သတင်းနှင့် လှုပ်ရှားမှုများ

Powered by Drupal

ညောင်လေးပင်မြို့နယ်ရှိ အာလူးကြော်၊ ဂျုံချောင်းနှင့် မုန့်မျိုးစုံလုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်နှင့် တွေ့ဆုံဆွေးနွေး

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင် ခရိုင်ဦးစီးမှူးရုံးအနေဖြင့် ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်း များကို အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိရာ ၂၅.၈.၂၀၂၅ ရက်နေ့တွင် ညောင်လေးပင်ခရိုင်ဦးစီး မှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေးဦးနေမျိုးဝင်းတို့သည် ညောင်လေးပင်မြို့နယ်၊ စံဖဲကျေးရွာရှိ အာလူးကြော်၊ ဂျုံချောင်းနှင့် မုန့်မျိုးစုံ (7 စတား) လုပ်ငန်းလုပ်ကိုင်သူ လုပ်ငန်းရှင်နှင့် လုပ်ငန်းအခြေ အနေများအား တွေ့ဆုံမေးမြန်း ဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

          ခရိုင်ဦးစီးမှူးသည် အာလူးကြော်၊ ဂျုံချောင်းနှင့် မုန့်မျိုးစုံ (7 စတား) လုပ်ငန်းရှင် ဦးမင်းဇော်ဦး အား လုပ်ငန်းအခြေအနေများ မေးမြန်းခဲ့ရာ ဦးမင်းဇော်ဦးက လုပ်ငန်းလုပ်ကိုင်ရာတွင် တွေ့ကြုံရ သော အခက်အခဲများ နှင့် စိန်ခေါ်မှုများကို တင်ပြရာ ခရိုင်ဦးစီးက မှတ်တမ်းတင်ထားကာ တတ်နိုင် သမျှ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် လုပ်ငန်းခွင်အား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ စစ်ဆေးမှာကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

အမှတ်တံဆိပ်ပါ စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

      (၁၄.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၁:၃၀) အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ လှည်းကူး မြို့နယ်ခွဲရုံးမှ မြို့နယ်ခွဲတာဝန်ခံ ဦးထွန်းထွန်းဦးသည် လှည်းကူးမြို့မဈေးအတွင်းရှိ ကုန်စုံဆိုင် များတွင် စားသုံးဆီအမျိုးမျိုးရောင်းချနေသော ကုန်စည်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

          စားသုံးဆီအမျိုးမျိုးရောင်းချနေသော ဆိုင်များအား စစ်ဆေးခဲ့ရာတွင် အမှတ်တံဆိပ်ပါ စားသုံး ဆီများတွင် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် အညီ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာ ဖော်ပြထားသည်ကိုတွေ့ရှိရပြီး စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) ကိုလည်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးချက်အရ သိရှိရပါသည်။

DOCA (ရန်ကုန်)

ကျောက်တံခါးမြို့နယ်၊ ကန်ရွာ အ.မ.က (လွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

  ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့်   ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်တရော ဆောင်ရွက်လျက်ရှိရာ ၂၂.၉.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ်၊ ကန်ရွာ အ.မ.က (လွန်)ကျောင်းတွင် စားသုံး သူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

 ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ ကန်ရွာ၊ အ.မ.က (လွန်) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေးဥပဒေပါ အချက် အလက်များအကြောင်း၊ စားသုံးသူ အခွင့်အရေး (၈)ချက်၊ စားသုံးသူပြည်သူများ၏ အခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့် စပ်လျဉ်း၍ သိကောင်း စရာများကို ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ ၂၀ဦးနှင့် ကျောင်းသား/ ကျောင်းသူ ၂၀၀ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)

ကျောက်တံခါးမြို့နယ်၊ ကွင်းနောက်မြောက်ရပ် အ.မ.က (လွန်)ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြော

   ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကျောက်တံခါးမြို့နယ်တာဝန်ခံရုံးအနေဖြင့်   ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းများကို အားတက်တရော ဆောင်ရွက်လျက်ရှိရာ ၂၂.၉.၂၀၂၅ ရက်နေ့တွင် ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ်၊ ကွင်းနောက်မြောက်ရပ် အ.မ.က (လွန်) ကျောင်းတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

   ကျောက်တံခါးမြို့နယ်တာဝန်ခံ ဒေါ်တင်တင်စန်းနှင့် ဒုဦးစီးမှူး ဒေါ်ဇင်မာထွေးသည် ကျောက်တံခါးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အတူ ကွင်းနောက်မြောက် ရပ်၊ အ.မ.က (လွန်) ကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား စားသုံးသူကာကွယ်ရေး ဥပဒေ ပါ အချက်အလက်များအကြောင်း၊ စားသုံးသူ အခွင့်အရေး (၈)ချက်၊ စားသုံးသူပြည်သူများ၏ အခွင့် အရေးနှင့် တာဝန် များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြ ချက်နှင့် စပ်လျဉ်း၍ သိကောင်းစရာများကို ဟောပြောခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ ဆရာမ ၂၂ဦးနှင့် ကျောင်းသား/ ကျောင်းသူ ၂၂၀ဦး တက်ရောက် နားထောင်ခဲ့ကြောင်း သတင်းရရှိပါ သည်။

DOCA(ပဲခူး)

တိုက်ကြီးမြို့နယ်၊ မြို့မဈေးအတွင်းရှိ စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

       စားသုံးသူရေးရာဦးစီးဌာန၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်ခွဲရုံးမှ မြို့နယ်ခွဲတာဝန်ခံ ဦးရှင်းခန့်ကိုကိုသည် စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေ ရေး အတွက် (၁၄.၁၀.၂၀၂၅) ရက်နေ့ နံနက် (၁၀:၃၀) အချိန်တွင် တိုက်ကြီးမြို့မဈေးအတွင်းရှိ စားသုံးဆီ အရောင်းဆိုင်များကုန်အညွှန်းအမှတ်အသားများပြည့်စုံခြင်းရှိ/မရှိ ဈေးကွက်စောင့် ကြည့်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးဆီအရောင်းဆိုင်များ၌ ရောင်းချလျက် ရှိ သည့် အမှတ်တံဆိပ်ပါ စားသုံးဆီဘူးများတွင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) နှင့် သက်ဆိုင်ရာဌာန များမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်ပြည့်စုံကြောင်း စစ်ဆေးတွေ့ရှိရပြီး တိုက်ကြီး မြို့နယ်ခွဲတာဝန်ခံမှ လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေး ဥပဒေအခန်း (၁၀) ပါ စီးပွားရေး လုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ အကြောင်း အသေးစိတ်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

ဒိုက်ဦးမြို့နယ်အတွင်းရှိ အွန်လိုင်းဖြင့် ရောင်းချသော လုပ်ငန်းအား ကွင်းဆင်းစစ်ဆေး

   ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးအနေဖြင့် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊ မြေပြင် လုပ်ငန်းနှင့် မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိတို့ကို ကြိုးစားပမ်းစား ဆောင်ရွက်လျက်ရှိရာ  ၂၀.၈.၂၀၂၅ ရက်နေ့၌ ဒိုက်ဦးမြို့နယ်ရှိ  အွန်လိုင်းလုပ်ငန်းတစ်ခုအား သွားရောက်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ညောင်လေးပင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးရဲမင်းထွဋ်နှင့် အငယ်တန်းစာရေး ဦးခွန် ကျော်ဝင်းထွန်းတို့သည် ဒိုက်ဦးမြို့နယ်၊ ကျိုက်စကောအရှေ့ကျေးရွာရှိ “ယွန်းနွယ်” အွန်လိုင်း အမည် ဖြင့် အထည်လက်ကားနှင့် အလှကုန်ပစ္စည်းများ ဖြန့်ချိရေးကို မှတ်ပုံတင်ထားရှိမှုအား ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။ စစ်ဆေးရာတွင် ခရိုင်ဦးစီးမှူးက လျှောက်လွှာပုံစံတွင် ဖြည့်သွင်းထားသည့် လိပ်စာအတိုင်း လုပ်ငန်းအမှန်တကယ် တည်ရှိရမည်ဖြစ်ကြောင်း၊ ရောင်းချရန်တင်ပြထားသော ကုန်ပစ္စည်း (သို့)ဝန်ဆောင်မှုအမျိုးအစား စာရင်းအတိုင်း မြေပြင်တွင် အမှန်တကယ်ရောင်းချရန်၊ လျှောက်လွှာတွင် ဖြည့်သွင်းထားသည်များနှင့် မကိုက်ညီလျှင် စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်းတို့ကို ဟောပြောရှင်းပြခဲ့ကြောင်း သတင်းရရှိပါသည်။ “ယွန်းနွယ်” အထည်လက်ကားနှင့် အလှကုန်ပစ္စည်းဖြန့်ချိရေးသည် အထည်အလိပ်၊ အဝတ်အထည်နှင့် ဆက်စပ် ပစ္စည်းများ၊ အလှကုန်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် ဖြန့်ချိရောင်းချမည်ဖြစ်ကြောင်း သတင်း ရရှိပါသည်။

DOCA(ပဲခူး)

မှော်ဘီမြို့နယ်တွင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

    (၁၄.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်ခွဲရုံးမှ ဒေါ်ဖြူဖြူမြင့်၊ ဒုကြီးကြပ်ရေးမှူးသည် မှော်ဘီမြို့မဈေးအတွင်းရှိ စားသုံးဆီ အမျိုးမျိုးရောင်းချနေသော ကုန်စုံဆိုင်များသို့ သွားရောက်၍ စားသုံးသူများ ဘေးအန္တရာယ် ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဘေးအန္တရာယ်ရှိသော ကုန်စည်များ ဈေးကွက် အတွင်းမှ ပပျောက်စေရေးနှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားဖော်ပြ ခြင်းနှင့် ပတ်သက်၍ ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အမှတ်တံဆိပ်ပါ စားသုံးဆီအမျိုးမျိုးတို့တွင် ညွှန်ကြားချက်အမှတ် (၁/၂၀၂၁) အရ ကုန်စည်ပေါ်တွင် မြန်မာဘာသာဖြင့် ဖော်ပြရမည့်အမျိုး အမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ပိဿာ/ကျပ်သား တို့ကို ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်များအား ကုန်အညွှန်းအမှတ် အသားပြည့်စုံမှု မရှိသည့်ကုန်စည်များ ဈေးကွက်အတွင်း မရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)

စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဦးစီးမှူးပါ (၃)ဦး တို့သည် (၁၄.၁၀.၂၀၂၅)ရက်နေ့ နံနက်(၁၀:၃၀)အချိန်တွင် အမှတ်(၂၃)၊ လှိုင်မြစ်လမ်း၊ ကွက်သစ် ရပ်ကွက်၊ အင်းစိန်မြို့နယ်ရှိ သန့်စင်စတိုးသို့ အမှတ်တံဆိပ်ပါ စားသုံးဆီအမျိုးမျိုးတို့တွင် ကုန်အညွှန်း အမှတ်အသားပြည့်စုံခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် သန့်စင်စတိုးမှ တာဝန်ခံပူးပေါင်းပါဝင်လျက် ရောင်းချနေသော အမှတ်တံဆိပ်ပါ စားသုံးဆီအမျိုးမျိုးတို့မှာ ရန်ကုန်၊ အမေထွား၊ ဧရာဝတီ၊ Meizan၊ ငွေသဇင်မင်း တို့တွင် ကုန်စည်တွင် ဖော်ပြရမည့်ကုန်အညွှန်းအမှတ်အသားများဖြစ်သော အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းများနှင့် ပိဿာ/ကျပ်သား တို့ကို မြန်မာဘာသာဖြင့်ဖော်ပြထားသည်ကို စစ်ဆေးတွေ့ရှိရပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များလည်း ပါရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

 

ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ ဆိပ်ကမ်းတွင် စားအုန်းဆီ သင်္ဘောဝင်ရောက်ခြင်း

        စားအုန်းဆီ တင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် စားအုန်းဆီ များသတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းများနှင့်အညီများနှင့်အညီ စားသုံးသူ ပြည်သူများ ကျန်းမာ ရေးနှင့်ညီညွတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်စွာ ဝယ်ယူစားသောက်နိုင်ရေး ကြီးကြပ်ထိန်းကျောင်း၍ သက်ဆိုင်ရာ ကုမ္ပဏီများက စားအုန်းဆီများပြည်ပမှ တင်သွင်းလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး သီလဝါဆိပ်ကမ်း၊ ဗားဂရာ (သဲကွင်း) ဆိပ်ကမ်း၊ ကြည့်မြင်တိုင်မြို့နယ် ကမ်းနားဈေးဆိပ်ကမ်း၊ KIPT ဆိပ်ကမ်းသို့ ဆီသင်္ဘောများ ဆိုက်ကပ်ပြီး ၁၄.၁၀.၂၀၂၅ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ် ဗားဂရာ ဆိပ်ကမ်းသို့ MT.  SAMPOW PALM (V. 010/2025) သင်္ဘောဖြင့် LLJ (IV .62) ဆီကန်သို့  500 MT ၊  LLM (IV. 58)   ဆီကန်သို့ 2000 MT၊ LLF (IV. 58)  ဆီကန်သို့ 700 MT ၊ စုစုပေါင်း တန်ချိန် (2200) ဝင်ရောက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ ဆေးကုမ္မဏီအား ပူးပေါင်းအဖွဲ့ဖြင့် သွားရောက်စစ်ဆေးခြင်း

        စားသုံးသူရေးရာဦးစီးဌာန၊ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးသိန်းထွန်း(စစ်ဆေးရေးအရာရှိ)နှင့်ဝန်ထမ်းများသည် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၃.၁၀.၂၀၂၅ )ရက် နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် အမှတ် (၇)၊ (၁၀၈)လမ်း၊ တောင်ညွန့်ကြီးရပ်ကွက်၊  မင်္ဂလာ တောင်ညွန်မြို့နယ်၊ “စန္ဒာမြိုင်ဆေးကုမ္မဏီ” သို့ ပြည်တွင်းဆေးဝါးပြတ်လပ်မှုမရှိစေရေး  ဆေးဝါး များနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့စစ်ဆေးမေးမြန်းရာတွင် ဆေးကုမ္မဏီများတွင် ဖြန့်ဖြူးရောင်းချသည့်ဈေးနှုန်း၊ပစ္စည်းပြတ်လပ်မှုရှိ/မရှိနှင့်လက်ကားဈေးနှုန်းအပေါ်တွင် ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ပိုမိုရောင်းချခြင်းမပြုရန်၊ သက်တမ်းလွန်ဆေးဝါးများရောင်းချခြင်းမပြုရန်၊ တရားဝင်မှတ်ပုံတင် ထားသော ဆေးဝါးများသာရောင်းချရန်နှင့် ဆေးနှင့်ဆေးပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်းမပြုရန်နှင့်ဈေးကစားရန်ရည်ရွယ်ချက်ဖြင့်သိုလှောင်ခြင်းများပြုလုပ်ပါကအရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရအရေးယူခံရမည်ဖြစ်ကြောင်း အသိပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)

Pages

Subscribe to RSS - သတင်းနှင့် လှုပ်ရှားမှုများ