ကျောက်ဆည်မြို့ ၊ မြို့တော်ခန်းမ၌ ၂၀၂၆ခုနှစ် ၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပပြုလုပ်

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ကျောက်ဆည်ခရိုင်၊ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် အခမ်းအနားကို မတ်လ(၁၃)ရက်နေ့၊နံနက်(၉း၃၀)နာရီအချိန်တွင် ကျောက်ဆည်ခရိုင် စားသုံးသူ ရေးရာဦးစီးဌာနမှဦးဆောင်၍ ကျောက်ဆည်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ရှေးဦးစွာ ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး  ခရိုင်ရဲတပ်ဖွဲမှူး ဒုတိယ ရဲမှူးကြီး ဦးအေးမြင့်နိုင်က  “ ထုတ်ကုန်ဘေးကင်းလုံခြုံမှယုံကြည်စိတ်ချစားသုံးသူဘဝ ” ဆောင်ပုဒ် နှင့်အညီ စားသုံးသူအခွင့်အရေးများ ထိထိရောက်ရောက် အကာအကွယ်ရရှိစေရေး ဝိုင်းဝန်း ဆောင်ရွက်ကြရန် အဖွင့်အမှာစကားပြောကြားခဲ့ပါသည် ။ ထို့နောက် စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်  Video Clip အားပြသခဲ့ပြီး ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်ထူးက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့နှင့်ပတ်သက်သည့် အကြောင်းအရာ များအားရှင်းလင်းပြောကြားခဲ့ပြီး ကျောက်ဆည်မြို့ ၊ အ.ထ.က(၁) ကျောင်းသူလေးများမှ “ဖေးမဝိုင်းကူစားသုံးသူ ” နှင့်DOCA ရုံးကိုလှမ်းလာခဲ့ ” သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ရာ       မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေက ဂုဏ်ပြု ချီးမြှင့်ငွေများချီးမြင့်ပေးအပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားတွင် ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ များ၊စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း(၃၀၀)ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိခဲ့ပါသည်။

DOCA(မန္တလေး)