သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဇေယျာအောင်(ခရိုင်ဦးစီးမှူး) သည် ၁၄.၁၀.၂၀၂၅ ရက်နေ့တွင် မြစ်ကြီးနားမြို့၊ ရွှေညောင်ပင်ရပ်ကွက်ရှိ ဇွန်ပွင့်(ဆေးဆိုင်)သို့ သွားရောက်၍ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ်ရှိသော ကုန်စည်များဈေးကွက်အတွင်းမှပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ ကိုက်ညီမှု ရှိ / မရှိ ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် Babi Mild  အမှတ်တံဆိပ်ပါ ကလေးပေါင်ဒါတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊  ဓါတ်မတည့်ကြောင်းဖော်ပြချက်၊ ဘေးထွက်ဆိုးကျိုးနှင့် ကြိုတင်သတိပေးချက်တို့ ပြည့်စုံစွာ ဖော်ပြပါရှိကြောင်း စစ်‌ဆေးတွေ့ရှိရပြီး ဆေးနှင့်ဆေးပစ္စည်းရောင်းဝယ်သည့်လုပ်ငန်းရှင်အား ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချခြင်းမပြုလုပ်ရန်အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

မြင်းခြံခရိုင်ဦးစီးမှူးရုံ MyRO သိုလှောင်ရုံများ လစဉ် ရ/ထုတ်/ကျန် စာရင်းများရေးသွင်းရေး လာရောက်ဆောင်ရွက်

       မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို စာရင်း ထည့်သွင်းပေးနိုင်ရေးနှင့် သတ်မှတ်ပမာဏများအား သိုလှောင်ထားရှိသော ဆန်စပါးလုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးတို့အား မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ (၂.၁၀. ၂၀၂၅)ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ‘‘ဦးဝင်မောင်’’ ဆန်ရောင်း ဝယ်ရေးဆိုင်မှ ခရိုင်ဦးစီးမှူးရုံးသို့လာရောက်၍ လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့ အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန်များအား ထည့်သွင်းခြင်းလုပ်ငန်းများအား လက်တွေ့ပြသသင်ကြားပေးခြင်းလုပ်ငန်းများကို ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က ရှင်းလင်းသင်ကြားပြသ၍ စာရင်းရေးသွင်းခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး အခက်အခဲများရှိပါက လာရောက်မေးမြန်း ဆောင်ရွက်နိုင်ပါကြောင်းနှင့် ညွှန်ကြားချက်များကိုလည်း လိုက်နာကြရန်နှင့် လိုက်နာမှုမရှိသော လုပ်ငန်းပိုင်ရှင်များအား စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်ခြင်းများ ရှိကြောင်း အသိပေး ဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

 

                                                                                                   

အခြေခံစားသောက်ကုန်များ၊ ဈေးကွက်အတွင်း မရှိ မဖြစ် လိုအပ်လျက်ရှိသော ကုန်ပစ္စည်းများကို စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်တွင် အခြေခံစားသောက်ကုန်များ၊ ဈေးကွက်အတွင်း မရှိ မဖြစ် လိုအပ်လျက်ရှိသော ကုန်ပစ္စည်းများကို စားသုံးသူ ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ သုံးစွဲနိုင်ရေး ၁၀-၁၀-၂၀၂၅ရက်နေ့ နံနက် ၈နာရီအချိန်က ညောင်တုန်းမြို့မဈေးကြီးအတွင်းရှိ ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

   စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှု ဖြင့် မြို့နယ်စစ်ဆေး ရေးအရာရှိ ဦးအောင်လွင်နှင့် ဝန်ထမ်းများသည် ပြည်တွင်းမှ ထွက်ရှိ သည့် လယ်ယာထွက်ကုန် သီးနှံများ အပါအဝင် အခြေခံစားသောက်ကုန်များ၊ ဈေးကွက်အတွင်း မရှိ မဖြစ် လိုအပ်လျက်ရှိ သော ကုန်ပစ္စည်း များကို စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာ သုံးစွဲနိုင်ရေး၊ ဈေးကွက်တွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများနှင့် လွယ်ကူစွာ ဝယ်ယူရရှိစေရေး၊ ပစ္စည်းပြတ်လပ်မှု မရှိစေရေးအတွက် မြို့မဈေးကြီး အတွင်း ရှိ ကုန်စုံဆိုင် များအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

  ၎င်းအပြင် ရပ်ကွက်ရှိ ကုန်စုံဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ရာ အခြေခံစားသောက်ကုန်များ၊ ဈေးကွက်အတွင်း မရှိ မဖြစ် လိုအပ်လျက်ရှိသော ကုန်ပစ္စည်းများကို စားသုံးသူ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်း စွာ သုံးစွဲနိုင်ရေး၊ နို့နှင့် နို့ထွက်ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများ ကုန်စည်ထုတ်လုပ်မှု အခြေအနေများ၊ ပစ္စည်းပြတ်လပ်မှု ရှိ/မရှိ နှင့် ဈေးနှုန်း ဈေးကွက် အချက်အလက်များ အား  ကွင်းဆင်းစစ် ဆေး ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

မြင်းခြံမြို့နယ်ရှိ MyRO သိုလှောင်ရုံများ လစဉ် ရ/ထုတ်/ကျန် စာရင်းများရေးသွင်းရေး လာရောက်ဆောင်ရွက်

     မြန်မာဆန်စပါးအွန်လိုင်း(MyRO)ကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံး သူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး (MyRO)တွင် မှတ်ပုံတင်သက်တမ်း တစ်နှစ်ပြည့်မြောက်ပြီးသော သိုလှောင်ရုံများ သက်တမ်းပြန်လည်တိုးနိုင်ရေးနှင့် www.myro.com.mm တွင် လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့အတွင်း သိုလှောင်ရုံလုပ်ငန်းရှင်များ အနေဖြင့် မိမိတို့သိုလှောင်ရုံများ၏ ကုန်ရ/ကုန်ထုတ်/ကုန်လက်ကျန် အခြေအနေများကို စာရင်း ထည့်သွင်းပေးနိုင်ရေးနှင့် သတ်မှတ်ပမာဏများအား သိုလှောင်ထားရှိသော ဆန်စပါးလုပ်ငန်းများ မှတ်ပုံတင်နိုင်ရေးတို့အား မြင်းခြံခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိရာ (၂.၁၀.၂၀၂၅)ရက်နေ့၊ နံနက် ၁၀:၃၀ နာရီအချိန်တွင် မြင်းခြံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ‘‘ဦးမြအုန်း’’ ဆန်ရောင်းဝယ်ရေးဆိုင်မှ ခရိုင်ဦးစီးမှူးရုံးသို့လာရောက်၍ လစဉ်လဆန်း(၁)ရက်နေ့မှ(၇)ရက်နေ့ အတွင်း သိုလှောင်ရုံများ၏ ကုန်ရ/ ကုန်ထုတ်/ကုန်လက်ကျန်များအား ထည့်သွင်းခြင်းလုပ်ငန်းများအား လက်တွေ့ပြသသင်ကြားပေးခြင်းလုပ်ငန်းများကို ဒု-ခရိုင်ဦးစီးမှူး ဦးတင်ဇော်ထွေး(ဦးစီးအရာရှိ)က ရှင်းလင်းသင်ကြားပြသ၍ စာရင်းရေးသွင်းခြင်းများကို ဆောင်ရွက်ပေးခဲ့ပြီး အခက်အခဲများရှိပါက လာရောက်မေးမြန်း ဆောင်ရွက်နိုင်ပါကြောင်းနှင့် ညွှန်ကြားချက်များကိုလည်း လိုက်နာကြရန်နှင့် လိုက်နာမှုမရှိသော လုပ်ငန်းပိုင်ရှင်များအား စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူဆောင်ရွက်ခြင်းများရှိကြောင်း အသိပေး ဆွေးနွေးမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မန္တလေး)

 

ဒေါ်ခင်မာအေး (ကုန်စုံဆိုင်)သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင်သည် ၁၄.၁၀.၂၀၂၅ ရက်နေ့ ၁၀:၃၀ နာရီအချိန်တွင် မိုးညှင်းမြို့နယ်၊ သာစည်ရပ်ကွက်ရှိ ဒေါ်ခင်မာအေး (ကုန်စုံဆိုင်)သို့ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေ ပါ ပြဌာန်းချက်များနှင့် ကိုက်ညီခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

    ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ SUNDAY အမှတ်တံဆိပ်ပါ ဆိုင်ဖျော်လက်ဖက်ရည်သည် အသင့်ဖျော်လက်ဖက်ရည်ထုပ်အမျိုးမျိုးတို့တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့် အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာ ဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက် အသားတင်ပမာဏနှင့် သုံးစွဲပုံနည်းလမ်းတို့ကို ကုန်အညွှန်းအမှတ်အသား ဖော်ပြထားရှိခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ဖော်ပြထားရှိကြောင်း စစ်ဆေး တွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်ပစ္စည်းအမျိုးမျိုး ဖြန့်ဖြူးရောင်းချရာတွင်လည်း မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ပြည့်စုံမှန်ကန်စွာ ဖော်ပြပါရှိသော ကုန်ပစ္စည်းများကိုသာ ဝယ်ယူဖြန့်ဖြူး ရောင်းချရန်အသိပညာပေး ဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းဆိုင်ရာ လက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)

 

ကျောက်ပန်းတောင်းမြို့ရှိ ဒေါ်ခင်ဝင်း ဆန်ဆိုင်သို့ ကွင်းဆင်း

             စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်တာဝန်ခံ ဦးဆောင်၍ မိတ်ဖက်ဌာနများ ဖြစ်သော မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူ များနှင့် ကျောက်ပန်းတောင်းမြို့၊ လွတ်လပ်ရေးရပ်ကွက်ရှိ ဒေါ်ခင်ဝင်း၏ ဆန်ရောင်းဝယ်ရေးဆိုင်သို့ ၂.၁၀.၂၀၂၅ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းဆောင်ရွက်ရာ၌ ဒေါ်ခင်ဝင်းဆန်လက်လီ၊လက်ကား အရောင်းဆိုင်တွင် ရောင်းချနေသော ဆန်အမျိုးအစားများမှာ ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ်အိတ်လျှင်(၁၄၀၀၀၀)ကျပ်၊ ဧရာပဒေသာ(၂၄)ပြည်တစ်အိတ်လျှင်(၁၂၅၀၀၀)ကျပ်နှင့် ဖန်သီးသုခ(၂၄)ပြည်တစ်အိတ်လျှင်(၇၀၀၀၀) ကျပ်များဖြင့် သင့်တင့်မျှတသော ဈေးနှုန်းများအတိုင်း ရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ဆန်ဆိုင်ပိုင်ရှင် ဒေါ်ခင်ဝင်းအား ဈေးကွက်အတွင်း ဆန်များပြတ်လပ်မှုမရှိစေရေး၊ ဈေးနှုန်းများ တည်ငြိမ်စေရေး၊ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းများမရှိစေရန်၊ ဈေးကစားရည်ရွယ်ချက်ဖြင့် သိုလှောင် ခြင်းများ မပြုလုပ်ကြစေရေးတို့အား ဆွေးနွေးပြောကြားခဲ့ပါသည်။

DOCA(မန္တလေး)

“မြစ်သားမြို့နယ်တွင် ပြည်သူ့သက်သာဈေးရောင်းချခြင်းပြုလုပ်”

           မြစ်သားမြို့နယ်တွင် အခြေခံစားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူ ရရှိနိုင်ရေးအား ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာနတို့ ပူးပေါင်းစီစဉ်မှုဖြင့် လုပ်ငန်းရှင်များနှင့်ညှိနှိုင်း၍ စားသုံးသူပြည်သူများအား သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။ စက်တင်ဘာလ(၂၆) ရက်နေ့တွင် မြစ်သားမြို့၊ တောက်ပရစ်ဘုရားဝန်း၊ ကူမဲမြို့အတွင်း၌ အခြေခံစားသောက်ကုန်ပစ္စည်းများ ဖြစ်သော  အမဲသား တစ်ပိဿာလျှင်(၂၅၀၀၀/-)ကျပ် ၊ ဝတ်သား တစ်ပိဿာလျှင် (၂၆၀၀၀/-) ကျပ် ၊ ဆိတ်သား (၁)ပိဿာလျှင်(၂၈၀၀၀/-)ကျပ်၊ ကြက်သား တစ်ပိဿာလျှင်(၂၀၀၀၀/-)ကျပ်၊ စားအုန်းဆီ (၁)ပိဿာ လျှင် (၇၆၈၀/-)ကျပ်နှင့် ဟင်းသီးဟင်းရွက်နှင့် ကြက်ဥ(၁၀)လုံး (၄၃၀၀/-)ကျပ်တို့ဖြင့် ရောင်းချ ပေးခဲ့ပြီး ပြည်သူများသက်သာဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် အပတ်စဉ် သောကြာနေ့တိုင်း သက်မှတ်ထားသောနေရာများတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)

မိုးစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားတက်ရောက်ခြင်း

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ၁၂-၁၀-၂၀၂၅ ရက်နေ့ နံနက် (၉)နာရီအချိန်က ထီကွေ့ကျေးရွာအုပ်စု၊ တောင်သူ ဦးဝင်းနိုင်၏ ကွင်းအမှတ် (၇၀)၊ ဦးပိုင်အမှတ် (၂/၁)၊ အောင်နိုင်တိုးစပါး မျိုးစံပြကွက် လယ်မြေ၌ ကျင်းပသည်။

    အဆိုပါအခမ်းအနားသို့ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မိုးလွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်အတူ စံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများက တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့သည်။ စံကွက်ရိတ်သိမ်းရာတွင် တစ်ဧကအထွက်နှုန်းမှာ အစိုတင်း (၁၁၈.၁၇)တင်း၊ အခြောက်တင်း (၁၀၂)တင်း ထွက်ရှိကြောင်း သိရသည်။

DOCA(ဧရာဝတီ)

“အွန်လိုင်းအသုံးပြု၍ စားသုံးသူရေးရာဟောပြောပွဲ ကျင်းပပြုလုပ်”

           မန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံး၌ စက်တင်ဘာလ(၂၆) ရက်နေ့တွင် အွန်လိုင်းအသုံးပြု၍  စားသုံးသူရေးရာဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့ပါသည်။ ဟောပြောပွဲတွင် ဒုတိယခရိုင်ဦးစီးမှူး ဦးဇော်မင်းလတ်က အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်း နှင့်စပ်လျဉ်း၍ အွန်လိုင်းမှတ်ပုံတင်ရာတွင် ပေးသွင်းရမည့် မှတ်ပုံတင်ကြေးများ၊ အွန်လိုင်းမှတစ်ဆင့် ဈေးဝယ်ယူရာတွင် အားနည်းချက် အားသာချက်များ၊ မှတ်ပုံတင်ရမည့် ကုန်စည်/ဝန်ဆောင်မှု အမျိုးအစားများ၊ လိမ်လည်မှု အမျိုးအစား(၂)မျိုး၏ အကြောင်းအရာများ၊ အွန်လိုင်းဝန်ဆောင်မှုနှင့် စပ်လျဉ်းသည့် စားသုံးသူများ၊ သိသင့်သိထိုက်သည့် အကြောင်းအရာများ၊ အွန်လိုင်းဖြင့် ရောင်းချပါက www.doca.ecomreg.gov.mm သို့ ဝင်ရောက်လျှောက်ထားနိုင်ကြောင်း၊  မှတ်ပုံတင် လျှောက်ထားမှု မရှိဘဲ အွန်လိုင်းစနစ်ဖြင့်ရောင်းချပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရအရေးယူခံရ မည်ဖြစ်ကြောင်း၊ စားသုံးသူများ၏ အခွင့်အရေးနှင့်  တာဝန်များနှင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့် နည်းလမ်းများအား ပြောကြားခဲ့ကြောင်း၊ ၎င်းဟောပြောပွဲသို့ လုပ်ငန်းရှင်(15)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မန္တလေး)

 

 

 

 

ဓနုဖြူမြို့နယ် Gasifier ဆန်စက်များအား ဌာနဆိုင်ရာ အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး

   ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက်များအား ၁၀-၁၀-၂၀၂၅ ရက်နေ့  ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

  ယင်းသို့ ကွင်းဆင်းစစ်ဆေးမှုများဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံညွှန်ကြားမှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး  မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ စာသုံးသူရေးရာဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတိုမှ ပူးပေါင်း၍ ဓနုဖြူမြို့နယ် အတွင်း အသုံးပြုလျက်ရှိသည့် Gasifier ဆန်စက် ၁၈ စက်မှ  ဆန်စက် ၁၂စက် တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။ Gasifier အသုံးပြု၍လည်ပတ်နေသည့် ဆန်စက်များအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေးအထူးအလေးထားဆောင်ရွက်ရန်၊ Gasifier စနစ်မှထွက်ရှိသည့် ရေဆိုးများကို ရေစစ်ကန်စနစ်ဖြင့် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ပိုမိုကောင်းမွန်သည့် ရေသန့်စင်စနစ်များ အသုံးပြုစေရေး စစ်ဆေးပြီး ဆန်စက်တာဝန်ခံများကို ဌာန၏ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် လုပ်ငန်းများ ဆောင်ရွက်ရေး၊ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ