သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Online Sale မှတ်ပုံတင်လျှောက်ထာခြင်းနှင့်စပ်လျဉ်း၍  မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         (၂.၉.၂၀၂၆)ရက်နေ့၊ နံနက်(၁၁:၃၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် အွန်လိုင်း စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ်စိစစ်ထုတ်ပေးခြင်း၊ မြေပြင်လုပ်ငန်းနှင့် မှတ်ပုံတင် ထားရှိမှုကိုက်ညီမှုရှိ/မရှိ၊ လုပ်ငန်းလိပ်စာမှန်ကန်မှုရှိ/မရှိကို မြောက်ဒဂုံမြို့နယ်မှ Online မှတ်ပုံတင် လျှောက်ထားသည့် လုပ်ငန်းရှင်ဆီသို့သွားရောက်၍ Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေး ခြင်းဆိုင်ရာ အချက်အလက်များ ကိုက်ညီမှုရှိ/မရှိကိုစစ်ဆေးခဲ့ကြောင်း သိရှိရပါ သည်။

          ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်းလုပ်ငန်းများကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင်လက်မှတ်များကို ခွင့် ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထား လာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများ၏ လျှောက်လွှာများနှင့်သက်တမ်းတိုးသော လျှောက်လွှာ များကိုသက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက်မှန်ကန်မှု ရှိ/မရှိ မြေပြင် ကွင်းဆင်းစစ်ဆေး ပြီးမှသာ Online Sale လုပ်ငန်းမှတ်ပုံတင်လက်မှတ်များထုတ်ပေးသွားမှာဖြစ် ကြောင်းပြောကြား ခဲ့ပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအခန်း ၁၁၊ ပုဒ်မ ၂၃အရ စီးပွားရေးလုပ် ငန်းရှင်၏ မခံချက်များအချက်အလက်များကိုလည်းကောင်း စားသုံးသူကာကွယ်ရေးဥပဒေပါ  အခန်း(၁၈)ရှိ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သတ်၍အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။ 

DOCA (ရန်ကုန်)

 “ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ဓာတ်မြေဩဇာအမျိုးအစားအလိုက်ဖြန့်ဖြူးရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေး ”

          ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း ဓာတ်မြေဩဇာ အမျိုးအစားအလိုက် ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအား စက်တင်ဘာလ(၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင်ရပ်ကွက်ကျေးရွာအုပ်စုများရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ သက်ဆိုင်ရာဌာနများ ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

         ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်‌ ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း၍ ကော့မှူးမြို့နယ် စည်ပင်လမ်း ပြည်တော်သာရပ်ကွက်၊ မကျီးတန်းရပ်ကွက်နှင့် ထမ္မနိုင်ကျေးရွာ၊ ဝါးဘလောက်သောက်ကျေးရွာ များရှိ ဓာတ်မြေဩဇာအရောင်းဆိုင်များမှ ဆိုင်ပိုင်ရှင်စီးပွားရေးလုပ်ငန်းရှင်များအား မိမိတို့ဖြန့် ဖြူးရောင်းချလျက်ရှိ‌သော ဓာတ်မြေဩဇာအမျိုးအစားအလိုက် ဈေးနှုန်းများအား သတ်မှတ်ရည် ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြု လုပ်စေရေးနှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ပြီး  ယူရီးယားဓာတ်မြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချနေခြင်းရှိ/မရှိဓာတ်မြေဩဇာအမျိုးအစားအလိုက်ဈေးနှုန်းများအားစာရင်းကောက်ယူမြေပြင်ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 “ ကော့မှူးမြို့နယ်ဈေးကွက်အတွင်းစားသုံးဆီအမျိုးမျိုးတို့ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ပူးပေါင်းအဖွဲ့ဖြင့်ကွင်းဆင်းစစ်ဆေး ”

         ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း စားသုံးဆီတို့ ဖြန့်ဖြူးရောင်းချလျက်ရှိသော ဈေးဆိုင်များသို့ စက်တင်ဘာလ(၁)ရက်နေ့၊ နေ့လည်(၁၃:၃၀)နာရီ အချိန်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ဝါးဘလောက်သောက် ကျေးရွာရှိစားသုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင်‌ ကော့မှူးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်စားသုံးသူ ရေးရာဦးစီးဌာနနှင့် ဝါးဘလောက်သောက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့ ဖြင့် ကျေးရွာအတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များမှ အမှတ်တံဆိပ် ပြည်တွင်းထုတ်စားသုံးဆီဘူးအမျိုးအစားအလိုက် အရွယ်အစား၊ အလေးချိန်အမျိုးမျိုးတို့နှင့် စားအုန်းဆီလက်လီလက်ကားအရောင်းကိုယ်စားလှယ်ဆိုင်များရှိ စီးပွားရေးလုပ်ငန်းရှင်များအား စားသုံးဆီအမျိုးမျိုးနှင့်ပတ်သတ်သည့် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသော ညွှန်ကြားချက် များ၊ ထောက်ခံချက်များ၊ သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ဖော်ပြပါရှိရ မည့် အချက်များအတိုင်း စနစ်တကျလုပ်ကိုင်ဆောင်ရွက်ရေးနှင့် ဈေးနှုန်းအဆမတန်မြှင့်တင် ရောင်းချခြင်းများ မရှိစေရေး၊ စားသုံးသူပြည်သူများ စားသုံးဆီ ဝယ်ယူစားသုံးရာတွင် ဘေး အန္တရာယ်ကင်းရှင်းပြီး သင့်တင့်မျှတသောဈေးနှုန်းဖြင့်ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလို အပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး ဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးရောင်းချစေရေးတို့အတွက် ပူးပေါင်းအဖွဲ့ဖြင့် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

 

 

“ အမှတ်တံဆိပ်ပြည်တွင်းထုတ်ရောနှောဆီများဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချနေမှု အခြေအနေကွင်းဆင်းစစ်ဆေး ”

            စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ညွှန်ကြားချက်နှင့်အညီ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်ဈေးကွက်အတွင်း အမှတ်တံဆိပ်ပြည်တွင်းထုတ်ရောနှောဆီများ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိစေရန် ရည်ရွယ်၍ စက်တင်ဘာလ(၁)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် ကော့မှူးမြို့နယ်ရှိ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်ရှိ ဈေး ဆိုင်များသို့ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းအဖွဲ့ဖြင့် ကော့မှူးမြို့နယ်စည်ပင်သာယာမြို့မဈေး အတွင်း/အပြင်ရှိ အခြေခံစားသောက်ကုန်ပစ္စည်းအမျိုးမျိုးတို့အား ဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်ခြောက်ဆိုင်များတွင် ဈေးကွက်အတွင်းဖြန့်ဖြူးရောင်းချလျက်ရှိသောအမှတ်တံဆိပ်ပြည်တွင်းထုတ်ရောနှောဆီအမျိုးမျိုးတို့တွင်သက်ဆိုင်ရာဌာနများ၏ညွှန်ကြားချက်၊ ခွင့်ပြုချက်များ စားသုံးဆီအမျိုးမျိုးတို့တွင် ပင်ရင်းပါဝင်ပစ္စည်းကို အခြေခံဖော်ပြရမည့် ဟင်းသီးဟင်းရွက် ဆီ ( Vegetable Oil Cooking Oil)များအား ဖော်ပြပါရှိခြင်းရှိ/မရှိ စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးဆီအမျိုးမျိုးတို့တွင် သတ်မှတ်ထားသော ညွှန်ကြားချက်များဖြစ်သည့် ကုန်အညွှန်းအမှတ် အသားဖော်ပြပါရှိရမည့် အချက်များပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ပူးပေါင်းအဖွဲ့ဖြင့် ဈေးကွက် အတွင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။  

DOCA(ရန်ကုန်)

 

စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့ခြင်း

                       စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူးဦးဆောင်သော ဝန်ထမ်း ( ၂ )ဦးသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ( ၁၄ )ရက်နေ့( ၁၀:၀၀ ) နာရီအချိန်တွင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ‌ကျင်းပပြုလုပ်သည့် ‌ဘေးဒဏ်သင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းပြန်လည်ထူထောင်ပေးရေးစီမံကိန်းဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်း ပညာသင်တန်း၌ သင်တန်းသား/သင်တန်းသူစုစုပေါင်း ( ၁၅ )ဦးအား စားသုံးသူကာကွယ်ရေးဥပဒေ အကြောင်း အသိပညာပေး ဟောပြောဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။

           အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ဦးကျော်ဇင်ထွေး (ဒု-ဦးစီးမှူး)က ဟောပြောဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ လုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း နှင့်စပ်လျဉ်း၍ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု ထက်ပို၍ဖြစ်စေဖော်ပြရာ၌ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉)အတိုင်း လိုက်နာဆောင်ရွက်ရန်လိုအပ် ကြောင်းနှင့် ဥပဒေပါ တားမြစ်ချက်၊ ပြစ်မှု၊ ပြစ်ဒဏ်များအား အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်မျာ ဖြန့်ဝေ ခဲ့မှုအား သတင်းရရှိပါသည်။

DOCA(ကယား)

လွိုင်ကော်မြို့ပေါ်ရှိ အသင့်စားမုန့်အမျိုးမျိုး ရောင်းချနေသော လက်လီ/လက္ကားကုန်စုံ ဆိုင်များသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေး

               စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်သစ္စာဖူး( ဦးစီးအရာရှိ ) ဦးဆောင်၍ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ( ၉ ) ရက်နေ့၊  ( ၁၃:၀၀ ) နာရီအချိန်တွင် လွိုင်ကော်မြို့၊ ‌သီရိမင်္ဂလာဈေးရှိ အသင့်စားမုန့်အမျိုးမျိုးရောင်းချနေသော လက်လီ/လက္ကားကုန်စုံဆိုင်များသို့ မြန်မာ နိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက် များနှင့် ကိုက်ညီမှုရှိ/မရှိ သက်ဆိုင်ရာမိတ်ဖက်ဌာနများနှင့်ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ရာတွင်လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးရှိ အသင့်စားမုန့်အမျိုးမျိုးရောင်းချနေသော လက်လီ/လက္ကား ကုန်စုံဆိုင်များ၌ ရောင်းချနေသောအသင့်စားမုန့်အများစုမှာ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏( ၂/၂၀၁၉ )ပါ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များ နှင့် ကိုက်ညီမှုရှိသည့် အသင့်စားမုန့်များကိုသာ တင်သွင်းရောင်းချကြရန်၊ စီးပွားရေးလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ်၊ စည်းကမ်းများနှင့်အညီ ဖြောင့်မတ်မှန်ကန်စွာဆောင်ရွက်ကြရန်နှင့် တရားမဝင် ကုန်စည်များ ရောင်းချခြင်း၏ဆိုးကျိုးများအား အသိပညာပေး ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း  သတင်းရရှိပါသည်။

DOCA(ကယား)

မြိတ်မြို့ရှိ သာကေတရပ်၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးဟောပြောခြင်း

          ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၀ ရက်နေ့၊ ၀၉း၃၀ နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့၊ သာကေတရပ်၊ အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းသိကောင်းစရာများ အသိပညာ ပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါအသိပညာပေးဟောပြောပွဲတွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ၊ ဒုခရိုင်ဦးစီးမှူးမှ စားသုံးသူ‌ ရေးရာဦးစီးဌာန၏ ဆောင်ပုဒ်၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေး(၈)ချက်နှင့် စားသုံးသူ၏တာဝန်များ၊ ကုန်စည်များ၏ ကုန်အညွှန်းအမှတ် အသားဖော်ပြခြင်းဆိုင်ရာများအကြောင်း၊ စားသုံးသူအခွင့်အရေးများ နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများစသည့်သိကောင်းစရာများအကြောင်း အသိပညာပေးဟောပြော ဆွေးနွေးခဲ့ကာ ဟောပြောပွဲအား ဆရာ/ဆရာမ နှင့် ကျောင်းသား/ကျောင်းသူ ၆၀ ဦးခန့် တက်‌ရောက် ခဲ့ပြီး ၁၀း၃၀ နာရီ အချိန်တွင် အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)

မြိတ်မြို့ပေါ်ရှိ MSME လုပ်ငန်းများမှ ထုတ်ကုန်များတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိရေး စစ်ဆေးဆောင်ရွက်ခြင်း

          ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့၊ ၁၄း၀၀ နာရီအချိန်တွင် မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင် ဦးစီးမှူးနှင့်ဝန်ထမ်းများသည် မြိတ်မြို့ပေါ်ရှိ ဒေသတွင်း MSME လုပ်ငန်းများမှ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့် ထုတ်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံမှန်ကန်စွာဖော်ပြပါရှိမှုများ ရှိ/မရှိ၊ ထုတ်လုပ်သည့်ရက်စွဲ/သက် တမ်းကုန်ဆုံးသည့်ရက်စွဲများ ဖော်ပြပါရှိမှုများ ရှိ/မရှိ၊ ထုတ်လုပ်သည့်နေရာ၊ ပါဝင်ပစ္စည်းများ ဖော်ပြ ပါရှိမှုများ ရှိ/မရှိအား မြိတ်မြို့၊ ရှမ်းချောင်းဝန်ထမ်းရပ်၊ ကြည်မျှော်(၂)လမ်းရှိ ရွှေခရုမုန့်တိုက်အား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါစစ်ဆေးဆောင်ရွက်ရာတွင် မြိတ်မြို့၊ ရွှေခရုအမှတ်တံဆိပ်မုန့်တိုက်မှ ထုတ်လုပ်ဖြန့် ဖြူးရောင်းချလျက်ရှိသော ထုတ်ကုန်များတွင် ထုတ်လုပ်သည့်ရက်စွဲ/သက် တမ်းကုန်ဆုံးသည့် ရက်စွဲ များ ထုတ်လုပ်သည့်နေရာ၊ ပါဝင်ပစ္စည်းများ ဖော်ပြပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အခြားလိုအပ် သည်များအား ပြည့်စုံမှန်ကန်စွာပါရှိမှု ရှိစေရေးနှင့် ဌာနအနေဖြင့် လိုအပ်သည့်ကိစ္စရပ်များနှင့် ပတ် သက်၍ ကူညီဆောင်ရွက်ပေးနိုင်သည့်ကိစ္စရပ်များအား ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

DOCA(တနင်္သာရီ)

ကွင်းဆင်းစစ်ဆေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနှင့် ဝန်ထမ်းများသည် (၁၀-၉-၂၀၂၆) ရက် ၊ နေ့လယ် (၁၃:၀၀) နာရီအချိန် တွင် ဘားအံမြို့ရှိ  စံဖရီးကျေးရွာ တောင်ကလေး စက်မှုဇုန်အတွင်း ရောင်းချနေသော ထွန်းပြည့်စုံ (သောက်ရေသန့်) လုပ်ငန်းအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက် အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်က စီးပွားရေးလုပ်ငန်းရှင်များအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားသော စားသောက်ကုန်များကိုသာ ရောင်းချကြရန်၊ သက်ဆိုင်ရာဌာနများ၏ ဥပဒေနှင့်အညီ ဆောင်ရွက်ကြရန် ၊ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

ကွင်းဆင်းစစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမျိုးဝင်းနိုင် နှင့် ဝန်ထမ်းများသည် (၂၆-၈-၂၀၂၅) ရက် ၊ နံနက်(၁၁:၃၀) နာရီအချိန် ဘားအံမြို့ရှိ  စံဖရီးကျေးရွာ တောင်ကလေး စက်မှုဇုန်အတွင်း  ရပ်ကွက်လက်လီဆိုင်များတွင်  ရောင်းချနေသော စားသောက် ကုန်များကို ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင် ညွှန်ကြားချက်အမှတ်၊ ၂/၂၀၁၉ နှင့်အညီ ကိုက်ညီမှု ရှိ / မရှိ ‌ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကရင်ပြည်နယ်စားသုံးသူရေးရာကော်မတီ က  သတ်မှတ်ထားသော ဦးစားပေးဆောင်ရွက်မည့်  ကုန်စည် (၁၀) မျိုးထဲမှ အသင့်စားမုန့်အမျိုးမျိုးတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာဖော်ပြထားမှု ရှိ/ မရှိ စစ်ဆေးဆောင်ရွက်ခဲ့ရာ ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါရှိသည်ကိုတွေ့ရှိရပါသည်။ စားသောက်ကုန်များ ရောင်းချရာ၌ FDA မှ ထောက်ခံချက်ရရှိသော စားသောက်ကုန်များနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ဥပဒေနှင့်အညီ ပြဌာန်း သတ်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် စားသောက်ကုန်များကို သာရောင်းချကြရန်၊ သက်ဆိုင်ရာဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ  စားသောက်ကုန်များကို ရောင်းချ ကြရန်နှင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားခြင်းမရှိသော စားသောက်ကုန်များကို မရောင်းချရန် စစ်ဆေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

DOCA(ကရင်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ