သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ချောက်မြို့မစျေး၌ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာမပါရှိသော ပစ္စည်းများအား ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

 

          မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့မစျေး၌ (၁၃.၁၀.၂၀၂၅)ရက်နေ့၊ နံနက်(၀၉း၃၀) အချိန်တွင် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ မပါရှိသော ကုန်ပစ္စည်းများ ရောင်းချမှုမရှိစေရေးနှင့် အသားငါးများ ရောင်းချရာတွင် သတ်မှတ်စျေးအတိုင်း ရောင်းချမှု ရှိ/မရှိ၊ အလေးချိန်ပြည့်ဝမှုရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

          ထိုသို့ စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့မစျေးအတွင်း နှင့် အပြင်တွင် ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA(မကွေး)

 

မကွေးတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (၂/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေးတိုင်းဒေသကြီးအတွင်း စပါး ဝယ်ယူ၊ သိုလှောင်၊ ကြိတ်ခွဲ၊ ရောင်းချသည့်လုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး၊ သယ်ယူပို့ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် မလို လားအပ်သော အဟန့်အတားများ၊ ကြန့်ကြာမှုများ မဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ (၂/၂၀၂၅)ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့၊နံနက် (၁၀:၃၀)နာရီ အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ဥက္ကဌ မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးမှ ဦးဆောင်၍ ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့ဝင် များနှင့်အတူ ကျင်းပဆောင်ရွက်ခဲ့ပါသည်။

          အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်း ကြီးကြပ် ရေးအဖွဲ့ ဥက္ကဌ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက မကွေးတိုင်း ဒေသကြီးသည် ဆန်လိုတိုင်းဒေသကြီး တစ်တိုင်းဖြစ်ပြီး ဆန်ဖူလုံမှုအနေဖြင့် ၇၃ ရာခိုင်နှုန်းခန့်သာရှိသည့်အတွက် လိုအပ်သည့် ဆန်များကို ဧရာဝတီ၊ စစ်ကိုင်း၊ ရန်ကုန်နဲ့ မန္တလေးတိုင်းတို့မှ  မှာယူစားသုံးရပြီး တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် ဧရာပဒေသာဆန်ကို မန္တလေး၊ နေပြည်တော်၊ ရန်ကုန် တိုင်းဒေသကြီးသို့ တင်ပို့လျက်ရှိပြီး လက်ရှိအခြေအနေတွင် တိုင်းဒေသကြီး အတွင်းမှ ဆန်တင် ပို့မှုအတွက်  ဆန်ကုန်သည်အသင်း ဥက္ကဌနှင့် ဆန်စက်ပိုင်ရှင်များအသင်း ဥက္ကဌ တို့၏ ထောက်ခံ ချက်ဖြင့် မျှောစာများ ထုတ်ပေးပြီး တင်ပို့လျက်ရှိရာ အခက်အခဲများ ရှိပါက အစည်းအဝေးတွင် ပွင့်ပွင့် လင်းလင်း တင်ပြစေလိုကြောင်း ပြောကြားခဲ့ပါတယ်။

          ဆက်လက်၍ မကွေးတိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အတွင်းရေးမှူး၊ စားသုံးသူရေးရာဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆန်စပါးသိုလှောင်မှု လုပ်ငန်းများ၊ သိုလှောင်မှု အခြေအနေများကိုလည်း စနစ်တကျ မှတ်ပုံတင်ထိန်းကျောင်းဆောင်ရွက်စေခဲ့ရာ မကွေးတိုင်းဒေသကြီးအတွင်း  သိုလှောင်ရုံ (၂၅၅)လုံး တွင် မှတ်ပုံတင်ထားလျက်ရှိပြီး (၅၈)လုံးသာလျှင်  လစဉ် ကုန်ထုတ်စာရင်းများ ရေးသွင်းထားသည်ကို စိစစ်တွေ့ရှိရသည့်အတွက် ကုန်ရ

 သိုလှောင်ရုံအားလုံး စာရင်းရေးသွင်းသွားရန်ကိုလည်း ယခုထက် ပိုမို စိစစ်ကြပ်မတ်သွားမည်ဖြစ်ပါကြောင်း၊ စပါးဆန် ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် စပါးများ ဝယ်ယူစုဆောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် စပါးပွဲစား (ကြားပွဲစား)များအား ထိန်းကျောင်းနိုင်ရန် ကြားပွဲစားစိစစ်ရေးကတ်များ ထုတ်ပေးပြီး လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ပေးထားခဲ့ရာ မကွေးတိုင်းဒေသကြီးအနေဖြင့် ပထမဆုံး ဆောင်ရွက်ခဲ့သည့် တိုင်းဒေသကြီးတစ်တိုင်းဖြစ်ပြီး ကြားပွဲစားစိစစ်ရေးကတ် (၃၅၄)ကတ် ထုတ်ပေးထားပြီး၊တစ်နှစ်သက်တမ်းပြည့်ပြီးဖြစ်သည့်ကြားပွဲစားများအား မှတ်ပုံတင် သက်တမ်းတိုးဆောင်ရွက်စေရေး လမ်းညွှန်မှာကြားထားပြီးဖြစ်ပါကြောင်း၊ ဆန်စပါးလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့သို့ ဆန်စပါးနှင့်ပတ်သက်၍ အမှာစာ(၆)စောင်အားဖတ်ကြား၍ အတည်ပြုချက်ရယူကာမကွေး တိုင်းဒေသကြီး ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့(၂/၂၀၂၅)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ဆုံးဖြတ်ချက် (၁၃)ချက်အား ချမှတ်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ်(၁၀:၃၀)နာရီအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)   

ပြည်ခရိုင်တွင် Online Sales လုပ်ငန်းများနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ပြည်ခရိုင် အတွင်းရှိ လုပ်ငန်းရှင်များအား Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် (၁၁.၉.၂၀၂၅)နေ့ ရွာဘဲရပ်ကွက်ရှိ စက်မှုဇုန်ပြည်သူများအားလည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်၌ (၁၆.၉.၂၀၂၅) ရက်နေ့တွင် မြို့နယ်အတွင်းရှိ ဆီလုပ်ငန်ရှင်များအား လည်းကောင်း၊ ရွှေတောင် မြို့နယ်တွင် တာဝန်ခံရုံး၌ (၂၂.၉.၂၀၂၅) ရက်နေ့တွင် ဆန်စပါးလုပ်ငန်းရှင်များအားလည်းကောင်း ၊ ပန်းတောင်း မြို့နယ်၌ (၂၂.၉.၂၀၂၅)ရက်နေ့တွင် နတ်မောက်အုပ်စု၊ နက်မောက်ကျေးရွာရှိ ပြည်သူများအား လည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် တွေ့ဆုံ၍ Online Sales ဈေးရောင်းချခြင်းနှင့်ပတ်သက်၍ အသိပညာပေး ဟောပြော ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ ပါသည်။

          အဆိုပါ ဆွေးနွေးဟောပြောပွဲတွင် လုပ်ငန်းရှင်များအနေဖြင့် Online Sales ဈေးရောင်း ချခြင်းနှင့်ပတ်သက်၍ သိရှိလိုက်နာရမည့်အချက်များ၊ Online Sales မှတ်ပုံတင်ခြင်း ဆိုင်ရာ အချက်များအား ရှင်းလင်းဆွေးနွေးခြင်းဆောင်ရွက်ခဲ့ရာ တက်ရောက်လာသော လုပ်ငန်းရှင် များမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများမှ ပြန်လည် ရှင်းလင်းခြင်းဆောင်ရွက်ခဲ့ပြီး ဆွေးနွေးပွဲသို့ ပြည်ခရိုင်အတွင်း မြို့နယ်အားလုံးမှ စီးပွားရေး လုပ်ငန်းရှင် (၅၈)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

၂၀၂၅ခုနှစ်၊ စက်တင်ဘာလအတွင်း ပြည်ခရိုင်ရှိ ဈေးကွက်မရောက်မီကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ

    စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တ်ဘာလအတွင်းတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဘုရင့်နောင်လမ်းမကြီး၊ နဝဒေးလမ်းဆုံရှိ “သပြေ” သောက်ရေသန့် လုပ်ငန်းသို့လည်းကောင်း၊ ဈေးကြီး(၅)ရုံရှိ “ပြည့်ကျော်” ကရေကရာလုပ်ငန်းသို့လည်းကောင်း၊ သိမ်လမ်း၊ အမှတ်(၆၂၃)၊ ဆင်စုရပ်ကွက်ရှိ “မြင်းပျံ” ဖျော်ရည်လုပ်ငန်း သို့လည်းကောင်း၊ (၁၄)လမ်း၊ အောင်ဆန်းပြည်သာယာရပ်ကွက်၊ အပိုင်း(၃)ရှိ “အောင်ကမ္ဘာ” မလိုင်လုံးလုပ်ငန်းသို့လည်းကောင်း၊ အမှတ်(၂၁)၊ F လမ်း၊ အောင်ဆန်းပြည်သာယာရပ်ကွက်ရှိ “ရွှေမြင့်မိုရ်” ချက်နို့ဆီလုပ်ငန်း သို့လည်းကောင်း၊ မအူရွာ၊ ဆင်စုရပ်ကွက်ရှိ “ကောင်းသန့်”မလိုင်လုံး လုပ်ငန်းသို့လည်းကောင်း၊ အောင်ဆန်းတိုးချဲ့ရပ်ကွက်ရှိ “ပေါက်ကြီး” ပေါင်မုန့်လုပ်ငန်း သို့လည်းကောင်း၊ အောင်ဆန်း ပြည်သာယာရပ်ကွက်ရှိ “အက်ရှင်” ငှက်သိုက်လုပ်ငန်းသို့လည်းကောင်း၊ သို့လည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်း များသည်သွားရောက်၍ ဈေးကွက်မရောက်မီ ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားပါ သတ်မှတ် ချက်များနှင့် ကိုက်ညီမှုရှိသော ကုန်စည် များကို တင်သွင်း ရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေး ခဲ့ပါကြောင်းနှင့် စောင့်ကြည့် စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါ ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

၂၀၂၅ခုနှစ် စက်တင်ဘာလအတွင်း ပြည်ခရိုင်ရှိ ဈေးကွက်ရောက်ပြီး ကုန်စည်များကို စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

   စားသုံးသူပြည်သူများအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်ပါ ကုန်စည်များတွင် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြထားမှုအခြေအနေ တို့နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မိတ်ဖက်ဌာနများနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် မြို့မဈေးရှိ ကုန်စုံဆိုင်များသို့ ဘူးသွပ်စားသုံးဆီအမျိုးမျိုးနှင့် ရွှေကူရပ်ကွက် ကုန်စုံဆိုင်များသို့ အရန်အသင့် အစားအစာအမျိုးမျိုးကို လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ယွန်းတန်းရပ်ကွက် ကုန်စုံဆိုင်များနှင့် တည်ကုန်းတောင်ပိုင်း ကုန်စုံဆိုင်များသို့ ဘူးသွပ်စားသုံးဆီအမျိုးမျိုးနှင့် အရန်အသင့်အစားအစာ အမျိုးမျိုးကိုလည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ဥသျှစ်ပင်ဈေး ကုန်စုံဆိုင်များ၊ ပန်းတောင်းဈေးကုန်စုံဆိုင်များနှင့် ပန်းတောင်းမြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့ ဘူးသွပ်စားသုံးဆီအမျိုးမျိုးနှင့် အရန်အသင့်အစားအစာအမျိုးမျိုး ကိုလည်းကောင်း၊ ပေါက်ခေါင်း မြို့နယ်တွင် မြို့မဈေးကုန်စုံဆိုင်များနှင့် အမှတ်(၃)ရပ်ကွက်ရှိ ကုန်စုံဆိုင်များသို့ ဘူးသွပ်စားသုံးဆီ အမျိုးမျိုးနှင့် အရန်အသင့်အစားအစာအမျိုးမျိုးကိုလည်းကောင်း သက်ဆိုင်ရာ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ ဈေးကွက်ရောက်ပြီး ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသား ပါသတ်မှတ်ချက် များနှင့် ကိုက်ညီမှုရှိသော ကုန်စည်များကို တင်သွင်းရောင်းချခြင်း ရှိ/မရှိ၊ သက်ဆိုင်ရာဌာန၏ ထောက်ခံမှု ရှိ/မရှိ ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါကြောင်းနှင့် စောင့်ကြည့်စစ်ဆေးခဲ့သည့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား ဖေါ်ပြချက်များနှင့် ကိုက်ညီမှုရှိပါ ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း ပြည်ခရိုင်ရှိ လုပ်ငန်းရှင်များ ကုန်စည်နှင့် စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းမှန်ကန်ပြည့်စုံစွာ ဖေါ်ပြမှုရှိစေရေး ရှင်းလင်း ဆွေးနွေးခြင်း

    စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်ချက်အရ စားသုံးသူများ အားလုံးသည် ကုန်စည်နှင့် ဝန်ဆောင်မှုများအသုံးပြုရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ရေး အတွက် ခရိုင်အတွင်းရှိ  ထုတ်လုပ်လျှက်ရှိသော ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်းနှင့် ကုန်အညွှန်းအမှတ် အသားများ ပြည့်စုံမှန်ကန်စွာဖေါ်ပြမှုရှိစေရေး ရည်ရွယ်၍ ဆောင်ရွက်လျှက် ရှိရာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း၌  ပြည်ခရိုင်တွင် မြို့သစ်ရပ်ကွက်၊ ဈေးလမ်းရှိ ဦးထက်လင်း‌အောင်၏ “ထက်လင်း” ဆန်ရောင်းဝယ်ရေး လုပ်ငန်း၊ ဒေါ်ကြည်စန်း၏ “KTT”ဆန်ရောင်းဝယ်ရေး လုပ်ငန်းသို့လည်းကောင်း၊ မြို့သစ်ရပ်ကွက် (၆/၄)ကွက် ၊ ဒေါ်ယုယုနိုင်၏ “မြတ်ကြယ်စင်” ဆေးဆိုင်သို့လည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် ကြာနီကန်ရပ်ကွက် ကင်ပွန်းခြုံလမ်းရှိ ဒေါ်ခင်မာဝင်း၏ “လင်းရောင်ခြည်” ယိုမျိုးစုံလုပ်ငန်းသို့လည်းကောင်း၊ ကြာနီကန်ရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းရှိ ဦးမျိုးအောင်၏ “သရဖူ”ဆန်စက်သို့လည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် ဥသျှစ်ပင်ဒေသရှိ ဒေါ်ကြည်ကြည်လှိုင်၏ “ထက်အောင်” ဆန်ရောင်းဝယ်ရေး၊ ဦးကိုလေး၏ “အောင်မာဃ" အိမ်ဆောက်ပစ္စည်းဆိုင် လုပ်ငန်းသို့လည်းကောင်း၊ ဦးဇော်မိုးနိုင်၏ “ဆေးနန်းတော်”ဆေးဆိုင်သို့ လည်းကောင်း၊ ဒေါ်ဝင်းဥမ္မာ ဆန်ဆိုင်သို့လည်းကောင်း၊ ဦးတင်နိုင်ဝင်း၏ “သုခပြည့်စုံ” စိုက်ပျိုးရေးဆေးဆိုင် လုပ်ငန်းသို့လည်းကောင်း၊ ဦးမြတ်မိုးကျော်၏ “မိဘဂုဏ်ရည်” ဆေးဆိုင်သို့ လည်းကောင်း၊ ပေါက်ခေါင်းမြို့တွင် အမှတ်(၅)ရပ်ကွက်ရှိ ဦးစိုးနိုင်၏ ဆန်ဆိုင်လုပ်ငန်းသို့လည်းကောင်း၊ သက်ဆိုင်ရာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် သွားရောက်၍ မိမိတို့ ဖြန့်ဖြူးရောင်းချ လျက်ရှိသောကုန်စည်များတွင် အရည်အသွေး၊ အလေးချိန်၊ အချိန်အတွယ်၊ ပမာဏနှင့် အမျိုးအစားများ မှန်ကန်စွာဖြန့်ဖြူး ရောင်းချမှုရှိစေရေး၊ စီးပွားရေးကျင့်ဝတ်၊ စည်းကမ်း နှင့်အညီ ထုတ်လုပ် ရောင်းချ မှုရှိစေရေး၊ ကုန်စည်အလိုက် ဖေါ်ပြရမည့် ကုန်အညွှန်း အမှတ်အသား များ၊ ပြည့်စုံမှန်ကန်စွာ ဖေါ်ပြ မှုရှိစေရေး လိုက်နာဆောင်ရွက်ကြရန်နှင့် နောက်ပိုင်း ကာလများတွင် ကွင်းဆင်းစစ်ဆေးမှုများနှင့် အတူ အရေးယူဆောင်ရွက်မှုများပြုလုပ် ဆောင်ရွက်သွားမှာဖြစ်သည့် အတွက် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် အထူးအလေးထား လိုက်နာ ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း ပြည်ခရိုင်ရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဟောပြောဆွေးနွေးခြင်း

   စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ရပ်ကွက်/ ကျေးရွာနေ စားသုံးသူပြည်သူများနှင့် တိုင်းပြည်၏ အနာဂတ် မျိုးဆက်သစ်များဖြစ်သော ကျောင်းသား/ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာများ ကျယ်ကျယ် ပြန့်ပြန့်သိရှိနိုင်စေရေး ရည်ရွယ်၍ ခရိုင်အတွင်း မြို့နယ်များရှိ ရပ်ကွက်/ ကျေးရွာများနှင့် အခြေခံ ပညာကျောင်းများတွင် အသိပညာပေးဟောပြောဆွေးနွေးခြင်းများကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိရာ ပြည်ခရိုင်အတွင်း ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း ပြည်ခရိုင်၊ ပြည်မြို့တွင် အ.ထ.က(ဝါရုံ)ကျောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေး (Talk Show) ပွဲပြုလုပ်ဆောင်ရွက်ခြင်းကိုလည်းကောင်း၊ ရွှေတောင်မြို့နယ်တွင် အ.ထ.က(ရွှေတောင်)ကျောင်း၊ အ.လ.က(ခလရ-၁၄)ကျောင်း၊ အ.မ.က(ကြာနီကန်)ကျောင်း၊ အ.မ.က(မင်းတဲကျွန်း)ကျောင်း၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေး (Talk Show) ပွဲပြုလုပ်ဆောင်ရွက် ခြင်းကိုလည်းကောင်း၊ ပန်းတောင်းမြို့နယ်တွင် မူလွန်(ဝန်လို)ကျောင်းသို့လည်းကောင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အ.မ.က(အမှတ်-၂)ကျောင်းနှင့်  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူအသိပညာပေး (Talk Show) ပွဲပြုလုပ်ဆောင်ရွက် ခြင်းကိုလည်းကောင်း၊ သက်ဆိုင်ရာ မြို့နယ်တာဝန်ခံများနှင့် ဝန်ထမ်းများသည်စားသုံးသူ ကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

   အဆိုပါ အသိပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ မြို့နယ် တာဝန်ခံများမှ စားသုံးသူ အခွင့်အရေးများနေ့ဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာအချက်များ၊ နစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့် ပုဂ္ဂိုလ်များနှင့် နည်းလမ်းများ တိုင်ကြားနိုင်မည့် ဖုန်းနံပါတ်နှင့်လိပ်စာ၊ စားသုံးသူကာကွယ်ရေး ဥပဒေပါ ပြစ်မှုပြစ်ဒဏ်များအကြောင်း၊ သက်ဆိုင်ရာဌာနများက စားသုံးရန်မသင့်ဟု တားမြစ် ထုတ်ပြန်ထားသော ကုန်စည်များအား ရွေးချယ်ဝယ်ယူခြင်းမပြုရန် ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာ ပါဝင်သော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

DOCA(ပဲခူး)

သာယာဝတီခရိုင်တွင် တိုင်းရင်းဆေးဈေးကွက်စောင့်ကြည့်စစ်ဆေး

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန အုတ်ဖိုမြို့နယ်တာဝန်ခံရုံးမှ စစ်ဆေးရေးအရာရှိ ဦးအေးဇော်ထိုက် ပါဝင်သော ပူးပေါင်းအဖွဲ့သည်(၈.၁၀.၂၀၂၅) နံနက်(၁၀:၀၀) အချိန်တွင်  အုတ်ဖိုမြို့နယ်အတွင်း တိုင်းရင်းဆေးများရောင်းချသော ငွေမိုးဆေးဆိုင်နှင့်ရွှေနှင်းဆီ ဆေးဆိုင်များသို့ ဝင်ရောက်စစ်ဆေးခဲ့ပါသည်။စစ်ဆေးတွေ့ရှိချက်များအရ တိုင်းရင်းဆေးဝါးရောင်းချ သည့် ဆိုင်များသည် ဆေးဝါးရောင်းချခွင့် မှတ်ပုံတင်ထားရှိပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ပါရှိပါကြောင်း တွေ့ရှိရပါသည်။

DOCA(ပဲခူး)

အုတ်ဖိုမြို့တွင် မုန့်ရောင်းချသည့်ဆိုင်များသို့ ကွင်းဆင်းစစ်ဆေး

   ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် သီတင်းကျွတ်ကာလသည်မုန့် ရောင်းချသည့်ဆိုင်များ အရောင်းအဝယ်သွက်သည့်အခါ ဖြစ်သဖြင့် ရောင်းချသည့်မုန့်များတွင် စားသုံး သူအန္တရာယ်ကင်းစွာ သုံးစွဲနိုင်ရန်အတွက် အုတ်ဖိုမြို့နယ် စားသုံးသူရေးရာမြို့နယ်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် အုတ်ဖိုမြို့နယ်အတွင်း မုန့်ရောင်းချသည့် ဆိုင်များသို့ရှောင်တခင် ကွင်းဆင်း စစ်ခဲ့ပါသည်။

          ထိုသို့စစ်ဆေးရာတွင် မုန့်ရောင်းချသည့်ဆိုင်များသည် သက်တမ်းကျော်လွန်သည့်မုန့်များ ရောနှောရောင်းချခြင်း မပြုကြရန် မြန်မာစာကုန်အညွှန်းအမှတ်အသားပါမှသာ ရောင်းချကြရန် ကုန်အညွှန်းအမှတ်အသားပါ အရေအတွက်အတိုင်း ရောင်းချကြရန် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန် များကို  အပြည့်အဝလိုက်နာကြပါရန် မှာကြားခဲ့ပါသည်။

DOCA(ပဲခူး)

ဧရာဝတီတိုင်းဒေသကြီးအတွင်းပြည်ပသို့ ဆန်၊ဆန်ကွဲ တင်ပို့မှုယခင် နှစ်ကာလတူနှိုင်းယှဉ်ပါက ယခုနှစ်ပိုမိုတင်ပို့နိုင်

     ဧရာဝတီတိုင်ဒေသကြီးသည် နှစ်စဉ် မိုး၊နွေစပါးစိုက်ဧက ၅၂ သိန်းကျော် စိုက်ပျိုးလျှက်ရှိပြီး ဒေသတွင်း စားသုံးမှုဖူလုံရုံသာမက ပိုလျှံသည့် ဆန်၊ဆန်ထွက်ပစ္စည်းများကို ဆန်လိုသည့်တိုင်းများနှင့် ပြည်ပသို့လည်း နှစ်စဉ်တင်ပို့ရောင်းချလျက်ရှိနေပါသည်။

    တိုင်းဒေသကြီးအတွင်း မှလယ်ယာထွက်ကုန် သီးနှံများကို ပြည်ပသို့ တိုက်ရိုက်တင်ပို့၍ ပို့ကုန်(၂)ဆ တိုးမြှင့်နိုင်ရေးဆောင်ရွက်လျက်ရှိရာ ၂၀၂၄/၂၀၂၅ ဧပြီလမှ စက်တင်ဘာလအထိ ပြည်ပသို့ ဆန်တန် ၁၄၀၈၅၉ တင်ပို့ခဲ့ရာ ၂၀၂၅/ ၂၀၂၆ ဘဏ္ဍာနှစ်တွင် ဧပြီလမှ စက်တင်ဘာလအထိ ဆန်တန် ၁၄၁၇၃၆ တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်နှင့် ယခုနှစ် ကာလနှိုင်းယှဉ်ပါက ဆန်တန် ၈၇၇ တန်ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

     ပြည်ပနိုင်ငံများသို့ ဆန်ကွဲတင်ပို့မှုမှာ ၂၀၂၄/၂၀၂၅ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင်ဘာလအထိ အတွင်း တန်ချိန် ၆၁၃၅၂၈ တင်ပို့ခဲ့ပြီး ၂၀၂၅/၂၀၂၆ ခုနှစ် ဧပြီလမှ စက်တင်ဘာလအတွင်း ဆန်ကွဲတန်ချိန် ၆၁၈၇၅ တန်ပိုမိုတင်ပို့နိုင်သည့်အတွက် ယခင်နှစ်နှင့် ယခုနှစ်ကာလတူဆန်ကွဲတန် ၅၂၃ ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

DOCA(ဧရာဝတီ)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ