ဆေးပစ္စည်းများ ပြတ်လပ်ခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရပြီ ကုန်အညွှန်း အမှတ်အသားနှင့် ပြည်စုံသော ကုန်စည်များကိုသာ ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ဆေးဆိုင်ပိုင်ရှင်များအား သက်တမ်းလွန်ဆေးဝါးများနှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ဆေးနှင့်ဆေးပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချ ခြင်းမပြုရန်၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါးမှတ်ပုံတင်အမှတ်၊ Import Resg-istration No. (IR)များဖော်ပြထားသော ဆေးနှင့်ဆေးပစ္စည်းများကိုသာ ရောင်းချရန်၊ ဆေးဝါးရောင်းချခွင့်လိုင်စင်များ ပုံမှန်သက်တမ်းတိုးရန်၊ စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက်နာဆောင်ရွက်စေရန်အသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)

ဆိပ်ဖြူမြို့ပေါ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်နေလင်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၁၀.၉.၂၀၂၆)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့်စပ်လျဉ်း၍ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း(MPT) ဝန်ထမ်းများနှင့် ပူးပေါင်း၍ စားသုံးသူများ နစ်နာမှုမရှိစေရေး အတွက် ရည်ရွယ်၍ ဆိပ်ဖြူမြို့ပေါ်ရှိ MGT Group ၊ Ooredoo (ရုံးခွဲ)နှင့် မြို့ပေါ်ရှိ Mobile (ဖုန်းဆိုင်) များသို့ သွားရောက်၍ အသိပညာပေးဆွေးနွေးပါသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လိုင်းပြတ်တောက်မှုူများအား အချိန်မီပြုပြင်ပေးရန်၊ အင်တာနက်လိုင်းဆွဲအား မကောင်းပါက အခြားဝန်ဆောင်မှုဖြင့် အပြည့်အဝဆောင်ရွက်ပေးရန်၊ လစဉ်ကြေးပေးဆောင်ပါသော်လည်း အချိန်မီ လိုင်းတပ်ဆင်ပေးခြင်း ရှိ/မရှိ နှင့် အသုံးမပြုသည့် ဝန်ဆောင်မှုများအတွက် ဘေလ်ဖြတ်တောက်ခြင်း၊  Point ဖြင့် ဒေတာလဲလှယ် ပြီးသော်လည်း ဖုန်းဘေလ်အတွင်းမှ ဖြတ်တောက်ခြင်း၊ စာချုပ်ပါအတိုင်း လိုင်းဝန်ဆောင်မှုမပေးနိုင်ခြင်း၊ ဆင်းကဒ်တွင် မိမိအမည်ဖြင့် မှတ်ပုံတင်ထားသော်လည်း အခြားသူအမည်ပေါက်နေခြင်းများ မဖြစ်ပေါ်စေရေး ဆောင်ရွက်ပေးရန်ဆွေးနွေးခဲ့ပါသည်။ ဝန်ဆောင်မှုနှင့် ပတ်သက်၍ အချက်အလက်များကို ပြည့်စုံ မှန်ကန်စွာချပြရန်နှင့် စားသုံးသူ များမှ အင်တာနက်လိုင်းပြတ်တောက်မှုနှင့် လိုင်းဆွဲအားမကောင်းဖြစ်မှု ၊ WiFi ကြိုးလွတ်မှု ဖြစ်ပေါ်၍ ဆက်သွယ်အကြောင်းကြားပါက စားသုံးသူအပေါ်အဆင်ပြေစွာ ပြောဆို ဆက်ဆံရန်နှင့်စိတ်ကျေနပ်မှု ရှိစေရေးဆောင်ရွက်ပေးရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်းသိရှိ ရပါသည်။

DOCA(မကွေး)

ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ “ကြည်သာ”သောက်ရေသန့် စက်ရုံသို့ ဈေးကွက်မရောက်မီ ကုန်စည်များ ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်တာဝန်ခံ ဦးစီးအရာရှိ ဦးဇော်နေလင်းဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် (၁၁.၉.၂၀၂၆)ရက်နေ့၊ နံနက် (၀၉:၀၀)နာရီအချိန်တွင် ဆိပ်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ “ကြည်သာ” သောက်ရေသန့် စက်ရုံသို့ ဈေးကွက်မရောက်မီကုန်စည်များ အရည်အသွေးပြည့်မီစေရန်ရည်ရွယ်၍ ဈေးကွက် စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက် မရောက်မီကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်တာဝန်ခံက “ကြည်သာ” သောက်ရေသန့်ထုတ်လုပ်သော လုပ်ငန်းရှင်အနေဖြင့် ဈေးကွက်အတွင်း၌ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသော ကုန်စည်များကိုသာ ဖြန့်ဖြူးရောင်းချရန် ၊ အရည်အသွေးပြည့်ဝသော သောက်ရေ သန့်များ ထုတ်လုပ်ရရှိရေးအတွက် သန့်ရှင်းစွာအဆင့်ဆင့်ကျိုချက်ပြီးမှသာရောင်းချရန်၊ ရေသန့်ဘူးများ သန့်ရှင်းစွာထားရှိရန်နှင့် နေရောင်ခြည်နှင့်တိုက်ရိုက်ထိတွေ့သောနေရာတွင် မထားရန်၊  စက်ရုံ ပတ်ဝန်း ကျင်တွင်လည်း သန့်ရှင်းမှုရှိစေရန် မှာကြားပါသည်။ “ကြည်သာ” အမှတ်တံဆိပ် သောက်ရေသန့်သည် ကုန်အမှတ်တံဆိပ်စိစစ်ခွင့်ပြုချက် ရရှိထားပြီး ၎င်းပြည့်စုံသော အမှတ်တံဆိပ်ဖြင့်သာ ဈေးကွက် အတွင်းသို့ ဆက်လက်ဖြန့်ဖြူးရောင်းချရန်လိုကြောင်း  ရှင်းလင်းဆွေးနွေးအသိ ပညာပေးဆောင်ရွက်ခဲ့ ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

အောင်လံမြို့၊ ရွာထောင်ရပ်ကွက်ရှိ GGN သောက်‌ရေသန့်စက်ရုံသို့ သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်အား ကွင်းဆင်းစစ်ဆေးခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်/အောင်လံခရိုင် တာဝန်ခံရုံးမှ ခရိုင် တာဝန်ခံဦးကျော်မျိုးမင်း (ဦးစီးအရာရှိ)နှင့် မင်းတုန်းမြို့နယ်တာဝန်ခံ ဦးထင်ကျော်လင်း (ဒု-ကြီးကြပ် ရေးမှူး) တို့သည် တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ (၁၁.၉.၂၀၂၆)ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် အောင်လံမြို့ ရွာထောင်ရပ်ကွက်ရှိ GGN သောက်ရေသန့်စက်ရုံသို့ သွားရောက်၍ ဈေးကွက်မရောက်မီ သောက်ရေသန့်ဗူးများအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ စစ်ဆေးခဲ့ရာတွင် ယခုမျက်မှောက်ခေတ်ကာလတွင် ရေသည်လူတို့အတွက် နေ့စဉ် လိုအပ်သော အရေးကြီးကုန်စည်ဖြစ်ပြီး ရေသန့်ဆိုသည်မှာလည်း ဈေးကွက်တွင် တွင်ကျယ်စွာ လူသား တိုင်း ကျန်းမာရေးနှင့် အညီလိုအပ်သောအရာဆိုသည်မှာလည်း မမှားကြောင်း၊ ရေသန့်စက်ရုံသည် အမြဲသန့်ရှင်းပြီး ရေများစနစ်တကျ သုံးစွဲရန်၊ ရေသိုလှောင်ကန်များ၊ ရေသန့်ဗူးများအား စနစ်တကျ နေ့စဉ် စစ်ဆေးသန့်ရှင်းပြီးမှ လုပ်ဆောင်ကြရန်၊ သက်ဆိုင်ရာဌာနများမှ ထောက်ခံချက်များ၊ စည်ပင် လိုင်စင်ခွန်များနှင့် FDAထောက်ခံချက်၊ ကျန်းမာရေးဌာန၏ သတ်မှတ်ချက်များနှင့် အညီလိုက်နာ ဆောင်ရွက် ပြုလုပ်ကြရန်၊ ရေသန့်စက်ရုံပိုင်ရှင်အား မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ (၂/၂၀၁၉)နှင့်အညီ ကုန်အညွှန်းအမှတ်အသားများ ဖော်ပြပါရှိရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များအကြောင်းတို့အား အသိပညာပေးပြောကြားခဲ့ပြီး စက်ရုံပိုင်ရှင်နှင့်ဝန်ထမ်းများအား လက်ကမ်း စာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

                စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ခံ ဦးအောင်ကျော်ထွေး (ဦးစီးအရာရှိ) ဦးဆောင်သော ဝန်ထမ်းများသည် ၇-၉-၂၀၂၆ ရက်နေ့တွင် တေင်ကြီးမြို့ပေါ်ရှိ “ဝေဝေ”ကုန်စုံဆိုင်သို့သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံ စိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာ “အေးသူဇာ” အမှတ်တံဆိပ် ရောနှောဆီသည် မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အရ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် ဖော်ပြရမည့်ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသို သိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့် ကိုက်ညီပြည့်စုံ စွာ ဖော်ပြပါရှိကြောင်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးရက်တို့ ဖော်ပြထားကြောင်း၊ ထုတ်လုပ်သည့်လုပ်ငန်း အမည်နှင့်လိပ်စာ ပြည့်စုံစွာပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင် လုပ်ငန်းရှင်အား သက်တမ်းကုန်ဆုံးသည့်ကုန်စည်များ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု မရှိသည့် ကုန်စည်များ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်နှင့် ဆင်တူရိုးမှား အတုအပအမှတ်တံဆိပ်များ ဝယ်ယူရောင်းချခြင်း မပြုရန်တို့ကို အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြ ခြင်းဆိုင်ရာ  လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

သရက်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များနှင့်ကုန်စည်နှင့် စပ်လျဉ်း၍အာမခံချက်ပေးခြင်းအကြောင်းအရာ အသိပညာပေး Talk Show ဆောင်ရွက်ခြင်း 

       

          စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်တာဝန်ခံရုံးမှ ကံမမြို့နယ် တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်း (ဦးစီးမှူး)သည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်တာဝန်ခံ၏ ကြီး ကြပ်မှုတို့ဖြင့် (၁၂.၉.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီ အချိန်တွင်သရက်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ (Community Center)၌ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းနှင့် ကုန်စည်နှင့် စပ်လျဉ်း၍အာမခံချက်ပေးခြင်း အကြောင်းအရာတို့အား အသိပညာပေး Talk Show ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ အသိပညာပေး Talk Showတွင် သရက်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးမှ ဒေါ်ဇာခြည်လွင် (အကြီးတန်းစာရေး)နှင့်အတူ ကံမမြို့နယ်တာဝန်ခံ ဒေါ်နွဲ့ယဉ်ဝင်း (ဦးစီး မှူး)မှ ဆွေးနွေးရာတွင် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်(၁၁)ချက်ရှိပြီး စားသုံးသူများကို ကုန်စည် (သို့မဟုတ်) ဝန်ဆောင်မှုများအား အာမခံချက်နှင့် စပ်လျဉ်းပြီး ရိုးရှင်းမှန်ကန်သော သတင်းအချက် အလက်များ ပေးရမည်၊ ခွဲခြားမှုမရှိဘဲစီးပွားရေးကျင့်ဝတ်နှင့်အညီ ဖြောင့်မတ်မှန်ကန်စွာ ဆက်ဆံရမည်၊ စားသုံသူများအား စမ်းသပ်နိုင်သည့် အခွင့်အရေးများပေးရမည် စသည့်အချက်အလက်များအား အကျယ် တဝင့်ရှင်းလင်းပြောကြားပြီး ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးရာတွင်လည်း အရည်အသွေး၊ အချိန် အတွယ်၊ ပမာဏနှင့် အလေးချိန်မှန်ကန်မှုတို့ကို ပွင့်လင်းမြင်သာအောင် ပြုလုပ်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါရှိသောကုန်စည်များကိုသာ ရောင်းချရန်တို့အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုများ ရှိလာပါက စားသုံးသူရေးရာဦးစီးဌာန၏ Website တစ်ခုဖြစ်သော www.doca.gov. mm သို့ခေါ်ဆို၍ မေးမြန်းစုံစမ်းတိုင်ကြားနိုင်ကြောင်းနှင့် Consumer Call Center (1535) လိုင်းခွဲနံပါတ်(၁) နေပြည်တော်၊ လိုင်းခွဲနံပါတ်(၂)ရန်ကုန်၊ လိုင်းခွဲနံပါတ်(၃)မန္တလေးတို့ကို ရုံးချိန်အတွင်း မေးမြန်းတိုင်ကြားနိုင်ကြောင်းတို့အား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

စီးပွားရေးလုပ်ငန်းရှင်တွေ့ဆုံခြင်း

       ၇.၉.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ  စစ်ဆေးရေး အရာရှိ ဒေါ်တင်တင်အေး(ဒုတိယဦးစီးမှူး) ဦးဆောင်၍ တော်ကြီးမြို့ပေါ်ရှိ “ရွှေဘုံစံ” စားသောက် ကုန် လုပ်ငန်းရှင်နှင့်တွေ့ဆုံပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ ပါသည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်တင်တင်အေး(ဒုတိယဦးစီးမှူး)က လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ထုတ်ကုန်ပစ္စည်းများပေါ်တွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း (၁၈) တွင် ဖော်ပြထားသော ပြဋ္ဌာန်းချက်အတိုင်း ကုန်အညွှန်းအမှတ်အသားကို ပြည့်စုံစွာဖော်ပြရန်၊ ကုန်စည်အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှု အညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာ (သို့မဟုတ်) အခြားဘာသာတစ်ခုဖြင့်ဖြစ်စေဖော်ပြရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဖော်ပြချက်နှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

အောင်လံမြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများအကြောင်း အသိပညာပေး Talk Show ဆောင်ရွက်ခြင်း

 

စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်/အောင်လံခရိုင်တာဝန်ခံရုံးမှ မင်းတုန်း မြို့နယ်တာဝန်ခံ ဦးထင်ကျော်လင်း ဒု-ကြီးကြပ်ရေးမှူးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်တာဝန်ခံ၏ ကြီးကြပ်မှုတို့ဖြင့် (၁၁.၉.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အောင်လံမြို့ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်း လုပ်ငန်း များအကြောင်း အသိပညာပေး Talk Show ကျင်းပပြုလုပ် ဆောင်ရွက်ခဲ့ပါသည်။

ထိုသို့ အသိပညာပေးဆွေးနွေးခဲ့ရာတွင် အောင်လံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးမှူးရုံး လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဒေါ်စန်းတင့်(ဦးစီးအရာရှိ)နှင့်အတူ စားသုံးသူရေးရာ ဦးစီးဌာန မင်းတုန်းမြို့နယ် တာဝန်ခံဦးထင်ကျော်လင်း ဒု-ကြီးကြပ်ရေးမှူးက ဆွေးနွေးရာတွင်  အွန် လိုင်းစနစ်ဖြင့်ရောင်းချသည့် လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်နေ့တွင် သတ်မှတ်ပြဌာန်းခဲ့ကြောင်း၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေကို ပုဒ်မ(၄)၊ ပုဒ်မခွဲ(ဂ)အရ ပြဌာန်းထားကြောင်း၊အွန်လိုင်းစနစ်ဖြင့် ကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုရောင်းချသူ များအားလုံး မှတ်ပုံတင်လက်မှတ်လျှောက်ထားပြီးမှ လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အွန်လိုင်း မှတ်ပုံတင်လျှောက်ထားရမည့် Linkမှာ https://(ecomreg-gov-mm)websiteမှာ လျှောက်ထားရမည် ဖြစ်ကြောင်းနှင့် အွန်လိုင်း မှတ်ပုံတင် လက်မှတ်ရရှိပြီးသူများမှာလည်း မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် အခွင့်အရေးများ အကြောင်းတို့အား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူ ပြည်သူများ အနေဖြင့် မိမိတို့၏ အခွင့်အရေးနှင့် အကျိုးစီးပွားများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင် မည့် CICCရုံးများကို တိုင်း/ခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများတွင် ဖွင့်လှစ်ထားရှိပြီး တိုင်ကြားနိုင်ကြောင်း၊ Consumer Call Center (1535)-လိုင်းခွဲ(၁)၊ (၂)၊ (၃)တို့ကို ရုံးချိန်အတွင်း စုံစမ်းမေးမြန်း တိုင်ကြားနိုင်ကြောင်းတို့အား ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)

 

 

အွန်လိုင်းမှတ်ပုံတင်သက်တမ်းတိုးခြင်းလျှောက်ထားလာမှုအပေါ် မြေပြင်ကွင်းဆင်းစစ်ဆေး

           ၃.၉.၂၀၂၆ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်၊ ပြည်နယ်ဦးစီးမှူး တာဝန်ခံတို့သည် “Hein Htet Taunggyi”အိမ်ခြံမြေလုပ်ငန်းသို့ အွန်လိုင်းမှတ်ပုံတင်သက်တမ်း တိုးခြင်းနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ   စီးပွားရေးလုပ်ငန်းအနေဖြင့် အွန်လိုင်းမှတ်ပုံတင်လက်မှတ် လျှောက်ထားမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာတွင် လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိခြင်း ရှိ/ မရှိ၊ မှတ်ပုံတင်လက်မှတ် လျှောက်ထားစဉ်က တင်ပြထားသော ကုန်စည် (သို့)ဝန်ဆောင်မှု အမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချနေသော စာရင်းကိုက်ညီမှု ရှိ/မရှိတို့ကို စစ်ဆေးခဲ့ပြီး၊ မှတ်ပုံတင်လက်မှတ် ရရှိသူ၏ လိုက်နာရမည့်တာဝန်များကို ဆွေးနွေး ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရှမ်း)

အွန်လိုင်းရောင်းဝယ်မှုလုပ်ငန်းများမြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

              စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးအနေဖြင့် စစ်ဆေးရေးအရာရှိ ‌ဒေါ်တင်တင်အေး(ဒုတိယဦးစီးမှူး) ဦးဆောင်သော ဝန်ထမ်းအဖွဲ့သည် တောင်ကြီးမြို့ပေါ်ရှိ “YDDS”ဒေါက်ဖိနပ်များ၊ “Queen Branded export”၊ “R8 Aluminium”ဆိုင်များသို့ (၂.၉.၂၀၂၆) ရက်နေ့တွင် အွန်လိုင်းမှတ်ပုံတင်ခြင်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ သိကောင်းစရာများ အား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

             ထိုသို့ အသိပညာပေးခြင်းများဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကိုအကာ အကွယ်ပေးရန်နှင့် e-Commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ် များကိုခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registrationစနစ်မှတစ်ဆင့် လျှောက်ထား လာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှု ရှိ/ မရှိ မြေပြင် ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များ ထုတ်ပေးသွား မှာဖြစ်ကြောင်းအသိပညာပေးပြောကြားခဲ့ပြီး၊ အွန်လိုင်းစနစ်ဖြင့် ရောင်းချသည့်လုပ်ငန်းများ တွင်  စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သတ်၍ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့၍ စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း ၁၁၊ ပုဒ်မ ၂၃ ပါ စီးပွားရေးလုပ်ငန်းရှင်၏ အာမခံချက်များပါ အချက်အလက်များကိုလည်းကောင်း၊ အသိပညာ ပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ