Telmisartan Tablet အမှတ်တံဆိပ် သွေးတိုးကျဆေးအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၄)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင်  ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးအောင်လင်းဦး (ဦးစီးမှူး) ဦးစီး၍ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲတို့ ပူးပေါင်း၍ ကျိုင်းတုံမြို့၊ ရပ်ကွက် (၂)အတွင်းရှိ ဆေးနှင့် ဆေးဝါးပစ္စည်း အရောင်းဆိုင်များတွင် ရောင်းချနေသော Telmisartan Tablet အမှတ် တံဆိပ် သွေးတိုးကျဆေးအား ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

            ထိုသို့ Telmisartan Tablet အမှတ်တံဆိပ် သွေးတိုးကျဆေးအား ကွင်းဆင်းစစ်ဆေး ခြင်းဆောင်ရွက်ခဲ့ရာတွင် သက်ဆိုင်ဌာန၏ထောက်ခံချက်နှင့်  ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး တရားမဝင်တင်သွင်းထားသော ဆေးနှင့် ဆေးပစ္စည်းများ ရောင်းချခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ယင်းနောက် စစ်ဆေး ရေးမှူးနှင့် တာဝန်ရှိသူ များသည် ဆေးဆိုင်ပိုင်ရှင်များအား သက်တမ်းလွန် ဆေးဝါးများနှင့် သက်ဆိုင်ရာဌာနများမှ တားမြစ်ထားသော ဆေးပစ္စည်းများကို ဈေးကွက်အတွင်း ရောင်းချ ခြင်းမပြုလုပ်ရန်နှင့် ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်/တင်သွင်းသည့် ကုမ္ပဏီ၊ ဆေးဝါး မှတ်ပုံတင်အမှတ် Import Registration No.(IR)များ ဖော်ပြထားသော ဆေးနှင့် ဆေးဝါးပစ္စည်းများကိုသာ ရောင်းချရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကိုသိရှိလိုက်နာဆောင်ရွက်စေရန် ရှင်းလင်းပြောကြား ခဲ့ပါသည်။

DOCA(ရှမ်း)