
စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် (၆.၃.၂၀၂၆) ရက်နေ့ ညနေ(၁၆း၀၀)နာရီအချိန်တွင် ညောင်တုန်းမြို့နယ် စက်သုံးဆီဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့သည် ညောင်တုန်းစက်သုံး ဆီဆိုင်များဖြစ်သော အောင်ထက်လင်း၊ အိုကေ၊ UTTN, Denko, ထွန်းသူရ၊ ကျော်စံ ဆိုင်များရှိ ဆီရောင်းချမှုများကို မေးမြန်းခြင်း၊ ရောင်းချမှုဆီဈေးနှုန်းများကို သတ်မှတ်ရည်ညွှန်းဈေးဖြင့် ကိုက်ညီမှု ရှိမရှိစစ်ဆေးခြင်း၊ ဆီသိုလှောင်ကန်များ၏ လက်ကျန်အခြေအနေများနှင့် နေ့စဉ်ဆီဝင်ရောက်မှု အခြေအနေများကို သက်ဆိုင်ရာ ဌာနများသို့ စာရင်းများပေးပို့ရန် အသိပညာပေးဆွေးနွေးခဲ့ပြီး ရောင်းချသောဆီများကို တစ်ဦးလျှင် သတ်မှတ်ချက် လီတာဖြင့်သာရောင်းချနေကြောင်း တွေ့ရှိရပြီး၊ အများပြည်သူများ လုံလောက်စွာဝယ်ယူနိုင်ရန် ရောင်းချပေးနေကြောင်းတွေ့ရှိရပြီး စံချိန်စံညွှန်းကိုက်ညီမှု ရှိ/ မရှိကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးလျက်ရှိပြီး သတ်မှတ်ချက်နှင့် တာမြစ်ချက်များကို ဖောက်ဖျက်ပါက ဆိုင်ပိတ်သိမ်းသည်အထိ အရေးယူမည်ဖြစ်ကြောင်း ဆီဆိုင်များမှ နေ့စဉ်ရောင်းချပေးနေပြီး မတ်လ ၇ ရက်နေ့မှစတင်ကာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုံ/မ စနစ်ကို ကျင့်သုံးနေပြီဖြစ်ရာ (မတ် ၇) သည် "မ" ရက် ဖြစ်သဖြင့် ယာဉ်နံပါတ်အစ "မ" ဂဏန်းရှိသောကားများသာ မောင်းနှင်ရမည်ဖြစ်ပြီး၊ မနက်ဖြန် (မတ် ၈) တွင် "စုံ" ကားများသာ မောင်းနှင်ခွင့်ရှိမည်ဖြစ်သည်။ သို့သော် EV ယာဉ်များ၊ Taxi နှင့် လုပ်ငန်းသုံးယာဉ်များမှာမူ နေ့စဉ်ပုံမှန် မောင်းနှင်နိုင်ကြောင်းနှင့် အရန်ဆီ လုံလောက်စွာရှိသဖြင့် အလွန်အကျွံ ဝယ်ယူစုဆောင်းခြင်းမပြုရန် တိုက်တွန်းနိုးဆော်အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)
