သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ငါန်းဇွန်မြို့နယ်၏ အောက်တိုဘာလပထမပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

     ငါန်းဇွန်မြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၀)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ(၃)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၃၁၄၀)ကျပ်၊ 95 Octance(၃၂၁၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၈၅၀)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၅၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။

    စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၃-၁၀-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၉၄၀)ကျပ်၊ 95 Octance(၃၀၁၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၃၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octanceတွင်(၉၅)ကျပ်၊ 95 Octanceတွင်(၈၅)ကျပ်၊ ရိုးရိုးဒီဇယ်တွင် (၄၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တွင်(၅၅)ကျပ် အသီးသီးဈေးနှုန်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။       

DOCA(မန္တလေး)

ကျောက်ပန်းတောင်းမြို့နယ်၏ အောက်တိုဘာလပထမပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

    ကျောက်ပန်းတောင်းမြို့နယ်တွင်စက်သုံးဆီအရောင်းဆိုင်(၃၁)ဆိုင်မှစက်သုံးဆီများကိုနေ့စဉ်ပုံမှန်ဖွင့်လှစ်ရောင်းချလျက်ရှိရာ၂၀၂၅ခုနှစ်၊အောက်တိုဘာလ(၃)ရက်နေ့ စက်သုံးဆီ တစ်လီတာ အရောင်း ဈေးနှုန်းများအနေဖြင့် 92 Octance(၂၉၇၀)ကျပ်၊ 95 Octance(၃၀၆၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၆၈၅)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၂၆၀)ကျပ်ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိ ရသည်။

    စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၃-၁၀-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၉၄၀)ကျပ်၊ 95 Octance(၃၀၁၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၃၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octanceတွင်(၉၅)ကျပ်၊ 95 Octanceတွင်(၈၅)ကျပ်၊ ရိုးရိုးဒီဇယ်တွင် (၄၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တွင်(၅၅)ကျပ် အသီးသီးဈေးနှုန်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။       

DOCA(မန္တလေး)

                            

Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍မြေပြင် ကွင်းဆင်းစစ်ဆေးခြင်း

       ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၃) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိအဖွဲ့သည် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၂၅၈/၂၆၂)၊ ကုန်သည်လမ်းတွင်ရှိသော IMCM Online Shop လုပ်ငန်းသို့သွားရောက်၍ Online လုပ်ငန်းများအား မြေပြင်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေး ရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈)ချက်နှင့် ကိုက်ညီမှုရှိ/ မရှိ စစ်ဆေးခြင်းနှင့် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာတွင် Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းကို အရေးကြီးကုန်စည် ဝန်ဆောင်မှုဥပဒေ အဖြစ်သတ်မှတ်ထားသည့်အတွက် အခြားလိုအပ်ချက် အချက်အလက်များအား အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Centre For Professional Development Online Shop လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

       ဒဂုံမြို့နယ်၊ အမှတ်(၄၀၁၉)၊ (၃) လွှာ၊ တော်ဝင်စင်တာတွင် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မှတ်ပုံတင်လျှောက်ထားသည့် Centre For Professional Development Online Shop လုပ်ငန်းသို့  စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးအရာရှိ ဦးမောင်ကျော်မြင့်(ဦးစီးအရာရှိ) နှင့်အဖွဲ့သည် (၁၀.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၁:၀၀) နာရီအချိန်တွင် Online Sale ရောင်းချမှုနှင့် စပ်လျဉ်း၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

       ထိုသို့ဆောင်ရွက်ရာတွင် စစ်ဆေးရေးအရာရှိမှ Online စနစ်နှင့် ရောင်းချခြင်းလုပ်ငန်းနှင့် ပတ်သက်၍ အချက်(၁၈) ချက်နှင့် ကိုက်ညီမှုရှိ/ မရှိနှင့် မှတ်ပုံတင်လက်မှတ်ရရှိသူ၏ တာဝန်များနှင့် စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် အချက်များအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်လိုက်နာရမည့် တာဝန်များအကြောင်းတို့ကို စစ်ဆေးရေးအရာရှိမှ အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ညောင်ဦးမြို့နယ်၏ အောက်တိုဘာလပထမပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

         စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၃-၁၀-၂၀၂၅ရက်နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၉၄၀) ကျပ်၊ 95 Octance(၃၀၁၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၅)ကျပ်၊ ပရီမီယမ်ဒီဇယ် (၃၂၃၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

        ညောင်ဦးမြို့နယ်တွင် စက်သုံးဆီအရောင်းဆိုင်(၁၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ် ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ(၃)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်း များအနေဖြင့် 92 Octance(၂၉၉၀)ကျပ်၊ 95 Octance(၃၁၁၀)ကျပ်၊ ရိုးရိုးဒီဇယ် (၂၇၁၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၃၀၀)ကျပ်နှုန်း ဝန်းကျင်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်း ဈေးများသည် ယခင်အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octance တွင်(၉၅)ကျပ်၊ 95 Octance တွင်(၈၅)ကျပ်၊ ရိုးရိုးဒီဇယ်တွင်(၄၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တွင်(၅၅)ကျပ် အသီးသီးဈေးနှုန်း ကျဆင်းခဲ့ ကြောင်း သိရှိရသည်။           

DOCA(မန္တလေး)

                            

စာသင်ကျောင်းများသို့ အသိပညာပေးဟောပြောခြင်း

           ၁၄.၁၀.၂၀၂၅ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင် အ.မ.က(၇) မရမ်းကုန်းမြို့နယ်သို့ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်မွန်နှင့် ဝန်ထမ်း(၂) ဦးတို့သည် စားသုံးသူအကာအကွယ်ပေး အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

            အမက(၇) မူလတန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေစတင် အာဏာတည်သည့်နေ့၊ စားသုံးသူအဓိပွါယ်၊ စားသုံးသူတာဝန်များ၊ စားသုံးသူအခွင့်အရေး(၈) ချက်၊ နေစဉ်စားသောက်နေသော အစားအသောက်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိသော စားသောက်ကုန်များအား ရွေးချယ်စားသောက်ရန်၊ အလှကုန်များသုံးစွဲရာတွင်လည်း တစ်ခြားသူများသုံးစွဲသော အလှကုန်များအား စမ်းသပ်သုံးစွဲခြင်းမပြုစေရန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးအား အထူးဂရုပြုရန် ကျောင်းသား/ကျောင်းသူ ၁၁၀ ကျော်အား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မြင်းခြံမြို့နယ်၏ အောက်တိုဘာလပထမပတ် စက်သုံးဆီရောင်းချမှု အခြေအနေ

        စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ၃-၁၀-၂၀၂၅ရက် နေ့တွင် ထုတ်ပြန်ထားသည့် စက်သုံးဆီတစ်လီတာ၏ သတ်မှတ်ရည်ညွှန်းဈေးများမှာ 92 Octance (၂၉၄၀)ကျပ်၊ 95 Octance(၃၀၁၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၆၅၅)ကျပ်၊ ပရီမီယမ်ဒီဇယ်(၃၂၃၀)ကျပ် ဖြစ်ကြောင်း  သိရှိရသည်။

      မြင်းခြံမြို့တွင် စက်သုံးဆီအရောင်းဆိုင်(၂၇)ဆိုင်မှ စက်သုံးဆီများကို နေ့စဉ်ပုံမှန်ဖွင့်လှစ် ရောင်းချလျက်ရှိရာ ၂၀၂၅ခုနှစ်၊အောက်တိုဘာလ(၃)ရက်နေ့ စက်သုံးဆီတစ်လီတာ အရောင်းဈေးနှုန်း များအနေဖြင့် 92 Octance(၃၀၀၀)ကျပ်၊ 95 Octance(၃၀၇၀)ကျပ်၊ ရိုးရိုးဒီဇယ်(၂၇၁၅)ကျပ်၊ ပရီမီယမ် ဒီဇယ်(၃၂၉၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရသည်။ သတ်မှတ်ရည်ညွှန်းဈေးများသည် ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက တစ်လီတာလျှင် 92 Octanceတွင်(၉၅)ကျပ်၊ 95 Octanceတွင်(၈၅)ကျပ်၊ ရိုးရိုး ဒီဇယ်တွင် (၄၀)ကျပ်၊ ပရီမီယမ်ဒီဇယ်တွင်(၅၅)ကျပ် အသီးသီးဈေးနှုန်း ကျဆင်းခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)

စာသင်ကျောင်းများသို့ အသိပညာပေးဟောပြောခြင်း

         ၁၃.၁၀.၂၀၂၅ ရက်နေ့ နံနက်(၁၀:၀၀) နာရီအချိန် မရမ်းကုန်းမြို့နယ် အ.လ.က(၆) နှင့် အလုံ မြို့နယ် အ.လ.က (၈) အလယ်တန်းကျောင်းသို့ အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်မြတ်မွန်နှင့် ဝန်ထမ်း(၂) ဦးတို့သည် စားသုံးသူအကာအကွယ်ပေးအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။        

             အလက(၆) အလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအကြောင်း အသိပညာပေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေစတင် အာဏာတည်သည့်နေ့၊ စားသုံးသူအဓိပွါယ်၊ စားသုံးသူတာဝန်များ၊ စားသုံးသူအခွင့်အရေး(၈) ချက်၊ နေစဉ်စားသောက်နေသော အစားအသောက်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှုရှိသော စားသောက်ကုန်များအား ရွေးချယ်စားသောက်ရန်၊ ဆေးဝါးများဝယ်ယူရာတွင် စပ်ဆေးများမသုံးစွဲရန်နှင့် ဆရာဝန်ညွှန် ကြားသောဆေးဝါးများအား ဝယ်ယူ သောက်သုံးစေရန်၊ အလှကုန်များသုံးစွဲရာတွင်လည်း တစ်ခြားသူများသုံးစွဲသော အလှကုန်များအား စမ်းသပ်သုံးစွဲခြင်းမပြုစေရန်၊ တစ်ကိုယ်ရည် သန့်ရှင်းရေးအား အထူးဂရုပြုရန် ကျောင်းသား/ကျောင်းသူ ၄၀၀ ကျော်အား အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် စုပေါင်း၍ ပလပ်စတစ်အမှိုက်များကောက်ခြင်းဆောင်ရွက်

       မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း အပတ်စဉ် စနေနေ့တိုင်း စုပေါင်းပလပ်စတစ်ကောက်ခြင်းကို (၄.၁၀.၂၀၂၅)ရက်နေ့၊ နံနက် ၀၆:၃၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါအမှိုက်ကောက်ခြင်းအား Baganplastic Campaign အဖွဲ့သားများဦးဆောင်သော ပလပ်စတစ်ကမ်ပိန်းအဖွဲ့သားများသည် ညောင်ဦးမြို့နယ် ပုဂံမြို့သစ် လျှပ်စစ်ရုံးရှေ့မှ စတင်ကာ မြင်းကပါကျေးရွာ တောင်ဘက် နဂါးရုံဘုရား၊ အပါယ်ရတနာဘုရား၊ စိမ်းညက်ညီအမဘုရား၊ စိုးမင်းကြီးအုတ်ကျောင်း၊ စိုးမင်းကြီးဘုရားမှသည် လမ်းဘေးဝဲယာတလျောက် ပလပ်စတစ်အမှိုက် ကောက်ခြင်းအား Baganplastic Campaign အဖွဲ့သားများနှင့်အတူ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ Balloon အဖွဲ့သားများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များရှိ အသင်းသား/အသင်းသူများ၊ ဟိုတယ်လုပ်ငန်း ရှင်များ၊ အသင်းသူ/အသင်းသားများပါဝင်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ပလပ်စတစ်ကင်းရှင်းရေး စုပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

DOCA(မန္တလေး)

မြောက်ဥက္ကလာပမြို့နယ်၊ ၂၁/ရွှေပေါက်ကံမြို့သစ်ရပ်ကွက်အတွင်း စားအုန်းဆီဖြန့်ဖြူးခဲ့သည့် အိမ်ထောင်စုများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

         ၁၁.၁၀.၂၀၂၅ ရက်နေ့၊ နေ့လယ်(၁၆း၃၀)နာရီအချိန်ခန့်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ  ဦးဇော်မင်းလတ်(ခရိုင်ဦးစီးမှူး)နှင့်ဝန်ထမ်းများက ဦးဆောင်လျက် ဆီလုပ်ငန်းရှင်များအသင်းမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှုးများ၊ စားအုန်းဆီဝယ်ယူဖြန့်ဖြူးရောင်းချသည့် ကုမ္မဏီမှ တာဝန်ရှိသူများ လက်ကားကိုယ်စာလှယ်များ၊ လက်လီကိုယ်စားလှယ်များနှင့် ရက်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ မြောက်ဥက္ကလာပမြို့ နယ်၊ (၂၁/ရွှေပေါက်ကံမြို့သစ်ရပ်ကွက်) ရပ်ကွက်အတွင်းရှိ စားအုန်းဆီဖြန့်ဖြူးသည့် အိမ်ထောင်စုများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

          ထိုသို့ စစ်ဆေးရာတွင် ဦးဇော်မင်းလတ် (ခရိုင်ဦးစီးမှူး)က ဖြန့်ဖြူးသည့်ကုမ္မဏီအမည်၊ လက်ကားကိုယ်စားလှယ်၊ လက်လီကိုယ်စားလှယ်၊ ဖြန့်ဖြူးသည့်ရပ်ကွက်၊ ပိဿာအရေအတွက်၊ အိမ်ထောင်စုဦးရေနှင့် တစ်လလျှင်(၁)အိမ်ထောင်စု စားအုန်းဆီရရှိမှုပိဿာတို့ကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး စားအုန်းဆီသိုလှောင်ခြင်း/ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန် အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ