လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် စားသုံးဆီအရောင်းကိုယ်စားလှယ်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ လပွတ္တာခရိုင်၊ မော်ကျွန်းမြို့နယ်တာဝန်ခံဦးမင်းဇော်လတ်သည် (၈.၃.၂၀၂၆)ရက်နေ့ ညနေ(၁၅:၃၀)နာရီက စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် စားသုံးဆီအရောင်း ကိုယ်စားလှယ်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မော်ကျွန်းမြို့နယ်တာဝန်ခံမှ စားသုံးဆီရောင်းချသူ စီးပွားရေးလုပ်ငန််းရှင်များအား ခေါ်ယူတွေ့ဆုံ၍ စားသုံးဆီရောင်းချသော လုပ်ငန်းရှင်များအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက် ပိုမိုရောင်းချခြင်းမပြုလုပ်ကြရန်၊ အလေးချိန်အပြည့်အဝရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း စစ်ဆေးတွေ့ရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသေးစိတ်ရှင်း လင်းဆွေးနွေးခဲ့ပြီး၊ မြို့နယ်ဦးစီးမှူးမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူကာကွယ်ရေး ဥပဒေ ၂၀၁၉ ပါ ပြဌာန်းချက်များမှ အခန်း(၁၈) ကုန်အညွှန်းအမှတ်    အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်အညွှန်းပြည့်စုံစွာ ဖော်ပြထားသော ကုန်ပစ္စည်းများကိုသာရောင်းချကြရန်        စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များအား အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး စားသုံးဆီလုပ်ငန်းရှင်များအား အသိပေးဆွေးနွေး ဟောပြောခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)