သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

သတင်းဆောင်းပါးရေးသားနည်းနှင့် အခြေခံစာကြည့်တိုက်ပညာ သင်တန်းဖွင့်ပွဲကျင်းပခြင်း

     ၂၇-၇-၂၀၂၆ ရက်နေ့ ၀၈း၃၀အချိန်တွင် မြစ်ကြီးနားမြို့၊ Community Centre၌ ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပ ပြုလုပ်သည့် သတင်းဆောင်းပါးရေးသားနည်းနှင့် အခြေခံစာကြည့်တိုက်ပညာသင်တန်းကို ကချင် ပြည်နယ်အစိုးရအဖွဲ့ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်က တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

          ကချင်ပြည်နယ် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီးက သတင်းဆောင်းပါးနယ်ပယ်နှင့် စာကြည့်တိုက်ပညာနယ်ပယ်တို့တွင် အရည်အချင်းရှိသော လူငယ်များကို မွေးထုတ်ပေးနိုင်ရန်နှင့် ဗဟုသုတများဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သတင်းဆောင်းပါးရေးသားခြင်း ဆိုင်ရာ အခြေခံနည်းလမ်းများ၊ သတင်းအချက်အလက်များကို မှန်ကန်စွာ စုဆောင်း၊ စိစစ်၊ တင်ပြ တတ်သည့်နည်းလမ်းများ၊ စာကြည့်တိုက်ပညာဆိုင်ရာ အခြေခံသဘောတရားများ၊ စာအုပ်စာတမ်း များ စနစ်တကျ စီမံခန့်ခွဲတတ်သည့် နည်းလမ်းများကို ‌လေ့လာသင်ယူကြရမည်ဖြစ်ကြောင်းနှင့် နောင်အနာဂတ်တွင် မိမိတို့၏လုပ်ငန်းခွင်နှင့် လူ့အဖွဲ့အစည်းအတွက် အထောက်အကူပြုနိုင်မည့် သတင်းဆောင်းပါးနှင့် စာကြည့်တိုက်ပညာရပ်ဆိုင်ရာများ စနစ်တကျဆောင်ရွက်နိုင်စေရန် တိုက်တွန်း ပြောကြားခဲ့ပါသည်။

       အဆိုပါသင်တန်းအား ၂၇-၇-၂၀၂၆မှ ၂၈-၇-၂၀၂၆ ရက်နေ့အထိ (၂)ရက်တာကာလ ဖွင့်လှစ် သင်ကြားမည်ဖြစ်ပြီး ကချင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ သင်တန်းသား/သူအနေဖြင့် (၃၄)ဦး တက်ရောက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)

အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးရန် ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဦးမြင့်နိုင် (ဦးစီးအရာရှိ) နှင့် အဖွဲ့သည် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်း နှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/ မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/ မရှိတို့ကို (၂၇--၂၀၂၆) ရက်နေ့၊နံနက်(၁၀:၀၀)နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက်၊ လယ်ဝေးမြို့နယ်ရှိ“အောင်သီရိကွန်ပျူတာ”  အီလက်ထရောနစ်ပစ္စည်းများလုပ်ငန်းသို့ သွားရောက် စစ်ဆေးခဲ့ ကြောင်း သိရှိရပါသည်။

    အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို လိုအပ်သည် များမေးမြန်းခြင်း၊  မြေပြင်ကွင်းဆင်းစစ်ဆေးရမည့်အချက်(၁၈)ချက်နှင့် ကိုက်ညီမှု ရှိ/ မရှိ စစ်ဆေး ခြင်း၊ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်ဝတ္တရားများနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၇)ရှိ ကုန်စည်(သို့မဟုတ်)ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုနှင့် ပတ်သက်၍လည်းကောင်း တရားမဝင်ကုန်ပစ္စည်းများ  ရောင်းချမှုမရှိစေရေး  အသိပညာပေးဟောပြောခဲ့ကြောင်း သိရှိရပါသည်။

 

DOCA(ပြည်ထောင်စုနယ်မြေ)

မွန်ပြည်နယ်ရှိ စားအုန်းဆီဖြန့်ဖြူးလျက်ရှိသည့် ကုမ္ပဏီများမှ လက်ကားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး

 

          ၂၄.၇.၂၀၂၆ ရက်နေ့၊ (၁၅:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ မွန်ပြည်နယ်ရှိ စားအုန်းဆီဖြန့်ဖြူးလျက်ရှိသည့် ကုမ္ပဏီများမှ လက်ကားကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

               အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြား ရာတွင် ယနေ့ စားအုန်းဆီဖြန့်ဖြူးနေသည့် ကုမ္ပဏီ၊ လက်ကား၊ လက်လီ ကိုယ်စားလှယ် များကို တွေ့ဆုံရသည့်အကြောင်းမှာ စားအုန်းဆီဖြန့်ဖြူးမှုကြီးကြပ်သည့် စနစ် (EOS) ကို မွန်ပြည်နယ်တွင် စတင်အသုံးပြုမည်ဖြစ်ရာ လာမည့် ၃၀.၇.၂၀၂၆ ရက်နေ့တွင် SoftWare ရေးဆွဲသည့် Capital Connect Company Limitted မှ တာဝန်ရှိသူများက စားအုန်းဆီဖြန့်ဖြူးရောင်းချသည့် ကုမ္ပဏီ၊ လက်ကား၊ လက်လီကိုယ် စားလှယ်များနှင့် တွေ့ဆုံသွားဖို့ရှိကြောင်း၊ ကုမ္ပဏီ၊ လက်ကား၊ လက်လီကိုယ်စားလှယ်များ စာရင်းကို Software တွင် ရေးသွင်းရမည်ဖြစ်သဖြင့် ကုမ္ပဏီ၊ လက်ကား၊ လက်လီ ကိုယ်စားလှယ်များ စာရင်းကို အတိအကျပေးရန်လိုကြောင်း၊ Software တွင်လည်းနေ့စဉ် စာရင်းများကို ဖြည့်သွင်းရမည်ဖြစ်ရာ အချက်အလက်မှန်ကန်ရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီးနောက် ဒုတိယပြည်နယ်ဦးစီးမှူးက ဆွေးနွေးရာတွင် အပတ်စဉ် ပေးပို့ရမည့် စာရင်းဇယားများကို မှန်မှန်ကန်ကန်ဖြည့်စွက်၍ အချိန်မီပေးပို့စေလိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသူများမှ အသီးသီးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

ရွှေဘိုမြို့ရှိ ကုန်ပစ္စည်းအရောင်းဆိုင်များတွင် တရားမဝင်ကုန်စည်များ ရောင်းချခြင်း၊ သိုလှောင်ခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေး

          စားသောက်ကုန်၊ လူသုံးကုန်၊ စက်ပစ္စည်းအမျိုးမျိုး ရောင်းချသည့်ဈေးဆိုင်များတွင် တရားမဝင် ပစ္စည်းများရောင်းချခြင်း၊ သိုလှောင်ခြင်းများရှိ/မရှိ စစ်ဆေးဆောင်ရွက်ရန် မြို့နယ်စည်ပင်သာယာရေး အဖွဲ့၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ ခရိုင်လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၊ ယာဉ်ထိန်း တပ်ဖွဲ့တို့ပါဝင်သော ရွှေဘိုခရိုင် Mobile Team အဖွဲ့ကိုဖွဲ့စည်းထားရှိရာ အဆိုပါအဖွဲ့ဖြင့် (၁၆.၇.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီအချိန်တွင် ရွှေဘိုမြို့ စည်ပင်သာယာဈေးကြီးအတွင်းရှိ ဦးမြတ်ကျော်(ဆေးဆိုင်)၊ နွေးနွေး (ဆေးဆိုင်)၊ ဒေါ်အေးအေးအောင် (မုန့်မျိုးစုံဆိုင်)၊ မစန်းထွေး (မုန့်မျိုးစုံဆိုင်)၊ ဒေါ်နုနု (ဂျင်း၊ လ္ဘက် ရောင်းဝယ်ရေးဆိုင်)၊ ဖူးပြည့်စုံ (ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်)၊ မဆွေဆွေကျော်(ကုန်မျိုးစုံရောင်းဝယ်ရေး) ဆိုင်၊ ဝမ်းချွန် (ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်)၊ အောင်မေတ္တာ (စတိုးဆိုင်)၊ ဒေါ်တင်ကြည်(ကုန်မာဆိုင်)၊ အဲဗားရှိုင်း(စတိုး)နှင့် စိန်(လျှပ်စစ်ပစ္စည်း ရောင်းဝယ်ရေးဆိုင်)တို့အား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးရာတွင် တရားမဝင်ပစ္စည်းများရောင်းချခြင်း၊ သိုလှောင်ခြင်းများ ဆောင်ရွက်ခြင်း မပြုရန် အသိပညာပေးခြင်းနှင့် ရောင်းချသည့်ပစ္စည်းများတွင် စားသုံးသူကာကွယ် ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြရမည့်အချက်များအကြောင်း ရှင်းလင်း ဆွေးနွေးခြင်း၊  လျှပ်စစ်အန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊  SME Member Card ဆောင်ရွက်ထားခြင်းရှိ/မရှိ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းလိုင်စင်များရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြပြီး သက်ဆိုင်ရာ ဌာန၏ လုပ်ငန်းလိုင်စင်များမရှိပါက ဆောင်ရွက်နိုင်ရန် ချိတ်ဆက်ခြင်းများ ဆောင်ရွက်ခဲ့ ကြကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ကျွန်းလှမြို့ပေါ်ရှိ စားသာက်ဆိုင်များအား မိတ်ဘက်ဌာနများနှင့် ပူးပေါင်းစစ်ဆေးခြင်း

        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံသူရေးရာဦးစီးဌာန၊  စစ်ကိုင်းတိုင်း ဒေသကြီး ဦးစီးမှူး၏ လမ်းညွှန်မှူ၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှူတို့ဖြင့် ကျွန်းလှမြို့နယ် တာဝန် ခံရုံးအနေဖြင့်  စားသုံးသူ ပြည်သူများ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့ အတွက် မြေပြင်သို့ကွင်းဆင်းစစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၂၃)ရက်နေ့ နံနက် (၀၉း၀၀)နာရီ အချိန်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ် ကွက်အတွင်းရှိ စိန်မြင့်မိုရ် စားသာက်ဆိုင်အား ကျွန်းလှမြို့နယ်တာဝန်ခံသည် မိတ်ဖက်ဌာနများဖြင့် ပူးပေါင်း၍ ကွင်းဆင်း စစ်ဆေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရှိရပါသည်။

     ထိုသို့ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်ရာတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ဦးစားပေး ဈေးကွက် စောင့်ကြည့်စစ်ဆေးရမည့် ဝန်ဆောင်မှုကဏ္ဍ(၃)ရပ်အနက် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှု (၃)ချက်မှ အစားအသောက်များအား ပြုပြင်ရောင်းချသည့်နေရာများ၊ ကိုင်တွယ်ချက် ပြုသည့်နေရာများ၊ ကိုင်တွယ်ချက်ပြုတ်သူများ၏ တစ်ကိုယ်ရည်သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ၊ အစားအသောက်များကို သန့်ရှင်း လတ်ဆတ်မှု၊ ထားသိုသိမ်းဆည်းမှုများတွင်  သန့်ရှင်းသပ်ရပ်မှု ရှိ/မရှိ နှင့် သန့်စင်ခန်းအဝင်/အထွက်များတွင် လက်ဆေးဘေဇင်များ ထားရှိဆောင်ရွက်ခြင်းဖြင့် စားသုံးသူ များ၏ ကျန်းမာရေးပြဿနာများ ကူညီဖြေရှင်း ပေးရန် စစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်ချက်ရှိသည်များကို မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီတို့မှ စားသောက်ဆိုင်များတွင် ချက်ပြုတ်လုပ်ကိုင်နေသော ဝန်ထမ်းများအား ကျန်းမာရေး ဆေးစစ်ချက်များ ဆောင်ရွက်ထားရှိရန်၊ ချက်ပြုတ် သည့် စားဖိုဆောင်များအားနေ့စဉ် သန့်ရှင်းသပ်ရပ်မှု ရှိစေရန်နှင့် ခြင်၊ ယင်၊ ဖုန်မှုန့်များအန္တရာယ်ကြောင့် ကျရောက်လာမည့် ကျန်းမာရေးဆိုးကျိုးများကာကွယ်နိုင်ရန် သန့်ရှင်းသပ်ရပ်သည့် ပိတ်စများဖြင့် ဖုံအုပ်ရန် (သို့မဟုတ်)မှန်ကောင်တာများ ပြုလုပ်ဆောင်ရွက်ကြရန်၊ လက်ရှိအသုံးပြုလျက်ရှိသော အမှိုက်ပုံးများထက် အဖုံးပါရှိသော အမှိုက်ပုံးများထားရှိဆောင်ရွက်ကြရန်၊ စားသောက်ဆိုင်ပြင်ပတွင် သန့်ရှင်းသပ်ရပ်မှုများ ပိုမိုဆောင်ရွက်ထားရှိရန်၊ ရေဆိုထွက်ပေါက် ရေမြောင်း ပိတ်ဆို့ပြီး အနံ့အသက်များကောင်းမွန်စေရန် အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ရာ ဆက်လက်ပြီး  မြို့နယ်တာဝန်ခံမှ စားသောက်ဆိုင်များမှ ပေးအပ်သည့်ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ စားသုံးသူ ပြည်သူများ အား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြစေခြင်း၊  မိမိတို့ဆိုင်မှ ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစာ(Size)ပမာဏအလိုက် ဈေးနှုန်းများအား ပွင့်လင်း မြင်သာစွာ ကြိုတင်အသိပေး ဖော်ပြခြင်းများ ဆောင်ရွက်ထားရှိခြင်းဖြင့် စားသုံးသူတို့၏ အခွင့်အရေးနှင့် ကျန်းမာရေးအန္တရာယ်များ ကာကွယ်ရန် အသိပညာပေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

ရွှေဘိုမြို့ပေါ်ရှိ စားသောက်ဆိုင်များအား မိတ်ဘက်ဌာနများနှင့် ပူးပေါင်းစစ်ဆေးခြင်း

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူး ရုံးအနေဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများဆောင်ရွက်သည့်အပြင်  ကုန်စည်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ဥပဒေ၊ အမိန့်နှင့် ညွှန်ကြားချက်များအား ရှင်းလင်းဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ရွှေဘိုခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဆောင်၍ ဒု-ခရိုင်ဦးစီးမှူး၊ ရွှေဘိုမြို့နယ်တာဝန်ခံ၊ စားသုံးသူရေးရာ ဌာနခွဲတာဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၂၃.၇.၂၀၂၆)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ရွှေဘိုမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ရွှေမဟာစားသောက်ဆိုင်နှင့် မောနင်းလိုက် စားသောက်ဆိုင်တို့အား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီတို့နှင့် ပူးပေါင်း၍ စစ်ဆေးခဲ့ပါသည်။

          အဆိုပါစားသောက်ဆိုင်များတွင်  အစားအသောက်များ ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များကို ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည် သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ လတ်ဆတ်သန့်ရှင်းမှုရှိ/မရှိ၊ စားသုံးသူအခွင့်အရေးများရရှိစေရန် စားသောက်ဆိုင်များသည် မိမိတို့ဆိုင်များမှပေးအပ်သည့် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပညာပေးဖော်ပြထားခြင်းရှိ/မရှိ၊ စားသုံးသူတို့၏ အခွင့်အရေးကိုကာကွယ်ရန် ရောင်းချသည့်  စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊ အရွယ်အစား (size) ပမာဏ အလိုက်ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပညာပေး ဖော်ပြထားခြင်းရှိ/မရှိ စစ်ဆေးခဲ့ပြီး ခရိုင်ဦးစီးမှူးနှင့် ဒု-ခရိုင်ဦးစီးမှူးတို့က ဥပဒေပါ စားသုံးသူအခွင့်အရေး၊ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ ထင်ယောင်ထင်မှားဖြစ်စေခြင်းအကြောင်းများ၊ တိုင်ကြားခြင်းနှင့်စိစစ်ညှိနှိုင်း ဖြေရှင်ခြင်းအကြောင်းများ၊  စီမံခန့်ခွဲရေးပြစ်ဒဏ်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ Consumer Call Centerသို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သုံးစွဲသည့်ရေများသန့်ရှင်းမှုရှိစေရန်၊ ကူးစက်ရောဂါများအထူးသတိပြုရန်၊ မြို့နယ်စည်ပင် သာယာရေးကော်မတီမှ စွန့်ပစ်ရေများရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ရန်၊ အမှိုက်များ စနစ်တကျစွန့်ပစ်ရန်နှင့် လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးဆောင်ရွက်ကြရန် အသိပညာပေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

 

ကုန်အညွှန်းအမှတ်အသား သိရှိနိုင်စေရေး စာသင်ကျောင်းများသို့ အသိပညာပေး

          စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင်ဦးစီးမှူးရုံး လက်အောက်ရှိ ကျွန်းလှ မြို့နယ်တာဝန်ခံသည် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ(၂၄)ရက်နေ့ နံနက်(၀၉;၀၀)နာရီ အချိန်တွင်  ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်ရှိ အ.မ.က(၂) စာသင်ကျောင်းတွင်  စားသုံးသူ အကာအကွယ်ပေးရေးအသိပညာပေး ဟောပြောပွဲ ကျင်းပပြု လုပ်ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျွန်းလှမြို့နယ် တာဝန်ခံမှ စားသုံးသူရေးရာဦးစီးဌာန ပေါ်ပေါက် လာပုံ သမိုင်းကြောင်း၊ စားသုံးသူ ကာကွယ်ရေး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့် ဆိုချက်၊ ကမ္ဘာ့စားသုံသူအခွင့် အရေးများနေ့ ဖြစ်ပေါ်လာ ပုံအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့၌ ပြဌာန်း ခဲ့ပြီး အခန်း ပေါင်း(၂၅)ခန်း ပုဒ်မပေါင်း(၈၄)ခု ပါဝင်ကြောင်း စားသုံးသူအကာကွယ်ပေးရေး ဥပဒေ အခန်း (၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (/၂၀၁၉)နှင့် အညီ ပြည့်စုံစွာ ထည့်သွင်းဖော်ပြ၍  ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသည့် ကုန်ပစ္စည်းများကိုသာ ဝယ်ယူစားသောက် အသုံးပြုတတ်ရန် နှင့် အငယ်တန်းစာရေး ဒေါ်ဝေဇင်အောင်မှ စားသုံးသူအခွင့်အရေး()ချက် စားသုံးသူများ လိုက်နာဆောင်ရွက်ရမည့်တာဝန်()ချက်၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်ပါကြောင်း၊ တိုင်ကြားနိုင်သည့် နေရာများဖြစ်သည့် Facebook Page ဖြစ်တဲ့ DOCA Myanmar Page တွင်လည်းကောင်း မိမိတို့ ဌာနခရိုင်ဦးစီးမှူးရုံး စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေးစင်တာ(CICC)တွင် လည်းကောင်း မိမိတို့ဌာန Website  ဖြစ်တဲ့ www. doca.gov. mm တွင်လည်းကောင်း MPT ; mytel ;  Telenor ;  Oredoo  ; SIM Card User များအားလုံးတို့ဖြင့် Call Center No. 1535 တွင် ဖုန်းခေါ်ဆို၍ အထောက်အထား အပြည့်အစုံဖြင့် တိုင်ကြားနိုင်ပါကြောင်းနှင့် သိလိုသည်များကို စုံစမ်းမေးမြန်းနိုင်သည့် အကြောင်းများ၊ အစားအသောက် နှင့်ပတ်သက်ပြီး ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများကို ထုတ်ကုန်လုခြုံစိတ်ချရမှုရှိတဲ့ ကုန်ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူ စားသောက် အသုံးပြုတတ်ရန် နှင့် သက်ဆိုင်ရာဌာန၏ ထောက် ခံချက်များပါဝင်သည့် အစားအသောက်မျာကို ရွေးချယ်ဝယ်ယူ စားသောက်အသုံးပြုတတ်ရန်အတွက် ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက် အ.မ.က(၂) စာသင်ကျောင်းရှိ ဆရာ/မနှင့်ကျောင်းသား/သူ စုစုပေါင်း (၇၇)ဦးတို့အား အကျယ်တဝင့် ရှင်းလင်း ပြောကြား ခဲ့ပြီး အမိန့်ကြော်ငြာစာအမှတ်(/၂၀၁၉) ကုန်အညွှန်း အမှတ်အသား အသေးစိတ် စိစစ်ချက်များပါရှိသည့် လက်ကမ်း စာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)

 

စစ်ကိုင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေး

          စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းခရိုင်ဦးစီးမှူးဦးဆောင်၍ ခရိုင်ရုံးဝန်ထမ်း (၁)ဦးသည်  ၂၀၂၆ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ နံနက်(၁၁း၃၀)အချိန်တွင် စစ်ကိုင်းမြို့ပေါ်ရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင်များဖြစ်သော ထွန်းသောင်၊ အောင်ဇမ္ဗူ၊ မြန်မာဦးနှင့် ဗိုလ်ဗိုလ်ဆေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ Biogesic (အဖျားပျောက်ဆေး)တစ်ကဒ်လျှင် (၂၅၀၀)ကျပ်၊ Decogen (အကိုက်အခဲပျောက်ဆေး)တစ်ကဒ်လျှင် (၄၀၀၀-၄၃၀၀)ကျပ်နှင့် Becozinc (အားဆေး) တစ်ကဒ် လျှင် (၇၃၀၀)ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

          အဆိုပါဆေးများကို ဆေးကုမ္ပဏီမှခွဲတမ်းဖြင့်သာ ရောင်းချပေးနိုင်ပြီး လိုသလောက်ဝယ်ယူ၍ မရရှိပါကြောင်း၊ ရောင်းချရန်မလုံလောက်သည့် ဆေးဝါးများကို မန္တလေးဈေးကွက်သို့ မှာယူ၍ ပြန်လည်ရောင်းချရကြောင်း၊ ဆေးပစ္စည်းပြတ်လပ်မှုအနေဖြင့် BiogesicDecogen၊ Becozinc တို့မှာ ပြတ်လပ်မှုနည်းပါးပြီး ယခုလက်ရှိ ဈေးကွက်အတွင်း၌ အဆိုပါဆေး(၃)မျိုးလုံး ပစ္စည်းရှိပြီး ဈေးနှုန်း အတက်အကျအနေဖြင့် ဈေးကွက်သဘောသဘာဝအရ အနည်းငယ်သာ အတက်အကျရှိပါ ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။

           DOCA(စစ်ကိုင်း)

 

ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းဆောင်ရွက်မှု အသိပညာပေး Talk Show  ပြုလုပ်ခြင်း

          ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ စစ်ဆေးရေအရာရှိ ဒေါ်မိုးမိုးကြည်သည် (၂၀.၇.၂၀၂၆)ရက်နေ့၊ နံနက်(၁၁း၀၀) နာရီအချိန်တွင် ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ကုန်အညွှန်းအမှတ်အသားနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းဆောင်ရွက်မှု အသိပညာပေး Talk show ပြုလုပ်ခဲ့ပါသည်။

    ထိုသို့ဟောပြောပွဲတွင် ဒေါ်မိုးမိုးကြည်က စားသုံးသူများ၏အခွင့်အရေးနှင့်အကျိုးစီးပွား ကိုကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၅ ရက် နေ့တွင်အတည်ပြုပြဋ္ဌာန်းခဲ့ပါကြောင်း၊ စားသုံးသူအခွင့်အရေး ()ချက်အကြောင်းအရာများ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ၂၀၁၉ပါပြဌာန်းချက်များမှ အခန်း(၁၈)ရှိကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်၍ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာများအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး  မြေပြင်ကွင်းဆင်းစစ်ဆေးရာတွင်လည်း စစ်ဆေးရမည့်စစ်ဆေးရေးအရာရှိက စားသုံးသူကာ ကွယ်ရေးဥပဒေ အခန်း(၁၈) ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ (ခ)နှင့်(ဂ)တို့ပါ ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်အလေးချိန်၊ သုံးစွဲပုံနည်းလမ်းနှင့်ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်တို့အား  အသေးစိတ်ရှင်းလင်းပြော ကြားခဲ့ပါသည်။ ထို့နောက်စားသုံးသူထိခိုက်နစ်နာလျှင် တိုင်ကြားနိုင်မည့်နည်းလမ်းများဖြစ်သည့် (www.doca.gov.mm)   ၊  Facebook Pages ၊  Messengerနှင့် Consumer Call Center Hotline 1535 တို့ကို တိုင်ကြားနိုင်သည့်အကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေး၊ စက်ရုံများသို့ ကွင်းဆင်းစစ်ဆေးခြင်း

      ၁၇.၇.၂၀၂၆ ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဦးမောင်ကျော်မြင့် (ဒု-ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများသည်  အရှေ့ဒဂုံမြို့ နယ်၊ အရှေ့ဒဂုံစက်မှုဇုန်ရှိ Pucci စားသောက်ကုန်လုပ်ငန်းနှင့် Xin Gu Long Food Co.ltd (ပဲတို့ဖူးလိပ်ကြော်ထုတ်လုပ်ခြင်းလုပ်ငန်း)သို့ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသောကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်သွားစေရေးတို့အတွက် ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်စည်များတွင်စား သုံးသူကာကွယ်ရေးဥပဒေအရ  ကုန်အညွှန်းအမှတ်အသားများနှင့်ပတ်သက်၍  ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။                                                                                                                                                                                              ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက ပြည်တွင်း/ပြည်ပထုတ်ကုန်များတွင်  စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၏အမျိုးအမည်၊ အရွယ်အစား၊ အသားတင်ပမာဏနှင့်ထားသိုသိမ်းဆည်းမှုအညွှန်း၊ ကျန်းမာရေးဆိုင်ရာ      ဘေးထွက်ဆိုးကျိုးဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်များအား ပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်းများကိုသာ ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချရန်နှင့်  စီးပွားရေးလုပ်ငန်းရှင်များသည် မိမိတို့ထုတ်လုပ်သည့်ကုန်စည်များကို စားသုံးသူများဝယ်ယူအသုံးပြုရာတွင် ဘေးအန္တ ရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားသည့် ကုန်စည်များကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချနိုင်စေရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များမှ ဥပဒေနှင့်အညီ ထိန်းကျောင်းကြပ်မတ်ဆောင်ရွက်နိုင်ခြင်းဖြင့် ဌာန၏ရည်မှန်းချက်ကိုလည်း ပိုမိုထိရောက်လာနိုင်မည်ဖြစ်ပြီး အထက်ဌာန၏လမ်းညွှန် ချက်များကိုလည်း ထိရောက်စွာလိုက်နာဆောင်ရွက်ရန် အသိပညာပေး‌ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ