သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

မြန်အောင်မြို့နယ်တွင် စားသုံးသူရေးရာအသိပညာပေးTALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးရုံးမှ ဒု-ဦးစီးမှူးသည် (၁၀.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် မြန်အောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ စားသုံးသူရေးရာအသိပညာပေးTalk Show အစီအစဉ် ကိုဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အဆိုပါအစီအစဉ်တွင် ဒု-ဦးစီးမှူး ဒေါ်ယဉ်ယဉ်ထွန်းက  စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများအပေါ် ကုန်စည်/ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး/ ကျန်းမာရေးနှင့်စိတ်ကျေနပ်မှုရှိစေရေး၊ စားသုံးသူအခွင့်အရေး ချိုးဖောက်ခံရမှုမရှိစေရေး၊ စားသုံးသူအကျိုးစီးပွား ထိခိုက်နစ်နာမှုမရှိစေရေးတို့အတွက် အရည်အသွေးမြင့်မားသည့် ကုန်စည်/ ဝန်ဆောင်မှု များကို ဖော်ဆောင်ဖြည့်ဆည်းပေးနိုင်ရန်ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ထို့အပြင် စားသုံးသူကာကွယ်ရေးဥပဒေပါ ရည်ရွယ်ချက်များအတိုင်း စားသုံးသူများ အသိပညာဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေးဟောပြောပွဲများ၊ ဈေးကွက်မရောက်မီ ကုန်စည်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဈေးကွက်ရောက်ပြီး ကုန်စည်များအား   ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း စသည်တို့ကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကြံခင်းမြို့နယ်အတွင်းရောင်းချလျက်ရှိသော သောက်ရေသန့်အမျိူးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

       စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်(၁၀.၁၀.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၄:၀၀)နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ကြံခင်းမြို့နယ်အတွင်းရှိ ကုန်မျိုးစုံဆိုင်များတွင် ရောင်းချလျက်သော သောက်ရေသန့်အမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသောသောက်ရေသန့်ဘူးအမျိုးမျိုးပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိတို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသော ညွှန်းကြားချက်အမှတ်(/၂၀၁၉) နှင့်အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်နှင့် စီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသော သတ်မှတ်စံချိန်/ စံညွှန်းများနှင့် ကိုက်ညီသော သောက်ရေသန့်များကိုသာရောင်းချရန်၊ ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်းစသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ ကုန်မျိုးစုံဆိုင်(၈)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ဇလွန်မြို့နယ်အတွင်းရှိ စားအုန်းဆီ အရောင်းဆိုင်များတွင် ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်း

             စားသုံးသူရေးရာဦးစီးဌာန၊ဇလွန်မြို့နယ်တာဝန်ခံသည် (၁၁.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၀၈:၃၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဇလွန်မြို့နယ်အတွင်းရှိ စားအုန်းဆီ လက်လီ၊ လက္ကား ရောင်းချလျက်ရှိသော စားအုန်းဆီအရောင်းဆိုင်များအား ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိ ရှောင်တခင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်းအဖွဲ့အနေဖြင့် စားအုန်းဆီဖြန့်ဖြူးရောင်းချမှုနှင့် စပ်လျဉ်း၍ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချမှုရှိ/ မရှိ၊ ပြည်သူများလက်ဝယ်သို့ အမှန်တစ်ကယ်ရောင်းချမှုရှိ/ မရှိ၊ ရောင်းချမှုစာရင်းဇယားများ ပြည့်စုံစွာထားရှိခြင်းရှိ/ မရှိ စသည်တို့ကို စစ်ဆေးခဲ့ပြီး၊ စားသုံးသူများထံသို့ ဖြန့်ဖြူးရောင်းချရာတွင်လည်း  အဆင့်အလိုက်(၂)% အမြတ်ထက်ကျော်လွန်၍ ရောင်းချမှုမရှိကြောင်း၊ ရောင်းချမှုလက်ခံဘောက်ချာများထားရှိခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးဖြင့်သာရောင်းချခြင်း၊ အခြားမသမာသော နည်းလမ်းများသုံး၍ ရောင်းချမှုမရှိခြင်းနှင့် ဈေးကစားရန်ရည်ရွယ်ပြီး သိုလှောင်ထားခြင်းများ မရှိကြောင်းတွေ့ရှိရပြီး၊ ကုန်စုံဆိုင်အမည်နှင့် ဈေးနှုန်း၊ နေ့စွဲပါ ဗွီနိုင်းပိုစတာများအား အများမြင်သာသော နေရာတွင်ချိတ်ဆွဲထားမှုရှိ/ မရှိတို့ကိုလည်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ပဒေသာဈေးအတွင်းရှိ ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်တာဝန်ခံသည်(၁၀.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန်တွင် မိတ်ဘက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ဟင်္သာတမြို့၊ ပဒေသာဈေးအတွင်းရှိ ဆေးနှင့် ဆေးပစ္စည်းအရောင်းဆိုင်များတွင် ရောင်းချသော အိမ်သုံးဆေးဝါး ဈေးနှုန်းမြှင့်တင်ရောင်းချမှုရှိ/ မရှိနှင့် သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုရှိ/ မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင် မြို့နယ်တာဝန်ခံ ဦးမိုးကျော်က ပဒေသာဈေးအတွင်းတွင် ရောင်းချလျက်ရှိသော ဆေးမျိုးစုံအရောင်းဆိုင်များတွင် အိမ်သုံးဆေးဝါးများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိခြင်း၊ ဆေးဝါးများပြတ်လပ်မှုမရှိခြင်း၊ ဈေးကစားရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုမရှိကြောင်း တွေ့ရှိရပြီး၊ Registration မရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်မရှိသော၊ အရည်အသွေးနှင့် စံချိန်စံညွှန်း စစ်ဆေးမှုခံယူထားခြင်းမရှိသည့် အာမခံချက်မရှိသော တရားမဝင်ဆေးဝါးများ ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး၊ ဝယ်ယူသုံးစွဲသူများအနေဖြင့် လိုအပ်သော အိမ်သုံးဆေးဝါးများကို လိုအပ်သလို ဝယ်ယူရရှိလျက်ရှိကြောင်း တွေ့ရှိရပြီး  ဆေးမျိုးစုံအရောင်းဆိုင်(၅)ဆိုင်အား ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

လေးမျက်နှာမြို့နယ် ရှားဖြူကျင်းကျေးရွာအုပ်စုတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၀.၁၀.၂၀၂၅) ရက်နေ့ နံနက်(၁၁:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ လေးမျက်နှာမြို့နယ်၊ ရှားဖြူကျင်းကျေးရွာအုပ်စု အချုပ်ကြီးကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ပြည်သူ(၅၀)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

         ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်သန်းဌေးက စားသုံးသူရေးရာဦးစီးဌာန၏ သမိုင်းအကျဉ်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက်များအကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည် ကုန်စည်ကို ရွေးချယ်ဝယ်ယူတတ်စေရန်၊ ကုန်အညွှန်းအမှတ်အသားနှင့် စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာ ဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သော ကုန်စည်နှင့် ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက ပြောဆိုတင်ပြတိုင်ကြားခွင့် နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊  ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း၊ စားသုံးသူသတင်း ပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံ ဆောင်ရွက်ရေးစင်တာ (Consumer Information and Complaint Center) CICC ဖွင့်လှစ်ထားရှိမှု အခြေအနေကိုလည်ကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များအကြောင်း သိရှိလိုပါက www.doca.gov.mm Website တွင် ဝင်ရောက်လေ့လာနိုင်ကြောင်းနှင့် Consumer Call Center 1535 သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်းကိုလည်းကောင်း စသည်တို့ကို အသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီး၊ စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

ကြံခင်းမြို့မဈေးအတွင်းရှိ ဗူးသွပ်ဆီအရောင်းဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်း

         စားသုံးသူရေးရာဦးစီးဌာန၊ ကြံခင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် (၁၀.၁၀.၂၀၂၅) ရက်နေ့၊ နေ့လယ်(၁၃:၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ ကြံခင်းမြို့မဈေးအတွင်းရှိ ဗူးသွပ်ဆီအရောင်းဆိုင်များအား ကုန်အညွှန်းအမှတ်အားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

           ထိုသို့ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ကုန်စည်များပေါ်တွင် ကုန်စည်အမျိုးအစားကိုလိုက်၍ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာဖော်ပြခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီး၊ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်မှ ထုတ်ပြန်ကြော်ငြာထားသောညွှန်းကြားချက်အမှတ် (/၂၀၁၉) နှင့် အညီ မြန်မာဘာသာဖြင့်ပြည်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာရောင်းချရန်၊ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေးနှင့် သတ်မှတ်အရည်အသွေး ပြည့်မီသောကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များအကြောင်း၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ အရောင်းဆိုင်()ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအကြောင်း TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

          စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေးသည် (၉.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် အင်္ဂပူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(CommunityCentre)ခန်းမ၌ စားသုံးသူရေးရာအသိပညာပေး Talk Showအစီ အစဉ်ကိုဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် အငယ်တန်းစာရေး ဒေါ်ခင်သီရိပြည့်စုံက အွန်လိုင်းမှတစ်ဆင့်ဈေးဝယ်ယူခြင်းနှင့် စပ်လျဉ်း၍ သိကောင်းစရာများအကြောင်းများမှ အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း လုပ်ငန်းသည် ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကိုဖြစ်စေ အွန်လိုင်းစနစ်မှတစ်ဆင့် ဝန်ဆောင်မှုရောင်းချသည့် လုပ်ငန်းဖြစ်ကြောင်း၊ အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းတွင် အားသာချက်နှင့်အားနည်းချက်ဟူ၍ ယှဉ်တွဲဖော်ပြထားပြီး၊ အားသာချက်မှာ အွန်လိုင်းစနစ်ဖြင့် ဈေးဝယ်ရာတွင်ကိုယ်တိုင် သွားရောက်ဝယ်ယူရန်မလိုဘဲ အင်တာနက်ရရှိသည့် မည်သည့် နေရာမှမဆို အချိန်မရွေးဝယ်ယူနိုင်ခြင်း၊ မိမိလိုအပ်ချက်နှင့် ကိုက်ညီသည့် ကုန်စည်ကို အွန်လိုင်းဆိုင်များမှ ပိုမိုရွေးချယ်နိုင်ခြင်း၊ ဈေးနှုန်းသုံးသပ်နိုင်ခြင်း၊ အခြားဝယ်ယူသူများ၏ သုံးသပ်ချက်များ၊ သတ်မှတ်ချက်များအား ဝင်ရောက်ကြည့်ရှု၍ ဝယ်ယူရာတွင် အထောက်အကူဖြစ်စေခြင်း၊ အချိန်ကုန်သက်သာစေခြင်း၊ အိမ်/ ကားဂိတ် အရောက်ပို့ဆောင်သည့် စနစ်ပါရှိခြင်းကြောင့် အချိန်မကုန်စေဘဲ အလွယ်တကူဝယ်ယူ ရရှိနိုင် ကြောင်းရှင်းလင်းဆွေးနွေး ခဲ့ပါသည်။ အွန်လိုင်းဈေးဝယ်ယူခြင်း၏ အားနည်းချက်အနေဖြင့် ပို့ဆောင်သည့် စနစ်ပါဝင်ခြင်းကြောင့် အပိုကုန်ကျစရိတ်ရှိခြင်း၊ အချိန်လိုအပ်ချက်ရှိခြင်း၊ အစားထိုးလဲလှယ်မှုများ၏ လုပ်ငန်းစဉ် ရှုပ်ထွေးမှုရှိနိုင်ခြင်း၊ ကုန်စည်(သို့) ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များ လိမ်လည်ဖော်ပြခြင်း၊ ငွေပေးချေမှုဆိုင်ရာအချက်များ ချိုးဖောက်ခံရနိုင်ခြင်း၊ တရားမဝင်သောအွန်လိုင်းများမှ လိမ်လည်မှုခံရနိုင်ကြောင်း စသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA (ဧရာဝတီ)

မြောင်းမြခရိုင် ဝါးခယ်မမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမြို့နယ်တာဝန်ခံရုံးတွင် မုန့်မျိုးစုံနှင့် ရောင်းချသည့် စီးပွားရေးလုပ်ငန််းရှင်များအား စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊       စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် တာဝန်ခံဦးအောင်မိုးနှင့် ဝန်ထမ်းများသည် (၁၀.၁၀.၂၀၂၅) ရက်နေ့ နံနက်(၁၁:၀၀)နာရီက စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးတွင် အမှတ်(၆)ရပ်ကွက်ရွေးနဒီဈေးရှိ ကုန်မျိုးစုံရောင်းချသော စီးပွားရေးလုပ်ငန််းရှင်များအား  စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင် ရွက်ခဲ့ပါသည်။

          ထိုသို့ဟောပြောဆွေးနွေးရာတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ကုန်မျိုးစုံ ရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်များအား စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စားသုံးသူ ကာကွယ်ရေး ဥပဒေ၂၀၁၉ ပါ ပြဌာန်းချက်များမှ စားသုံးသူ၏ အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒါဏ်များ၊ အခန်း(၁၈)ပါ ပုဒ်မ(၄၁) ပုဒ်မခွဲ(ခ)နှင့်(ဆ)တို့ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု(သို့)တစ်ခု ထက်ပို၍ တွဲလျှက်ရေးသားဖော်ပြရမည်ဖြစ်ပြီး၊ ကုန်အညွှန်းပြည့်စုံစွာဖော်ပြထားသော ကုန်ပစ္စည်း များကိုသာ ရောင်းချကြရန်  အသေးစိတ်ရှင်းလင်းဟောပြောခဲ့ပြီး မိမိတို့၏ကုန်ပစ္စည်းများအား ဈေးကွက်အတွင်းဈေးနှုန်းမြှင့်တင်ရောင်းချရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ စစ်ဆေးတွေ့ ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကုန်မျိုးစုံရောင်းချသောလုပ်ငန်းရှင်များအား အသိပေးဆွေးနွေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကုန်မျိုးစုံနှင့်စားသုံးဆီရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်(၂၀)ဦး၊ တက်ရောက်ခဲ့ကြောင်း သိရှိရ ပါသည်။

DOCA (ဧရာဝတီ)

ကျိုက်လတ်မြို့နယ်မှ မြိတ်မြို့သို့ ဆန်တင်ပို့မှု ကွင်းဆင်းစစ်ဆေးခြင်း

          ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်သည် ဆန်စပါးကို အဓိကထားစိုက်ပျိုးထုတ်လုပ်ပြီး အခြားတိုင်းဒေသကြီးများသို့ ဆန်စပါးတင်ပို့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ(၁၀) ရက်နေ့၊ ညနေ (၁၆:၃၀) နာရီအချိန်တွင် မြိတ်မြို့သို့ တင်ပို့မည့် ဆန်တင်ရေယာဉ်အား ကွင်းဆင်းစိစစ်ခဲ့ကြောင်း သိရသည်။

          အဆိုပါ ကွင်းဆင်းစိစစ်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဦးဆောင်၍ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဌာန၊ လ.ဝ.က ဦးစီးဌာန တို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် (MV- အောင်တက်တိုး) ရေယာဉ်ပေါ်တွင် ပေါ်ဆန်း၊ ဧည့်မထ၊ ကောက်ညှင်း ဆန်အိတ်များ တင်ဆောင်ထားရှိမှု၊ ရေယာဉ်ကြံ့ခိုင်မှုနှင့် လိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ခြင်း၊ ဆန်များ သယ်ဆောင်ရာတွင် ကန့်သတ်ကုန်ပစ္စည်း သယ်ဆောင်ခြင်းမရှိစေရေးနှင့် တရားဥပဒေနှင့်ညီညွတ်မှုမရှိသည့် ကိစ္စရပ်များ ဖြစ်ပွားမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)

မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ မြို့ပေါ်ရှိ ဆေးဆိုင်များအား နယ်မြေဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်း

  ဧရာဝတီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင် အိမ်မဲမြို့နယ်၊ တာဝန်ခံ ဒေါ်ဇင်မာသန်း နှင့်ဝန်ထမ်းများသည် မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးအဖွဲ့နှင့်ပူးပေါင်း၍ (၁၀.၁၀.၂၀၂၅) ရက်နေ့ နံနက်(၁၁:၀၀)နာရီက  အိမ်မဲမြို့နယ်၊ မြို့ပေါ်ရှိ ဆေးဆိုင်များတွင်  ခွင့်ပြုချက်မရှိသောဆေးများ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တာဝန်ခံမှ ဆေးဆိုင်များတွင် ရောင်းချနေသော အိမ်သုံးဆေး အရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲနိုင်ရေး၊ ဆေးဝါး ပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် ဆိုင်ရှင်များအနေဖြင့် ဆေးနှင့်ဆေးပစ္စည်းများ ဈေးကွက်အတွင်း ဈေးနှုန်း မြှင့်တင်ရောင်းချခြင်းမပြုရန်၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေများအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆိုင်ရှင်များသို့ အသိပေးဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။ သက်တမ်းလွန်ဆေးဝါးများနှင့် လိုင်စင်မဲ့ဆေးဝါးများ ဈေးကွက်အတွင်း ရောင်းချခြင်းမပြုရန်   သက်ဆိုင်ရာဌာနများ၏ အမိန့်ညွှန်ကြားချက်များ၊   ဥပဒေများအား လိုက်နာဆောင်ရွက်ကြရန် အသိပေးစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ