သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

Shwe Pyi Tagon Telecommunication Public Co.ltd အင်တာနက်ဝန်ဆောင်မှုစစ်ဆေးခြင်း

       ဝန်ဆောင်မှုကဏ္ဍ (၃) ရပ်နှင့်စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရမည့် ဆက်သွယ်ရေးဝန် ဆောင်မှု၊ (အင်တာနက်) ဝန်ဆောင်မှုဆိုင်ရာကဏ္ဍအား စားသုံးသူရေးရာဦးစီးဌာန ၊ ရန်ကုန် အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်း များသည် (၁၃.၁၀.၂၀၂၅)ရက်နေ့၊ နေ့လယ်(၁၄း၃၀)အချိန်ခန့်တွင် အမှတ် (၁၁၀၂) ၊ ရွှေဂုဏ်သူ အိမ်ရာ ၊ ကြည်မြင့်တိုင်မြို့နယ်တွင်ဖွင့်လှစ်ထားသော Shwe Pyi Tagon Telecommunication Public Co.ltd အင်တာနက်ဝန်ဆောင်မှုအား စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် သိသည့် သိထိုက်သည့်အချက်အလက်များအား အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။

   ထိုသို့ဆောင်ရွက်ရာတွင် ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားထားသည့် အချက်(၁၁)ချက်အပေါ်အခြေခံ၍စစ်ဆေးခဲ့ရာအဆိုပါလုပ်ငန်းသည်စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၇)ရှိ စားသုံးသူသည် ကုန်စည်သို့မဟုတ် ဝန်ဆောင်မှုကို အသုံးပြုခြင်းကြောင်း နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက စီးပွားရေးလုပ်ငန်းရှင်ထံမှာသာ တာဝန်ရှိကြောင်းအသိပညာ ပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

Ast System Technololgy Co.Ltd အင်တာနက်ဝန်ဆောင်မှုစစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဒေါ်အေးအေးမော်ဒေါ်မိုးမိုးကြည်နှင့် ဝန်ထမ်းများသည် (၁၃.၁၀.၂၀၂၅)ရက်နေ့၊ နံနက် (၉း၀၀) အချိန်ခန့်တွင် ဝန်ဆောင်မှုကဏ္ဍ (၃) ရပ်နှင့်စပ်လျဉ်း၍ ဦးစားပေးစစ်ဆေးရမည့် ဆက်သွယ်ရေး ဝန်ဆောင်မှု၊  (အင်တာနက်) ဝန်ဆောင်မှုဆိုင်ရာကဏ္ဍအား ကျန်စစ်မင်းအိမ်ယာ၊ လှိုင်သာယာ မြို့နယ်တွင် ဖွင့်လှစ် ထားသော Ast System Technololgy Co.Ltd အင်တာနက်ဝန်ဆောင်မှုအား စားသုံးသူများနစ်နာမှုမရှိစေရေးအတွက် သိသည့်သိထိုက်သည့် အချက်အလက်များအား အသိပ ညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စစ်‌ဆေးရေးအရာရှိ ဒေါ်အေးအေးမော်နှင့် ဒေါ်မိုးမိုးကြည် က  ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားထားသည့် အချက်(၁၁)ချက် အပေါ်အခြေခံ၍ စစ်ဆေးခဲ့ရာ အဆိုပါလုပ်ငန်းသည် စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၃)ရှိ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အားမခံချက်ပေးရသည့်လုပ်ငန်းဖြစ်ကြောင်း မည်သည့်လုပ်ငန်းရှင်မဆို စားသုံးသူ ပေါ်ဝန်ဆောင်မှုပေးခြင်းနှင့်ပတ်သက်သည့် အချက်(၅)ချက်အား ရှင်းလင်းအသိပညာပေးပြော ကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မုဒုံမြို့နယ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ၁၄.၁၀.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ မုဒုံမြို့နယ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီများတွင် ကုန်အညွှန်းအမှတ် အသား ပြည့်စုံစွာပါရှိမှု ရှိ/မရှိ ကွင်ဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်ဆင်းစစ်ဆေးခဲ့ရာ မုဒုံမြို့နယ်ရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင် စားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ အသေးစိတ် အချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ကိုက်ညီမှုရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ ပြည့်စုံစွာဖော်ပြပါရှိသော ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့နယ်တွင် အသင့်သောက်အချိုရည်အမျိုးမျိုးအား ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

     ၁၄.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်း၍ မုဒုံမြို့ ပေါ်ရှိ ဆိုင်များတွင် ရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံစွာပါရှိမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ကွင်းဆင်းစစ်ဆေးရာ မုဒုံမြို့ပေါ်ရှိဆိုင်များတွင် ရောင်းချနေသော အသင့်သောက် အချိုရည်အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားများအား မြန်မာဘာသာဖြင့် ဖော်ပြ ထားခြင်း ရှိ/မရှိ ၊ အစားအသောက် နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတွင် မှတ်ပုံတင်ထားခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါသော အသင့်သောက် အချိုရည် အမျိုးမျိုးကိုသာ ရောင်းချနေကြောင်း သိရှိရပါသည်။

DOCA (မွန်)

မုဒုံမြို့နယ်တွင် “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show” ဆွေးနွေးပွဲကျင်းပ

    ၁၃.၁၀.၂၀၂၅ ရက်နေ့တွင် မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ပူးပေါင်း၍ “အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကျင်းပ ပြုလုပ်ခဲ့ပါသည်။

          ထိုဆွေးနွေးပွဲတွင် မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယ ဦးစီးမှူး ဒေါ်ဇာဇာဖြိုးက (Talk Show) ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန မုဒုံမြို့နယ်တာဝန်ခံ ဦးညီလွင်အေးမှ အွန်လိုင်းမှတ်ပုံတင်ခြင်းနှင့် ပတ်သက်သည့်အမိန့်ထုတ်ပြန်ခဲ့သည့်နေ့ရက်နှင့် အမိန့်ကြော်ငြာ စာပါ အကြောင်းအရာများအားလည်းကောင်း၊ အွန်လိုင်းမှတ်ပုံတင်ခြင်းကို စတင်အသုံးပြု ခဲ့သည့် နေ့ရက်၊ စီးပွားရေးလုပ်ငန်းရှင်အနေဖြင့် မှတ်ပုံတင်သည့်အခါ ကြိုတင်ပြင်ဆင်ရမည့် အချက်များ၊ မှတ်ပုံတင်သည့်အခါ သိရှိရန်လိုအပ်သည့်အချက်များနှင့် သိလိုသည်များအား ဆက်သွယ်မေးမြန်းနိုင်သည့် လိပ်စာများအား ဟောပြောဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သထုံမြို့နယ်၊ အခွန်လွတ်စျေး၌ “Lwin Maung Maung” ကုမ္ပဏီမှ စားအုန်းဆီ လက်လီရောင်းချနေမှုအား စစ်ဆေးခြင်း

    ၁၂.၁၀.၂၀၂၅ ရက်နေ့တွင် နံနက် (၀၈း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ သထုံခရိုင်ဦးစီးမှူးရုံးမှ မြို့နယ်တာဝန်ခံ ဦးထိန်လင်းထွန်းနှင့် ဝန်ထမ်းများသည် သထုံမြို့နယ်၊ ခွန်လွတ်စျေး၌ “Lwin Maung Maung” ကုမ္ပဏီမှ စားအုန်းဆီ လက်လီ ရောင်းချနေမှုအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့ စစ်ဆေးရာတွင် စားအုန်းဆီရောင်းချရာ၌ သတ်မှတ်ဈေးနှုန်း၊  အလေးချိန်၊ အရည် အသွေးပြည့်ဝမှန်ကန်စွာ ရောင်းချမှု ရှိ/မရှိ၊ သတ်မှတ်ဗီနိုင်းချိတ်ဆွဲ ရောင်းချမှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီတစ်ပိဿာလျှင် (၇၂၃၆) ကျပ်နှုန်းဖြင့် ပိဿာ (၄၄၀) ရောင်းချခဲ့ကြောင်း သိရှိရပါသည်။

DOCA (မွန်)

သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲတာဝန်ခံမှ ဆန်စပါးလုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

      ၁၃.၁၀.၂၀၂၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ ပြည်နယ်ဦးစီးမှူးရုံး မှ သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံခန့်ခွဲမှုဌာနခွဲတာဝန်ခံသည် ပြည်နယ် ဦးစီးမှူးရုံး၌ “ဒိုင်းမွန်းစတား”ဆန်စက်လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

          ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သတင်းအချက်အလက်နည်းပညာနှင့်အရည်အသွေးစီမံ ခန့်ခွဲမှုဌာနခွဲတာဝန်ခံက လုပ်ငန်းရှင်အား ဆန်စပါးလုပ်ငန်းကိုလုပ်ကိုင်ပါက မြန်မာဆန်စပါး အွန်လိုင်း (Myanmar Rice Online- MyRo) တွင် သိုလှောင်ရုံမှတ်ပုံတင်ခြင်းကို ဆောင်ရွက်ရ မည်ဖြစ်ကြောင်း၊ မှတ်ပုံတင်ပြီးပါက ကုန်ရ၊ ကုန်ထုတ်၊ ကုန်လက်ကျန်စာရင်းများကို လစဉ် လဆန်း (၁ ရက်မှ ၇ ရက်)အတွင်း ထည့်သွင်းရမည်ဖြစ်ကြောင်း၊ သိုလှောင်ရုံသက်တမ်းကုန် ဆုံးပါကလည်း သိုလှောင်ရုံသက်တမ်းတိုးခြင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်အတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

    ၁၄.၁၀.၂၀၂၅ ရက်နေ့ နံနက် (၀:၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ချောင်းဆုံ မြို့နယ်၊ အမှတ် (၂) မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော စားသုံးဆီ အမျိုးမျိုးတို့တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာ ချောင်းဆုံမြို့နယ်၊ အမှတ် (၂) မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များတွင် ရောင်းချနေသော Good Choice အမှတ်တံဆိပ်ဟင်းသီးဟင်းရွက်ဆီ၊ ပုဇွန်နှစ်ကောင်တံဆိပ် ဟင်းသီးဟင်းရွက်ဆီ၊ Mazin အမှတ်တံဆိပ် ဟင်းသီးဟင်းရွက်ဆီများ အား စစ်ဆေးခဲ့ပြီး အဆိုပါ စားသုံးဆီများမှာ  မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) တွင် ဖော်ပြထားသော ကုန်စည်အလိုက် ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်နှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ် အသားပြည့်စုံစွာ ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး၊ ရောနှောဆီများရောင်းချမှု မရှိကြောင်း သိရှိရပါသည်။

DOCA (မွန်)

ချောင်းဆုံမြို့နယ်၌ “အသင့်သောက်အချိုရည်အမျိုးမျိုး” အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှု ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေး

    ၁၃.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၁း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်တာဝန်ခံ ဒေါ်ထက်ထက်နွေဦးသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ချောင်းဆုံမြို့နယ်၊ အမှတ်(၂)မြို့မဈေးအတွင်း “အသင့်သောက်အချိုရည်အမျိုးမျိုး” အား ကုန်အညွှန်းအမှတ် အသားပြည့်စုံမှု ရှိ/မရှိ စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရသည်။

    ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဈေးကွက်အတွင်း ရောင်းချနေသော အသင့်သောက်အချိုရည်အမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) အရကုန်စည်တွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြ ထားမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ အဆိုပါ စျေးကွက်အတွင်း “အသင့်သောက်အချိုရည်အမျိုးမျိုး” တို့တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်ပါရှိသော “အသင့်သောက်အချိုရည်အမျိုးမျိုး” ကိုသာရောင်းချနေကြောင်း သိရှိရပါသည်။

DOCA (မွန်)

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးတင်မောင်ထွန်း (ရုံးအုပ်)သည် ၁၃.၁၀.၂၀၂၅ ရက်နေ့၊ ၁၀:၀၀ နာရီအချိန်တွင် မြစ်ကြီးနားမြို့၊ ရွှေစက်ရပ်ကွက်ရှိ လက်လီဖြန့်ဖြူး ရောင်းချသော ဒေါ်နန်းဇိန်း(ကုန်စုံဆိုင်)သို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်း မှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း နှင့်ပတ်သက်၍ ကိုက်ညီမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

      ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် နို့နှင့်နို့ထွက်ပစ္စည်းအမျိုးမျိုးတွင် ပါဝင်သည့် PEP အမှတ်တံဆိပ်ပါ ပက်(ပ်)နို့တွင် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့်ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသို သိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်တို့ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်းရောင်းချခြင်းမပြုလုပ်ရန် အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ